Thursday, December 17, 2020

နောင်ရဲ၏ တခန်းရပ် ဇာတ်လမ်းများ စုစည်းမှု ( ၂ )

နောင်ရဲ၏ တခန်းရပ် ဇာတ်လမ်းများ စုစည်းမှု  ( ၂ )

ရေးသားသူ - နောင်ရဲ

ကန့်သတ်မှုများနဲ့ အချစ်

နောင်ရဲတစ်ယောက် မြန်မာနိုင်ငံမှ ထွက်ပြီး မျက်စိလည် လမ်းမှားကာ ကိုရီးယားနိုင်ငံမှာ သောင်တင်နေတာ နှစ်နဲ့ ချီနေပြီ ဖြစ်သည်။ အသက် ၃၀ ကျော်အရွယ် လူပျိုကြီးဆိုတော့လည်း ဘာအပူအပင်မှ မရှိ၊ အလုပ်ကို ကောင်းကောင်း လုပ်နိုင်သည်။ တစ်နှစ် တစ်ခါတော့ မိဘတွေ ရှိရာ ပြန်တာပေါ့။ ပိုက်ဆံလည်း အတော်အတန် စုမိလာတော့မှ လူပျိုကြီး ရောဂါ စတော့သည်။ မိန်းမ ယူချင်တာပေါ့။ မိဘတွေကတော့ ပြောသည်။ သူတို့ ရှာပေးမည်ပေါ့။ 

သို့သော်လည်း ရင်ထဲက အချစ်ကို ကိုးကွယ်နေသေးတော့ မိမိ ကြိုက်နှစ်သက်ရာသာ ရှာမည်ဟု ပြောကာ တားမြစ်ထားသည်။ ကိုရီးယားမတွေကတော့ ပေါသည်။ လှသည်။ ချစ်စရာကောင်းသည်။ သို့သော် မယုံကြည်ရ။ ဒီနိုင်ငံမှာ ခွဲစိပ်ထားတဲ့ မျက်နှာ၊ ကိုယ်လုံး၊ ရင်သား၊ တင်ပါး ဆိုတာက ၉၀ ရာခိုင်နှုန်းသော မိန်းကလေးတွေဆီမှာ အများအပြားတွေ့ရသည်။ ရုပ်တွေကလည်း ဆင်တာကိုး။ ဒီတော့ ကကြီးမ ဆို နိုးပါ။

နီးစပ်ရာ မြို့လေး တစ်ခုမှာ အလုပ်နဲ့ သွားရင်း စားသောက်ဆိုင် တစ်ဆိုင် ဝင်စားဖြစ်သည်။ ထိုင်းစားသောက်ဆိုင်လေးပါ။ အရသာကတော့ အစပ်၊ အချဉ်တွေ ဆိုတော့ ခံတွင်းတွေ့တာပေါ့။ စားပွဲထိုးလေးတွေက ကကြီးမတွေပေါ့လေ။ ထိုစဉ် ကကြီးသံ မပီသသော ကကြီးစကားဖြင့် ပိုက်ဆံရှင်းတာ လက်ခံနေသော အသံ ကြားလိုက်ရသည်။ ကောင်တာဘက်ကို လှမ်းကြည့်တော့ သူနှင့် မတိမ်းမယိမ်း အရွယ်လို့ ထင်ရသော လူမျိုးခြား မိန်းမတစ်ယောက်။ စိတ်ဝင်စားစွာ လှမ်းကြည့်နေစဉ်မှာပဲ နောင်ရဲကို ပြုံးပြသည်။ ပါးချိုင့်လေး ချိုင့်ဝင်သွားပြီး ချိုမြိန်တဲ့ အပြုံးလေးပေါ့။ မျက်နှာက မြန်မာမတွေနဲ့ နီးစပ်တော့ နောင်ရဲ အမြင်မှာ နှစ်လိုဖွယ် ဖြစ်နေသည်။ 

ဒါနဲ့ပဲ ထမင်းကို ခပ်သွက်သွက်လေး စားပြီး ပိုက်ဆံရှင်းရန် ကောင်တာကို သွားလိုက်သည်။ ပိုက်ဆံရှင်းပြီးတော့ နှုတ်ဆက်စကားဆိုလိုက်သည်။ နိုင်ငံတစ်နိုင်ငံမှာ အလုပ်လုပ်တာချင်း တူတဲ့ နိုင်ငံရပ်ခြားတွေ အတွက်တော့ မိတ်ဖွဲ့ရာမှာ လွယ်ကူမြန်ဆန်သည်။ နောင်ရဲကလည်း သူ့နာမည် မှတ်ရလွယ်အောင် တစ်လုံးတည်း နောင် ဆိုပြီး ခေါ်ရန် ပြောလိုက်သည်။ ထိုနေ့မှ စပြီး တစ်ပတ် တစ်ခါ၊ အဲ့ဒီ မြို့လေးကို သွားကာ ထိုင်းစာ စားမိနေတော့သည်။

အချိန်ကြာလာတော့ ရင်းနှီးခင်မင်မှုက အဆင့်တက်ကာ ဒိတ်ကြတော့သည်။ အပြင်ထွက်၊ လျှောက်လည်ကြကာ၊ ညစာစားတဲ့ အဆင့်ပေါ့။ ဒါနဲ့ပဲ ရည်းစား အတွဲတွေ ဖြစ်သွားတယ် ဆိုပါတော့။ သူ့နာမည်က ရှည်တော့ သူ့ကို ဝင်ဒီ လို့ပဲ ခေါ်ရန် ပြောထားသည်။ ဒီလိုနဲ့ပဲ တစ်ညနေတော့ ညစာစားပြီး သူ့အိမ်မှာ ကော်ဖီသောက်ရန် နောင်ရဲကို ဖိတ်ခေါ်သည်။ အထာသိနေပြီ ဖြစ်တာကြောင့် ပျော်ရပြီလေ။ သူ့အကြောင်းကို ပြောပြရမယ်ဆိုရင် သူက တစ်ခုလပ်ပေါ့။ ထိုင်းကနေပြီး ကိုရီးယားက အဖိုးကြီးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး လိုက်လာကာ အကြောင်းအမျိုးမျိုးကြောင့် ကွဲလိုက်သည် ဆိုပါတော့။ လျော်ကြေးရထားတဲ့ ပိုက်ဆံနဲ့ ဒီဆိုင်လေးကို ဖွင့်ဖြစ်တာပေါ့။ ဒီခေတ်ကြီးမှာ အပျို မဟုတ်တာ စိတ်မဝင်စားတော့ပါဘူး။ လူလွတ် ဖြစ်ဘို့ပဲ အရေးကြီးတယ်လေ။

သူ့အိမ် ရောက်သွားတော့ အိမ်လေးက သပ်သပ်ရပ်ရပ်လေးပါပဲ။ တစ်ခု ထူးခြားတာက ငရုတ်သီးအနံ့၊ စပါးလင်အနံ့ လေးတွေကတော့ မွှေးထုံလို့ပေါ့။ သူ့ရိုးရာအစာကို မက်မောတန်ဘိုးထားတဲ့ အတွက်ကြောင့်လည်း အစားအသောက်ဆိုင်လေး ဖွင့်ဖြစ်တာနေမှာဟု ကောက်ချက်ချမိသည်။ ဒီလိုနဲ့ သူ တိုက်တဲ့ ကော်ဖီလေး သောက်ကာ ထွေရာလေးပါး စကားတွေ ဖောင်ဖွဲ့မိတာပေါ့။ 

အချိန်တော်တော်ကြာတော့မှ အိမ်ပြန်ရန် သူ့ကို နှုတ်ဆက်ချိန်မှာတော့ အဆင်ပြေရင် ဒီမှာပဲ အိပ်လို့ရကြောင်း ပြောတာပေါ့။ အဲ့စကားသံလေး ကြားတဲ့အချိန်မှာ တဒင်္ဂ မှင်သက်မိပြီး သူ့ကို ငေးကြည့်နေမိတယ်။ ငေးကြည့်တာ တော်တော် ကြာသွားပါတယ်။ ကြားဖူးမယ် ထင်ပါတယ်။ လူတစ်ယောက်ကို ၁၀ စက်ကန့်ထက် ကြာအောင် မျက်လုံးချင်းဆုံ စိုက်ကြည့်မယ် ဆိုရင် အဲ့လူတွေရဲ့ စိတ်မှာ ချစ်ခြင်းတွေ (သို့မဟုတ်) တပ်မက်မှုတွေ ပေါက်ဖွားတတ်သလို၊ ဆန့်ကျင်ဘက် မုန်းတီးမှု (အမြင်ကပ်မှု) တွေလည်း ဖြစ်လာတတ်ပါတယ် ဆိုတာပေါ့။ အဲ့လို စိုက်ကြည့်လိုက်ချိန်မှာပဲ ၂ ယောက်သား မတိုင်ပင်ဘဲနဲ့ အနမ်းတွေ ဖလှယ်ကြပါတော့တယ်။ 

နှုတ်ခမ်းချင်း နမ်းရာမှ တစ်ယောက်နဲ့ တစ်ယောက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး မခွဲနိုင် မခွာရက်လောက်အောင် ချစ်ရည်လူးပါတော့တယ်။ သတိချပ်မိတဲ့ အချက်ကတော့ သူ့ရဲ့ ရင်သား ၂ မွှာက နူးညံ့သလို တင်းရင်းနေပါတယ်။ ကြီးတာကတော့ တော်တော်လေး ကြီးပါတယ်။ အရွယ်အစားအရ ကျွဲကောသီး အသေးလုံးလောက် ရှိမယ် ထင်တယ်။ အောက်ကို တွဲကျမနေပဲ တင်းနေတော့ ကိုင်လို့ ကောင်းတာပေါ့။ ဒါပေမယ့် နောင်ရဲက အတင်းကြီးတော့ မလုံးချေပါဘူး။ ကိုယ့်ကြောင့် သူ့အလှပျက်ဆီးသွားမှာလည်း စိုးရမ်တာကိုး။

အဲ့ဒီနောက်ပိုင်းမှာတော့ အလုပ်မရှိတဲ့ ပိတ်ရက်တွေဆို သူ့ဆီကို သွားပြီး အတူတူ နေကြတယ်ပေါ့လေ။ တစ်ရက်တော့ မြို့နယ်ရုံးကို သူ့စာရွက်စာတမ်း နဲ့ ပတ်သက်ပြီး လိုက်သွားဖြစ်တယ်။ မထင်မှတ်ဘဲ တွေ့လိုက်ရတာက သူ့ရဲ့ မွေးနှစ် ကိုပါ။ ရုတ်တရက်တော့ သတိမထားမိဘူးပေါ့။ ပြန်တွက်ကြည့်တော့မှ ဝင်ဒီရဲ့ အသက်ဟာ ၄၆ နှစ် ဖြစ်နေတာ တွေ့ရတယ်။ အံ့သြမင်သက်မိတာပေါ့။ ထင်ထားတာက သူနဲ့ ရွယ်တူ သို့မဟုတ် ကြီးရင်တောင် အများဆုံး ၃ နှစ်လို့ ထင်ထားတာ။ အခုတော့ ၁၅ နှစ် နီးပါးလောက် အသက်ကြီးနေတယ်။ သိလိုက်ရတဲ့ အခိုက်အတန့်မှာပဲ လူလည်း အဲယားကွန်းခန်းထဲမှာ ချွေးတွေ ပျံပြီး ခေါင်းမီးတောက်နေပါတော့တယ်။ 

စာရွက်စာတမ်းတွေ ပြီးစီးသွားတဲ့အခါမှာတော့ နေ့လည်စာ စားဘို့ ဆိုင်တစ်ဆိုင်ကို အသွားမှာ အရင်လို လက်တွဲပြီး လမ်းလျှောက်ဘို့ရာ တွန့် နေမိတယ်။ သူလည်း နောင်ရဲ ဘာဖြစ်နေတယ်ဆိုတာ သိတာပေါ့။ ဘာမှ မပြောဘဲ အီတလီ စားသောက်ဆိုင်လေး တစ်ခုကို ဝင်လိုက်တယ်။ စားဘို့ရာ မှာပြီးတဲ့နောက်မှာတော့ သူကပဲ စကားစဆိုပါတယ်။ သူ့ရဲ့ အသက်ကို မပြောပြမိတာ စကားမကြုံတဲ့အတွက်ကြောင့်ပေါ့။ တမင် မပြောခြင်းမျိုးမဟုတ်ကြောင်း ပြောတာပေါ့။ ဘာလို့ ဒီလောက် နုပျိုနေတာလဲလို့ မေးကြည့်တော့၊ သူဟာ တစ်နှစ် တစ်ခါ ဆေးထိုးပါသတဲ့။ 

ပြောပုံအရတော့ တင်ပါးတဝိုက်က ကိုလာဂျင် ပါတဲ့ အရာတွေကို တွေ ဆေးထိုးအပ်နဲ့ စုပ်ယူပြီး မျက်နှာ၊ မေးရိုး တဝိုက်ကို ထိုးပါသတဲ့။ အဲ့ဒီတော့ အရွယ်ကျမှု၊ ပါးရေတွန့်မှုတွေ မရှိပါဘူးတဲ့။ ဒါဆို ရင်သားကရော ဆိုတော့ ရှက်ရယ် ရယ်ပြီး မသိဘူးလား၊ ဆီလီကွန် ထိုးထားလို့ တင်းတင်းရင်းရင်း ဖြစ်နေတာပေါ့တဲ့။ သေပြီ နောင်ရဲရေ။ ဓါးဒဏ်တွေကို မကြိုက်လို့ ကကြီးမကို ရှောင်ပါတယ်ဆိုမှ ဓါးဒဏ်နဲ့ပဲ ယပလက်မ အကြီးကြီး တစ်ယောက်နဲ့ ဆုံလေတယ်။

အဲ့တော့ စကားပြောနေရင်းနဲ့ စိတ်နဲ့ ဈေးတွက် တွက်ပြီလေ။ အခု ၄၆ နှစ်အရွယ် အလွန်ဆုံး ကာမစိတ်ဖြစ်ရင် ၅ နှစ်ပေါ့။ နောင်ရဲက ၄၀ တောင် မပြည့်သေးတဲ့ အရွယ်။ ဒါဆို လိင်ဆက်ဆံရာမှာ အခက်အခဲတွေ ဖြစ်နိုင်တယ်။ နောက်ပိုင်း သူက စိတ်မပါလို့ ပေးမလုပ်ရင် အပြင်မှာ စားတာ ဖြစ်ဖြစ်၊ အငယ်လေးတွေ ထားတာ ဖြစ်ဖြစ် လုပ်နိုင်တယ်။ ဒါဆို အိမ်ထောင်ရေး ကောင်းမှာ မဟုတ်ဘူး။ 

နောက်တစ်ခု အသက်က သွေးဆုံးခါနီးပြီ။ ကလေးရော ရနိုင်ပါ့မလား။ ဒါက ဘဝကို လောင်းကြေးတင်ပြီး ကံကြမ်မာနဲ့ စိန်ခေါ်ရမှာ။ ရနိုင်၊ မရနိုင် မသေချာဘူး။ တစ်နှစ် တစ်ခါ ထိုးနေတဲ့ သူ့ဆေးဘိုးကလည်း ရှိတယ်။ မထိုးဘူးဆိုရင် ရုပ်က ချက်ချင်းကြီး အိုကျသွားမှာ။ အဘက်ဘက်ကို တွက်ချက်ပြီးတဲ့ အခါမှာတော့ နောင်ရဲကတော့ နိုးပါလို့ ပြောခဲ့ရတယ်။ အချစ်မှာ ကန့်သတ်ချက် မရှိဘူးဆိုတာ အရာတိုင်းကို နှလုံးသားနဲ့ ဆုံးဖြတ်တဲ့ ဆယ်ကျော်သက်ဝန်းကျင်လေးတွေပါ။ ဦးနှောက်နဲ့ ဆုံးဖြတ်တဲ့ အခါမှာတော့ အချစ်ဟာ ကန့်သတ်ဘောင်ထဲ ဝင်လာပါတော့တယ်။

လူငယ်လေးတွေကို အသိပေးချင်တာကတော့ မိန်းမဆိုရင် ကိုယ့်ထက် အသက်ကြီးလှ ၃ - ၅ နှစ်ပေါ့။ အသက် အရမ်းကွာလွန်းရင် ပြသနာပေါင်း များစွာက ဆီးကြိုနေတယ်။ အဲ့.... ရဲရဲချစ်၊ နောင်တ မရကြေး။


ခင်တဲ့

နောင်ရဲ (၂၀၁၇ ဂျူလိုင်)

........................................................

