Sunday, April 26, 2020

အချစ်ကို စတင်တွေ့ရှိခြင်း အပိုင်း ( ၃ )

အချစ်ကို စတင်တွေ့ရှိခြင်း အပိုင်း ( ၃ )

မောင်ဇော်ဦး ရေးသည်။

တကယ်တန်းကျတော့ အခြေအနေက ထင်သလောက် မဆိုးပါဘူး၊ တပတ် ဆိုပေမဲ့ အဲဒီနေ့မှာဘဲ အဖြေက သဘောပေါက်သလောက်ရှိနေပြီ၊ ဘာလို့လဲဆိုတော့ ညနေ သူတို့ ဆိုင်သိမ်းတော့ ကျနော် တခေါက် ပြန်ရောက်တယ်၊ ကောင်းကောင်းမှတ်မိတာပေါ့။ပထမဆုံး အကြိမ် ချစ်သူနဲ့ လမ်းတွဲလျှောက်ဘူးတာ၊ ဟိုတနေ့ကတော့ ထားပါတော့ ခရီးတိုလေး၊ ကမန်းကတမ်း၊ ဒီတခါက စဆုံးကို ၂ ယောက်ထဲ အေးအေးဆေးဆေး လျှောက်တာ၊ ဒီလိုဗျ ဒီလို။

ညနေဆိုင်သိမ်းချိန် ကျနော် ပြန်ရောက်တော့ ထုံးစံအတိုင်း နောက်က လိုက်ဘို့ လုပ်တာပေါ့၊ ဒါပေမဲ့ အခြေအနေက ဟိုး အရင်ကလို နောက်က လိုက်တဲ့ ပုံမျိုးမဝင်တော့ဘူးဗျ၊ အခြေအနေက ဟို တပတ် နောက်ဆုံးရက်က လိုမျိုးပေါ့၊ သူတို့ ဆိုင်ထဲက ထွက်ထွက်လာချင်း မလျှာရှည်က ကျနော့်ဆီ တန်းလာတယ်။

“ကိုဇော့် စက်ဘီး သများတို့ စီးသွားမယ်၊ ကိုဇော် အမကို လမ်းလျှောက် လိုက်ပို့လိုက်လေ” 

ဆိုပြီး ခပ်တိုးတိုး လာပြောတယ်။

“ကောင်းပါ့မလား၊ နင့်ဟာက ပေါ်တင်ကြီး”

“ဘာဖြစ်လဲ၊ အမတို့ လမ်းထိပ်မှာဘဲ စောင့်နေလိုက်မယ်”

“အင်း . . . ဟေ့ ဟေ့ နေအုံး နေအုံး၊ နင့်တို့ အိမ်ထိဘဲ စီးသွားတော့၊ ငါ့ဖာသာငါ လာယူမယ်”

“ဘယ်လိုလာယူမလဲ၊ လမ်းလျှောက်လာမလို့လား”

“မဟုတ်ပါဘူးဟ၊ ငါ ဆိုက်ကားနဲ့ လာခဲ့မယ်”

“အင်း”

မလျှာရှည်က ကျနော့် စက်ဘီး ယူပြီး မမ ကိုတိုးတိုး တိုးတိုး နဲ့ ဘာပြောတယ်မသိဘူး၊ ပြီးတော့ မခစ်ခစ် နဲ့ လစ်ရော၊ အဲဒီမှာ မလျှာရှည် ကို ကျနော် နားမလည်နိုင်အောင်ဘဲဗျ၊ သာမန်လူဆို သူချစ်တဲ့သူကို တခြားသူနဲ့ ဂွင် ဖန်ပေးမလား၊ စဉ်းစားကြည့်၊ သူက ဒီလိုမဟုတ်ဘူး။

ကျနော့် အတွက် ကူညီတယ်၊ သူက ကျနော့် အတွက် ဖြည်ဆည်းဖို့ သက်သက် ဖြစ်နေမလားဘဲ၊ သူလူပေါင်းမှားတယ်ဘဲ ပြောရမလား၊ ပြောရရင်တော့ မယုံနိုင်စရာဗျ၊ ကျနော်လဲ အဲဒီတုန်းက ဒီအဖြစ်တွေ လေးလေးနက်နက် မစဉ်းစားမိပါဘူး။မစဉ်းစားမိဆို သူ့ ပုံကလဲ ကျနော်နဲ့ မမ တကျိကျိပြောနေတာတွေ တွဲသွားတွဲလာတွေ တွေ့ရင်လဲ ဆွေးနေသလိုလို ဘာလိုလို မရှိဘူးဗျ၊ ပုံမှန်ဘဲ၊ သူ့ ရင်ထဲ ဘယ်လိုရှိလဲတော့ မသိဘူးပေါ့ ဝင်ကြည့်လို့မှ မရတာ။

သူ့ကိုလဲ တခါမှ မမေးဖြစ်ဘူး၊ မမေးဆို နောက်ပိုင်း သူနဲ့ ကျနော် သီးသန့်တွေ့ရင် မမ နဲ့ ပတ်သက်တာတွေ သိပ်မပြောတော့ဘူး၊ ကျနော် သူ့ကိုပြောဖို့ အားနာတာလဲ ပါတာပေါ့။အဲဒါနဲ့ဘဲ ကျနော် မမ နားကပ်သွားတာပေါ့၊ မမ ကတော့ ပုံမှန်ပါဘဲလေ၊ ကျနော်နဲ့ တွဲသွားလို့ ရှက်သလို ကြောက်သလိုလိုလဲ မဖြစ်ပါဘူး။

ကျနော်မှာသာ တသက်နဲ့ တကိုယ် တခါမှ ချစ်သူနဲ့ တွဲမလျှောက်ဖူးတော့ လမ်းတောင် အချိုးပြေပြေ မလျှောက်တတ်တော့သလိုဘဲ၊ ဒါတောင် ဘော်ဒါ ပါလို့၊ အဲ အဲ ရပ်ကွက်ထဲက ဘော်ဒါအရင်းခေါက်ခေါက်၊ သူကိုတော့ ဘာမှ အားနာစရာမလို၊ သူက ကျနော်တို့ နောက် ခပ်လှမ်းလှမ်းက လိုက်လာတယ်။

“မလျှာရှည်က စက်ဘီးငှားသွားလို့”

မမ နားကပ်မိတာနဲ့ ပြောလိုက်တယ်၊ မမ ကိုပြောတော့ သူ့နာမည် အရင်းသုံးတာပေါ့၊ ခုတော့ ခင်ဗျားတို့ နားလည်အောင် ဒီလိုဘဲ ပြောရတာပေါ့။

“ကိုဇော်က ပေးလိုက်တာဆို”

“မဟုတ်ပါဘူး မမ ကလဲ”

“ဘာမဟုတ်ဘူးလဲ၊ ဟိုက ပြောတော့ တမျိုး၊ ကိုဇော်ပြောတော့ တမျိုး၊ စည်းဝါးရိုက်လဲ ညီအောင် ရိုက်ပေါ့”

“သူက ဘာပြောလို့လဲ”

“ကိုဇော်ကပြောတယ် စက်ဘီးယူပြီး ပြန်တော့ တဲ့၊ အမကို သူလိုက်ပို့လိုက်မယ်တဲ့”

“ဟုတ်လား”

“ဘာဟုတ်လားလဲ”

“ဟီး ဟီး ဟီး ဟီး”

“ဘာရီတာလဲ၊ အဖြေက နောက်တပတ်မှ၊ ခုကတည်းက လာကဲ မနေနဲ့”

“မကဲပါဘူး၊ ခု အိမ်လိုက်ပို့ မလို့ဟာ”

“ဒါဆိုလဲ ကောင်းကောင်း လိုက်ပို့၊ ဟိုဟာ ဒီဟာတွေ မပြောနဲ့”

“အင်းပါ၊ အော် မမ”

မမ က မထူးဘဲ လှည့်ကြည့်တော့ ကျနော် ဆက်ပြောတယ်၊

“ကျနော် ဟိုတပတ်က မလာဖြစ်တာ မမ ဘယ်လိုထင်လဲ”

“ဘယ်လိုမှ မထင်ဘူး”

“တခုခုတော့ ထင်မှာပါ ဟုတ်တယ် မို့လား”

“တယောက်တော့ ရှင်းသွားပြီ လို့ ထင်တာပေါ့”

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး၊ မမ နော် ကျနော့်ကို အဲလို မပြောနဲ့”

“မပြောမဆို ပျောက်သွားတော့ အဲလို မထင် ဘယ်လိုထင်ရမလဲ ပြောပါအုံး”

“မဟုတ်ဘူးလေ မမ၊ ကျနော်ပျောက်သွားတော့ မမစိတ်ထဲ ဝမ်းနည်းသလိုလို ဆွေးသလိုလို မဖြစ်ဘူးလား”

“မဖြစ်ပါဘူး”

“ကျနော်ကတော့ ဖြစ်တယ် မမ”

“ကိုယ့်ဟာကိုယ်မှ မလာတာ၊ ကောင်းတယ် ဖြစ်တာ”

“မဟုတ်ဘူးလေ မမ၊ မမ လွတ်လွတ်လပ်လပ်စဉ်းစားလို့ရအောင် ရှောင်ပေးတာ၊ ဟိုကောင်တွေကလဲ ဒီလိုဘဲ ပြောတယ်”

“ဘယ်ကောင်တွေလဲ”

“ဆိုင်ကို ကျနော်နဲ့ ပါလာတဲ့ ကောင်တွေလေ၊ သူတို့ ပြောတယ် ဝထ္ထုစာအုပ် တွေထဲမှာဆို ဒီလိုဘဲတဲ့၊ အဲဒါ ရီးစားစကားပြောပြီး တပတ်လောက် အချိန်ပေးလိုက်တဲ့၊ သွားမတွေ့နဲ့တဲ့၊ ပြီးမှ အဖြေသွားတောင်းတဲ့”

“ရရောလား”

“အင်း”

“ခု ရလို့လား”

“အင်း”

“ဘာ အင်း လဲ”

“မမ ဘဲ အင်း ဆို”

“ခု ဘာမှ မအင်းဘူး၊ နောက်တပတ်မှ၊ ပြောပြီးသား”

“နောက် တပတ်မှ အင်း မှာလား”

“ဘယ်သိမလဲ စဉ်းမှ မစဉ်းစားရသေးတာ”

ပထမတော့ ကြောင်သလိုလိုရှိပေမဲ့၊ အရှိန်ရလာတော့ အဆင်ပြေလာပြီး သွက်လာတယ်၊ ဒီလိုနဲ့ဘဲ ကျနော်က အီစီကလီလိုက် မမက ဝေ့လယ်ကြောင်ပတ် လုပ်လိုက်နဲ့ အခြေအနေက သဘောပေါက်လောက်တယ်၊အဲဒါနဲ့ဘဲ မမ ကိုလမ်းထိပ်ထိဘဲပို့၊ ပြီးတော့ ကျနော်တို့ ဆိုက်ကားနဲ့ မလျှာရှည်ဆီ စက်ဘီးပြန်ယူဘို့ ထွက်ခဲ့တယ်၊ မလျှာရှည်ဆီရောက်တော့ ကျနော့် သူငယ်ချင်း မင်းဝင်းထွန်းက မရှိဘူး။

မရှိဆို ဒီအချိန် သူ အမြဲ မရှိဘူးလေ၊ ဈေးထဲက စာအုပ်ဆိုင် သွားပြီး စာအုပ် အသစ် သွားယူရတာ၊ ဒီလိုဘဲ သူက နေ့တိုင်း စာအုပ်ဆိုင် သွားပြီး အသစ်ထွက်တဲ့ စာအုပ် သွားယူတယ်၊ ရန်ကုန်ကလာတဲ့ ရထားက ညနေပိုင်းမှ ဝင်တော့ စာအုပ်က ဒီအချိန်မှ ရတတ်တာ၊ သတင်းစာဆိုလဲ ညနေ မှ ဖတ်ရတာ။အဲဒါနဲ့ ဘော်ဒါမှာ အိမ်ရှေ့မှာ စောင့်ခိုင်းပြီး စက်ဘီးပြန်ယူသွားမဲ့ အကြောင်း မလျှာရှည်ကို အိမ်ပေါ်တက်ပြောတာ၊ ကံကောင်းချင်တော့ သူ့ အမေမရှိဘူး။ ပြောပြန်ရင်လဲ ဇော်ဦး လွန်ရာကျတယ် ဖြစ်အုံးမယ်။

မရည်ရွယ်ပါဘူးဆိုမှ တိုက်တိုက်ဆိုင်ဆိုင်၊ တကယ်ပြောတာ၊ ခု အခေါက်က အဲလိုဖြစ်မယ်လို့ စဉ်းကို မစဉ်းစားထားတာ၊ အဲ နောက်အခေါက်တွေ ကျတော့မှ အဲလို ဖြစ်ပါစေလို့ ဆုတောင်းလိုက်ရတာ၊ ဟီး။အိမ်မှာ ဘယ်သူမှ မရှိဘူး ဆိုတော့ ငါလဲ စက်ဘီး လာယူတာ၊ သွားတော့မယ်ဟေ့၊ ဆိုပြီး နှုတ်ဆက်ချက်ခြင်း ပြန်ထွက်သွားလို့ ဘယ်ဖြစ်တော့မလဲ၊

‘အယ် ဘယ်သူမှ မရှိဘူးလား’ 

ဆိုတဲ့ ကျနော့် အမေးကို 

‘စောစောကဘဲ အမေ အပြင်ထွက်သွားတာ’ 