ချစ်သူကို ရွှေနန်းထက် မှာ ထားချင်တယ်

ဒီနေ့ ကျနော် ချစ်ရတဲ့သူနှင့် ချိန်းထားသည်။ ကျနော်တို့ နေ့တိုင်းနီးပါး ဆုံနေရပေမယ့် အခုလို အားလပ်ရက်လေးမှာ အကြင်နာတွေ ဖလှယ်ဘို့ ခဏခဏ တွေ့ဖြစ်သည်။ မနက် စောစီးစွာ ရေမိုးချိုးပြီး ကိုယ်လုံးတင်မှန်မှာ ပေါ်နေသည့် မိမိ ကိုယ်ကို ကြည့်ကာ ပီတိဖြစ်နေမိသည်။ အသက် ၃၀ ကျော်ပေမယ့် ဘီယာဗိုက် မထွက်၊ မေး ၂ ထပ် မဖြစ်ပဲ သပ်ရပ်စွာ နေတတ်လို့လည်း မိမိမှာ မိန်းကလေး သူငယ်ချင်း များခြင်း ဖြစ်သည်။ 

ဆံပင်ကို ဂျယ်လ် ထည့်ပြီး သေသပ်စွာ ဖီးလမ်းကာ အနည်းငယ် ထောင်နေသည့်ဟန် ပြုထားသည်။ လူလတ်ပိုင်းဝင်ပြီ ဖြစ်သော်လည်း လူငယ်အသွင်ပင် ပြင်ဆင်နေခြင်း ဖြစ်သည်။ အိမ်က စီစဉ်ပေးထားသော မနက်စာကို အမြန်စားကာ honda fit လေးကို ကားစက်နှိုးရင်း ချစ်သူဆီ လာနေပြီဖြစ်ကြောင်း ဖုန်းဆက်လိုက်သည်။ သူလည်း ပြင်ဆင်ပြီး ရုပ်ရှင်ရုံတွင် စောင့်နေမည်ဟု ပြန်ပြောသည်။

ရန်ကုန် ကားပိတ်ချက်တွေကြောင့် ချစ်သူဆီကို ရောက်ချိန်က ၁၀ နာရီ ခွဲနေပြီ။ သူမသည် မိမိထက် ၇ နှစ်ကျော် ငယ်သည်။ မိမိက အကိုလို တစ်မျိုး၊ ချစ်သူလို တဖုံ စောင့်ရှောက်ကြင်နာယုယနေသော ချစ်သူလေး ဖြစ်သည်။ ရုပ်ရှင်လက်မှတ် ကြိုဝယ်ထားသောကြောင့် အတွဲခုံတွင်ပင် ဝင်ထိုင်လိုက်သည်။ မုန့်ပဲသရေစာများကို ဝယ်ယူလိုက်ကာ ရုံအတွင်းသို့ ဝင်လာကြသည်။ မိမိရဲ့ လက်မောင်းကို ချိတ်ကာ ပုခုံးကို မှီပြီး ဝင်လာသော မိမိ ချစ်သူသည် ကမ်ဘာပေါ်တွင် အလှဆုံး ဖြစ်မည် ထင်သည်။ 

ခုံမှာ အသီးသီး နေရာယူလိုက်ကာ မုန့်ထုပ်တွေကို ဖောက်စားပြီး ပြသနေသော ရုပ်ရှင်ကို ကြည့်နေကြသည်။ နေကြာစေ့ကို အခွံခွာပြီး သူမ နှုတ်ခမ်းလေးပေါ်တင်ပေးတာက ကိုယ့်အတွက် ကမ်ဘာတစ်ခုပင်။ ဆိတ်သားခြောက်လေးများကို ကြိုးဖြေပြီး မိမိပါးစပ်ထဲ လာထည့်ပေးတော့လည်း ဘဝင် လေဟပ်နေမိသည်။ ပျော်တာကိုး။ သူမရဲ့ ပုခုံးလေးကို လှမ်းဆွဲပြီး ဖက်ထားကာ နဖူးပြင်ကို အနမ်းခြွှေလိုက်သည်။ ဒါပါပဲ။ ရုပ်ရှင်ထဲကို ၂ ယောက်သား အာရုံစိုက်ကာ ကြည့်မိသည်။ ဘာရုပ်ရှင်လဲဆိုတာ မပြောတော့ဘူးနော်။

ဒီလိုနဲ့ ရုပ်ရှင်ရုံထဲက ထွက်လာတော့ ၁ နာရီ ထိုးတော့မယ်လေ။ နေ့လည်စာ ကို တရုတ်တန်းက ကြက်ဆီထမင်း သွားစားကြသည်။ ဗိုက်အရမ်းဆာနေသော်လည်း တင်းအောင် မစား။ တော်သင့်ရုံ စားတတ်သောကြောင့် မိမိ ဗိုက်မပူခြင်း ဖြစ်မည်ဟု ယူဆထားသည်။ ကားကို မယူတော့ပဲ ၂ ယောက်သား လက်ခြင်းတွဲကာ အနီးနားက ဟော်တယ် တစ်ခုကို ဝင်လိုက်ကြသည်။ အခန်းထဲကို ရောက်တော့ ခဏ နားကာ ရေချိုး သွားတိုက်ရန် ရေချိုးခန်းထဲ ဝင်လိုက်သည်။ ချစ်သူကလည်း လိုက်လာတယ်လေ။ အတူတူ ရေချိုး ချီးတွန်းကြတာပေါ့။ ဖွာကျလာသော ရေပန်းအောက်မှာ သူမကို အနောက်ကနေ ဖက်ထားရင်း လည်ပင်းကို နမ်းရှိုက်မိသည်။ 

သူမရဲ့ ဆံပင် ရှည်ရှည်တွေ ရေမစိုအောင် ရေကာဦးထုပ်ဆောင်းထားသော လည်ပင်းရှည်ရှည်လေးက ပိုပြီး ထင်ပေါ်နေသည်။ သူမက ခေါင်းလေးကို ဘေးလေးစောင်းပြီး မိမိရဲ့ နှုတ်ခမ်းကို စုပ်ယူနမ်းသည်။ မိမိရဲ့ လက်တွေက သူမရဲ့ လုံးဝန်းမို့မောက်နေသော ရင်သားပေါ်သို့ ရောက်သွားသည်။ နို့သီးခေါင်းတွေကို လက်ညိုး လက်မ နှင့် ညှပ်ယူကာ ဆွဲထုတ်ပေးရင်း ချေပေးနေမိသည်။ ထို့နောက်မှ ဆပ်ပြာအရည်ဗူးကို ယူကာ သူမရဲ့ ကိုယ်လုံးပေါ်သို့ လောင်းချလိုက်သည်။ ရေပန်းကို ပိတ်လိုက်ကာ ဆပ်ပြာကို တကိုယ်လုံးအနံှ့ တိုက်ပေးနေသည်။ ဆပ်ပြာတိုက်ပေးရင်းနဲ့ သူမရဲ့ အစေ့လေးကို လက်ညိုးနဲ့ ကုတ်ကုတ်ပြီး ဆွပေးလိုက်သည်။ သူမရဲ့ တချက် တချက် (အင်း) ဆိုတဲ့ ငြီးသံရှည်က နားထဲမှာ တိုးတိုးလေးပင်။ အစေ့ကို ပွတ်ဆွဲနေရာကနေ လက်ခလယ်နဲ့ အပေါက်ထဲ ထည့်ပြီး မွှေပေးလိုက်သည်။ 

မိမိသည် သူမကို အနောက်ကနေ ဖက်ထားသောကြောင့် အဖုတ်လေးထဲ ထည့်ထားသည့် လက်ခလယ်ကို ကွေးလိုက် ဆန့်လိုက်ဖြင့် အဖုတ်အတွင်းသား တလျှောက်ကို ပွတ်တိုက်ပေးနေသည်။ အားနည်းနည်း ထည့်ကာ တဖြည်းဖြည်းချင်း ပွတ်ဆွဲနေသောကြောင့် ခံရသူ သူမ အဖို့ အရှိန်အဟုန် မြင့်တက်လာကာ မိမိရဲ့ လည်ပင်းကို ညာလက်ပြန်နှင့် ဖက်ကာ ငြီးသံတွေ ကျယ်လာပါတော့သည်။ ခဏနေတော့ လူချင်း ခဏခွာကာ သူမကို အရှေ့ဘက်သို့ ကုန်းခိုင်းလိုက်သည်။ ဒူးခေါင်းကို မကွေးစေပဲ ကုန်းခိုင်းခြင်းပါ။ အနောက်ကို ပြူထွက်လာသော အဖုတ်ဖောင်းဖောင်းကြီးကို ရေပန်းနဲ့ ဆေးချလိုက်တော့ ဆပ်ပြာတွေ ပြောင်သွားသည်။ အဖုတ်ကို ဖြဲကြည့်လိုက်တော့ ချစ်ရည်ကြည်တွေက ရွှဲစိုနေသည်။ လျာအပြားကြီးနှင့် အစေ့ကနေ အပေါက်အထိ ဆွဲပွတ်လိုက်သည်။ မတ်တပ်ရပ်ကာ အရှေ့ကို ကုန်းထားသော ဖင်တုံးကြီးကို ကိုင်ပြီး အဖုတ်ကို ယက်ပေးနေမိသည်။ 

ခဏကြာတော့ သူမက ညောင်းသည်ဟု ပြောသောကြောင့် ခုံတစ်ခုံ ယူကာ ဘယ်ဘက် ခြေထောက်ကာ ခုံပေါ်တင်ခိုင်းပြီး၊ ပေါင်ကို ကားခိုင်းကာ မိမိက အဖုတ်ကို ဆက်ပြီး ယက်ပေးနေသည်။ ပြီးတော့မှ မတ်တပ်ရပ်ကာ သူမရဲ့ နှုတ်ခမ်းကို စုပ်နမ်းလိုက်ပြီး သူမရဲ့ အဖုတ်ထဲသို့ လက်ချောင်း ၂ ချောင်း ပူးထည့်ကာ လုပ်ပေးနေသည်။ နှုတ်ခမ်းစုပ်နမ်းတာကို ရပ်ကာ မျက်နှာကို အနည်းငယ် ခွာလိုက်ပြီး ဖီးလ်တက်နေသာ သူမရဲ့ မျက်ဝန်းလှလှလေးကို ကြည့်ကာ အဖုတ်ထဲက လက်ချောင်း ၂ ချောင်းကလည်း အရှိန်ပါလာတော့သည်။ ခဏကြာတော့ သူမရဲ့ ကိုယ်လုံးလေး တုန်တက်လာပြီး အား ဆိုတဲ့ ငြီးသံရှည်လေးနှင့်အတူ သူမ ပြီးမြောက်သွားသည်။

ပြီးသွားလို့ မိမိကို ရှက်ပြုံးလေး ပြုံးပြသည့် ချစ်သူက ချစ်စရာကောင်းနေသည်။ မိမိရဲ့ နှုတ်ခမ်းကို လာနမ်းသည်။ ထိုမှတဆင့် လည်ပင်း၊ လက်မောင်း၊ ရင်ဘတ်၊ ဗိုက်တွေကနေ တဆင့် မိမိရဲ့ လိင်တံဆီကို သူမရဲ့ အနမ်းတွေ ရောက်လာသည်။ လိင်တံထိပ်ကို စုပ်ယူကာ ငုံထားလိုက်သည်။ ပြီးမှ လျာဖျားနှင့် လိပ်တံထိပ်က အက်ကွဲကြောင်းလေးကို ထိုးလိုက်၊ ပွတ်လိုက်နှင့် ကလိပေးသည်။ သူမရဲ့ လက်ဖမိုးဖောင်းဖောင်းလေးက လိင်တံရဲ့ အရင်းမှာ အုပ်ပြီး ကိုင်ထားသောကြောင့် လိင်တံကို ပိုတင်းစေသည်။ ငုံစုပ်ထားရာမှ တဆင့် လိင်တံတလျှောက်ကို ငုံရင်း အရင်းထိ ပါးစပ်ထဲ ထည့်ထားလိုက်သည်။ 

ပြီးမှ နှုတ်ခမ်းဖူးဖူးလေးနှင့် စုပ်ရင်း လိင်တံထိပ်ဆီသို့ ပြန်ဆွဲလိုက်သည်။ သူမ လုပ်သည်မှာ မမြန်ပါ။ ၂ ယောက်သား အပေးအယူ မျှသည့်အချက်က ဘယ်တော့မှ မြန်မြန်ဆန်ဆန် မလုပ်ခြင်းပင်။ တခါ လိင်တံကို ပြွတ်ကနဲ အသံမြည်အောင် ပါးစပ်ကနေ ထုတ်လိုက်ပြီး အပေါ်ကို ထောင်လိုက်သည်။ လိင်တံ အောက်ပိုင်းတလျှောက်ကို နမ်းလာရင်း ဥ တွေကို ငုံစုပ်ပါတော့သည်။ 

ဒီတော့ အရမ်း ဖီးလ်တွေ တက်လာတာပေါ့။ ဥတွေ စုပ်နေသော သူမကို ကြည့်လိုက်တော့ မျက်လုံးလေး မှိတ်နေရာကနေ မိမိကို ကြည့်ပြီး မျက်လုံး တဘက် မှိတ်ပြသည်။ ဘယ်လိုလဲ ဆိုသည့် သဘော။ ထို့နောက်မှ လိင်တံကို ပြန်ပြီး စုပ်ယူကာ နှုတ်ခမ်းထူထူလေးနှင့်ပင် လုပ်ပေးသည်။ လက်တစ်ဘက်က လိင်တံအရင်းကို ကိုင်ပြီး ကျန်တစ်ဘက်က ဥ တွေကို ကစားရင်း နှုတ်ခမ်းသားဖြင့် လိင်တံကို စုပ်ယူနေတာ ဖြစ်သည်။ မြန်မြန် မပြီးအောင် ပေါင်ကို ချိုင့်ဝင်နေအောင် ရှုံ့ထားသော်လည်း သူမရဲ့ အပြုအစုအောက်မှာ ကျရှုံးခဲ့သည်။ လိင်တံကနေ တထုတ်ထုတ်နှင့် ထွက်လာသမျှ အရည်တွေကို ပါးစပ်ထဲကနေ မထွေးထုတ်ပဲ မျိုချကာ စုပ်ပေးနေသော သူမကို ကြည့်ပြီး ပိုချစ်သွားသည်။ ဒူးထောက်ထိုင်ချနေသော သူမကို ဆွဲထူကာ ရေပန်းပြန်ဖွင့်ပြီး ရေပန်းအောက်မှာ ၂ ယောက်သား တင်းကြပ်စွာ ဖက်ကာ ခဏ ငြိမ်နေလိုက်သည်။ ပြီးမှ ဆပ်ပြာ ပြန်တိုက်ကာ ရေချိုးခန်းမှ ထွက်လာကြသည်။

အချင်းချင်း ရေသုတ်ပြီး ကိုယ်တုံးလုံးနှင့်ပင် ကုတင်ပေါ်မှာ လဲှချလိုက်သည်။ မိမိရဲ့ လက်မောင်းကို ခေါင်းအုံးလုပ်ကာ တင်ထားပြီး မိမိကို ငေးကြည့်နေသော သူမရဲ့ နဖူးကို နမ်းလိုက်သည်။ ဒါဟာ အချစ် သင်္ကေတဟုပင် ယူဆမိသည်။ သူမကလည်း မိမိရဲ့ ရင်ဘတ်ကို ဖက်နေရာကနေ လက်က အောက်တဖြည်းဖြည်းရောက်လာပြီး လိင်တံကို ပြန်လာဆွသည်။ သူမရဲ့ လက်ဖဝါးနုနုထဲက လိင်တံက ပြန်လည် တင်းမာလာသည်။ လိင်တံတင်းမာလာသည်နှင့် ရုတ်တရက်ဆိုသလို သူမက မိမိ ကိုယ်ပေါ်ကို ခွလိုက်ပြီး လိင်တံကို ၃ / ၄ ချက်လိုက် စုပ်ပြီး တံတွေးစွပ်လိုက်ကာ ထောင်မတ်နေသော လိင်တံကို အရင်းက ကိုင်ပြီး သူမရဲ့ အဖုတ်ထဲသို့ တေ့လိုက်ကာ ထိုင်ချလိုက်သည်။ 

အနောက်ကနေ အား ဆိုတဲ့ ကျေနပ်သံလေးနှင့်ပေါ့။ သူမအဖုတ်က အရည်ကြည်တွေ ရွှဲနေသေးလို့သာ တော်သေးသည်။ ထို့နောက် ၁၀ - ၁၅ ချက်လောက်ကို ထိုင်ချပုံစံမျိုး လုပ်နေပြီးမှ မိမိရဲ့ ပေါင်ပေါ်ကို လုံးဝ ထိုင်ချလိုက်ပြီး ရှေ့တိုး နောက်ဆုတ် လုပ်နေသည်။ အတွင်းသားတွေကလည်း လိင်တံကို ညှစ်ယူပြီး ဆွဲဆွဲကာ လုပ်နေသည်။ သူမကို အသဲစွဲနေတာ ဒီလုပ်ကွက်တွေလည်း ပါသည်။ သူမရဲ့ ခါးလေးကို ကိုင်ပြီး ကိုယ်ကတော့ အောက်ကနေ ဖီးလ်ယူတာပေါ့။ သူမ ပြောဖူးသည်က ဒီလိုပုံစံက သူမ လိုသလို အားရော အနေအထားရော ချိန်ယူလို့ ရလို့ ကြိုက်သည်ဟုပင်။ သူမ ကျေနပ်လောက်တော့မှ မိမိကိုယ်ပေါ်က ဆင်းကာ ပက်လက်လှန် နေပေးတော့သည်။ 

ဒီတော့မှ မိမိ အလှည့်လေ။ သူမရဲ့ ခြေသလုံးကို ကိုင်ပြီး ဘေးတဘက်စီကို ဆွဲလိုက်သည်။ ပေါင်ကားထွက်လာပြီး အဖုတ်ဖောင်းဖောင်းက ပိုပေါ်လာတော့မှ ခြေထောက်ကို သူမရဲ့ ကိုယ်နှင့် ကပ်စေရန် အပေါ် တင်လိုက်သည်။ ပြီးမှ လိင်တံကို ဖြည်းဖြည်းချင်း တေ့ပြီးမှ သူမ အဖုတ်ထဲ ထည့်လိုက်သည်။ အဆုံးထိ ထည့်ပြီးမှ ခုနက ကားထားသော ခြေထောက်ကို ပူးစေကာ သူမရဲ့ ရင်သားတွေနှင့် ကပ်လိုက်သည်။ လိင်တံကို ပိုပြီး တင်းသွားစေသည်။ လိင်တံကို ပြန်ဆွဲထုတ်ကာ အရင်းထိ မထည့်ပဲ တဝက်လောက်နှင့်ပင် ၈ - ၉ ချက် လောက် ဆောင့်လိုက်သည်။ 

ပြီးမှ အဆုံးထိကို တရစ်ရစ်ချင်း ဖိသွင်းလိုက်သည်။ အဲ့ဒီအခါမျိုးဆို သူမဆီမှ သက်ပြင်းရှည်ကြီးက ကြားရသည်။ ဒီအတိုင်း လုပ်နေရင်း တအောင့်ကြာတော့ သူမဘက်က ပြီးချင်လာသည်ဟု ပြောသည်။ မိမိလည်း ပြီးတော့မည်လေ။ ၂ ယောက်လုံး အကြိုက်၊ နောက်ဆုံးပိတ် လုပ်တာကတော့ ဒေါ့ဂီ ဆွဲတာပေါ့။ ကုတင်အစွန်းနားထိကို သွားပြီး သူမကိုတော့ ကုတင်ပေါ်မှာ နေစေကာ ဒူးကွေး ဖင်ကုန်း ပေါင်ကားခိုင်းလိုက်သည်။ မိမိကတော့ ကုတင်ပေါ်က ဆင်းကာ မတ်တတ်ရပ်ပြီးမှ သူမရဲ့ ပြူထွက်နေသော အဖုတ် ဖောင်းဖောင်းထဲ လိင်တံကို ထည့်ပြီး၊ ကားထွက်နေတဲ့ တင်ပါးတွေရဲ့ အပေါ်က ချိုင့်နေတဲ့ ခါးသိမ်သိမ်လေးကို လက်နဲ့ အုပ်ကိုင်ကာ တဖုန်းဖုန်း ဆောင့်နေတော့သည်။ သူမဆီက 

" အား...ဆောင့်...ဆောင့်....ကို...ပြီးတော့မယ် "

ဆိုတဲ့ အသံလွင်လွင်လေးက ညံလို့ပေါ့။ သူမနှင့် အတူတူ ပြီးလိုက်ကာ အဖုတ်ထဲကို အရည်တွေ ထုတ်လိုက်သည်။ ပြီးပြီဆိုတာ သိသည်နှင့် သူမက အမြန် လှဲချ အိပ်လိုက်ကာ ပက်လက်လှန်ထားပြီး လိင်တံကို အဖုတ်ထဲ ထည့်လျက်အနေအထား ဖြစ်အောင် လုပ်လိုက်သည်။ တစ်ယောက် နှင့် တစ်ယောက် ပွေ့ဖက်ကာ အမောဖြေနေကြသည်။ သူမရဲ့ အဖုတ်အတွင်းမှာ တဒုတ်ဒုတ်နှင့် တုန်ပြီး အရည်တွေ ထုတ်နေတဲ့ လိင်တံက ခဏနေတော့ ငြိမ်ကျသွားသည်။ ပြွတ်ကနဲ အသံနှင့် အတူ လိင်တံက သူမ အဖုတ်ထဲက ထွက်လာသည်။ အချစ်ရဲ့ သင်္ကေတ အနေနဲ့ ဘယ်ကို နမ်းမယ်ဆိုတာ သိမှာပေါ့နော်။

အိမ်အပြန်ကျတော့ ကားကို မောင်းကာ အိမ်သို့ ပြန်လာကျသည်။ လက်တစ်ဘက်က စတီယာတိုင် ကိုင်ကာ မောင်းနေပေမယ့် ကျန်တစ်ဘက်ကတော့ သူမရဲ့ လက်ကို ကိုင်ထားသည်ပေါ့။ သူမကို အရမ်းချစ်ပါသည်။ ချစ်သူကို ရွှေနန်းထက်မှာ ထားချင်သည်လေ။ ဒါပေမယ့် ရွှေနန်းထက်က သူမရဲ့ အစ်မ နှင့်တော့ ငြိလို့ မဖြစ်ပေ။


ခင်တဲ့

နောင်ရဲ (၂၀၁၈ ဧပရယ်)

..............................................................................

ထန်းသီးကြွေခိုက် ကျီးနင်းခိုက်

ဒီနေ့ တစ်နေ့လုံး နောင်ရဲ အလုပ်ရှုပ်နေသည်။ ဆေးကျောင်းပြီးထဲက ဆရာဝန်အလုပ် မလုပ်ပဲ နိုင်ငံခြားမှ အဆက်အသွယ်များ ရယူကာ မြန်မာနိုင်ငံသို့ ဆေးဝါး တင်သွင်းသည့် အလုပ်ကို လုပ်နေတာ ၁၀ စုနှစ် ကျော်လေပြီ။ လူရယ်လို့ ဖြစ်လာရင် စားဝတ်နေရေး အတွက် ရုန်းကန်လှုပ်ရှားရပေမည်။ ဆင်းရဲသော မိသားစုမှ ပေါက်ဖွားလာသော နောင်ရဲ ထပ်ပြီးဆင်းရဲတွင်းမှာ မနေချင်၊ သူများတွေလို ဘွဲ့ထူးခံများ ရဖို့အတွက် နိုင်ငံခြားသို့ မသွားနိုင်သောကြောင့် သူငယ်ချင်းမှ တဆင့် အဆက်အသွယ်များယူကာ ဆေးဆိုင်လေး ဖွင့်ဖြစ်သည်။ ထိုမှ တဆင့် ယခုလို ဆေးဝါး တင်သွင်းခွင့်ရသည့် Company ကို တည်ထောင်လာနိုင်ခြင်း ဖြစ်သည်။ 

ဒီနေ့ ညနေမှာတော့ ငွေ အလွဲသုံးစား လုပ်မှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်ထားသော မန်နေဂျာရဲ့ မိန်းမ ဆိုသူဖြင့် တွေ့ဖို့ ချိန်းဆိုထားသည်။ ငွေ ပမာဏနည်းလျှင် ဘာမှ မပြောပဲ အသိပေး ဆုံးမမည် ဖြစ်သော်လည်း ယခု အချိန်မှာတော့ နောင်ရဲရဲ့ ဦးနှောက်ကို အကြီးကြီး ဖောက်စားခံလိုက်ရသော ကြောင့် တရားစွဲရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ထိုမန်နေဂျာကတော့ သူ့ကိစ္စ သူရှင်းမည်ဟု ဆိုကာ အချိန် ခဏဆိုင်းငံ့ခိုင်းထားသည်။ ထိုဖြစ်စဉ်များကို သူ့မိန်းမမှ သိကာ နောင်ရဲနှင့် တွေ့ဆုံရန် တောင်းဆိုခြင်း ဖြစ်သည်။

ရုံးခန်း တံခါးကို ဖွင့်ပြီး ဝင်လာတာက ဘယ်လိုမှ မျှော်လင့်မထားသော ငယ်ချစ်ဦး။ အသဲနင့်အောင် ချစ်ခဲ့ရသော ရည်းစားဦး။ ဟုတ်ပါသည်။ တခါတရံ သတိရတတ်သော၊ ကြည်ပြာဦး။ သူနှင့် လမ်းခွဲလိုက်ထဲက မတွေ့သည်မှာ နှစ်ပေါင်း ၂၀ ပင် ကျော်ပြီ ဖြစ်သည်။ နောင်ရဲတို့က မေဂျာ မတူသော်လည်း သူမရှိရာ ကွန်ပြူတာတက္ကသိုလ် ကိုတော့ ချောင်းပေါက်မတတ် ရောက်ဖြစ်သည်။ ပြတ်စဲသွားသည့် အကြောင်းအရာကတော့ ပိုက်ဆံ မရှိသော နောင်ရဲကို သူ့မိဘတွေက သဘောမတူသောကြောင့်ပင် ဖြစ်သည်။

“ ကျမ ကို ဝင်ခွင့်ပြုပါရှင်”

“ မင်း...မင်း...ကြည်ပြာ မဟုတ်လား....”

ထိုအခါမှ နောင်ရဲကို စေ့စေ့ကြည့်ကာ မှတ်မိသွားဟန်ဖြင့်

“ ကို....ကိုနောင် လားဟင်”

“ ဟုတ်ပါတယ်...ကြည်ပြာ....ဒါဆို လင်းထွန်းဦး ဆိုတာ ကြည်ပြာ့ ယောကျ်ားလား”

သူမ က ခေါင်းငြိမ့်ပြသည်။ ရှိခဲ့ပြီးသော သံယောဇဉ် လက်ကျန်ဖြင့် ပြန်ဆုံမိတာကို ဝမ်းသာပြီး အပြုံးလေး တစ်စကို တွေ့လိုက်ပေမယ့် သူမ မျက်ဝန်းတွေကတော့ ပြိုတော့မည့် မိုး လိုပင်။

“ ထိုင်ပါဦး...ကြည်ပြာ”

“ ဟုတ်...”