လို့ သူက အသံတိုးတိုးနဲ့ ပြန်ဖြေလိုက်တဲ့ အသံကိုလဲ ကြားရော ကျနော့် ရင်ဘတ်ထဲက ထိတ်ကနဲ ဖြစ်သွားတယ်။ ရုတ်တရက် ကျနော်လဲ ဘာလုပ်ရမှန်းမသိဘူး၊ ဒီအတိုင်း သူ့ကို အိမ်ရှေ့ခန်းကြီးမှာ ကြောင်ပြီး ရပ်ကြည့်နေမိတာပေါ့၊ ခနလောက်။ ဘယ်သူမှ မရှိတဲ့ အချိန် ကျနော် ရောက်လာတော့ သူလဲ ရင်ခုန်သွားတဲ့ သဘောရှိတယ်၊ သူကို ဘာမှ မပြောဘဲ ဒီအတိုင်း ကြည့်နေတော့ ချက်ခြင်း သူခေါင်းငုံ့သွားတယ်။

အိုကွာ မထူးဘူး၊ အရှေ့မှာလဲ ဘော်ဒါ အစောင့်ရှိတယ် ဆိုပြီး နောက်ဖေးခန်းထဲ သူ့ကို ဆွဲသွင်းလိုက်တယ်၊ အိမ်ရှေ့မှာက တခါးကလဲ ဖွင့်ထား၊ ဟင်းလင်းကြီး ဆိုတော့ အိမ်ရှေ့က အလုပ်မဖြစ်ဘူး ဆိုတာသိတယ်လေ၊ ဟို လွန်လွန်ကြူးကြူးကြီး ထိလဲ မစဉ်းစားထားတော့ အိပ်ခန်းထဲလဲ မဆွဲသွင်းဘူး။

ဟိုတနေ့က ရေသောက်တဲ့ ကဏ္ဍကိုဘဲ စဉ်းစားမိပြီး နောက်ဖေးဘက် ဆွဲခေါ်သွားတာ၊ အေးဗျာ ကျနော်ကလဲ လွန်ကိုလွန်တယ်၊ ကိုယ်ပိုင် ပစ္စည်းကျနေတာဘဲ၊ နောက်ဖေးရောက်ရောက်ခြင်း ဆွဲဖက်လိုက်တာ သူ့ ခင်ဗျာ အင့်ကနဲတောင် ဖြစ်သွားတယ်။ပြီးတော့ဗျာ ထုံးစံအတိုင်းပေါ့၊ ဒီတခေါက်ကတော့ အရင်တုန်းကလို မဟုတ်တော့ဘူးဗျ၊ နဲနဲ အေးအေးဆေးဆေးရှိသွားပြီ၊ သူကလဲ ကျနော့်ကိုအလိုလိုက်မှန်း သိနေပြီလေ၊ သေသေချာချာကို ဆွဲချီပြီး နမ်းတာ နှုတ်ခမ်းတင်မကဘူး၊ ပါးတွေ လည်ပင်းတွေ ပါအကုန်အဆစ်ပါကုန်တယ်။

သူလဲ ကျနော့်ကို အသကုန်ဘဲ ပြန်ဖက်ထားတာ၊ ၂ ယောက်စလုံး မောလိုက်တာ၊ အမောမဖြေဖြစ်ဘူးဗျ၊ နမ်းပြီး နမ်းရင်းဘဲ၊ လျှာလျှာခြင်းတောင် နဲနဲပါးပါး စစ်တိုက်ပြီ၊ ဟိုလိုမျိုးကြီး မဟုတ်သေးပေမဲ၊ ထိလိုက်၊ ဆွဲစုတ်လိုက်နဲ့၊ ဖြစ်လာပြီ။သူကတော့ ကျနော့်လျှာ ပြန်မစုတ်တတ်သေးဘူး၊ ထိဘဲ ထိတတ်သေးတယ်၊ အရင်လို နှုတ်ခမ်းကြီးဘဲမဟုတ်တော့ဘူး၊ သူ့ နှုတ်ခမ်းကလဲ ခပ်ထူထူလေးဆိုတော့ နမ်းလို့လွှတ်ကောင်း၊ စေးပိုင်နေတာဘဲလို့ ပြောရလိုဘဲ။

ရင်ခြင်းအပ်ထားတော့ နို့တွေ ဘာတွေ မကိုင်ဖြစ်ပေမဲ့ လက်သရမ်းရင်း တင်ပါးတွေ ဘာတွေတော့ ကိုင်ဖြစ်တဲ့ အဆင့်လောက်ပေါ့။တခါတည်းတော့ အများကြီး မဖြစ်ပါဘူး၊ ဒီတခေါက်ကတော့ ဒီလောက်ပါဘဲ၊ ကျနော်တို့ ရေးနေကျလို မဟုတ်ဘူးဗျ၊ အခြေအနေ နဲ့ အချိန်ခါပေါ်မူတည်ပြီး နဲနဲ နဲနဲ တိုးသွားတာ၊ နမ်းလို့ ဝမှ စကားတော့ နဲနဲပါးပါး ပြောဖြစ်တာပေါ့။

“အိမ်ရှေ့မှာ ကိုဇော့်သူငယ်ချင်း ရှိတယ်မို့လား”

“အင်း”

“အယ် သူသိသွားတော့မှာဘဲ”

“အင်း သိတယ်၊ သူ့ကို အစကတည်းကပြောပြီးသား၊ သူတယောက်တည်း သိတာ၊ သူက တကယ့်သူငယ်ချင်း၊ နှုတ်လုံတယ်”

“ဟုတ်လို့လား ကိုဇော်ရယ်၊ တခြားသူတွေ သိကုန်ရင် သများရှက်တယ်”

“စိတ်ချ စိတ်ချ၊ ဘယ်သူမှမသိဘူး”

“သွားတော့နော် ကိုဇော်၊ တော်ကြာ အမေပြန်လာတော့မှာ”

“အင်း . . မော့ပါအုံး တခါလောက် ခနလေး ခနလေး”

မော့လာတဲ့ သူ့ ကို ခပ်ဖွဖွလေး အနမ်းပေးပြီးတာနဲ့၊ တချီတည်း အိမ်ပေါ်က ပြေးဆင်းလာခဲ့တယ်၊ အဲဒီတုန်းက ကျနော် ဝတ်နေကျ အတွင်းခံ ဘောင်းဘီက ဂျိန်းစဘွန်း (007) တံဆိပ်လေ၊ တော်တော်ဆိုးတဲ့ အခြေအနေကို ရုပ်မပျက်အောင် ကောင်းကောင်းထိမ်းနိုင်တယ်။

ဒါနဲ့ဘဲ ဇွတ်လိုက်ကြီး ကျနော်က အပို့တော် ဘဝ ယာယီရောက်သွားရောဆိုပါစို့။ အမြဲတမ်း ဘာလို့ မသုံးလဲ ဆိုတော့ ဟဲ ဟဲ၊ နောက်တွေ့ပါလိမ့်မယ်။ ကြိုမပြောဘူး။

ညနေဆို မမ ဆိုင်သိမ်းချိန်ရောက်အောင်သွား၊ ရော့ စက်ဘီး နင်တို့စီး၊ ငါတော့ မမနဲ့ လမ်းလျှောက်မယ်ပေါ့၊ တခါတလေလဲ သူတို့ အိမ်ထိစီးသွား၊ တခါတလေလဲ လမ်းမှာ ကျနော်တို့ နဲ့ အတူတူ၊ အခြေအနေအရပေါ့၊ မမ နဲ့ကလဲ အခြေအနေ တနေ့ထက် တနေ့ တိုးတက်လာတယ်။တပတ်မပြည့်သေးလို့ တရားဝင် မဖြစ်သေးပေမဲ့၊ သက်သေ အားလုံးကတော့ လက်မှတ်ထိုးပြီးသား၊ ကာယကံရှင် လက်မှတ်လေး တခုဘဲ လိုတော့တဲ့ ဘဝပေါ့၊ ပျော်စရာပါဘဲ။

ဒီထက် အဆင်ပြေတာကတော့ သူတို့ စက်ဘီးယူ ပြန်သွားတဲ့ နေ့ဆို ဆိုက်ကားပေါ်မှာ ရင်တထိပ်ထိပ်နဲ့ မလျှာရှည်အိမ် လိုက်သွားရတဲ့ အချိန်ပေါ့၊ ဟဲ ဟဲ အမြဲတမ်းတော့ ကံမကောင်းပါဘူး။ အိမ်ပေါက်ဝမှာ သူ့ အမေငုတ်တုတ်ကြီး ထိုင်နေတာနဲ့ တိုးတဲ့ အခါပေါ့။သူ့ အမေရှိတဲ့ အချိန်ဆို မလျှာရှည်က ကျနော့်ကို ဆက်ဆံတာ ပိုရဲတင်းတယ်ဗျ၊ သူ့အမေ မရှိရင် အဲလို ရဲတင်းတဲ့ အမူအရာတွေ ပျောက်သွားတယ်ဗျ၊ ကျနော့်ကို ကြောက်ဒူးတုန်နေလား မသိပါဘူး၊ ဟီး။

ကျနော်ပြောချင်တာက ဒီလိုလေ၊ သူ့ အမေရှိလို့ သူ့အမေနဲ့ ချဲအကြောင်း ဖြစ်ဖြစ် ကြုံရာ ကြုံရာလေးတွေပေါ့၊ များသောအားဖြင့် ဟိုဘုန်းကြီး ဒီဘုန်းကြီး ဟိုဆရာ ဒီဆရာ ပေးတဲ့ နံပါတ်တွေနဲ့ ပတ်သက်ပြီး ပြောဖြစ်တာတွေပေါ့။

ပေါက်မှ ဖေါ်လို့ရတဲ့ ပေါက်ဖေါ် နံပါတ်တွေ ဘာတွေ အကြောင်းပေါ့၊ အဲလို စကားကောင်းရင် မလျှာရှည်ကလဲ ဝင်ပါပြီး ကျနော့်ကို လက်ပုတ် ပေါင်ပုတ်နဲ့ ရင်းရင်းနှီးနှီးပြောတတ်တာ၊သူ့ အမေရှေ့မှ မဟုတ်ပါဘူး၊ လူမြင်ကွင်းဆို သူအမြဲဒီလိုဘဲ၊ ဆိုင်မှာလဲ ဒီလိုဘဲ၊ မမရှေ့လဲဒီလိုဘဲ၊ သူအမြဲ ကျနော့်ကို ဂရုစိုက်တယ်၊ ကျနော်ကြိုက်တတ်တာ မပြောရဘူး သူ့ဖာသာသူ လုပ်ပေးတာ၊ ဒါကိုလဲ သတိထားမိတဲ့သူက ကျနော်ဘဲရှိတယ်။

ဘာလို့လဲဆိုတော့ ကျနော်က မမ ကိုလိုက်နေတယ်ဆိုတာ ကျနော့်နဲ့ ပတ်သက်တဲ့သူတော်တော်များများလဲ သိတယ်ဆိုတော့၊ မလျှာရှည်က ကျနော့်ကို ရင်းရင်းနှီးနှီးဆက်ဆံတာ ဘယ်သူမှ သံသယ မဝင်ဘူးဗျ၊ ကျနော်တို့အကြောင်းသိတဲ တတိယလူဆိုလို့ ကျနော့် ဘော်ဒါ အရင်းခေါက်ခေါက်ကြီး တယောက်ဘဲရှိတယ်။

တကယ်တန်း ကျနော်က မမနဲ့ နာမည်ကျော်နေပေမဲ့ တကယ့်လက်တွေ့မှာက မလျှာရှည် က မမ ထက် ရှေ့ကို တမိုင်လောက်ကျော်ပြီး ပိုရင်းနှီးနေတယ်ဆိုတာ ဘယ်သူမှ မသိဘူး၊ဒီလိုနဲ့ဘဲ အများမျှော်လင့်နေကြတဲ့ အတိုင်းပါဘဲ၊ ရီးစားမထားပါဘူး၊ ဒါတွေကို စိတ်မဝင်စားပါဘူး ဆိုတဲ့ မမက သူ့ ကတိ အတိုင်း တပတ် တိတိပြည့်တဲ့ နေ့မှာ အင်း တလုံတည်းနဲ့ အဖြေပေးပါရော၊

“မမ”

မမ သဘောပေါက်တယ်၊ ပြုံးပြီး ကျနော့်ကိုပြန်ကြည့်တယ်၊ သဘောပေါက်ပေမဲ့ ကျနော်က ထုံးစံအတိုင်းတော့ လုပ်ရသေးတာပေါ့။

“ဒီနေ့ တပတ်ပြည့်ပြီနော်”

“အဲဒါ ဘာဖြစ်လဲ” အဲဒါလဲ ပြုံးပြီးပြောတာဘဲ

“အဖြေလေ အဖြေ”

“ဘာ အဖြေလဲ” အဲဒါက ပြုံးပြီး ရစ်တာ

“မမ နော် မမ”

“ဘာလဲ” (ဘာလည်း း း း း ) အဲလိုအသံထွက်လေး

“ပြောလေ”

“ဘာကိုလဲ” မမက ရီချင်တဲ့ မျက်နှာနဲ့

“အင်း . . . ဟုတ်တယ်မို့လာ မမ”

“အင်း”

“ဟေး ဟား ဟား ဟား ဟား” 