ထို့နောက် သူတို့ ရှေးဟောင်းနှောင်းဖြစ် များကို နောင်ရဲမှ စတင်ကာ မေးမြန်းပြောဆိုရင်း အရင်လို ရင်းနှီးတဲ့ အငွေ့အသက်လေးကတော့ ပြန်ဝင်လာကြသည်။ ဆက်လက်ပြီး သူမ အမျိုးသား အမှုကိုလည်း မလုပ်ပါရန် တောင်းဆိုသောကြောင့် ပလပ် လိုက်သည်။ စိတ်ချမ်းသာစွာ နေဘို့လည်း နောင်ရဲက အတန်တန် ဖျောင်းဖျခဲ့သည်။ သူတို့၏ ငုပ်လျှိုးနေသော အချစ်စိတ်လေးက ပြန်ပေါ်လာတာကို သူတို့ကိုယ်တိုင် မျက်ကွယ်ပြုဖို့ ကြိုးစားနေကြသည်။

ထိုအဖြစ်အပျက်များ ပြီးတော့ သူတို့ ၂ ယောက် အဆက်အသွယ် မပြတ်ကြပေ။ ဖုန်း နေ့တိုင်းနီးပါး ဆက်ဖြစ်သလို၊ တခါတရံလည်း အပြင်မှာ ချိန်းတွေ့ပြီး ထမင်းအတူစားဖြစ်သည်။ မိတ်ဆွေရင်းပမာ ပြုမူဆက်ဆံနေထိုင်ကြသည်။ သူ့အမျိုးသားနှင့်လည်း သူတို့ဟာ ငယ်သူငယ်ချင်းဖြစ်သောကြောင့် အမှုပိတ်လိုက်ကြောင်း ပြောပြီး၊ ပိုက်ဆံကိုလည်း အဆင်ပြေရင် ပြေသလို ပြန်ဆပ်ရန် ပြောထားသည်။ အလုပ်ကိုလည်း ဆက်လက် လုပ်ကိုင်စေသောကြောင့် နောင်ရဲအပေါ်ကို ကျေးဇူးရှင် ပမာ ပြုမူဆက်ဆံလေသည်။

နံနက်ခင်း တစ်ခုမှာတော့ နောင်ရဲဆီသို့ ကြည်ပြာဦး ဖုန်းဆက်လေသည်။

“ ကိုနောင်....နိုးပြီလား....”

“ နိုးပါပြီ...ကြည်ပြာ....ပြော...ဘာလုပ်ပေးရမလဲ”

“ ကိုနောင်ကတော့လေ....ကြည်ပြာ့ကိုဆို အမြဲ ဖြည့်ဆည်းဖို့ပဲ စဉ်းစားတယ်နော်....ဘာမှ မလုပ်ပေးရပါဘူး...ပြောစရာ ရှိလို့...တစ်နေနေရာမှာ တွေ့ရအောင်လေ”

“ အင်း...ကိုနောင် မနက်ခင်းတော့ မအားဘူး...နေ့ခင်း ၁ နာရီဆို ဖြစ်မလား...နေ့လည်စာ သွားစားရအောင်လေ”

“ ဟုတ်ကဲ့..ကိုနောင်..”

“ လင်းထွန်းဦးကော ခေါ်လာရဦးမလား....ကိုနောင် အလုပ်ကနေ လာမှာ ဆိုတော့ သူ့ကိုပါ ခေါ်လို့ ရတာပေါ့”

“ မခေါ်နဲ့...ကိုနောင်....ကိုနောင်ကို့ တိုင်ပင်စရာ ရှိလို့...”

“ အင်း...ဟုတ်ပါပြီ...ဒါဆို နေ့လည် တခေါက် ဖုန်း ထပ်ခေါ်ပြီး ချိန်းလိုက်မယ်လေ...တာ့တာ”

“ ဟုတ်...ကိုနောင်...တာ့တာ”

နေ့ခင်းပိုင်း အလုပ်ကိစ္စများ ပြီးသည်နှင့် ကြည်ပြာ့ဆီ ဖုန်းဆက် ချိန်းကာ စားသောက်ဆိုင် တစ်ခုတွင် ဆုံတွေ့ကြလေသည်။ ၂ ယောက်ထဲ စားသောက်နေသည် ဖြစ်သောကြောင့် ရင်တော့ ဖိုမိသည်။ အရင် အချိန်တွေကို သတိရ အောက်မေ့ကာ ယခု အချိန်တွေကိုလည်း ကိုယ့်ချစ်သူ ဟုပင် နောင်ရဲ ထင်မှတ်မိသည်။ သာယာမိသည်။ အသက် ၄၀ ကျော် ဆိုသည်မှာ အသက်မငယ်တော့သော်လည်း ကြီးနေသည်တော့ မဟုတ်ပေ။ သူများ မယားဆိုသော်ငြားလည်း ယခုလို ၂ ယောက်ထဲ ရှိချိန်၊ ရည်းစားဦးလည်း ဖြစ်ပြန်ဆိုတော့ နောင်ရဲတစ်ယောက် အသာယာကြီး သာယာမိနေခြင်း ဖြစ်သည်။ 

ထမင်း စားသောက်ပြီးနောက် ဆေးသောက်နေသော ကြည်ပြာကို တွေ့သဖြင့် ဘာဖြစ်တာလဲဟု စိုးရိမ်စိတ်ဖြင့် မေးမြန်းမိသည်။ ဒီတော့မှ ကြည်ပြာ့တွင် နှလုံးရောဂါ ရှိကြောင်း သူသိလိုက်ရသည်။ နှလုံးအဆို့ရှင် ကျယ်ပြီး မလုံဖြစ်ကာ မောပန်းတတ်သည်တဲ့။ ထို့နောက်တွင်မှ နောက်ဆက်တွဲ နှလုံးကြွက်သားများက အလုပ်အရမ်း လုပ်ရသောကြောင့် ကြီးမားလာကာ နှလုံးကြီးခြင်းလည်း ခံစားနေရသည်တဲ့။

“ ကြည်ပြာရယ်...ဘယ်တုန်းထဲက ဖြစ်တာလဲ”

“ ကြာပြီ..ကိုနောင်...ကိုနောင်နဲ့ ရည်းစားဖြစ်ထဲက လေးဘက်နာဖြစ်တယ်လေ...အဲ့ဒီအချိန်ထဲက သေချာ မကုလိုက်တော့...လေးဘက်နာပိုးတွေက နှလုံးအဆို့ကို ရောက်ပြီး ဖြစ်တယ်လို့တော့ ဆရာဝန်က ပြောတယ်...”

“ ဖြစ်ရလေ...ကြည်ပြာရယ်...အခုရော..ဘာတွေ လုပ်ထားလဲ..ခွဲပြီးပြီလား...အဆို့ရှင် ပြန်တပ်လို့ ရတယ် ကြားတယ်...ကိုနောင်ကလည်း ဆေးမကုဖြစ်တော့ သိပ်မသိတော့ပေမယ့်...သူငယ်ချင်းတွေ အများကြီး ရှိတယ်...လိုအပ်တာကို ပြော...နေပါဦး..နောက်ရက် အချိန်ရရင် ဆေးသွားစစ်ရအောင်....”

ကြည်ပြာဦးသည် အရည်လဲ့နေသော မျက်ဝန်းများဖြင့် နောင်ရဲကို စိုက်ကြည့်နေသည်။ အရင်တုန်းက အတိုင်း သူ့အပေါ် အရမ်း ဂရုစိုက်တတ်သော နောင်ရဲကို ပိုချစ်လာမိသည်။ ယခု ယူလိုက်ရသော ယောကျ်ားမှာ မိဘများက စီစဉ်ပေးခြင်း ဖြစ်သော်လည်း ဘယ်လိုမှ ချစ်လို့ မရ။ အချိန်တန်ရင်တော့ သံယောဇဉ် ဖြစ်မည်ဟု ထင်မှတ်ထားသော်လည်း သူငယ်ချင်း မိတ်ဆွေ အဆင့်လိုပင်။ ဂရုစိုက်မှု ဆိုသည်မှာ ကိုနောင်နှင့် ယှဉ်လျှင် အသိသာကြီး ကွာခြားသည်။ ရင်ထဲနင့်အောင် ဝင်နေတဲ့ ဆူး ကို တော်တော်နှင့် ထုတ်လို့ မရပေ။

“ ကိုနောင်ရယ်...ကြည်ပြာ့ကို အခုလို ဂရုစိုက်တဲ့ အတွက် ကျေးဇူးပါ....”

“ မလိုပါဘူး...ကြည်ပြာ....ကိုနောင် လုပ်ပေးနိုင်တာဆို လုပ်ပေးချင်ပါတယ်...”

“ ကိုနောင်.....”

“ ပြောလေ....ကြည်ပြာ....”

“ ကိုနောင်ကို ဟိုအရင်က ပစ်ထားခဲ့သလို ဖြစ်သွားတဲ့ အတွက် ကြည်ပြာ့ကို ခွင့်လွှတ်ပါနော်....”

“ ဒါတွေ ပြောဘို့ မလိုပါဘူး..ကြည်ပြာ...လက်ရှိအချိန်မှာ အဆင်ပြေဘို့ပဲ အရေးကြီးတယ်...”

“ ကိုနောင့်ကို ကျေးဇူးတင်တဲ့အတွက်ကော...ပစ်ထားခဲ့တဲ့ အပြစ်တွေ ကြေဘို့ အတွက်ကော....အခု ကြည်ပြာ့ မိသားစု ဘဝကို ကယ်တင်ခဲ့တဲ့ အတွက်ကော...ကြည်ပြာ ဘာလုပ်ပေးရမလဲဟင်...ကိုနောင် လိုချင်တယ်ဆို ကြည်ပြာ့ ကိုယ်ကို ပေးပါ့မယ်....”

လေတိုးသံ ပမာ ငြင်သာစွာ ပြောနေတဲ့ စကားလုံးတွေက နောင်ရဲကို တုန်လှုပ်သွားစေသည်။

“ ကြည်ပြာ မင်း..ဘာပြောလိုက်တာ...ငါ အခု ကူညီနေတာတွေက မင်းကို လိုချင်လို့ လုပ်ပေးနေတယ်လို့ မင်း ထင်တာလား..”

“ ကိုနောင်...တိုးတိုး ပြောပါ...သူများတွေ ကြားသွားမယ်...ရှက်စရာကြီး...အဲ့လိုမျိုး မဟုတ်ပါဘူး....ကိုနောင့်ကို ကြည်ပြာ ချစ်သေးတယ်လေ...ပြီးတော့ အခုလည်း ကြည်ပြာ့ကို အစစ အရာရာ ဂရုစိုက်နေတော့...ကိုနောင့် ကို ပြန်ပေးစရာ ဆိုလို့ ကြည်ပြာ့ အချစ်နဲ့ ကိုယ်ခန္ဓာပဲ ရှိတယ်...အဲ့ဒါကြောင့်ပါ ကိုနောင်ရယ်...ဒေါသ မဖြစ်ပါနဲ့...”

ကြည်ပြာဦး ပြောတော့မှ ဘေးပတ်ဝန်းကျင်ကို သတိထားမိကာ လှည့်ကြည့်လိုက်သည်။ နီးရာ ဘေးဝိုင်းကတော့ လှမ်းကြည့်နေပေမယ့် ကျန်တာကတော့ ပုံမှန်လိုပင်။

“ ဟုတ်ပြီ....ဒါဆို ငါနဲ့ လိုက်ခဲ့”

နောင်ရဲ သူ့အိမ်ကိုပင် ခေါ်သွားလိုက်သည်။ အိမ်ထောင်မရှိ၊ မိဘမရှိ၊ တစ်ယောက်ထဲသမား အတွက် အိမ်ဖော်ပင် မလိုသောကြောင့် တိတ်ဆိတ်နေသည်။ အိမ်ခန်းတံခါး ဖွင့်တာနှင့် အနောက်ကနေ တဆတ်ဆတ်တုန်ကာ လိုက်ပါလာသော ကြည်ပြာဦးကို အိမ်ထဲ ဆွဲခေါ်လိုက်သည်။ အိပ်ခန်းထဲသို့ တခါထဲ ခေါ်သွားလိုက်သည်။

“ လာခဲ့...မင်း ငါ့စေတနာကို စော်ကားတယ်...စော်ကားခံရမှတော့ မထူးဘူး....မင်းပြောတဲ့အတိုင်း လုပ်လိုက်တော့မယ်....”

“ မဟုတ်ပါဘူး..ကိုနောင်ရယ်...ကြည်ပြာ့ကို အဲ့လို မထင်ပါနဲ့...ကြည်ပြာ ဘာမှ မတွေးတတ်တော့ဘူး...”

“ ဒါဆိုလဲ...တိတ်တိတ်နေ....”

ထို့နောက် ကြည်ပြာဦး ဝတ်ထားသော အကျီများကို ဆွဲချွတ်ကာ ကုတင်ပေါ်သို့ တက်စေလိုက်သည်။ ကြည်ပြာဦးလည်း စောင်ကို အမြန် ခြုံလိုက်သည်။ နောင်ရဲလည်း အဝတ်တွေ အမြန်ချွတ်ကာ ကုတင်ပေါ်သို့ တက်လိုက်သည်။ မည်သို့ပင် စိတ်လှုပ်ရှားစေကာမူ မိန်းမတစ်ယောက်ရဲ့ ကိုယ်လုံးကို မြင်လိုက်သည်နှင့် ညီလေးက အလိုလို ထောင်မတ်လာသည်။ 

ထို့နောက် ၇ လက်မခွဲခန့် ရှည်သော သူ့ညီလေးကို ကြည်ပြာဦးရဲ့ ညီမလေး ဆီသို့ ထိုးထည့်လိုက်သည်။ မမြင်ဖူးသောကြောင့် အံ့သြကြည့်နှင့် ကြည့်သည်။ နာလို့ ကြည်ပြာဦး အော်သည်။ အရည်မထွက်သေးသော၊ လက်ရှိ စိတ်လှုပ်ရှားနေသော အချိန်မှာ အတင်း ထိုးထည့်သောကြောင့် နာကျင်ခြင်း ဖြစ်သည်။ ဒါတွေကို နောင်ရဲ ဂရုမစိုက်။ သူ့ စေတနာကို စော်ကားသည် ဆိုကာ အတင်း ထိုးထည့်သည်။ 

အရင် ချစ်သူ ဖြစ်တုန်းက မတွေ့ခဲ့ဖူးသော ကြည်ပြာဦး ညီမလေးကို၊ အခု တွေ့တော့လည်း တွေ့တွေ့ချင်း ဆောက်နဲ့ ထိုးခြင်း ဖြစ်သည်။ နာကျင်သောကြောင့် ကုတင်ပေါ်မှ အိပ်ရာခင်းကို ကိုင်စွဲရင်း ပေါင်ကားပေးထားသော ကြည်ပြာဦး မျက်ရည်စတွေနှင့်။ မျက်လုံးကြီး မှိတ်ကာ အားမာန်နှင့် ဆောင့်သွင်းနေသည်က နောင်ရဲ။ နာကျင်မှုရော၊ သူချစ်တဲ့သူက အခုလို ပြုမူတာကိုရောကြောင့် ကြည်ပြာဦး မောလာသည်။ 

ရင်ထဲ လှိုက်ဖိုလာသည်။ အချိန် နည်းနည်းကြာတော့ ညီမလေးက အရည်နည်းနည်း စို့လာသောကြောင့် သိပ်မနာပေမယ့် ရင်ထဲကတော့ နာကျင်နေသည်။ ထိုစဉ် နောင်ရဲမှာ ပြီးမြောက်ခြင်း အဆင့်သို့ ရောက်လေပြီ။ သုတ်ရည် ပူပူများကို ညီမလေးထဲသို့ ပန်းထည့်လိုက်သည်။ ကြည်ပြာဦး ခန္ဓာကိုယ်ဘေးသို့ နောင်ရဲ လှိမ့်ချလိုက်သည်။

“ ကိုနောင်...ကျေနပ်ပြီလားဟင်....ကိုနောင် အခုလို ကြည်ပြာ့ကို ပြုမူတာကို စိတ်မဆိုးပါဘူး...တစ်ခုပဲ ဝမ်းနည်းတာ အရင်လို ဂရုစိုက်တတ်တဲ့ ကိုနောင် က ကြမ်းကြမ်းတမ်းတမ်း ဖြစ်သွားလို့...”

ဘေးနားမှာ မျက်ရည်လဲ့ပြီး မောပန်းဟန် ပြနေသော ကြည်ပြာ့ကို အခုမှ ကြည့်မိသည်။ နောင်ရဲ သူမှားသွားကြောင်း သိလိုက်သည်။

“ ဆောရီးပါ...ကြည်ပြာ...ကိုနောင်...မှားသွားတယ်..ဖြစ်ပြီးသွားတော့မှ တောင်းပန်လည်း ဘာမှ မထူးပေမယ့် ကိုနောင် တောင်းပန်ပါတယ်...”

“ နာသွားလား....”

“ နာတာပေါ့....ကိုနောင့်ဟာက အရှည်ကြီးပဲ....ကြည်ပြာ မသိခဲ့ဘူး...”

“ နောင်တ ရနေတယ်ပေါ့လေ...ဟုတ်လား”

“ ဟီး..ဟုတ်တယ်....အဲ့လိုမျိုးလေးဆို ပစ်သိမ့်ပြီး ကောင်းမှာပဲလို့ စဉ်းစားမိသား”

“ ဟားဟား...အခုလည်း ရပါတယ်...ပေါက်တဲ့ နဖူးတော့ မထူးတော့ပါဘူး...”

“ ကိုနောင့် သဘောအတိုင်းပါရှင်”

ထိုစဉ် ကြည်ပြာဦးထံသို့ ဖုန်းဝင်လာသည်။

“ ဟင်...ကိုနောင်...လင်းထွန်းဦး ဆက်တာ....ဘယ်လို လုပ်ရမလဲ...ဘာပြောရမလဲ...”

“ ကြည်ပြာကလည်း...ကိုနောင်တို့ကို သူက ရိုးရိုးသားသားပဲ မှတ်တာလေ...ဘာမှ လျှောက်မတွေးနဲ့...ပုံမှန်အတိုင်း ဖုန်းပြောလိုက်...”

ကုတင်ပေါ်မှ ဆင်းကာ ကြည်ပြာဦးသည် ထဘီလေး ရင်လျားလိုက်ပြီးတော့ မတ်တပ်ရပ်ကာ ဖုန်းကို စပီကာဖွင့်ပြီး ပြောလိုက်သည်။

“ သစ္စာမရှိတဲ့ မိန်းမ...မင်း...ဘာလုပ်နေလဲ....”

ကြည်ပြာဦး အပြင် နောင်ရဲပါ လန့်ပြီး မျက်လုံးပြူးသွားသည်။

“ မင်းတို့ ၂ ယောက်ကို တွေ့တဲ့သူက တွေ့လို့ ငါ့ကို ဖုန်းဆက်ပြောတာ...ငါကတော့ မင်းတို့ကို ငယ်သူငယ်ချင်းပါဆိုပြီး ယုံလိုက်ရတာ...ဟိုကောင်...နောင်ရဲဆိုတဲ့ကောင်....မင်းလည်း ငါ့အလုပ်ရှင်...ငါ့ကျေးဇူးရှင်ဆိုပြီး ရိုသေလိုက်ရတာ...မင်းတို့ ၂ ကောင် ငါနဲ့ တွေ့မယ်...ငါ အခုလာပြီ...မင်းတို့ကို သတ်မယ်....”

“ ကိုနောင်..ကြည်ပြာတို့ ဘာလုပ်မလဲ...လာနေပြီတဲ့.....ကြည်ပြာကြောက်တယ်....အား...မူးတယ်...မူးတယ်....ရင်ထဲ လျှပ်လျှပ်လျှပ်နဲ့ နာလာတယ်....”

ကုတင်ဘေးနားသို့ ဖုန်းကိုင်လျက်ကြီး လဲကျသွားသည်။ နောင်ရဲ ကုတင်ပေါ်မှ ပြေးဆင်းလိုက်သည်။ အနားရောက်သည်နှင့် အသက် မရှူတော့တာကို တွေ့လိုက်သည်။ သေချာအောင် လက်ကောက်ဝတ်သွေးကြောစမ်းလိုက်သည်။ အသက်ရှူ မရှူ နှာခေါင်းဝနား တိုးကပ်ပြီး နားထောင်လိုက်သည်။ ရင်ဘတ်သို့ ကပ်ကာ နှလုံးခုန်သံ နားထောင်သည်။ ခြောက်ခြားသွားကာ အိမ်မှာ ရှိနေသော နားကြပ် ပြေးယူသည်။ တစ်ခေါက် ပြန်နားထောင်သည်။ အသက်မရှူတော့။ နှလုံး မခုန်တော့။ နီးစပ်ရာ ဆေးရုံသို့ ဆေးရုံကား အမြန်လာဘို့ ခေါ်လိုက်သည်။ ဆေးရုံကား မလာခင် သူသိထားသော ရှေးဦးသူနာပြုစုနည်းဖြင့် နှလုံးပြန်ခုန်အောင် ပြန်လုပ်နေမိသည်။ 

လတ်တလော ဦးနှောက်က ကြည်ပြာဦး အတွက်သာ စဉ်းစားနေမိသည်။ သူတို့ကို သတ်ရန် လိုက်လာသော လင်းထွန်းဦးကို မသိတော့။ သူ့ကိုယ်ပေါ်မှာ အဝတ်မကပ်ပဲ ဖြစ်နေတာကိုလည်း သတိမထားမိတော့။ ဘာဆက်ဖြစ်မယ် ဆိုတာကိုပင် မသိတော့ပေ။ အရာအားလုံး ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်သွားပုံပင်။


ခင်တဲ့

နောင်ရဲ (၂၀၁၆ ဇန်နဝါရီ)

......................................................................

မြေနိမ့်ရာမှ စိုက်တဲ့လံှ

ဘချစ်။ တချို့ကလည်း ရာဂျစ် လို့ ခေါ်တယ်။ လူပုံပန်းက အသားမည်းမည်း ကုလားလေး။ အသက်က ၂၃ ပတ်လည်။ မုတ်ဆိတ်မွှေးတော့ မထား။ နေတာက အင်းစိန်ဘက်မှာ။ မနက် မနက်ဆို အစောကြီး သူအလုပ်လုပ်ရာ လာရသည်။ တခါတလေလည်း ညဘက် စောင့်အိပ်ရသည်။ သူ လုပ်နေသည့် အလုပ်ကား သာမာန်လူအနေဖြင့် ဘယ်သူမှ မလုပ်ချင်သော အရာ။ သွေးသံရဲရဲ အပုပ်နံ့ တထောင်းထောင်းနှင့် အသေကောင်တွေနှင့် နေရတာ။ ရင်ခွဲရုံ (သို့မဟုတ်) လူသေတို့၏ ခွဲစိပ်ခန်း။ သူ ဒီအလုပ်လုပ်လာတာ ၅ နှစ်လောက် ရှိပြီ။ အလုပ်ဝင်စကတော့ မလုပ်ရဲ မကိုင်ရဲပေ။ ဒီတော့လည်း သူ့အရင် လုပ်နေတဲ့လူတွေ ပြောတဲ့အတိုင်း ရှက်ကီပင့်ပြီးမှ ခွဲရသည်။ 

ဟိုးအရင်တုန်းက ဆရာဝန်တွေကတော့ ကိုယ်တိုင်ခွဲသည်ဟု ကြားဖူးသည်။ ဘချစ်တို့လို လူတွေကတော့ ဘေးနားက အကူပေါ့။ အခုတော့ ပြောင်းသွားသည်။ ခွဲသူက ဘချစ်တို့ ကိုယ်တိုင်။ ဆရာဝန်တွေက ဘေးနားက ဟိုဟာခွဲပေး၊ ဒီဟာခွဲပေး ဆို ပြောကြသည်။ တခြားသူတော့ မသိ။ ဘချစ်ကတော့ အစပိုင်း အန်ချင်သည်။ ဟုတ်တယ်လေ။ ရေထဲနစ်ပြီး ပြန်ပေါ်လာတဲ့ အလောင်းကို ခွဲရင် အပုပ်နံ့ နံတာက ခွဲခန်း တစ်ခုလုံး မွှန်ထူသွားသည်။ ရေချိုးလို့လည်း အနံ့ မပျောက်။ အဲ့လိုနေ့မျိုးဆို မိန်းမကတောင် အနားမကပ်တော့ ငတ်တာပေါ့။ အရင်ကလူတွေ ဘယ်လိုခွဲလဲတော့ မသိ။ ဘချစ်ကတော့ အသားငါးခုတ်တဲ့ ဓါးမကြီးနှင့် အကုန်လုံးကို လျှောက်ဖြတ်တာ။ ဘာမှ မစုံလင်တော့လည်း ဆရာဝန်တွေ ကိုယ်တိုင်က အဲ့ဓါးနှင့်ပင် ဖြတ်ခိုင်းတော့သည်။

ဒီနေ့ မနက်ပိုင်းတော့ အိမ်မှာ မိန်းမနှင့် နှပ်မလို့ စဉ်းစားတာ။ အခွင့်အရေး မရလိုက်။ မိန်းမက သူများအိမ်မှာ အိမ်အကူအနေနှင့် မနက်ထဲကသွား ညဘက်မှ ပြန်လာဆိုတော့။ တင်းနေတဲ့စိတ်ကို ပြေဖို့ရာ လက်နဲ့ ကစားပေးလိုက်ရသည်။ ဒီညက ရင်ခွဲရုံမှာ သူက ညစောင့် ဆိုတော့ ဒီညလည်း ငတ်ဦးမှာပဲ။ ညနေ ၆နာရီ ဂျူတီဝင်ရမှာမို့ အိမ်ကနေ ခပ်စောစော ထွက်လာလိုက်သည်။ 

ညစာ စားဖို့အတွက် ထမင်းကြမ်းနဲ့ ငရုတ်သီးထောင့်ရယ် ဆားရယ် ထည့်လာလိုက်သည်။ ရှက်ကီကတော့ ဟိုမှာ ဆရာဝန်တွေက ဝယ်ပေးထားသည်။ အရင်တုန်းကတော့ ခွဲခါနီးမှ သောက်ကြတာ။ အခုတော့ နေ့တိုင်းနီးပါး သောက်နေလို့ သူတို့ကို ခွဲတမ်းနှင့်ပေးသည်။ ကိုယ့်လစ်မစ်အတိုင်း သောက်ကြသည်။ မဝသေးရင်တော့ ကိုယ့်ပိုက်ဆံနှင့် ကိုယ်ဝယ်သောက်ပေါ့။

ဂျူတီဝင်တော့ မနက်ပိုင်း တာဝန်ကျတဲ့ ချွတ်တား ဆိုတဲ့လူက လာပြောသည်။ ကောင်မလေးတစ်ယောက် ရင်ခွဲရုံကို ရောက်နေကြောင်း။ ဘက်စ်ကားပေါ်က ပြုတ်ကျသေကြောင်း။ ဘက်စ်ကားက အရှိန်နဲ့ အထွက် ဘက်စ်ကားနောက်တွဲတက်တဲ့နေရာကနေ ပြုတ်ကျတာဖြစ်ကြောင်း။ ခေါင်းနဲ့ မြေပြင် ထိကာ သေသွားကြောင်း။ အပြင်ဘက်က ဒဏ်ရာကြီးကြီးမားမား မရှိကြောင်း။ ခုဏလေးပင် အလောင်း သေတ္တာထဲ ထည့်ထားကြောင်း။ အဓိက ပြောသွားတာကတော့ ကောင်မလေးက တက္ကသိုလ်ကျောင်းသူလေး ဖြစ်ပြီး တော်တော်ချောကြောင်း၊ ကိုယ်လုံးကိုယ်ပေါက်လည်း လှကြောင်း၊ ရုပ်ရှင်မင်းသမီး ခင်သန်းနုနှင့်ပင် ဆင်ကြောင်း ပြောသွားသည်။ 

သိုနှင့် ဘချစ်လည်း လွယ်ထားတဲ့ လွယ်အိတ်၊ ကိုင်လာတဲ့ ထမင်းချိုင့်ကို စားပွဲခုံတွင် ထားကာ အလောင်းတွေ ထားရာ ရေခဲတိုက်ခန်းထဲ ဝင်လာသည်။ ရေခဲတိုက်ထဲ ဝင်လိုက်သည်နှင့် အလောင်းတွေ ထားတဲ့ အလုံပိတ် သေတ္တာတွေ စီထားသော နေရာကိုတွေ့ရသည်။ သူတို့ ရင်ခွဲရုံက မှုခင်းဆိုင်ရာ ဆိုတော့ အလောင်းထည့်တဲ့  သေတ္တာက ၆ လုံးပဲ ရှိသည်။ အခု ကောင်မလေး အလောင်းတစ်ခုပဲ ရှိသည်။ ဒီအလောင်းကိုလည်း မနက်မှ ခွဲကြမည် ဖြစ်သည်။ 

ဆရာဝန်တွေက သူတို့ ဂျူတီချိန် ပြီးလို့ ပြန်ကြပြီ။ အရမ်းအရေးကြီးတော့မှသာ လာတတ်ကြသည်။ ဒီလိုအချိန်ဆို ဘချစ် တစ်ယောက်ထဲ။ လုပ်သက်နည်းနည်းလေး ကြာလာလို့သာ မကြောက်တာ။ ဟိုးအရင်တုန်းကဆို ဂျူတီစဝင်တာနဲ့ အရက် ချက်ချင်းသောက်ပြီး ရဲဆေးတင်ရသည်။ ခုတော့ ဘာမှ မဖြစ်သည့်အလား အလောင်းရှိရာ  သေတ္တာကို ဆွဲဖွင့်လိုက်သည်။ အလားလား....ချွတ်တားပြောသွားတာ တကယ်ပင်။ 