ဝမ်းသာအားရ ခပ်ကျယ်ကျယ်ဘဲ ရယ်မိသွားတယ်၊ မမလဲ တခစ်ခစ်နဲ့ ခေါင်းငုံ့ရယ်တယ်၊ ဆိုင်ထဲမှာ ဆိုတော့ ဒီထက်လဲဘာမှ ပိုလို့မရ၊ မသိရင် ရီစရာတွေ့လို့ ၂ ယောက်သား ထရီကြတယ်ထင်မယ်၊ အင်းနော် ကျနော်အဖြေရတာ ကဗျာ မဆန်လိုက်တာ၊ တမျိုးကြီး၊ ရုပ်ရှင်တွေထဲနဲ့တော့ တခြားဆီဗျ။

ဒါပေမဲ့ဗျာ၊ အဲလို မမဆီက အဖြေရလို့ ပျော်လို့လဲ အပြီး မျက်စိက ဆိုင်နောက်က မလျှာရှည်ဆီရောက်သွားတော့ စိတ်ထဲက တမျိုးဖြစ်သွားတယ်၊ အရမ်းအားနာသွားတဲ့အခါ ခံစားလိုက်ရသလိုပေါ့။သူက ကျနော့်ကို ကျောပေးလို့ စားပွဲပေါ်မုံ့ကို ပန်းကန်ထဲ စီထည့်နေတာ၊ ဒါပေမဲ့ ကျနော်သိတယ်၊ စောစောက မမနဲ့အတူ တဟားဟား အော် ရီနေတာကို သူတွေ့မယ်လို့၊ ပြီးမှ မျက်နှာလွဲလိုက်တာ ဖြစ်မယ်။ 

ကျနော်ကတော့ ကိုယ့်ဇောနဲ့ ကိုယ်မို့ သူ့ကို သတိမထားမိ၊ ကျနော့်စိတ်ထဲကတော့ ကျိတ်ပြီး ဆုတောင်းလိုက်တယ်၊ သူမတွေ့ပါစေနဲ့လို့။ ကျနော်မှားသွားတယ်ဗျာ၊ အပြန်ကျ သူ့ကို လိုက်ပို့တော့မှ ၂ ယောက်ချင်းကပ်တောင်းရမှာ။

ကိုယ်ကသာ စိတ်ထဲကအားနာနေတာ၊ မလျှာရှည်ကိုကြည့်ရတာ ဘာမှ မထူးခြားသလိုဘဲ၊ မမနဲ့ ကျနော် ရီးစားဖြစ်တာ မဖြစ်တာ သူ့ နဲ့ ဘာမှမဆိုင်သလိုမျိုး၊ သူ့စိတ်ထဲ အစောကြီး ကတည်းက ကျနော့်ကို အရှုံးလို့ သတ်မှတ်ထားပြီး သူ့ဘက်ကဘဲ ကျနော့်ကို ချစ်နိုင်သလောက် ချစ်သွားမယ်လို့ ဆုံးဖြတ်ထားတာလားတော့ မသိဘူး။ကျနော့်ဘက်ကတော့ မကြိုက်ဘယ်ရှိမလဲ၊ ဒီလို ပုံမျိုးနဲ့ လာကြွေလို့ကတော့ ၁၀ ယောက်လာလဲ နဲတယ်ပြောမှာပေါ့၊ သူကတောင် ဒီလိုနေနိုင်တယ်ဆိုတော့ ကျနော်လဲကြာတော့ မလျှာရှည်ကို အားမနာနိုင်တော့ဘူးဗျ။

တဖက်ကလဲ မမက ရီးစား ဆိုတော့ ရီးစားနဲ့ သက်ဆိုင်တဲ့ အလုပ်တွေက မလုပ်လို့လဲ မဖြစ်ဘူး၊ ဒီတော့ သူ့ဟာနဲ့သူ အလိုလိုမလျှာရှည်နဲ့ ကျနော်က လူမြင်ကွင်းမှာဆို တမျိုး နောက်ကွယ်ကျ တဖုံနဲ့ စခန်းသွားဖြစ်သွားရော၊မမ နဲ့ရီးစားဖြစ်သွားတယ် ဆိုတော့ ရီးစားအကြောင်း ပြောရအုံးမယ်၊ ဒီနေရာမှာ ကျနော် ကံကောင်းတယ် ဆိုရမှာဘဲ။ ဟ မင်းဟာကလဲ တချိန်လုံး ကံကောင်းနေတာပါလားလို့ပြောလဲ မတတ်နိုင်ဘူး။

အိန္ဒြေရှင် မမက အရမ်းချစ်တတ်တယ်လို့ ပြောရင် ခင်ဗျားတို့ ကျနော့်ကို ဂျေဝင်လိမ့်မယ်၊ ကျနော်က သူ့ အချစ်ဦး ဆိုဘဲဗျ၊ တသက်နဲ့ တကိုယ်ဘယ်တုန်းကမှ ရီးစားမထားဘူးလို့ စဉ်းစားထားတဲ့သူက ကျနော့်ကို ဘယ်လို ချစ်မိသွားတယ်ဆိုတာ သူလဲ သူ့ကိုယ်သူမသိဘူးတဲ့။ 

ကောင်းပါ့ဗျား၊ အချစ်မှာမျက်စိ မရှိတာ တယ်မှန်တာဘဲ၊ ဒါတောင် တချို့ကပြောကြတယ် မျက်စိမရှိပေမဲ့ မျက်မှန်ကြီးနဲ့ ဆိုလား ဘာဆိုလား၊ မျက်စိ မရှိတဲ့နောက် မျက်မှန်လဲ ဘယ်ရှိမလဲဗျ။ ဘာမှမရှိတော့ ဘာမှမမြင်တော့ဘူးပေါ့၊ ဘာမှ မမြင်တော့ အဆင်ပြေပြီပေါ့၊ ဘာလိုသေးလဲ။

ရီးစားဖြစ်သွားတော့လဲ ရီးစားတို့ ဘာသာဘာဝ အလုပ်လေးတွေ လုပ်ချင်လာတာ ဓမ္မတာပေါ့ဗျာ၊ ရီးစားရပြီး မထိရက် မကိုင်ရက် ချစ်သူမျက်နှာဘဲ တချိန်လုံးထိုင်ကြည့်ပြီး ကြည်နူးနေတဲ့ လူစားတွေ မြန်မာပြည်မှာ ရှိပေမဲ့ အဲ့ဒီထဲ ကျနော် မပါဘူးဗျ၊ ကိုယ့်ကိုကိုယ်တော့ သူများထက်နဲနဲကဲတယ်လို့ ထင်တာပေါ့။

အဲဒီတုန်းက ဝါရင့်ဆရာကြီး အဆင့်မရောက်သေးပေမဲ့ လက်ရဲဇက်ရဲတော့ နဲနဲရှိပြီလို့ပြောရမယ်၊ အတွေ့အကြုံက ရှိပြီးသားကိုး၊ ရီးစားဖြစ်ပြီးပြီးချင်းနေ့မှာဘဲ မမကို လိုက်ပို့တော့ အနားကို ပခုံးချင်း မထိ ထိအောင် အတင်းတိုးလျှောက်မိတယ်၊ ခနနေတော့ ညာတာပါတေးနဲ့ မမလက်ကို ကိုင်မိတယ်။

ကျနော့်သူငယ်ချင်းတယောက်ဆို ရီးစားဖြစ်ပြီး တလလောက်မှ လက်ကိုင်ခွင့်ရတာဆိုဘဲ၊ ဒါမျိုးတွေ ဒီမှာလာရေးတော့ ဖတ်တဲ့ ဆရာကြီးများက တခွစ်ခွစ် ရီမယ်၊ အေးဗျာ သူ့ခေတ်နဲ့သူပေါ့။ခုခေတ်လို ပွင့်လင်းရာသီ မဟုတ်သလို ဟော်တယ်ခန်းတွေကလဲနေရာတိုင်းမရှိသေးဘဲကိုး၊ ရှိတဲ့ ဟော်တယ်တောင် ကိုယ့်မြို့ခံဆို တည်းလို့မရဘူး။ အဲလို အဲလို ခက်တာ။

မမကအလိုက်တော့ သိတယ်ဗျ၊ ဖောဖောသီသီ မဟုတ်ပေမဲ့၊ ရက်ရက်ရောရောတော့ ရှိပါတယ်၊ ဒါမျိုးလေးတွေ မညင်းပါဘူး၊ ကျနော်ကလဲ ကဲမယ်ဆို သူများထက် နဲနဲကဲလိုက်ရမှ စားဝင်အိပ်ပျော်တတ်တဲ့ သူဆိုတော့ အခက်သား။

အဲလို လူကြားသူကြား မလွတ်မလပ်တောင် အသားက ယူချင်ချင်၊ ကောင်တာမှာ မမနဲ့ သွားစကားပြောရင်တောင် လူလစ်ရင် မမလက်ကို ကိုင်ထားတာ၊ ဒါလေးတွေက ခုခေတ်လူတွေ အတွက် ဘာမှ မထူးပေမဲ့ ကျနော် တို့ဖြတ်သန်းလာခဲ့တဲ့ အချိန်ကတော့ အင်မတန်ထူးတာပေါ့။

အဲလို တို့စိ တို့စိ ကနေ အဆင့်က တိုးချင်လာတာ၊ ဒါပေမဲ့ဗျာ၊ ခေတ်ကြီးက ခုလို မဟုတ်တော့ မမ ကိုခေါ်သွားပြီး ရာထူးတိုးပေးဘို့ နေရာက ရှာမတွေ့ဘူးဗျ၊တဖက်ကလဲ မလျှာရှည်နဲ့ အဆင့်က တော်တော်ရောက်နေပြီဗျ၊ ပြောလို့ပြောတာမဟုတ်ဘူး၊ တပတ်ကို အနဲဆုံး ၂ ရက်လောက်က သူ့အမေ အိမ်မှာမရှိဘူးဗျ၊ တော်သေးတာပေါ့ဗျာ။

သူ့အိမ်က ခြံလေးဝင်းလေးနဲ့မို့၊ အရိပ်အခြေကိုကြည့် ဝင်ရထွက်ရတာပေါ့၊ ဘေးအိမ်ကတွေ့ရင်လဲ မကောင်းဘူးမှုတ်လား၊ တခါတလေလဲ မင်းဝင်ထွန်း တို့ ခြံဘက်က ပတ်ရတာပေါ့၊ အဆင့်က ဘယ်ထိရောက်သွားပလဲဆို အပေါ်ပိုင်း တခုလုံးတောင် သိမ်းပိုက်ပြီးပြီဗျ။မလျှာရှည်ကတော့ တကယ့်ကို ကျနော့် လက်ခုပ်ထဲကရေ လိုဖြစ်နေတာ၊ ကျနော့်သဘောဘဲ၊ တကယ်ဗျာ ကျနော်ပြုသမျှကို နုနေတာ၊ ပြောရင်းဆိုရင်း သတိက ရလာပြန်ပြီး အဲဒီနေ့က အဖြစ်လေး၊ အပေါ်ပိုင်း စသိမ်းပိုက်တဲ့နေ့။

ထုံးစံအတိုင်း စက်ဘီးသွားယူတော့ သူ့ ဟိုဘက်ဘေးအိမ်က အိမ်ရှေ့မှာ လူရှိတယ်ဗျ။ ပေါ်တင်ကြီး သူ့အိမ်ထဲ ဝင်သွားရင် ဟိုဘက်အိမ်က မြင်မှာ ကျိမ်းသေတယ်၊ သူတို့ကကျနော့် ဒီအိမ်လာတတ်မှန်း သိနေပေမဲ့ ကိုယ့်စိတ်ကဘဲ မရိုးလို့လား မသိဘူး၊ လူမြင်တော့ တန်းမဝင်ရဲဘူး၊ အိမ်ထဲမှာ သူ့အမေ ရှိ မရှိလဲမသိ။

တော်ကြာ မရှိမှန်း သူတို့သိလို့ ကိုယ်က တန်းဝင်သွားရင်လဲ မကောင်းဘူးမို့လား၊ ဒါနဲ့ဘဲ တန်းဝင်ရဲတဲ့ မင်းဝင်းထွန်း တို့အိမ်အရင်ဝင်လိုက်တာပေါ့၊ ဟိုကောင်ကတော့ ဘယ်ရှိမလဲ၊ သူ့ မိဘကတော့ အိမ်ထဲ မှာ သူ့ဟာသူ အေးဆေး၊ ကျနော့် ဘော်ဒါလဲ စာအုပ်ဆိုင်ရှေ့က ခုံမှာထိုင်။ကျနော်ကတော့ ဟိုဘက်ခြံကူးတာပေါ့၊ ခြံစည်းရိုးကလဲ ဟိုနားတစ၊ ဒီနားတစ လောက်ဘဲရှိတာ၊ အလုံအပြည့် ခတ်ထားတာလဲမဟုတ်ဘူး။ 

ဟိုဘက်ခြံကူးပြီး တာနဲ့ နောက်ပေါက်ကနေ မလျှာရှည်ကထွက်လာတာ၊ အိမ်ထဲကနေ ကျနော့်ကိုမျှော်နေလားမသိဘူး၊ ကျနော်လာတာ သူသိတယ်၊ ခပ်တိုးတိုးဘဲ အဒေါ်ရှိလားမေးတော့ ခေါင်းခါပြတယ်။ပွပြီပေါ့၊ လွယ်လွယ်ကူကူ နောက်ပေါက်ကဘဲ တက်လိုက်တယ်၊ သူတို့ နောက်ပေါက်က မီးဖိုခန်းနဲ့ ဆက်နေတာ၊ ထမင်းဟင်းတွေချက်တာ ခပ်ကျဉ်းကျဉ်း၊ ပြီးမှ ကျနော်တို့ အမြဲ ကစ်ဆင်ဆွဲတဲ့ နောက်ဖေးခန်း တခုရှိသေးတယ်။