ကောင်မလေး ချောတာမှ ရက်စက်။ အလောင်းတွေ ထုံးစံအတိုင်း ဘာမှ မဝတ်ပေးထားတော့ မိမွေးတိုင်း ဖမွေးတိုင်း။ နို့ ၂ လုံးကလည်း လုံးကျစ်နေသည်။ အနီရောင် ထနေသော နို့သီးခေါင်းတွေက စူထွက်လို့။ ကိုယ်လုံးကလည်း အသွယ်အဝိုက်တွေက ဂစ်တာရှိတ် ပုံစံ။ ကြည့်နေရင်းနှင့် စိတ်တွေ ထန်လာသည်။ သေသွားသည် ဆိုပေမယ့် အိပ်နေသည့်ဟန်။ အသားကို ကိုင်ကြည့်တော့လည်း အရမ်းကြီး မအေး။ နွေးတေးတေး ရှိန်းတိန်းတိန်း။ တက်အုပ်ချင်စိတ်ကို မနည်းထိန်းနေရသည်။ သူ့ပုဆိုးကို အသာလှပ်ပြီး လက်ထည့်လိုက်သည်။

နောက်နေ့ မနက် ၁၀ ဝန်းကျင်လောက်မှာ အလောင်းခွဲကြသည်။ ရာဂျစ်ကတော့ မနက် ၈ နာရီလောက်ထဲက ဂျူတီပြီးလို့ အိမ်ပြန်ပြီ။ စောစော မပြန်ရင် ချောဆွဲတာ ခံရနိုင်တယ်လေ။ အိမ်တောင် ပြန်ဖြစ်မှာ မဟုတ်တော့ဘူး။ အိမ်ရောက်တာနဲ့ တရေးတမော အိပ်မယ်။ ပြီးရင် လက်ဘက်ရည်ဆိုင်သွားမယ်။ အာဒစ်တို့နဲ့ လေသွားကန်ကြမည်။ ညကတွေ့ခဲ့တဲ့ ကောင်မလေးအကြောင်း။ ညရောက်တော့မှ မိန်းမနှင့် ဝုန်းဒိုင်းကြဲမည်ပေါ့။ ဂျူတီက နောက်နေ့မှ ပြန်ဝင်ရမယ်လေ။ အရင်တုန်းကတော့ လုပ်တဲ့ အလုပ်သမားနည်းတော့ ဂျူတီစိတ်ပေမယ့် အခုလို လူများလာတော့ နည်းနည်း သက်သာသွားသည်။ 

ညနေကျတော့ အာဒစ်တို့ရှိရာ လက်ဖက်ရည်ဆိုင်ကို ထွက်ခဲ့သည်။ တစ်ယောက် တစ်ခွက် သောက်တာ မဟုတ်။ တစ်ခွက်မှာပြီး ပန်းကန်ပြားလေးတွေထဲ ထည့်သောက်တာ။ ပြီးရင်တော့ ရေနွေးကြမ်း တစ်အိုးပြီး တစ်အိုးမှာကာ လေထိုင်ရိုက်နေကြတာ များသည်။ ညနေစောင်းတော့ ရဲတွေ အုပ်လိုက်ကြီး သူ့ဆီ လာကြသည်။ သေနေတဲ့ အလောင်းကို လိင်ဆက်ဆံမှုအဖြစ် မသင်္ကာမှုဖြင့် လာခေါ်သည်ဟု ပြောသည်။ အမှန်က လာဖမ်းတာ။ သူ ဘာမှ ပြောလို့ မရအောင်ကို အတင်းအကြပ်ကြီး ခေါ်သွားကြသည်။

ရဲစခန်းကို ရောက်တော့ သူ့ကို အမျိုးမျိုး စစ်မေးသည်။ သူမလုပ်လို့ မလုပ်ဘူးသာ ပြောသည်။ စစ်မေးရင်း လက်ပါလာကြသည်။ ခြေထောက်နှင့် ကန်သည်။ နှိပ်စက်သည်။ သူကလည်း အကြိမ်ကြိမ် အခါခါ ငြင်းသည်။ သူတို့ ပြောတဲ့ ဖြစ်စဉ်က ဆရာဝန်တွေ အလောင်းခွဲတဲ့အခါမှာ မိန်းမအင်္ဂါကနေ အရည်တွေ ထွက်ကျလာကြောင်း၊ လိင်ဆက်ဆံထားတဲ့ လက္ခဏာ ရှိကြောင်း၊ ဘက်စ်ကားပေါ်က ကျပြီး သေသွားပြီးချင်း ရင်ခွဲရုံ ပို့ကြောင်း၊ ညနေစောင်းကနေ တစ်ညလုံး ရှိနေတာက ဘချစ် တစ်ယောက်ထဲ ဖြစ်ကြောင်း၊ သံသယအရှိဆုံးက ဘချစ်သာ ဖြစ်ကြောင်းနှင့်၊ လုပ်တာ ဝန်ခံလျှင် အပြစ်လျော့အောင် လုပ်ပေးနိုင်ကြောင်း၊ မပြောလျှင် နည်းပေါင်းစုံသုံးကာ စစ်ရမည် ဖြစ်ကြောင်း ပြောသည်။ 

အကြိမ်ကြိမ် စစ်မေးနေသည်မှာ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်။ အခုဆို တစ်ပတ်ရှိတော့မည်။ ဘချစ်လည်း နှိပ်စက်တာကို မခံနိုင်။ သူ မလုပ်ပေမယ့် ဝန်ခံလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ဒီကြားထဲမယ် DNA (ဒီအင်အေ၊   ၊အကြမ်းဖျင်း ရှင်းပြရလျှင် လက်ဗွေရာ စစ်တာနှင့် အလားသဏ္ဍန်တူသည်၊ တစ်သျှူးစတွေကို ဟိုးမော်လီကျူလာ အထိ တူ မတူ စစ်ကြည့်သည်ဟု သတ်မှတ်ပါလေ) စစ်မည်ဟု ပြောသည်။ အဲ့ဒါကလည်း တစ်လလောက် ကြာမည်တဲ့။ သူ့မှာ ရွေးချယ်စရာ လမ်းမရှိ။ နှိပ်စက်မှုဒဏ်ကို သူ မခံနိုင်။ ညနေစစ်ရင်တော့ သူ ဝင်ခံတော့မည်။

ညနေရောက်တော့ သူ့ကို လွှတ်ပေးကြသည်။ ဒီအမှုနှင့် မဆိုင်တဲ့။ ဒါပဲ ပြောပြီး လွှတ်လိုက်တာ။ ဘချစ် တစ်ယောက် ဒဏ်ရာအလိပ်လိပ်နှင့် အိမ်ပြန်လာသည်။ ရပ်ကွက်ထဲကလည်း သူ့ကို မကြည်။ မိန်းမကလည်း သူ့ကို လက်မခံ။ အိမ်ပေါ်က ဆင်းပြီး သူ့မိဘအိမ် ပြန်သွားသည်။ ဘချစ် ဘာဆို ဘာမှ မသိ။ ဘာလုပ်ခဲ့တယ်ဆိုတာလည်း မသိ။ ဘာဆက်လုပ်ရမယ်လည်း မသိ။ 

ဒါ့ကြောင့် ဘာမှန်းမသိပဲ ခံလိုက်ရတာ တော်တော်ဆိုးသည်။ ဒီပုံအတိုင်းဆို ရပ်ကွက်ကလည်း လက်မခံရင် သူနေရာသစ်ပြောင်းရတော့မည်။ အလုပ်ကရော သူ့ကို ပြန်လက်ခံမှာလား။ စိုးရိမ်စိတ်များစွာ၊ ကြောင့်ကျစိတ်များစွာ၊ သိမ်ငယ်စိတ်များစွာ၊ အားငယ်စိတ်များစွာဖြင့် အသက်ရှင်သန်ရတော့မည်။ ဒီလိုနည်းဖြင့်တော့ သူအသက်မရှင်ချင်။ ဒီလောက က ပျောက်ကွယ်သွားတာပဲ အေးမည်။ ဟုတ်တယ်။ သူ့ဘဝ သူ အဆုံးသတ်ရမည်။ ရဲတွေ စစ်ဆေးတုန်းက ဒဏ်၊ ပတ်ဝန်းကျင်ရဲ့ အေးစက်စက် ခါးသီးတဲ့ တုံ့ပြန်မှုတွေ လွတ်ငြိမ်းရာလမ်းကို သူရွေးချယ်လိုက်သည်။ ရက်စက်တဲ့ လောကကြီးကို သူ အပြီးအပိုင် နှုတ်ဆက်သွားလေပြီ။

" ဘချစ် သနားပါတယ်ကွာ...ဒီကောင် ရိုးသားပါတယ်...ဒီကောင် အဲ့လိုမလုပ်ဖူးလို့လည်း အစထဲက ထင်ပြီးသား.."

" ဟုတ်တယ်...ဆရာကြီး...ကျနော်တို့လည်း ဒီကောင် လွတ်လာတယ်...ကြားလို့...နောက်နေ့ သူ့အိမ်ကို သွားတာ...အခုလို အဆုံးစီရင်သွားတာ တွေ့လိုက်ရတာပဲ..."

" ဒါနဲ့ ဆရာကြီး အမှုက ဘယ်လိုဖြစ်သွားလဲ..."

" ကောင်မလေးက ရည်းစားရှိတယ်ကွ...အဲ့နေ့က သူ့ရည်းစားနဲ့ ကျောင်းထဲက အခန်းလွတ်ထဲမှာ ဆက်ဆံကြတာတဲ့...ပြီးတော့ ချက်ချင်းပဲ အိမ်ပြန်ကြတာပေါ့...ကံဆိုးချင်တော့ ဘက်စ်ကားပေါ်က ပြုတ်ကျပြီး ကောင်မလေးက သေသွားတာပေါ့...ဘချစ်အတွက် ကံဆိုးတာက အဲ့နေ့ ညနေပဲ ကောင်မလေးရည်းစားက ခရီးထွက်သွားတော့ အဆက်အသွယ် ပြတ်သွားတာ...တစ်ပတ် ၁၀ ရက်လောက် ကြာသွားတာပေါ့...အကြောင်းစုံ သိမှ ရဲစခန်းလိုက်လာပြီး လာပြောတာ...ခက်တာကကွာ...ဘချစ်က အလကားနေ အချောင်ခံလိုက်ရတာ...ဆုံးရှုံးသွားတာတွေ ရှိမှာပေါ့...ဒါကို ပြန်ပြီး အဖက်မဆယ်ပေးကြဘူး...လူတွေက ထုံးစံလို ဖြစ်နေပြီ...အပြစ်လုပ်ရင်တော့ ဝိုင်းကဲ့ရဲ့ကြမယ်...အပြစ်မလုပ်တာ သေချာသွားရင်တော့ သူတို့ပဲ မပြောလေသယောင် နေတတ်ကြတယ်..."

အထက်ပါ စကားများသည် ဘချစ်ရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာဝန်များနှင့် အလုပ်သမားများ ပြောနေသော စကားများပင်။ မြေနိမ့်ရာ လှံစိုက်တာ လူ့လောကမှာ ထုံးစံလိုပင်။ ပေးဆပ်ခဲ့သော ဘဝတွေ၊ အသက်တွေလည်း အများကြီးပင်။ လူတွေ ဘာဖြစ်သွားသွား လောကကြီးတော့ ဆက်ပြီး လည်ပတ်ဦးမည်ပင် ဖြစ်သည်။ အဟောင်းသွား အသစ်ဝင် ထုံးစံပေါ့။



ခင်တဲ့

နောင်ရဲ (၂၀၁၆ မတ်)

(ဖြစ်ရပ်မှန် ဇာတ်လမ်းပေါ် အခြေခံကာ ကိုပန်းရိုင်း ဇာတ်လမ်းဆင်ပြီး နောင်ရဲ ရေးသားသည်။)

...........................................................................

လွင့်ထွက်သွားသော နှင်းဆီပန်း

ညနေခင်းတစ်ခုဝယ်  ဆူညံပွက်လောထနေသော ညကလပ်တစ်ခုတွင် နောင်ရဲတစ်ယောက် အေးဆေးစွာ ဝီစကီ အွန်ရော့ခ် ကို တစ်ငုံချင်း စုပ်နေသည်။ ညနေ ခပ်စောစောအချိန်ဖြစ်သောကြောင့်လည်း လူသိပ်မစည်လှသေး။ ဒုံးချပ်ချပ်တီးလုံးနှင့်အတူ နောင်ရဲဘေးနားတွင် ကနေသော ညပျိုဖြူများကိုလည်း စိတ်မဝင်စား၊ အရှေ့တွင် စကားပြောနေသော သူငယ်ချင်းများရဲ့စကားဝိုင်းထဲလည်း ဝင်မပြောမိ။ နှုတ်ဆိတ်စွာ ဝီစကီကို အရသာခံသောက်နေသည်။ ခေါင်းထဲတွင်မှာတော့ ရီဝေဝေအတွေးများအောက်မှာ သူချစ်ရတဲ့ ကောင်မလေးအကြောင်းသာ။ 

ဘာ့ကြောင့် နောင်ရဲ အရက်သောက်နေရသနည်း။ အဖြေမှာ မနက်ဖန်ညနေခင်းတွင် သူချစ်ရသော ကောင်မလေးနှင့် ညီအစ်ကိုပမာချစ်ရသော သူငယ်ချင်းဖြစ်သူ ရဲရင့်သွေး တို့ မင်္ဂလာဆောင်ရမည် ဖြစ်သောကြောင့်ပင်။

အတွေးတွေက အတိတ်သို့နောက်ပြန်လည်သွားသည်။ ဇာတ်လမ်းတွေထဲကလို အဖြူ၊ အမည်းလည်း မဟုတ်၊ ကာလာနဲ့လည်း မဟုတ်ပေ။ သူတို့ သုံးယောက်မှာ ငယ်ငယ်လေးထဲက အတူသွား၊ အတူလာ၊ အတူစား၊ အတူကစားခဲ့ကြသည့် ငယ်ပေါင်းတွေ ဖြစ်သည်။ ကြီးလာတော့လည်း တက္ကသိုလ်အသီးသီး ကွဲသွားပေမယ့် အဆက်အသွယ်မပြတ်။ 

နောင်ရဲက ဆေးတက္ကသိုလ်၊ ကောင်မလေးက ကွန်ပြူတာတက္ကသိုလ်၊ ရဲရင့်သွေးက နာမည်နှင့်လိုက်အောင်ပင် သတ္တိကောင်းလှစွာ စစ်တက္ကသိုလ်သို့ ဝင်သွားသည်။ သို့သော် မွေးနေ့တိုင်းတွင်တော့ မဖြစ်ဖြစ်အောင် ဆုံတတ်ကြသည်။ ရဲရင့်သွေးကတော့ နယ်ဘက်တွေ တာဝန်ကျနေလျှင် တယ်လီဖုန်းနှင့် မွေးနေ့ဆုတောင်းတတ်သည်။ ကောင်မလေးနှင့် ရဲရင့်သွေးက ကျောင်းအရင်ပြီးသောကြောင့် ဆိုင်ရာဆိုင်ရာ အလုပ်တွေနှင့်ပေါ့။ နောင်ရဲ တစ်ယောက်သာ ကျောင်းမပြီးသေးသော ကျောင်းသားကြီး အဖြစ်နှင့်။  အားလုံးပေါင်း စာသင်နှစ် ၆ နှစ် ရှိသော ဆေးကျောင်းသားဘဝကို တခါတလေ မုန်းတီးတတ်လာသည်။ 

ဒါတွေထားပါလေ။ အဓိကအကြောင်းအရာကတော့ ရန်ကုန်တွင် ကျန်နေရစ်သော နောင်ရဲနှင့် ကောင်မလေးက အနေပိုနီးသည် ဟုဆိုရမည်။ သူငယ်ချင်းအချစ်ကနေ ရင်ခုန်သံပေါင်းဖက်ကာ အရောင်ဆိုးဘို့ လွန်ခဲ့သောလ ကမှ နောင်ရဲ ကြိုးစားခဲ့သည်။ ဘွဲ့ရပြီးသောကြောင့်လည်း အားလပ်နေသော နောင်ရဲအတွက် ကောင်မလေးကို အချိန်ပိုပေးဖြစ်သည်။ သံယောဇဉ်ကို အခြေခံသောကြောင့်လည်း ကောင်မလေးဆီက အဖြေကို တစ်ပတ်အတွင်းပြန်ရခဲ့သည်။ နောင်ရဲတို့ ချစ်သူတွေဖြစ်သွားတာ ဘယ်သူမှ မသိလိုက်။ ရဲရင့်သွေးကိုလည်း သူ ခွင့်ရလို့ ရန်ကုန်ပြန်လာမှ ပြောရမည်ပေါ့။ ပျော်လို့မှ အားမရသေးခင် သတင်းဆိုးကြီးကြောင့် ၂ ယောက်သား တုန်လှုပ်စွာ ခြောက်ခြားခဲ့ကြသည်။ လောလောလတ်လတ်ကြီးဖြစ်သောကြောင့် အဲ့ဒီနေ့ကို မှတ်မိသေးသည်။ နောင်ရဲအိမ်သို့ ရဲရင့်သွေး လာလည်သော အခိုက်ဖြစ်သည်။

“ ဟေ့ရောင်...နောင်ရဲ....ငါ...မင်းကို ပြောစရာရှိတယ်ကွ”

“ ဟာ.....ငါလည်း ပြောမလို့ကွ...မင်းသတင်းက ဘာသတင်းလဲ....သတင်းထူးလား”

“ ငါ့အတွက်တော့ ထူးတာပေါ့ကွ.....ငါ အရင်ပြောမယ်ကွာ...မင်းနောက်မှ ပြော”

“ အေးပါကွာ....မင်းက အခုမှ အားလပ်တာဆိုတော့ မင်းကို ဦးစားပေးပါတယ်”

“ ဒီလိုကွ...ငါ့အဖေနဲ့ အမေက ငါ့ကို ကြယ်စင်ခနဲ့ အိမ်ထောင်ချပေးမယ်ဆိုပြီး စီစဉ်နေတယ်ကွ”

ဟင်.....ဒါ ကောင်မလေး နာမည်ပဲ.......သူများတွေ ခေါ်နေသော နာမည်၊ အဖေ အမေပေးထားသော နာမည်ကို မခေါ်ပဲ “ကောင်မလေး” ဟုသာ အကြိမ်ကြိမ်ခေါ်ခဲ့သော ကြယ်စင်ခ ဆိုသော ကောင်မလေး။ ထိတ်လန့်မှု၊ စိုးရိမ်မှုကို မျက်နှာတွင် မပေါ်အောင်သာ ထိန်းထားလိုက်သည်။

“ ဟ....မင်းကို အခုမှ ပြောတာလားကွ...ဒီလောက် အရေးကြီးတာကို မင်းကို ကြိုပြောထားသင့်တာပေါ့”

“ အေးကွာ...ငါလည်း တာဝန်ကျရာ နယ်ဘက်မှာဆိုတော့ အိမ်က ငါ့ကို အသိမပေးပဲ စီစဉ်ကြတာတဲ့....ငယ်ငယ်လေးထဲက သူငယ်ချင်းတွေ ဆိုတော့လည်း ငြင်းမှာ မဟုတ်ဘူးဆိုပြီးတော့ပေါ့”

“ မင်းဘက်ကကော ဘယ်လိုလဲကွ.....ကောင်....အဲ....ကြယ်စင်ခကို ဘယ်လိုသဘောထားလဲ”

“ ဟဲဟဲ...ငါက အရင်ထဲက သူ့ကို ချစ်နေတာကွ....အခု အိမ်ကစီစဉ်ပေးမယ်ဆိုတော့လည်း ငါဘာမှ လုပ်စရာမလိုတော့ဘူးပေါ့ကွာ..”

“ မင်းကလည်း ဖြစ်ရလေ...” 

ရဲရင့်သွေးလက်မောင်းကို ခပ်ပါးပါးလေး ထိုးလိုက်သည်။

“ အဲ့ဒါကို ကြယ်စင်ခကော သိပြီလား...”

“ မပြောတတ်ဘူးကွ...ငါလည်း သတင်းကြားကြားချင်း မင်းဆီကို ထွက်လာတာ...အခု သူ့အိမ်သွားဘို့ မင်းလိုက်ခဲ့ကွာ...”

“ ဒါဆို ခဏစောင့်ကွာ...ငါ အင်္ကျ ီလဲလိုက်ဦးမယ်....”

“ နေဦး....မင်းခုဏက ငါ့ပြောမယ်ဆိုတာ ဘာလဲကွ....”

“ သြော်...အေး...ငါလည်း မေ့တော့မလို့...ငါ ကျောင်းပြီးပြီဆိုတော့ ရှေ့ဆက် ဘာလုပ်ရမလဲဆိုတာ မင်းအဒေါ်နဲ့ တိုင်ပင်မလို့ကွ..” 

တစ်ခါမှ မစဉ်းစားဖူးသော အတွေးများပင်။ ရဲရင့်သွေးရဲ့အဒေါ်က ဆေးပညာပါရဂူကြီး တစ်ယောက်ဖြစ်သောကြောင့်၊ နောင်ရဲကိုလည်း စာသင်ပေးဖူးသောကြောင့်ပင်။

“ ဘာများလဲလို့ကွာ...မင်းအားတဲ့အချိန်ပြော....ငါ့အဒေါ်အားတာနဲ့ မင်းကို သူ့ဆီခေါ်သွားမယ်....ဘာမှ စိတ်မပူနဲ့...မင်းနဲ့ ခင်နေတာပဲကို...”

“ အေးပါကွာ....သူ့တူ ပါလာတော့ ငါပြောအားပိုရှိသွားတာပေါ့ကွ....”

“ အေးပါ...မြန်မြန်...ကြယ်စင်ခ စောင့်နေတော့မယ်....ငါ မင်းဆီကို မလာခင် ဖုန်းကြိုဆက်ထားတာကွ...မင်းကိုပါ ခေါ်လာမယ့်အကြောင်း”

“ မင်းကလည်း မယူရသေးဘူး....ကြောက်နေပြီ...ဟားဟား...”

“ မကြောက်ပါဘူးကွာ...ချစ်တာ...ဟားဟားဟား...”

ကောင်မလေးအိမ်ကို ရောက်တော့ ခြံထဲက ဒန်းလေးပေါ်တွင် ထိုင်ကာ သူတို့ကို စောင်နေသော အဖြူရောင်ဝမ်းဆက် ဂါဝန်ကားကားကြီးကို ဝတ်ထားသော ဆံပင်ရှည်ရှည် ကောင်မလေးကို တွေ့လိုက်ရသည်။ ရင်ထဲ နင့်နေတာပဲ ကောင်မလေးရယ်။ ကောင်မလေး မျက်ဝန်းတွေကလည်း မို့မို့ဖောင်းဖောင်းလေး ဖြစ်နေသည်။ ခုဏကမှ တရေးအိပ်ပြီးကာစ မို့လို့ ဆိုသော စကားမှာလည်း ရဲရင့်သွေးကို ပြောသလိုနှင့် နောင်ရဲကို ပြောမှန်းသိသည်။

“ ကဲ...မင်းတို့ ၂ ယောက် လွတ်လွတ်လပ်လပ် ပြောကြ...ငါ ကြီးကြီးကို သွားနှုတ်ဆက်လိုက်ဦးမယ်” 

ဟုဆိုကာ ကောင်မလေး အမေကို နှုတ်ဆက်ရန် အိမ်ထဲသို့ ဝင်သွားလိုက်သည်။ ကောင်မလေးအမေနှင့်ကလည်း အတွင်းအစင်း အကုန်သိသောကြောင့် ဆွေမျိုးသားချင်းလိုပင်။ ဘာ့ကြောင့် သူ့ကိုမှ သားမက်အဖြစ်မရွေးတာလဲ နောင်ရဲသိချင်သည်။ သို့သော်လည်း မမေးဖြစ်ပေ။ ဟိုအကြောင်း၊ ဒီအကြောင်း၊ မိသားစုရေးရာ အကြောင်းတို့နှင့်ပင် စကားဝိုင်းကို အဆုံးသတ်လိုက်သည်။ 

သို့သော် နောင်ရဲကို အားနာနေဟန်၊ သနားလေဟန်နှင့် စကားပြောနေသည်ဟု ထင်သည်။ ၁၀ မိနစ်လောက် အကြာမှာပင် ကောင်မလေးတို့ အိမ်ထဲဝင်လာကြသည်။ ရဲရင့်သွေး မျက်နှာကတော့ ပြုံးဖြီးဖြီးပေါ့။ သူများတွေ မမြင်နိုင်အောင် လက်မထောင်ပြသည်။ သွားပြီပေါ့ကွာ...ဒါဆို ကောင်မလေးက သူ့ကို လက်ခံလိုက်သည့် သဘောပင်။ အပြောင်းအလဲမြန်လိုက်တာ ကောင်မလေးရယ်။ ညစာကို ကောင်မလေးတို့နှင့် အတူစားကာ အိမ်ပြန်လာကြသည်။ အပြန်နှုတ်ဆက်တော့ ရဲရင့်သွေး မမြင်အောင် ဖုန်းဆက်မည်ဟု လက်နှင့် ပြသွားသည်။ ဘယ်လိုငြင်းချက်ထုတ်ချင်တာလဲ....ဘယ်လိုဖြေရှင်းဦးမှာလဲ....လုပ်ပေါ့ကွာ....မင်းကို ချစ်တော့လည်း မင်းလုပ်သမျှ ကြေနပ်နေရမှာပေါ့။

“ ဟယ်လို...နောင်ရဲ....မအိပ်သေးဘူးလား...”

“ နင် ဖုန်းဆက်မယ်ဆိုလို့ စောင့်နေတာလေ....”

“ ငါ နင့်ကို ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူးဟာ...”

“ အင်း...ပြောကြည့်လေ...”

“ နောင်ရဲရယ်...နင် ငါ့ကို မရွဲ့ပါနဲ့....ငါ နင့်ကို တကယ်ချစ်တာပါ...”

“ ဒါဆို ဘာဖြစ်လို့ ရဲရင့်သွေးနဲ့ ယူဘို့ သဘောတူရတာလဲ....ရှင်းပါဦး...မမရယ်”

“ နင်..ငါတို့ အိမ်အကြောင်းလည်း သိသားနဲ့...သမီးတစ်ယောက်နဲ့ ဘာမှ မလုပ်တတ်တဲ့ အမေမုဆိုးမကြီးကို ရဲရင့်သွေးတို့ မိသားစုက စောင့်ရှောက်လာတာလေဟာ....အခု သူ့ အမေက ငါနဲ့ သူ့သားကို အိမ်ထောင်ချပေးချင်တယ်ဆိုပြီး လာပြောတော့ ငါ့အမေက ဘာပြန်ပြောရမှာလဲ...နင်နဲ့ ချစ်သူတွေ ဖြစ်နေတယ်ဆိုတာ ငါ့အမေသိပါတယ်ဟာ...ဒီနေ့ နင်တို့ပြန်သွားတော့လည်း နင့်အကြောင်းပြောရှာတယ်....သူလည်း နင့်ကို သနားပေမယ့်...တစ်ဘက်ကို မလွန်ဆန်ရဲလို့ပါတဲ့....ငါလည်း ပထမတုန်းက ငါ့အမေကို ငြင်းပါသေးတယ်....ဒါပေမယ့် အမေ့မျက်ဝန်းက ကျတဲ့မျက်ရည်ကို ငါမလွန်ဆန်ရဲဘူးဟာ....အဲ့ဒါကြောင့် ငါ လက်ခံလိုက်ရတာပါ...”

“ နင် ငါ့ကို ဘာ့ကြောင့် ကြိုမပြောတာလဲ ကောင်မလေးရယ်....”

“ ငါလည်း တနေ့ကမှ သိတာ....ငါ့စိတ်တွေလည်း ရှုပ်ထွေးနေလို့ မပြောဖြစ်တာပါဟာ....ငါ့ကို ခွင့်လွှတ်ပါဟာ...”

“ ငါ...နင့်ကို ခွင့်လွှတ်ပြီးသား.... ကောင်မလေး....ဒါပေမယ့် ဆက်ချစ်ခွင့်တော့ပေး...ငါ...နင့်ကို တအားချစ်တာ...”