အဲဒီမှာကတော့ ထမင်းစားတာပေါ့၊ အဲဒီ ၂ ခန်းက တပြေးညီမဟုတ်ဘူးဗျ၊ မီးဖိုခန်းက လှေခါး တထစ်စာလောက် နိမ့်တယ်၊ ထိုင်မယ်ဆို မီးဖိုခန်းပေါ် ခြေချပြီး နောက်ဖေးခန်း ကြမ်းပေါ်ထိုင်လို့ ရတဲ့ သဘောပေါ့။ ကျနော်လဲ လွယ်လွယ်ကူကူ သူ့ဆွဲပြီး အဲဒီကြမ်းပေါ် ထိုင်လိုက်တာပေါ့၊ သူကတော့ ထုံးစံအတိုင်း ကျနော့်ဘေးကပ်ရပ်ပေါ့၊

“လွမ်းလိုက်တာဟာ ၃ ရက်တောင်ရှိပြီ”

“အိုး အမေကအိမ်မှာရှိနေတာကိုး”

“တော်သေးတယ် ဒီနေ့မရှိလို့”

“သိပ်ကြာလို့ မဖြစ်ဘူးနော် ကိုဇော်၊ အမေက ဘယ်သွားမှန်းမသိ”

“အင်းပါ”

အဲဒါနဲ့ ဇတ်လမ်းစတာပေါ့၊ ကျနော်တို့ ၂ ယောက်ကတော့ ကောင်းကောင်းသဘောပေါက်နေပြီ၊ အီစီကလီသာမရှိတယ်၊ သူကလဲ အသင့်၊ ကိုယ်ကလဲ အသင့် ပုံမျိုး။ ဆွဲဖက်လိုက်တော့ သူက မော့ပေးတယ်။ အဲလို သဘောကောင်းတာ၊ ထုံးစံအတိုင်း နှုတ်ခမ်းထူထူလေးကို အားရပါးရဆွဲနေတုန်း လက်က အလိုလိုဘဲ သူ့ ဘလောက်စ် အင်္ကျီထဲ ရောက်သွားတယ်ဆိုပါစို့။ အဲဒီမှာ သူက ခါးရှည် ဘော်လီနဲ့ဗျ၊ ကိုင်ရပြုရ တောင့်တောင့်တင်းတင်းကြီး၊ ပိတ်သားထူထူကြီးက နေရာတော်တော်များများဖုံးထားတာကိုး။

ပထမ လက်က ရလိုရငြား ဟိုကြား အတင်းတိုး ဒီကြား အတင်းတိုးလုပ်သေးတယ်၊ တိုးမပေါက်ဘူးဗျ၊ ဒါနဲ့ မထူးဘူး ဆိုပြီး နမ်းရက်တမ်းလမ်း သူ့ကို အတင်းဆွဲဖက်ပြီး လက် ၂ ဖက်လုံး အင်္ကျီအောက်ကလျှိုလို့ ချိတ်တွေ ဖြုတ်တာပေါ့၊ ဖြုတ်တော့ သူက ဘာမှန်းမသိ ပြောသေးတယ်။

မလုပ်ဖို့ နေမှာပေါ့၊ ဘယ်ရမလဲ ကျနော်မှ သေချာမကြားတာ၊ သိပ်မခက်ပါဘူး၊ ဒီလိုချိတ်မျိုးက ဟို ကက မလေးကိုလဲ ဖြုတ်ဖူးပြီးသား၊ ဒါနဲ့ဘဲ အနောက်က ဟပြဲကြီးဖြစ်သွားတော့ လက်က တိုးဝင်လို့ ရသွားတာပေါ့၊ ကိုင်လို့ကောင်းလိုက်တာဗျာ၊ အသစ်လေးမို့လား မသိဘူး၊ အိစိမ့်နေတာဘဲ။

ဖေါင်းဖေါင်းလေးက လက်တအုပ်သာသာလောက်ပါဘဲ၊ လက်ချောင်းတွေ နဲနဲချဲကားပြီးတော့ ကိုင်ရတာပေါ့၊ တအားကြီး မညှစ်ပါဘူး၊ ဖွဖွလေးပါဘဲ၊ ဘယ်လိုပြောရမှန်းတောင်မသိဘူး။ခုနေ ကောင်မလေး တယောက်လောက် အနားမှာရှိရင် လက်တွေ့တောင် ပြလိုက်ချင်တယ်၊ ဒီလိုလေး ဒီလိုလေး ကိုင်တာဆိုပြီး၊ ခင်ဗျားတို့ သဘောပေါက်မှာပါ။

အကြာကြီးလဲ မရဘူးဆိုတော့ အချိန်ဆွဲပြီး ဖီလင်ယူလို့ကလဲ မဖြစ်ဘူးဗျ။ ဒီလိုဘဲ တဝ နမ်းပြီးရင် သူက ပြန်ဘို့ ပြောတာဘဲ၊ ကျနော်လဲ သူ့အမေပြန်လာတာနဲ့ တိုးမှာ ကြောက်တယ်ဗျ။ဒါနဲ့ဘဲ အဲဒီနေ့က တဆင့်တက်ပြီး အပေါ်ပိုင်း စသိမ်းပိုက်လိုက်တယ်ပေါ့၊ သိမ်းပိုက်လိုက်ပေမဲ့ ကျနော်တို့က တလမ်းမောင်း အဆင့်လောက်ဘဲရှိသေးတာဗျ၊ သဘောကတော့ဗျာ၊ ကျနော်ကဘဲ သူ့ကို သမနေတာ။

သူက ကျနော့်ကို ဘာမှ ပြန်မလုပ်တတ်သေးဘူးဗျ၊ အဲဒါတော့ ကျနော်ကလဲ သင်ပေးရကောင်းမှန်း မသိသေးဘူး၊ တောင်ပြန်ဆရာကြီး အဆင့်လောက်နဲ့ဘဲ ကြေနပ်နေရတဲ့ အချိန်ပေါ့၊

ဒါကြောင့်လဲ မမနဲ့ ရာထူးတိုးချင်တာပေါ့၊ ရီးစားဆိုတော့ ကလူ၏ မြူ၏ ဆိုသလို စကားလေး ဘာလေး တီတီတာတာ နဲ့ မလျှာရှည်နဲ့ နေသလို ပွင့်ပွင့်လင်းလင်းနေချင်တာပေါ့၊ ဒါပေမဲ့ဗျာ ခေါ်သွားရမဲ့ နေရာမရှိဘူးဗျ။ အဆင့်ကျော်တယ်ပြောလဲပြောဗျာ၊ တကယ်ကျနော်ခေါ်သွားချင်တဲ့ နေရာက ဒီလိုကိစ္စကို အဆင်ပြေပြေ အေးအေးဆေးဆေးနဲ့ လုပ်နိုင်ပြီး ဘယ်သူမှလဲ မတွေ့နိုင်တဲ့ နေရာဗျ။

လမ်းဘေးခြုံကြားကိုပြောတာမဟုတ်ဘူး၊ အိမ် ဗျ၊ အိမ်။ လွတ်လွတ်လပ်လပ်နေလို့ရတဲ့ အိမ်၊ အဆင့်ကျော်လို့မရတော့လဲ အောက်အီးပြီး အဆင့်အတိုင်းဘဲ သွားရတာပေါ့၊ ခုထိ မမပါးကိုတောင် မနမ်းဘူးသေးတော့ ပိတ်ရက်လေး ချိန်းရတာပေါ့၊

ကျနော်တို့ မြို့လေးမှာ ရီးစားတွေ တော်တော်များများ သွားတတ်တဲ့ နေရာရှိတယ်ဗျ၊ ထုံးစံအတိုင်း ဘုရားတွေ အများကြီးရှိတဲ့ နေရာပေါ့၊ တောင်တွေ့ဘုရားတည်တတ်တဲ့ မြန်မာတို့ ထုံးစံအတိုင်း တောင်ရိုးတန်း တလျှောက် ဘုရားတွေ လျှောက်တည်ထားတာ နဲမှမနဲဘဲ၊ နာမည်ကြီး တံခိုးကြီး ဘုရားတွေရှိသလို။

မကြီးတာတွေလဲ ဒုနဲ့ဒေး၊ ကျနော်တို့ မြို့က လူတွေကတော့ တကူးတက သွားရတာဆိုတော့ အားအားယားယား သိပ်မသွားဘဲ နယ်ကဘုရားဖူးတွေ ဘဲ လာတတ်တာများပါတယ်။စုံတွဲ ရီးစားတွေကတော့ အဲဒီ တောင်ရိုးတန်းတလျှောက် လူအရောက်အပေါက်နဲတဲ့ ချောင်ခပ်ကောင်းကောင်း လေးတွေမှာ လိပ်ဥ လာလာတူးတဲ့ နေရာလို ဖြစ်နေတာပေါ့၊ ကျနော်ကတော့ ဒီနေရာ နဲနဲကျွမ်းတယ်ဗျ။ 

ဘာလို့လဲ ဆိုတော့ အထက်တန်းကျောင်းသားဘဝထဲက ကျောင်းပြေးပြီး ဒီနေရာတွေမှာ ထန်းရေသောက် အတွဲချောင်းနေကျကိုး။ပြောသာပြောရတယ်၊ အဲဒီနေရာကိုရောက်ဘို့ သိပ်မလွယ်ဘူးဗျ၊ တောင်ခြေကနေ လမ်းလျှောက်တက်ရတာ၊ တောင်ခြေရောက်ဘို့တောင် လမ်းမကြီးကနေ လမ်းလျှောက်ရသေးတာ၊ လွယ်တော့မလွယ်ဘူး။

ဒါနဲ့ဘဲ လွယ်အောင် ကျနော့်ဘော်ဒါဆီက ဆူပါကပ် ဆိုင်ကယ်လေး ငှားရတာပေါ့၊ အဲဒီတုန်းက ဆိုင်ကယ်က ခုလို ပေါချင်းသောချင်း မရှိသေးဘူး။

အဲဒီမှာ မမကိုချိန်း၊ သူ့ကို ဆိုင်ကယ်နဲ့ တင်လာပြီး ဘုရားလာဖူးရတာပေါ့ဗျာ၊ သူတို့ လဖက်ရည်ဆိုင်ပိတ်တဲ့နေ့ကလဲ ကြားရက်ဆိုတော့ ဘုရားကလဲ လူရှင်းတယ်ဗျ။ထုံးစံအတိုင်း နာမည်ကြီး ဘုရားမှာ ဆုတွေဘာတွေတောင်းပြီး ဆိုင်ကယ်ပတ်စီးလို့ တောင်ရိုးတန်းတလျှောက် ထိုင်နားလို့ ရမဲ့ နေရာကောင်းရှာတာပေ့ါ။ အစကတည်းက စဉ်းစားပြီးသားပါ ဘယ်ခေါ်သွားမလဲဆိုတာ။

တော်သေးတယ်ဗျာ၊ ကျနော်ခေါ်သွားတဲ့နေရာ ဘယ်သူမှ မရှိလို့၊ ဖုံလေးဘာလေးခါပြီး ထိုင် မမ ပေါ့၊ သိပ်တောင် ခါစရာမလိုပါဘူး၊ နေရာကပြောင်ပြီးသား၊ မမက တခါမှ အတွေ့အကြုံမရှိလို့လားတော့ မသိဘူး လက်ဖျားကို အေးနေတာဘဲ၊ တချိန်လုံး ကိုဇော်နော် ဘာဖြစ်တယ်။

ကိုဇော်နော် ညာဖြစ်တယ် နဲ့ နေတာဘဲ၊ သူဘယ်လောက်ပြောပြောပေါ့၊ ပျော်လွန်းလို့ အဲ့ဒီ တောင်ရိုးတန်းတလျှောက် ဆိုင်ကယ်နဲ့ ၂ ပတ်လောက်ပတ်လိုက်သေးတယ်၊ မမကကြောက်နေလို့ တန်းမခေါ်သွားချင်တာလဲ ပါတာပေါ့၊ နောက်ဆုံးမှ တနေရာ ထိုင်ရအောင်ဆိုပြီး ခေါ်လာတာ။ 

ဟိုးအရင်တုန်းကတော့ ဒီနေရာက ဘာရှိလဲမသိဘူး၊ ခုတော့ ပျက်စီးနေတဲ့ အဆောက်အအုံပျက်သဘောပေါ့၊ ပျက်ဆို အမိုးတောင် မရှိတော့ဘူး၊ နံရံလိုလို ဘာလိုလိုတောင် တဖက်ဘဲရှိတော့တာ၊ ဒါတောင် အကြီးကြီးမဟုတ်ဘူး၊ တလံလောက်ပေါ့၊ သူက လမ်းပေါ်ကမမြင်အောင် အကာအကွယ် ကောင်းကောင်းပေးထားတာပေါ့၊

စစချင်းတော့ မမနား ကပ်ထိုင်တာပေါ့၊ မမကဘာကိုကြောက်နေလဲမသိပါဘူး၊ မမကြောက်တယ်ဘဲ ပြောနေတာဘဲ၊ ဒီကြားထဲ လာသေးတယ်၊ ဟိုကြည့်ဒီကြည့်နဲ့ သရဲတွေ ဘာတွေရှိမလားမသိဘူးနော်တဲ့၊ မရှိပါဘူး မမရာ။ဘာသရဲမှ မရှိဘူး ဘာညာနဲ့ အာပေါက်အောင် အရင်ပြောရသေးတယ်၊ ရှိတယ်လို့ စတောင် မစရဲဘူး၊ တော်ကြာ အမလေး ဆိုပြီး ထပြေးရင် ဒုက္ခ၊ အချစ်ဇတ်လမ်း မစခင် ဒီကိစ္စအရင်ရှင်းနေရတယ်။

 ခန နေမှ မမ အထိုင်ကျသွားတယ်နဲ့ တူပါရဲ့၊ နဲနဲငြိမ်သွားတယ်၊ ဒါတောင် ကျနော် မစရဲသေးဘူး၊ ရင်တထိပ်ထိပ်နဲ့ မမ အခြေအနေကြည့်ရသေးတယ်၊ ပြီးမှ

“မမ နဲ့ ဒီလို အေးအေးဆေးဆေး ထိုင်စကားပြောချင်နေတာ သိလား”

ပါးစပ်က ထိုင်စကား ပြောချင်နေတာ ပြောပေမဲ့လက်က မမပုခုံးကို လှမ်းဖက်လိုက်တယ်၊

“တောထဲတောင်ထဲ ချောင်ကြိုချောင်ကြား၊ တော်ကြာ နတ်တွေ ဘာတွေ မကြိုက်လို့ ကိုင်လိုက်ရင်ဒုက္ခ”

“အမလေး စိုးရိမ်တတ်လိုက်တာ မမရာ၊ ဒီနေရာမှာ အတွဲတွေ ထိုင်နေကျ၊ ဘာမှမဖြစ်ဘူး”

“ကိုဇော်က ဘယ်လိုသိလို့လဲ”

“ဒီလိုဘဲ သိတာပေါ့၊ ဒါတွေထားလိုက်ပါ မမရာ၊ တခါတည်း အေးအေးဆေးဆေး တွေ့ချင်ပါတယ်ဆိုမှ”

“ဟို ဘုရားစောင်းတန်းက ခုံမှာ သွားထိုင်လဲ ရတဲ့ဟာ”

“အာ မထိုင်ချင်ပါဘူး၊ ဟိုလူကြည့် ဒီလူကြည့်၊ မမဘဲပြောပြီး အသိတွေ တွေ့သွားရင် ရှက်စရာကြီးဆို”

မမ ဘာမှဆက်မပြောတော့၊ ကျနော်လဲ မမကို ပုခုံးကို ဖက်ပြီး အရှိန်ယူနေတယ်၊ ဗြုံးဒိုင်း ခုနေ အတင်းဖက်နမ်းလိုက်ရင် ဘယ်ကောင်းမလဲ၊ ၂ ယောက်သား ခနလောက် တိတ်နေရာက

“မမ ကျနော့်ကို တကယ်ချစ်လား” လို့အရှိန်ယူရင်း စကားစလိုက်တယ်၊

မမက ဘာမှ ပြန်မပြောဘဲ ကျနော့်ကို စွေကြည့်တယ်၊ မမက အဲလို အမြဲကြည့်နေကျ၊ ဆရာမကြီး စတိုင်ပေါ့၊

“တကယ်ချစ်လားဆို”

“ခုထိ မသိသေးဘူးလား”

“သိတော့ သိတာပေါ့ မမကလဲ၊ မမ ပြောတာကြားချင်တာ၊ ရီးစားသာဖြစ်တယ် မမကျနော့်ကို ချစ်တယ်လို့ တခါမှ မှမပြောရသေးတာ၊ မေးလိုက်တိုင်း အင်း အင်း နဲ့ဘဲ၊ မမပြောတာ ကြားချင်တာ”

“အိုး မပြောရဲပါဘူး ရှက်စရာကြီး” မမက ခေါင်းငုံ့ပြီး ရှက်စနိုးနဲ့ ပြောတယ်၊ သူ့ကြည့်ရတာ ပြောဘို့ တကယ်ရှက်နေပုံဘဲ၊

“ပြောပါ မမကလဲ ကြားချင်တဲ့ဟာကို” 

ပြောပြောဆိုဆို ပုခုံးကို အတင်းဖက်လို့ ကျနော့် ရင်ခွင်ထဲဆွဲယူလိုက်တယ်၊ တကယ့်အကွက်ကောင်းပါဘဲ၊ မမက ကျနော်အတင်းမေးတာကို ရှက်နေတာနဲ့ ကျနော်ဆွဲဖက်လိုက်တာကို ဂရုမစိုက်နိုင်တဲ့အပြင် ရှက်ရှက်နဲ့ သူ့မျက်နှာကို ကျနော့်ရင်ခွင်ထဲတောင် ဖွက်လိုက်သေး၊ ဘယ်ရမလဲ ကျနော်က သူမပြောချင်မှန်းသိလို့

“ပြောကွာ မမ၊ ပြော မရဘူး မရဘူး”

မမ ဘာမှမပြော ကျနော့်ရင်ခွင်ထဲက ခေါင်းဘဲရမ်းပြတယ်၊ ဘယ်ရမလဲ ရှက်နေတဲ့ မမဆီက အခွင့်ကောင်းကို အပြည့်အဝဘဲ အသုံးချရတာပေါ့၊ ပါးစပ်က တဖွဖွမေးရင်းက လက်က ငုံ့နေတဲ့ ခေါင်းကို မော့လာအောင် ဆွဲမလိုက်တယ်။

ပထမတော့ ဘယ်မော့မလဲ ရှက်ရှက်နဲ့ အတင်းတောင့်ခံတာပေါ့၊ ဘယ်ရမလဲ မော့ပါအုံး မမရာ၊ မမ မျက်နှာလေးကြည့်ချင်လို့ ဘာညာနဲ့ ထပ်ပြောတော့ မရဲတရဲမော့လာတယ်၊ ဒီတော့မှ ကဲ ဆိုပြီး မော့လာတဲ့ မမ ပါးပြင် ရွှတ်ကနဲ နှာခေါင်းတင်လိုက်တယ်၊

“အိုး ကိုဇော်” 

ဆိုပြီး မမက အတင်းငုံ့ဘို့ ကြိုးစားပေမဲ့ ကျနော့် လက်ကမမ မေးအောက် ခံနေတော့ ငုံ့လို့ မရတော့၊ အဲဒီမှာ မမကို အတင်း အကြပ်ကိုင်တော့တာဘဲ၊ မပြောဘူးလား မမ၊ မပြောရင် ထပ်နမ်းမှာနော် ဆိုပြီး စကားတောင်မဆုံးသေး နှာခေါင်းက ပါးပေါ် ရောက်နေပြီ။

“ကိုဇော် မဆိုးနဲ့ကွာ”

“မမကမှ မပြောတာ”

“ဟာကွာ ရှက်စရာကြီး”

“ဘာရှက်စရာရှိလို့လဲ”

“သိဘူး၊ ပြောလို့မထွက်ဘူး”

“မပြောရင်တော့ နမ်းမှာ”

“ကိုဇော်ကလဲကွာ”

ထူးဆန်းတယ်ဗျ၊ မမက အနမ်းတော့ ခံသား၊ ချစ်တယ်ပြောဘို့ကျ ရှက်တယ်တဲ့၊ ကောင်းတယ်၊ ကောင်းတယ် ရှက်ပေါ့၊ အတင်းဖက်ပြီး ပါး ၂ ဖက်လုံး တရွှတ်ရွှတ် နဲ့ ရွှတ်ပေးလိုက်ပြီး ကျနော့် နှုတ်ခမ်းက မမ နှုတ်ခမ်းနဲ့ ကပ်လိုက်တော့ မမက အတင်းခွာပါရော။ ဒီတော့ စောစောကလိုဘဲ စကားနဲ့ အကြပ်ကိုင်ရတော့တာပေါ့၊

“ပြောလေ မမ”

“ဇော်သိရင် ပြီးတာဘဲမှုတ်လား” အမယ် ကိုဇော်ကနေ ကိုတလုံး ပြုတ်လို့ လေသံက နဲနဲနွဲ့လာတယ်၊

“သိပေမဲ့ မမပြောတာတော့ ကြားချင်တာပေါ့ မမရာ” ဆိုပြီး ပုံစံပြောင်းလို့ မမကို ရင်ခွင်ထဲ ဆွဲဖက်လိုက်တယ်၊

ထိုင်တာက အဆောက်အဦးပျက်က အုတ်ခင်းကြမ်းပြင်မှာ နံရံကိုမှီပြီး ဖင်ချ ထိုင်ရတာဆိုတော့ ကျနော်က မမကို ဘေးတိုက်ပုံစံကနေ တစာင်းလေးဖြစ်အောင် ဆွဲလှည့်လိုက်တော့ မမကဘေးစောင်းလေး ကျနော့် ရင်ခွင်ထဲ ရောက်သွားတာပေါ့။

စောစောကထက် စာရင် အနေအထားက ပိုအဆင်ပြေသွားသလို ကျနော်က ဒူး ၂ ဖက်ကလဲ ထောင်ထားတော့ မမ ကိုယ်လုံးက ကျနော့် ရင်ဘတ်ကြီးနဲ့ ဒူး ၂ ဖက်ကြားမှာပေါ့။ ကျနော်လက်တဖက်က မမကို နောက်ကျောက သိုင်းဖက်ထားသလို ဆိုတော့ မမက ကျနော့်ရင်ဘတ်ခြမ်းနဲ့ အဲဒီ သိုင်းဖက်ထားတဲ့ လက်ကို မှီထားတဲ့ သဘောပေါ့၊ ကျနော့် နောက်လက်တဖက်ကတော့ အားနေတာပေါ့။

အားနေတဲ့ လက်က ဘယ်နေရာမဆို မှီပေမဲ့ ချက်ကောင်းကို ချက်ခြင်း သွားထိလို့ တော့ဘယ်ရမလဲ။ ဒီတော့ အားနေတဲ့ လက်နဲ့ မမ နဖူးပေါ် ကျနေတဲ့ ဆံပင်တွေ သပ်ပေးလိုက်၊ မျက်နှာကို ဟိုထိ ဒီတို့ ကစားရင်း အလုပ်ရှာလိုက် အားမလိုအားမရနဲ့ မမကိုယ်လုံး တင်းတင်းလှမ်းဖက်လိုက်နဲ့ လူကပြာယာခတ်နေတာ။

ပြောလို့ပြောတာမဟုတ်ဘူး၊ ရီးစားနဲ့ တွေ့ရတာ ရီးစားမဟုတ် ဘာမဟုတ်နဲ့တော့ ကွာသား၊ မလျှာရှည်နဲ့က ဒီလို အခွင့်ကောင်းလဲ မရ၊ အချိန်ကလဲ မရှိတော့ ရတဲ့ အချိန်အတွင်း အခွင့်အရေးကို အပြည့်အဝ ယူရတာ။မမ နဲ့ခုလိုချိန်းတွေ့တာက အေးဆေး ထိုင်လို့ရတာ ဆိုတော့ သိပ်လောစရာလဲ မလိုဘူး၊ ပြီးတော့ ရီးစားဆိုတော့ ချစ်စကား ကြိုက်စကားလဲ ပြောလို့ရသေး၊ မမနဲ့ ဟိုပြောဒီပြောပေါ့၊ မှတ်မိသလောက်က မမကို ချစ်တယ်လို့ အတင်းပြောခိုင်းတာက များပါတယ်။

ပြီးတော့ မမနှာခေါင်းကို ဆွဲညှစ်လိုက်၊ နှုတ်ခမ်းကို တို့ထိလိုက် နဲ့ လုပ်ချင်သလို လုပ်လိုက် ပါးလေး နဖူးလေး ကုန်းနမ်းလိုက်နဲ့ စောစောက မပေးနမ်းတဲ့ နှုတ်ခမ်းကို တဆင့်တက်ဘို့ ကြံရဖန်ရတာပေါ့၊ အမှန်တော့ ကိုယ်ကသာကြောက်ပြီး ချက်ခြင်းမလုပ်ရဲတာ၊ တကယ်တမ်း ညာတာပါတေးနဲ့ နမ်းလိုက်တော့ မမက မညင်းပါဘူး။

ထုံးစံအတိုင်း မမဆီကတန်ပြန်မှု့ကတော့ အားဘယ်ကောင်းမလဲ၊ ဒါပေမဲ့ ကျနော်ကလဲ ခေသူမဟုတ်ဆိုတော့ အဲလို နမ်းခွင့်ရတာနဲ့ဘဲ လက်က တခါတည်း ပိုင်နက်ကို ကျူးကျော်တော့တာ။အားနေတဲ့ လက်က မသိမသာ မမရင်ဘတ်ပေါ် တင်ထားတာရင်း ရူးချင်ယောင်ဆောင်ရတာပေါ့၊ အောက်ကကောင်ကတော့ ဘာပြောကောင်းမလဲ ဂျိမ်းစ်ဘွန်းဘောင်းဘီတောင် အရှုံးပေးရတော့မလားဘဲ။

အဲလို မမနဲ့ တခါ ချိန်းတွေ့လိုက်ပါတယ်၊ အဆင့်က မလျှာရှည်ကို တခါတည်းမှီလုနီးနီး ဖြစ်သွားတယ်၊ အားနေတဲ့လက်က မမရင်သားကိုတောင် အင်္ကျီပေါ်က အုပ်ကိုင်ထားလို့ ရတဲ့အထိလောက်ပေါ့၊ အတင်းဆွဲညှစ်တာတော့ဘယ်ဟုတ်မလဲ ဘော်လီ အုံအတိုင်း လက်ကဖွဖွလေး ဆုတ်ထားမိသလောက်လေးပေါ့။