သို့နှင့် တစ်ပတ်အတွင်း မင်္ဂလာဆောင်ရန် စီစဉ်ရတော့လည်း ငယ်သူငယ်ချင်းဖြစ်သော နောင်ရဲကပင် အစစအရာရာ စီစဉ်ဆောင်ရွက်ရသည်။ အချိန်မလင့်စေရန်အတွက်လည်း ရဲရင့်သွေး အိမ်မှာပင် အိပ်လိုက်သည်။ အားလုံး ပြီးစီးသလောက်ဖြစ်တော့မှ မနက်ဖန် မင်္ဂလာပွဲ အစီအစဉ်များကို ပွဲစီစဉ်သူက ကြိုပြောနေသည်ကို နားထောင်နေသော ကောင်မလေးနှင့် ရဲရင့်သွေးကို နှုတ်ဆက်ကာ သူသွားနေကြဖြစ်သော  ညကလပ်သို့ ထွက်လာခြင်းဖြစ်သည်။ ဟန်ဆောင်စွာ နေနိုင်ခဲ့သော ကိုယ့်ကိုယ်ကို ဂုဏ်ပြုဘို့ပေါ့။

ထိုစဉ် ပုခုံးကို အားပါပါ ဆွဲလှုပ်လိုက်သော လက်တစ်စုံကြောင့် အတွေးကမ္ဘာထဲကနေ လက်ရှိ အရက်ဝိုင်းလေးထဲသို့ ပြန်ရောက်လာသည်။ လှည့်ကြည့်လိုက်တော့ သူအရမ်းချစ်ရသော ကောင်မလေးပင်ဖြစ်သည်။

“ နောင်ရဲ...နင်ဘာလို့ အရက်တွေ သောက်နေတာလဲ...”

“ နင်ကကော ဘယ်လိုဖြစ်ပြီး ဒီကိုလိုက်လာတာလဲ...”

“ ငါ နင့်ကို စိတ်မချလို့ပေါ့ဟ....ရဲရင့်သွေးအိမ်ကနေ ငါပြန်လာတော့ နင့်အိမ်ဖုန်းဆက်တာ ပြန်မလာသေးဘူးတဲ့...အဲ့ဒါနဲ့ နင်ရှိတတ်မယ့်နေရာတွေ ငါလိုက်ရှာတာ..နောင်ရဲ...ငါ အခု ရဲရင့်သွေးကို ရွေးချယ်လိုက်ပေမယ့် ....ငါ နင့်ကိုချစ်တယ်...ဒီစကားက မပြောသင့်ပေမယ့် နင့်ကို ငါ တအားချစ်တယ်...ငယ်ငယ်လေးထဲက အားငယ်တတ်တဲ့ ငါ့ကို၊ ငယ်ငယ်လေးထဲက တစ်ယောက်ထဲ ဖြစ်နေတဲ့ ငါ့ကို၊ သူငယ်ချင်းလို တစ်မျိုး၊ အစ်ကိုလို တစ်ဖုံ၊ ပြုစုခဲ့တဲ့ ယုယခဲ့တဲ့ နင့်ကို အချစ်ဆုံး..ငါ စိတ်ချမ်းသာအောင်တော့ နင်နေပါဟာ...ငါစိတ်ချရအောင်တော့ နင်နေပါ....”

“ အခု ဘယ်နှစ်နာရီလဲ...”

“ ၇ နာရီထိုးပြီဟ....”

ဒေါင်ချာဆိုင်းနေသော ခေါင်းက မစဉ်းစားပဲ စကားတစ်ခွန်း လွှတ်ကနဲ ထွက်သွားသည်။

“ နင် ငါ့ကို အဲ့လောက်ချစ်ရင် ငါနဲ့ အခုဟိုတယ်လိုက်မလား...”

မမျှော်လင့်ထားသော စကားဖြစ်သောကြောင့် ကောင်မလေး မှင်သက်နေသည်။ အတန်ကြာတော့မှ နောင်ရဲလက်ကို ကောက်ဆွဲကာ အပြင်သို့ ခေါ်ထုတ်သွားသည်။ ဘော်ဒါတွေကိုလည်း မနှုတ်ဆက်ဖြစ်တော့။ ကောင်မလေးက တက္ကစီဖြင့် သူ့ဆီ လိုက်လာခြင်းဖြစ်သည်။ ကလပ်ထဲက ထွက်တော့ ကားသော့ကို နောင်ရဲ ဘောင်းဘီအိတ်ကပ်ထဲက နှိုက်ယူပြီး ကိုယ်တိုင် မောင်းတော့သည်။ ပြောလိုက်သော စကားအတွက် မှန်လား မှားလား ပတ်ချာရိုက်နေကာ ကောင်မလေး ခေါ်ရာနောက်သို့ လိုက်ပါသွားသည်။

သတိထားမိချိန်မှာ ဟိုတယ်အခန်းထဲသို့ပင် ရောက်နေပြီ။ ကောင်မလေးကပင် စကာ နောင်ရဲနှုတ်ခမ်းကို ရေငတ်နေသူပမာ အငမ်းမရ နမ်းစုပ်တော့သည်။ နူးညံ့လိုက်တာဗျာ.....ဖူးငုံငုံ နှုတ်ခမ်းနှစ်လွှာကနေ ချိုမြမြ အရသာက တသက်မမေ့စရာပင်။ နှုတ်ခမ်း စုပ်နမ်းနေရင်းမှပင် နောင်ရဲရဲ့ အင်္ကျ ီကို ချွတ်နေတော့သည်။ နောင်ရဲရဲ့ လက် နှစ်ဘက်ကလည်း အလိုက်သင့်ပင် ကောင်မလေးရဲ့ တင်ပါးကို ပွတ်ရာမှ တဆင့် စကပ်ကို ချွတ်ချလိုက်သည်။ အပြန်အလှန်နမ်းနေရင်းပင် အဝတ်တွေ အကုန်ချွတ်ချလိုက်ကြသည်။ အကုန်ကျွတ်ကျသွားတော့မှ ကောင်မလေးက ကုတင်ပေါ် အပြေးခုန်တက်ကာ စောင်ခြုံနေသည်။

“ ဘာဖြစ်လို့လဲကွ...”

“ ရှက်လို့ပေါ့ဟာ.....ငါတို့ ဘယ်တုန်းက အခုလိုနေဖူးလို့လဲ....”

နောင်ရဲလည်း ကုတင်ပေါ်သို့လိုက်သွားကာ ကောင်မလေးခြုံနေသော စောင်ကို အသာမကာ ကောင်မလေးရဲ့ ညာဘက်ဘေးနား ဝင်ထိုင်လိုက်ပြီး ကောင်မလေးကို ဖက်လိုက်သည်။ ဖက်လိုက်တာနှင့် တပြိုင်ထဲ ကောင်မလေးက ခေါင်းအုံပေါ်သို့ လဲှချလိုက်သည်။ ဖက်ရက်သားလေး အလိုက်သင့် လှဲချပြီးတော့မှ ခုဏက စတင်နမ်းစုပ်ထားသော နှုတ်ခမ်းဖူးဖူးလေးကို စုပ်တော့သည်။ 

ညာဘက်လက်ကလည်း အလိုလို ကောင်မလေးရဲ့ ညီမလေးကို ပွတ်ပေးနေလိုက်သည်။ အမွှေးတွေက နူးညံ့စွာဖြင့် ကိုင်လို့ကောင်းသည်။ အပေါက်ဝနေရာကို ရောက်တော့ စိုစိစိုစိ ဖြစ်နေတာကို နောင်ရဲ သတိထားမိလိုက်သည်။ နမ်းနေရာကနေ လှိုက်မောနေသော အသံနှင့်။

“ နောင်ရဲ...ငါ့ကို မြန်မြန်လုပ်တော့ဟာ...”

နောင်ရဲလည်း အသာထကာ လှဲနေသောကောင်မလေးကို ပေါင်ကားခိုင်းပြီး ဒူးထောင်ခိုင်းလိုက်ကာ ညီလေးကို အပေါက်ဝဆီသို့ ထိုးထည့်တော့သည်။ အပေါက်က တအားကျဉ်းနေသောကြောင့် လွယ်လွယ်နှင့် မဝင်ပေ။ အတင်းထိုးထည့်သောအခါမှာတော့ အပေါက်ချော်ကာ အပေါ်သို့ ချော်ထွက်လေသည်။ ကောင်မလေးကိုကြည့်တော့ သူလိုက်တာကို စိတ်ဝင်တစားကြည့်နေတာကို တွေ့ရသည်။ သို့နှင့် အားပြန်သွင်းကာ ညီတော်မောင်ကို လက်နှင့်ထိန်းပြီး အားနှင့်ဖိချလိုက်သည်။ ဝင်သွားလေပြီ။ အဆုံးထိတော့ မဟုတ်။ ကောင်မလေးဆီက အံကြိတ်ကာ “အ” ဟု အော်သံကြားလိုက်ရသည်။ ခဏလေး အသာငြိမ်ကာ အသာလေး နည်းနည်းပြန်ထုတ်ပြီး ပြန်သွင်းလိုက်သည်။ ဒီတစ်ခါတော့ အဆုံးထိဝင်သွားလေပြီ။

အတွင်းထဲမှာ ခဏလေးစိမ်နေစဉ်အတွင်း ညီမလေးက ဆွဲဆွဲညှစ်လေတော့သည်။ မထိန်းနိုင်တော့။ ဘယ်လိုမှပင် ထိန်းချုပ်လို့မရအောင် ဖြူပစ်ပစ်အရည်တွေက ညီမလေးထဲကို ပန်းထွက်တော့သည်။

“ နောင်ရဲ...နင်တစ်ခါမှ မလုပ်ဖူးဘူးလား...”

“ အင်း...နင်က ပထမဆုံးပဲ......”

“ ကြည့်တာနဲ့ သိပါတယ်အေ.....နင်လည်း ငါ့ရဲ့ ပထမဆုံးပါ...”

“ ငါလည်း ကြည့်တာနဲ့ သိပါတယ်ဟ....”

“ ဟင်....ဘယ်လိုသိ...”

“ ဒီမှာလေ...”

ညီမလေးထဲမှ ထုတ်လိုက်သော ညီတော်မောင်မှာ သွေးအပြည့်ပေနေသည်ကို ပြလိုက်သည်။ ကောင်မလေး မျက်နှာတစ်ချက်ပျက်သွားပေမယ့် ချက်ချင်း မျက်နှာပြင်ကာ ပြုံးရယ်ရင်း...

“ နင်ကျေနပ်တော့နော်....နင့်ကို ငါ ချစ်တယ်ဆိုတာလည်း ယုံနော်....နောက် ငါနဲ့ မယူရလို့ဆိုပြီးလည်း အရက်တွေ မသောက်နဲ့...မမိုက်နဲ့ဟာ..နော်....”

“ အင်းပါ....နင်နဲ့ တသက်မပေါင်းရပေမယ့် နင့်အနားမှာ တသက်လုံး ရှိနေခွင့်တော့ပေးဟာ....နော်...”

“ အင်း...နောင်ရဲ......ငါ အိမ်ပြန်တော့မယ် ၈ နာရီတောင် ထိုးတော့မယ်ဆိုတော့....”

“ ငါပြန်လိုက်ပို့ပေးမယ်...”

“ ကျေးဇူးပါ..မောင်...ငါ့တသက်မှာ တစ်ယောက်ထဲကိုပဲ ခေါ်မယ်ဆိုတဲ့ ငါ့စိတ်ကူးထဲက နာမ်စားအသုံးအနှုန်းပါ...နင့်တစ်ယောက်ထဲကိုပဲ ခေါ်ခဲ့မယ်..ပြီးတော့ ဒီအကြောင်းတွေကို ဘယ်သူမှ မပြောရဘူးနော်...ကတိပေးဟာ”

“ အင်းပါ...စိတ်ချ...”

ထို့နောက် ကောင်မလေးကို အိမ်ပြန်လိုက်ပို့ကာ ရဲရင့်သွေး အိမ်သို့ပြန်လာသည်။

“ မင်းကွာ...ကြာလိုက်တာ...ဘယ်သွားနေတာလဲ....”

“ ဟဲဟဲ...မသောက်ရတာ ကြာလို့ သွားသောက်တာကွ....မင်းကိုတော့ မနက်ဖန်မှ နှိပ်စက်တော့မယ်....”

“ ဟားဟား....မင်းကတော့ နည်းနည်းလေးတောင် မစောင့်နိုင်ဘူး...အေးပါ...အေးပါ...မနက်ဖန် မင်းသဘောရှိ စား၊ သောက်ပေါ့....ညဘက် တခြားသူတွေ မပါပဲ ငါတို့ သုံးယောက်ထဲ ဝိုင်းဖွဲ့ကြတာပေါ့...”

“ အေးပါ...နောက်တော့မှ ငါ့ကို အစောကြီး ပြန်လွှတ်မနေနဲ့ဦး....”

“ ဟား ဟား ဟား ဟား”

နောက်တစ်နေ့ မင်္ဂလာဆောင်မှာ ကောင်မလေးက တော်တော်လေးလှပါသည်။ ရဲရင့်သွေးနှင့်လည်း လိုက်ဖက်သည်ဟု ထင်သည်။ မနေ့က ကိစ္စအတွက် ကောင်မလေးနှင့် မျက်နှာချင်းဆိုင်ရာမှ ဖိန်းတိန့်တိန့်ဖြစ်နေပေမယ့် ကြာတော့လည်း အဆင်ပြေသွားပါသည်။ ကောင်မလေး လမ်းလျှောက်တာ မသိမသာလေး ကွတတဖြစ်နေသလို။ ရဲရင့်သွေးကတော့ ပြောသွားသည်။

“ ကြယ်စင်ခတစ်ယောက်တော့ကွာ....အခုတလော ဝလာလို့တဲ့...ပြီးတော့ မနေ့က တစ်ညလုံး လမ်းလျှောက်ကျင့်နေရင်းနဲ့ ပေါင်ရှလာတယ်တဲ့ဟေ”

“ ဟားဟား...ဖြစ်ရလေ....ညကျတော့မှ ပေါင်ရှတာကို ဥုံဖွ လုပ်ပေးလိုက်ပေါ့ကွာ...”

“ ဟားဟားဟား”

နောင်ရဲကို ထိုးလိုက်တဲ့ ကောင်မလေး မျက်စောင်းတွေက မသိမသာဖြစ်ပေမယ့် စူးရှသည်။ ရင်ဘတ်ကို နင့်ကနဲပဲ။

အချိန်ကြာသောအခါ ယောကျ်ားလေးမွေးသည်ပေါ့။ တိုက်ဆိုင်တာပဲလား။ တမင် ရည်ရွယ်တာပဲလားတော့ မသိ။ ကလေး နာမည်က “ရဲရင့်နောင်”။ မေးကြည့်တော့ ကောင်မလေးကိုယ်တိုင် မှည့်ထားတာ။ အချစ်ဆုံး သူငယ်ချင်းနာမည်လည်း ပါစေချင်သောကြောင့်ဟု သိရသည်။

အခု နောင်ရဲလား။ ကလေးထိန်းနေသည်။ သွေးနီးလား ဝေးလား မသိသော ဒူးမနာသားလေးကိုပေါ့။ အဟက်ဟက်။


ခင်တဲ့

နောင်ရဲ (ဒီဇင်ဘာ၊ ၂၀၁၃)



Print Friendly and PDF

No comments:

Post a Comment