မသိမသာလေးညှစ်မိပေမဲ့ မမက မကန့်ကွက်ပါဘူး၊ တွေ့တဲ့နေရာက ချောင်ထဲဆိုတော့ ကျနော်လဲ မမ အင်္ကျီတွေ ဘာတွေ ကြယ်သီးမဖြုတ်ရဲ မချွတ်ရဲဘူး၊ လာချောင်းတဲ့ ကောင်တွေကလဲ တခါတလေ ရှိတတ်တာဆိုတော့ သတိကလဲ ထားရသေးတယ်။ ကျနော်ကလဲ ကိုယ်ချစ်တဲ့သူမို့လို့လားမသိဘူး မလျှာရှည်လေးကို ကြမ်းသလို မကြမ်းချင်ဘူးဗျ၊ နှုတ်ခမ်းကို နမ်းတာတောင် ခပ်ဖွဖွဘဲ၊ အချစ်တွေနဲ့ဘဲ ပြည့်နှက်နေတဲ့ သဘောပေါ့၊ ငုတ်တုတ်ကြီးတော့ ထိုင်မကြည့်နေပါဘူး၊ ဒါပေမဲ့ဗျာ ချိန်းတွေ့တာ တခုမကောင်းတာက အပြန်မှာ ဘိုက်အောက်တာဗျ။

တင်းနေတဲ့ကောင်က ဆန္ဒမပြည့်လို့ အောက်တဲ့ဘိုက်၊ ခံဘူးကြမလားတော့မသိဘူး၊ လူက ခါးကို ကုန်းနေတာဘဲ၊ ဒီကြားထဲ ရှုးကလဲ ပေါက်ချင်လိုက်တာ၊ ခံရခက်ကြီးဗျာ၊ ပထမတခါကတော့ အောက်သက်သက်နဲ့ ကြိတ်မှိတ်ခံလိုက်ပေမဲ့၊ နောက်ခေါက်တွေကျတော့ အဲဒီဒါဏ် မခံနိုင်တော့ဘူး။ ပြန်ခါနီး ခနနေအုံး မမ ဆိုပြီး ခြုံကွယ်ရာ သွားထုတ်လိုက်တာဘဲ၊ ရှုးသွားပေါက်တာ ပြောတာပါ၊ မမရော ပေါက်ချင်လားမေးတော့ ဟင်အင်းတဲ့၊ ထမီလေးဘာလေးတော့ နဲနဲပါးပါးလှည့်ဝတ်တာပေါ့၊ ဒါကြောင့် ကျနော်က အေးဆေး တွေ့နိုင်တဲ့ နေရာကိုလိုချင်တာ၊ အိမ်သာ ရေချိုးခန်း အပြည့်အစုံလေးပေါ့။

နောက်တော့ ကျနော်လဲ လှည်းနဲ့ နွားနဲ့ ဖြစ်လာတယ်ဘဲပြောမလား၊ ဝစ်သောက် ယမာဟာ ဒီတီ တောစီးလေး တစီး ရလိုက်တယ်၊ အပြာရောင်၊ ဒီကောင်က ဝစ်သောက်ဆိုတော့ ကိုယ်ကြိုက်ကိုယ်ဝယ် ကိုယ်ဖြစ် ကိုယ်ခံပေါ့၊ ဒီလိုဘဲ တခြားသူတွေလဲ ဝစ်သောက်စီးနေကြတာဘဲ။ ဖမ်းရင်လဲ ဘဲဥ တွေနဲ့ နဲနဲပါးပါး ညှိလိုက်ရင် ရတယ်ပေါ့၊ လိုင်စင်နဲ့ ကောင်ကလဲ ဈေးက ခပ်မြောက်မြောက်၊ ကိုယ်ကလဲအဲလောက် မတတ်နိုင်၊ အိန္ဒြေလေးနဲ့ စီးရတဲ့ စူပါကပ်ကိုလဲ သိပ်မကြိုက်။

နောက်ပြီး ကိုယ်စီးချင်တာကလဲ ခွစီး၊ ဒါနဲ့ဘဲ ရောင်းတဲ့ ကောင်က ဘိုက်နာနေ၊ ကိုယ်ကလဲ ဆိုင်ကယ်အသုံးကျမှန်းသိနေတော့ လိုချင်နေ၊ ဒါနဲ့ဘဲ ဝယ်ဖြစ်သွားရော၊ ဟဲ ဟဲ မမကတော့ ကျနော့် ဝူးဝူး ကြီးကို စီးရတာ ခပ်လန့်လန့် လို့ပြောတာဘဲ။

ပိုအဆင်ပြေချင်တော့ ဘိကလဲ ရလာတယ်၊ အဲဒီမှာ ဘိအကြောင်း နဲနဲပြောအုံးမယ်၊ အဲဒီ ဝူးဝူးကြီး လက်ထဲရောက်လို့ သိပ်မကြာဘူး၊ ခင်ဗျားတို့ မှတ်မိမှာပေါ့ ကျနော့်ကို ချဲဒိုင် ပိုးသွင်းသွားပေးတဲ့ ဘော်ဒါလေ။ဒီကောင်က ကျနော်တို့ မြို့မှာ ဆရာကြီး ဖြစ်နေတာ၊ အဲ ချဲဆရာကြီး ကိုပြောတာ၊ သူနဲ့ နောက်အပေါင်းအပါ ၃ ယောက်၊ ပေါင်း ၄ ယောက်ပေါ့ ရှယ်ယာစပ်ပြီး မြို့က ချဲလောကကို တဝက်နီးပါးလောက် အုပ်ထားတာ၊

အဲဒီမှာ တရက် ဒီကောင်နဲ့ ဆုံတယ်၊ ညနေပိုင်းကြီး၊ သူတို့ အဖွဲ့က အဲဒီတုန်းက ပါပလစ်ကာ ကားလေးနဲ့၊ ဆုံတော့ သူနဲ့သူ့ဘော်ဒါတယောက်၊ သူ့ဘော်ဒါပေမဲ့ ကျနော်နဲ့လဲသိပါတယ်၊ အထက်တန်းကျောင်းတုန်းက သူငယ်ချင်း၊ အဲဒါနဲ့ ဘာညာစကားပြောကြရင်း သူတို့နဲ့ လိုက်ဖို့ ခေါ်တယ်။

ကျနော်လဲ မညင်းပါဘူး၊ ကျနော့် ဝူးဝူး ကြီးနဲ့ နောက်က လိုက်သွားလိုက်တယ်။ ဒီနေရာ ဒီကောင်ဝယ်ထားမှန်း ခုမှ သိတယ်။ သူက မြို့ပြင်ဘက်က အစိုးရ အမှု့ထမ်း အကောင်ကြီး အမြီးရှည်တွေ ကိုချပေးတဲ့ မြေကွက်တွေထဲက တကွက်ကို ပြန်ဝယ်ပြီး ပျဉ်ထောင်အိမ် အသေးလေး တလုံး ဆောက်ထားပြီး မကောင်းမှု့တွေ လာလုပ်နေတာ။

မြို့ကလဲ မြို့သစ်၊ ပြီးတော့ ချပေးထားတဲ့ သူတွေကလဲ အကောင်ကြီးတွေ ရပ်ကွက်ဆိုတော့ ရဲတို့ ကောင်စီတို့ဆိုတာ အဲဒီနား မျက်စောင်းတောင် မထိုးရဲဘူးပေါ့။နောက်ပြီး အဲဒီအကောင်ကြီးတွေကလဲ မြေကွက်သာယူပြီး ခြံလောက်ဘဲ ခတ်ထားကြတာ၊ အိမ်တွေဘာတွေလဲ မဆောက်၊ တော်တော်များများအကွက်တွေက ဒီအတိုင်း ဟင်းလင်းကြီး၊ မြို့နဲ့တော့ နဲနဲဝေးတာပေါ့၊

အဲဒီအိမ်ထဲမှာ ဆော် ၂ ပွေနဲ့ သူ့နောက်ဘော်ဒါ ၂ ယောက်၊ ကျနော့် ဘော်ဒါက အပြင်မှာ အစားအသောက်ထွက်ဝယ်ရင်း ကျနော့်နဲ့ဆုံတာ၊ အဲဒီမှာ ဖာ ဆိုတာ စချဘူးတာ။ ခွစ် ခွစ်။ အဲဒီ အိမ်လေးမှာ အိပ်ခန်းကတော့ တခန်းပါဘဲ၊ ပျဉ်ထောင်အိမ်ဆိုပေမဲ့ အကြမ်းဖျဉ်းလောက်ဘဲ ဆောက်ထားတာ။

ရေတွင်းနဲ့ ဘာနဲ့ ဆိုတော့ ရေလဲ မပူရဘူးပေါ့၊ အဲ လျှပ်စစ်မီးတော့ မရှိဘူးပေါ့၊ နေရာသစ်ဆိုတော့ မီး မချပေးသေးဘူးထင်ပါရဲ့၊ သူတို့ သူငယ်ချင်းက ၄ ယောက်၊ ကျနော်ကတယောက် ၅ ယောက်၊ ဆော်က ၂ ပွေ၊ တခန်းထဲဆိုတော့ တယောက်စီ အလှည့်ကျပေါ့။

အခန်ထဲအလှည့်မကျတဲ့ သူတွေကလဲ အပြင်မှာပျော်ပျော်ပါးပါး၊ အရက်ရော၊ မားရော၊ ဖန်ရော အကုန်ဗျာ အကုန်ရှိတယ်၊ အကာအကွယ်ပေးတဲ့ ဦးထုပ်ဆိုလဲ အကဒ်လိုက်၊ အဲဒီတုန်းက ခုလို တံဆိပ်စုံတော့ မပေါ်သေးဘူး၊ အမြဲသုံးရတာက အနံ့ဆိုးဆိုး ရာဂျာ တံဆိပ်၊ ကျနော်ဆို မျက်လုံးတောင် ပြူးတယ်။ ဒီကောင့်ကို ဒီလောက် မတွက်ထားဘူး၊ကျနော့်စိတ်ထင်ပေါ့လေ၊ အဲဒီတုန်းက မှန်အိမ်မီး မှိန်မှိန်အောက်မှာ ကောင်မလေးတွေ မဆိုးဘူးပေါ့၊ ဒါနဲ့ဘဲ ညင်းရခက်ကြီး ဖြစ်သွားတယ်ပေါ့၊ ဟဲ ဟဲ။ ကျနော်လဲသူတို့မှာ ရှိတဲ့ဟာတွေချ၊ ပြီး ဘုဘု နဲ့ ဝင်ထိုးတာပေါ့။

ဘာရမလဲ၊ တောင်ပြန်နဲ့ချည်း တိုးနေတာ တော်တော်ကြာနေတဲ့ဟာ၊ ဒီကောင်မလေးတွေ ဓါးစာခံ ဖြစ်သွားတယ်ပေါ့၊ လာစမ်း ဆိုပြီး ငတ်ငတ်နဲ့ ကြုံးထည့်လိုက်တာ ၂ ယောက်ထဲက တယောက်ဆို အဲဒီညက ကျနော့်နားကပ်နေတော့တာဘဲ၊ ငါဆော်တာ ကောင်းလို့ ဖာတောင်စွဲတယ်ပေါ့။အဲဒီတုန်းကတော့ ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်နေတာ၊ နောက်မှ သိတယ် ဘယ်ဟုတ်မလဲ၊ ဖာဆိုတာမျိုးက ဒီလိုဘဲတဲ့၊ ခေါ်လာပြီးရင် တယောက်ယောက်ကို ပြေးကပ်လိုက်တာဘဲတဲ့၊ နောက်မှ လူလည်ကြီးဖြစ်ပြီး ဒါတွေသိတာ။

အဲဒီမှာ သူတို့ အဖွဲ့နဲ့ စတေးကျရောဆိုပါစို့၊ မမတို့ ဆိုင်တောင် အရောက် နဲနဲကျဲသွားတယ်၊ အပျော်များနေတာ၊ ကိုယ်က သူတို့လောက် မဖြုံးနိုင်တော့ များသောအားဖြင့် သူတို့နဲ့ ဆိုင်ထိုင်ရင် သူတို့ဘဲ ပေးသွားတာများပါတယ်။အဲဒီတုန်းက ရှားရှားပါးပါး ခိုးကြောင်ခိုးဝှက်ဖွင့်တဲ့ အမျိုးသမီး စားပွဲထိုးတဲ့ဆိုင်တွေ ဘာတွေတောင် သူတို့ အဖွဲ့နဲ့ ရောက်ဖြစ်လိုက်တယ်၊ သိတယ်မှုတ်လား။

 နာမည်ကသာ စားပွဲထိုး၊ အခန်းထဲ ဝင်လာပြီးပြန်မထွက်တော့တဲ့ စားပွဲထိုးမျိုးလေ၊ ခုတော့ နေရာတိုင်းမှာ ရှိနေပေမဲ့ ကျနော်တို့ တုန်းကတော့ ခိုးကြေင်ခိုးဝှက် လုပ်ရတာ၊ ဒီကောင်တွေကလဲ ငွေပေါတော့ သတင်းလဲစုံ၊ အပေါင်းအသင်းကလဲ စုံတယ်။

အဲလိုလဲတွဲမိရော ဘော်ဒါကို မင်းဘိ ငါ့ဆော်ခေါ်သွားချင်တယ်ကွာ ပြောတော့ သူတို့ကလဲ သဘောပေါက်တယ်၊ အိုခေပေါ့၊ သူတို့ကလဲ ဒီအိမ်ကို နေ့တိုင်း အသုံးမချပါဘူး၊ များသောအားဖြင့် ပိတ်ထားတာပါဘဲ၊ အဲဒါနဲ့ဘဲ မလျှာရှည်လေး မဲပေါက်တယ် ဆိုပါစို့၊ ပထမတော့ မမကို ခေါ်သွားမလို့ပါဘဲ။

ဒါပေမဲ့ အဲဒီအိမ်ထဲမှာ မကောင်းတာတွေ အကုန်ရှိနေတာဆိုတော့ မမကိုလဲ မပေးသိချင်ဘူး၊ နောက်ပြီး ဘာလို့မှန်းလဲ မသိဘူး မမကိုအဲဒီနေရာကို မခေါ်သွားချင်ဘူး၊ မလျှာရှည်ကျတော့ ဘယ်လိုပြောမလဲဆိုတော့ ဘယ်လိုပြောရမှန်းတောင်မသိဘူး၊ ကိုယ်ချင်းမစာလို့ မဟုတ်ပါဘူး၊ သိတယ်မဟုတ်လား။

လုပ်ရကိုင်ရ ပိုအဆင်ပြေမယ်ထင်တာလဲ ပါမယ်လေ၊ အဲလို အဲလိုပေါ့၊ ကျနော့် စိတ်ထဲက သိတော့သိတယ်ဗျ၊ ရေးမထွက်ဘူး၊ တော်ကြာ ခင်ဗျားတို့က ကိုယ့်ကို ကြွေနေတဲ့ အမျိုးသမီးကို ဖျက်လိုဖျက်ဆီးလုပ်တယ်လို့ ပြောမှာလဲ စိုးရသေးတယ်၊ အမှန်တော့လဲ တည့်တည့်ပြောရင် ဖျက်ဆီးတဲ့သဘောတော့ရောက်တယ်ပေါ့။ဒါပေမဲ့ပေါ့ဗျာ ကျနော်ကမှ မဖျက်ဆီးရင်လဲ သူ့ကို ဖျက်ဆီးမဲ့သူကလဲ အဲဒီအချိန်မှာမရှိဘူးဆိုတော့ ဘယ်လိုလုပ်မလဲ၊ တမင်သက်သက်ကြီးလုပ်တာတော့လဲ မဟုတ်ဘူးပေါ့၊ သူကလဲ ကိုယ့်ကို လာကြွေနေ။

ပြီးတော့ ကျနော်ကလဲ စည်းမစောင့်တတ်၊ ဒီတော့လဲ ကံကြမ္မာအတိုင်းဘဲပေါ့၊ ကံကိုဘဲ အပြစ်ပုံချလိုက်တာကောင်းပါတယ်၊ မတတ်နိုင်ဘူး၊ ဖြစ်ပြီးပြီ။အဲဒါထက် နောက်တခုရှိသေးတယ်ဗျ၊ ဒါကတော့ အထိအတွေ့ဗျ၊ မမက လှလဲ ပိုလှတယ်၊ ကျနော်တယောက်ထဲတင်မဟုတ်ဘူး၊ ဘယ်သူ့မေးမေး မမကပိုလှတယ်ပြောမှာဘဲ၊ ပြီးတော့ကျနော် ချစ်လဲချစ်တယ်။

ဒါပေမဲ့ဗျာ အထိအတွေ့မှာ မလျှာရှည်က သာတယ်ဗျ၊ မလျှာရှည် အသားကိုက ကိုင်ရတွယ်ရတာ အရသာရှိတယ်၊ စိတ်ထန်တယ်ပေါ့၊ ဒါကြောင့်လဲ အမြဲ မလျှာရှည်ကို ကြမ်းကြမ်းတမ်းတမ်းလုပ်မိတာ၊ ပြီးတော့ မလျှာရှည်က အသားအရည် ပိုလှတယ်လို့ ပြောရင် ပြောလို့ရတယ်။

နောက်ပြီး ဟီး ဟီး ပြောရရင် မကောင်းဘူး၊ နမ်းလိုက်ရင်လဲ မလျှာရှည်လေး အနံ့က ပိုရှုလို့ ကောင်းသလိုလိုဘဲ။ သူက ရိုးရိုးလေး ရေမွှေးတွေဘာတွေမဆွတ်ဘဲ သနပ်ခါးလောက်ဘဲ လိမ်းတတ်ပေမဲ့၊ အနံ့ကတမျိုးလေးဗျ၊ သူ့ကိုယ်ပိုင် အနံ့လို့တောင်ပြောလို့ရတယ်။

 မမကတော့ ကျနော့်နဲ့ တွေ့တိုင်း ရေမွှေးတွေ ဘာတွေ ဆွတ်ထားတာဘဲ၊ မွှေးလဲမွှေးပါတယ်၊ ဒါပေမဲ့ဗျာ အဲဒီ မွှေးတာရဲ့ နောက်ကွယ်မှာ အနံ့တမျိုးကရှိနေတယ်၊ ကျနော့်စိတ်ထင် သူနေမကောင်းတိုင်း တခုခုလိမ်းတယ်နဲ့ တူပါတယ်။တွေ့တာကတော့ များသောအားဖြင့် ဆနွင်းတွေ လိမ်းတာဘဲ ပြီးတခြားဘာဆေးတွေ များလိမ်းလဲတော့မသိဘူး၊ အနံ့က မြန်မာလိမ်းဆေးအနံ့တမျိုး၊ ဖီးနဲနဲငုတ်တယ်ပေါ့။

ပြီးတော့ မမအသားက လတ်ဆတ်မနေဘူး၊ ဟေ့ ဟေ့ ခန ခန၊ ကျနော်ရှင်းပြမယ်၊ မလတ်ဆတ်ဘူးဆိုတော့ ဈေးတွေမှာရောင်းတဲ့ မလတ်တဲ့အသားတွေကို မျက်စိထဲ သွားမမြင်နဲ့အုံး၊ ကျနော်ဆိုလိုတာက တမျိုးဗျ၊ အသားအရည် နဲနဲခြောက်တဲ့သဘော၊ မလျှာရှည်လို ထိပြီးရင်း ထိချင်စိတ် မပေါ်ဘူး။

ဟေ့လူ ဒါတော့ ခင်ဗျားဗျာ မလျှာရှည်နဲ့ သွားချင်တိုင်း ကိုယ်လိုရာဆွဲပြောနေတယ်လို့ မပြောနဲ့ဗျ၊ ကိုယ့်ချစ်သူကို ကိုယ်သိက္ခာချနေတာလဲ မဟုတ်ဘူး၊ ဒီနေရာက ရင်ဖွင့်နေတာဆိုတော့ အမှန်အတိုင်းဘဲ ပြောရမှာဘဲ။ဒါက ယှဉ်လိုက်ရင် ကွာတာလေးကို ပြောပြတာပါ၊ ဒီလိုကွာပေမဲ့လဲ ကျနော် မမ အပေါ် အချစ်မလျှော့ပါဘူး၊ မမနဲ့ တွေ့တိုင်း ကျနော်ကောင်ကလဲ ထောင်နေတာပါဘဲ၊ ဒါကတော့ သက်သေရှိပါတယ်၊ ခင်ဗျားတို့ မေးလို့တော့ မရဘူးပေါ့ဗျာ။

ဒါနဲ့ဘဲ သူတို့ပိတ်တဲ့ရက် မလျှာရှည်ကို ခေါ်လာတယ်ပေါ့၊ သူနဲ့ ချိန်းရတာကလဲ သိပ်မခက်ပါဘူး၊ ငါတို့ အပြင်မှာတွေ့ရအောင် ၁၀ နာရီလောက် နင်တို့ လမ်းထိပ်ဟိုနားလေးက အဲဒီ နေရာ နားမှာစောင့်နေလေ၊ ငါလာခေါ်မယ် လို့ ပြောလိုက်ရုံပါဘဲ။ သူလဲ ကျနော် ပြောတော့ နဲနဲအံ့သြသွားပုံရတယ်။

သူ့ကို တခါမှ အပြင်မှာ ချိန်းမှ မှမချိန်းဘူဘဲ၊ မျက်လုံးလေးဝိုင်းပြီး အံ့သြဟန်လေးနဲ့ ခေါင်းညှိမ့်ပြတယ်၊ ဟဲ ဟဲ အဲလို ပိုင်တာ၊ ဒါနဲ့ဘဲ အဲဒီနေ့မှာ သူ့ကို ခေါ်ပြီး တန်းမောင်းချလာတယ်၊ သူကတော့ မေးတာပေါ့။ ဘယ်သွားမလို့လဲ ဘယ်သွားမလို့လဲ နဲ့ နောက်က၊ ဆိုင်ကယ်က လေကလဲတိုး၊ ဦးထုပ်ကလဲ ဆောင်းထားဆိုတော့ သူ့ခင်ဗျာ သူ့ရင်နဲ့ ကျနော့်ကျောကို အတင်းကပ်ပြီး နား နားမကြား ကြားအောင် မေးရတာ။

သူ့လက်ကလဲ ကျနော့်ခါးကို အတင်းဖက်လို့၊ ခုမှ ဆိုင်ကယ်စီးဘူးတာဆိုတော့ ကြောက်လို့နေမှာ၊ ကျနော်ကတော့ ရောက်တော့သိမှာပေါ့ဟ ဆိုပြီး တဟဲ ဟဲ ဟဲ ဟဲ နဲ့ သူအတင်းဖက်ထားတာ သဘောတွေကျလို့။မြို့ပြင်ထွက်ခါနီးမှာ ဈေးတန်းလို ဆိုင်စုလေးတွေရှိတယ်၊ အဲဒီမှာ ခနရပ်လို့ စားစရာ ထမင်းဟင်း၊ သောက်စရာ အချိုရည်၊ စသဖြင့် စိတ်ကူးပေါက်ရာ စားစရာတွေဝင်ဝယ်တော့ မလျှာရှည်က ဘာလုပ်မလို့လဲတဲ့။

ပျော်ပွဲစားထွက်မယ်လေဟာ နင်လဲဘာစားချင်လဲ စားချင်တာဝယ်လေ ဆိုတော့ သူကလဲ အဟုတ်မှတ်ပြီး အချဉ်ထုတ်၊ နေကြာစေ့ သူစားချင်ရာဝယ်ပါရော၊ ဘော်ဒါအိမ်လဲရောက်တော့ ဆိုင်ကယ်ဒေါက်ထောက်ပြီး ခြံတခါးကို ပါလာတဲ့ သော့နဲ့လဲဖွင့်ရော။မလျှာရှည်ကတော့ ထုံးစံအတိုင်း မျက်လုံးလေးဝိုင်းပြီး ဒါဘယ်သူ့အိမ်လဲ၊ ပျော်ပွဲစားထွက်မယ်ဆိုတဲ့၊ အင်းလေ ဒီအိမ်မှာထွက်မှာ လို့ ရယ်ကျဲကျဲ ပြန်ဖြေရင်း ဆိုင်ကယ်ကို ခြံထဲတွန်းသွင်းလို့ ခြံတခါး သော့ပြန်ခတ်လိုက်တယ်၊ အိမ်တခါးလဲဖွင့်ရော

“ကိုဇော် ဘယ်သူ့အိမ်လဲဆို”

“ငါ့ သူငယ်ချင်း အိမ်ပါဟ”

“ဘယ်သူမှ မနေဘူးလား”

“မနေဘူး၊ ဒါကြောင့် ငါသော့ယူလာတာ၊ နင်နဲ့ ငါ ဒီမှာတနေ့လုံးနေမလို့”

“နေပြီး ဘာလုပ်မလို့လဲ”

“ဘာလုပ်ရမလဲဟ၊ ပျော်ပွဲစားပါဆို၊ တခါတည်း နင့်နဲ့ တွေ့လိုက်တိုင်း အလောသုံးဆယ်၊ အေးဆေးမှမနေရဘဲ”

“ကိုဇော်နော် သများကို . . .”

“ဘာလဲ ဘာလဲ”

“ဘာမှမဟုတ်ဘူး”

“မဟုတ်လဲ ပြီးရော၊ လာစမ်းပါအုံး ဒီမှာ ငါ့ကို နဲနဲလာကူပါအုံး”

“တအိမ်လုံးလဲ ရှုတ်ပွနေတာဘဲ”

“အေးဟ”

ဒါနဲ့ မလျှာရှည်နဲ့ ၂ ယောက်သား ရှုတ်ပွနေတဲ့ ပုလင်းလွတ်တွေ၊ ဆေးလိပ်တိုတွေ၊ အားလုံး အမှိုက်တောင်းထဲ ပြစ်ထည့်၊ အသစ်ဝယ်လာတဲ့ စားစရာတွေ ထမင်းစား စားပွဲပုလေးပေါ်တင် နေရာချရင်း၊

“နေအုံးဟ၊ ရေမှ ရှိသေးရဲ့လား မသိဘူး”

အနောက်ကို ဝင်ကြည့်၊ ရေကလဲ မရှိတော့တာနဲ့ ရေတွင်းကရေခတ်၊ တော်သေးတယ် ဒီကောင်တွေလုပ်ထားတာ အဆင်တော့ပြေသား၊ ရေတွင်းကနေ ဝါးပိုးဝါးကို ခြမ်းထားတဲ့ ဝါးခြမ်းရေတလျှောက်နဲ့ အိမ်ထဲကို သွယ်ထားတာ၊ ရေခပ်ပြီး ရေတလျှောက်အတိုင်း လောင်းထည့်လိုက်ရုံဘဲ၊ အိမ်ထဲမှာတော့ သံစည်ပိုင်း ပြတ်လေးပေါ့၊ ဒါတွေ အသေးစိတ်မရေးတော့ပါဘူးလေ၊ အရေးမှ မပါတာ။ 

မလျှာရှည်ကလဲ ကျနော်လုပ်တာ ဝိုင်းကူလို့ပေါ့၊ နောက်ဆုံးတော့ ၂ ယောက်သား အိမ်ရှေ့က ဖျာပေါ်မှာ အခန်းနံရံကို မှီရင်း ထိုင်မိကြလေသတည်းပေါ့။ ဒီကောင့်အိမ်မှာ ဘာပရိဘောကမှ မရှိဘူး၊ ရှင်းနေတာဘဲ။ ဖျာ ဘဲရှိတယ်၊ အိပ်ခန်းထဲမှာတော့ စစ်ဂွမ်းကပ်တခု၊ ခေါင်းအုံးပါးလေးတလုံးနဲ့ အညာစောင်ပါးတထည်၊ ဟဲ ဟဲ အခါတည်း အခန်းထဲတော့ ဆွဲမသွင်းပါဘူး၊ လိုမှလိုတာ။ပြီးတော့ အိမ်မှာက ဘယ်သူမှလဲ မရှိ၊ အဝင်တံခါးလဲ ပြန်ပိတ်ထားတယ်ဆိုတော့ လုံနေပြီးသားကိုး၊ တခါးပြန်ပိတ်ထားတော့ အိမ်ထဲမှာတောင် နဲနဲ မှောင်လို့၊ စိတ်ဖေါက်ပြန်ချင်စရာ။

“မကောင်းဘူးလား နင်နဲ့ ငါနဲ့ ၂ ယောက်တည်း”

“မကောင်းပါဘူး”

“ဘာမကောင်းဘူးလဲ” ပြောပြောဆိုဆို ဆွဲဖက်လိုက်တာပေါ့၊

“ဒုက္ခပါဘဲ”

“ဘာလဲဟ”

“ကိုဇော်ပေါ့”

“ငါက ဘာဖြစ်လို့လဲ”

“မပြောချင်ပါဘူး”

“ဒါလား” ဆိုပြီး ပါးပြင်ပေါ် နှာခေါင်းတင်လိုက်တော့

“တွေ့ရင် ဒါဘဲ”

“ဒီထက်မကဘူး လာအုံးမှာ”

“ကိုဇော်နော် သများကို”

“ဘာလို့လဲဟ”

“မသိဘူးကွာ၊ ကြောက်လာပြီ”

“အရင်က မကြောက်ပါဘူး”

“ဘာမကြောက်ဘူးလဲ၊ ကြောက်တာပေါ့”

“ကြောက်တဲ့သူကလဲ”

ပြောပြောဆိုဆို အတင်းဆွဲဖက်လို့ ကြောက်တယ်ဆိုတဲ့သူကို ဖြဲခြောက်ပြလိုက်တယ်၊ မခြောက်လို့လဲ မရတော့၊ ဒီအခြေနဲ့ ဒီအခြေ အရှိန်က ထိန်းလို့မရ၊ ခပ်တင်းတင်းဘဲ ဖက်လို့ နှုတ်ခမ်းခပ်ထူထူလေးကို အားရပါးရဘဲ နမ်းပြစ်လိုက်တယ်။အားရပါးရနမ်းအပြီးမှာတော့ ယဉ်နေတဲ့ လက်က အလိုအလျှောက်ဘဲ အင်္ကျီကြယ်သီးကို တထုတ်ထုတ်နဲ့ ဆွဲဖြုတ်လိုက်တယ်။ သူဝတ်ထားတာက ရင်စေ့ ခါးတိုလက်ပြတ်လေး၊ ဒီအင်္ကျီ သူနဲ့ အရမ်းလိုက်တယ်၊ သူ့လက်မောင်းသားဝင်းဝင်းလေးနဲ့ ကြည့်လို့ အရမ်းကောင်း။

“လုပ်ပြီကွာ”

ဘာမှန်းမသိ၊ မလျှာရှည်ဆီက အသံတိုးတိုးလေးထွက်လာတယ်၊ ရှက်လို့လားမသိ၊ ကျနော်ရင်ခွင်ထဲ တိုးဝင်ပြီး အတင်းဖက်ထားတယ်။ အဲဒီတော့မှ ပိုအဆင်ပြေသွားပြီး လက်အစုံက နောက်ကြောကို အင်္ကျီအောက်က တိုးဝင်သွားပြီး သူ့ဘော်လီ ချိတ်ကို လွယ်လွယ်ကူကူဘဲ ဖြုတ်လိုက်တယ်။ မလျှာရှည် အဝတ်အစားက ကိုယ်ပေါ်မှာ ရှိပေမဲ့ အထိမ်းအကွတ်မရှိတော့။ အင်္ကျီအောက်ကဘဲ သူ့အသားတွေကို ဖြေးဖြေးလေးပွတ်ကစားနေမိတယ်၊ မလျှာရှည် အသားအရည်က ထိလို့ ကိုင်လို့ ကောင်းချက်၊

“မော့ပါအုံးဟာ”

ရင်ခွင်ထဲ မျက်နှာအတင်းတိုးပြီး ဖွက်ထားတဲ့ မလျှာရှည်ရဲ့ ဆံစလေးတွေ ငုံ့နမ်းရင်း တိုးတိုးလေး ပြောတော့ မရဲတရဲလေး မော့ကြည့်တယ်၊ မလျှာရှည် မျက်ဝန်းထဲ အရည်တွေဝေ့လို့၊ မျက်ရည်တော့မဟုတ်။

တမျိုးဘဲ၊ ဒီအချိန်မှာ မြင်လိုက်ရတဲ့ ခပ်နွမ်းနွမ်းသူ့မျက်နှာက ကျနော့်စိတ်ကိုပိုလှုတ်ရှားစေသလိုဘဲ၊ ပြောရရင် အချစ်ဆိပ်တွေ တက်နေတဲ့ မျက်နှာမျိုး။ မော့လာတဲ့ သူ့ကိုနမ်းလို့ မှီအောင် ခါးကို တင်းတင်းဆွဲဖက်လို့ နဲနဲမြှင့်တင်လိုက်ပြီး ခပ်ဖွဖွလေး နှုတ်ခမ်းကို ငုံလိုက်တယ်။ဒီတခါတော့ ကြမ်းကြမ်း မဆွဲစုတ်တော့၊ လူက အရမ်းယဉ်ကျေးနေပြီ၊ ကျနော့်လျှာက သူ့ ပါးစပ်ထဲ တိုးဝင်သွားပြီး ထိသမျှ အတွင်းသားတွေ လိုက်ကလိနေတယ်၊ ပြီးတော့ 

“ဘယ်မှာလဲ နင့်လျှာ” 

ဆိုပြီး နှုတ်ခမ်းက မခွာဘဲ ပြောတော့ အသံက ခပ်လုံးလုံး၊ ဒါပေမဲ့ မလျှာရှည်လေးက ကောင်းကောင်းနားလယ်တယ်၊ ဘယ်မှာပုံးနေမှန်းမသိတဲ့ သူ့လျှာက ထွက်လာပြီး ကျနော့် လျှာကို မရဲတရဲလေး လာထိတယ်၊ လူကလဲ ကျနော့်ကို ပိုတင်းတင်းဖက်လာတယ်။

 လျှာလျှာချင်း ထိထိမိမိ ပွတ်ကစားရင်း ကျနော့် နှုတ်ခမ်းက သူ့ပါးစပ်ထဲ အတင်းတိုးဝင်တော့ ပါးစပ်ဟပေးတယ်၊ အဲဒီမှာ သူ့လျှာကို ကောင်းကောင်းစုတ်မိတယ်၊ နမ်းလို့ကောင်းလိုက်တာဗျာ၊ အနှောက်အယှက်မရှိ၊ အပူအပင်မရှိဘဲ ချစ်ရတာ၊ မလျှာရှည်လေးရဲ့ အလိုလိုက်ချက်ကတော့ အံ့မခန်းပါဘဲ။သူက ကျနော့်ကို ကောင်းကောင်းတော့ ပြန်မနမ်းတတ်သေးဘူးဗျ၊ ဒါပေမဲ့ ကျနော်လုပ်သမျှ အလိုက်သင့် အလိုလိုက်နေတာကိုက တော်တော်လေးကို ဖူလုံနေတဲ့အပြင် ပိုတောင်လျှံနေတာလို့ ပြောလို့ရတယ်။

အဆင့်က တဖြေးဖြေးတက်လာတာပေါ့၊ အဲ အဲ ကျလာတာလို့ ပြောရမလားဘဲ၊ ကျနော့်နှုတ်ခမ်းက သူ့နှုတ်ခမ်းကနေ လည်တိုင်ဆီရောက်သွားတယ်၊ တက်မယ်ဆို အပေါ်မှာ ဆံပင်ဘဲ ရှိတော့တာမို့ အဆင်မပြေဘူးလေ၊ လည်တိုင်ရောက်တော့ သူ့ကိုယ်လုံးက ပိုကော့လာတယ်။အဲဒီမှာ ကျနော့်ရင်ခွင်တဲ့ သူ့ကိုယ်လုံးက နဲနဲကွာသွားတော့ လက်တဖက်က လွတ်လွတ်လပ်လပ်လှုတ်ရှားလို့ ရလာတယ်၊ တဖက်ကတော့ သူ့ကိုယ်ကို နောက်ကျောက သိုင်းပြီးထိမ်းဖက်လေး ဖက်ထားရသေးတာကိုး။ 

လှုပ်ရှားလို့ ရတဲ့ လက်က ချိတ်ပြုတ်ပြီး ချောင်နေတဲ့ ဘော်လီ အင်္ကျီအောက်ထဲ တိုးဝင်သွားပြီး တွေ့တဲ့ ရင်သားကို ခပ်ဖိဖိလေး ပွတ်ကစားပေးလိုက်တယ်၊ ခပ်ဖုဖု နို့သီးလေးက ကျနော့် လက်ဖဝါးကို အောက်က ပြန်ထိုးလို့။ ဘယ်ရမလဲ ပြန်ဖိပြီး ပွတ်ပွတ်ပေးလိုက်တော့ သူ့ဆီကလဲ ခပ်ညီးညီး အသံလေးတွေ ထွက်လာတယ်၊ မလျှာရှည်လဲ ကျနော့်လုပ်ကွက်အောက် မြောက်နေပြီပေါ့၊

ကျနော့် လက်ကလဲ သူ့ ဘော်လီအောက်မှာ အလုပ်ရှုတ်လို့၊ ဒီလို ကိုင်ရုံတင်လေး ကျနော် မကြေနပ်နိုင်တော့၊ ကျနော့်ခေါင်းက တဖြေးဖြေးအောက်ကျလာတယ်၊ အင်္ကျီကရင်ပွင့်နေပေမဲ့ ဘော်လီက ဖုံးထားတော့ ခေါင်းက လိုရာတိုးမပေါက်ဘူးပေါ့။

အဲဒီမှာ သူ့ဘောလီကြိုးကို ပခုံးကနေအင်္ကျီအပြင်ဘက်ကိုဆွဲချပြီး သူ့တထောင်လောက်က လျိုဖြုတ်လိုက်တယ်၊ အဲဒီမှာ ပခုံးမှာ ချိတ်ထားတဲ့ ဘော်လီကြိုးတချောင်ပြုတ်ပြီး ရင်ပွင့်သွားတယ်၊ မသိတဲ့ သူတွေကိုပြောရင် မျက်လှည့်ပြတယ်ထင်မှာ၊ ကျနော်ကတော့ အင်္ကျီမချွတ်ဘဲ ဘော်လီချွတ်နည်း သိနေပြီးသား။ဟို ကက မလေးဆီက အတွေ့အကြုံရထားတာ၊ အဲဒီတော့မှ ခေါင်းက လိုရာတိုးလို့ ပေါက်သွားတယ်။ ခုမှ အပျိုစစ်စစ်လေး ချိုချိုစို့ဘူးတာ။

မလျှာရှည်လေးဆို အီးအီးလား၊ အင်းအင်းလား အသံခပ်တိုးတိုးနဲ့ ကျနော့် ခေါင်းကို အတင်းကြီးဆွဲဖက်ထားတာ၊ နို့သီးခေါင်းလေးက ပါးစပ်ထဲမှာ ခပ်သေးသေးလေးဗျာ၊ တခါတခါများ ဆွဲစုတ်လိုက်တာ ပြွတ်ပြွတ်လို့တောင် အသံထွက်တယ်။ ဘယ်လိုကောင်းမှန်းမသိဘူး၊ မလျှာရှည်လေးဆိုလဲ ကော့နေတာဘဲ။

ဘယ်လောက်လုပ်လို့ကောင်းကောင်း အချိန်တန်ခနတော့ ရပ်တာဘဲဗျ၊ မောလို့ ခန ခွာလိုက်တော့ မလျှာရှည်က နေရာပြင်ထိုင်လို့ ပေါ်နေတဲ့သူ့ရင်ကို ကမန်းကတမ်း ဘော်လီနဲ့ ပြန်အုပ်တယ်၊ ပြီးတော့ ဟနေတဲ့ အင်္ကျီနဲ့ ဆွဲစေ့တယ်၊ အဲဒီမှာ ကျနော်လဲ 

‘အား အား’ 

လို့ ခပ်တိုးတိုး အော်ရင်း သူ့ကို အသာဘေးနားအသာတွန်းပြီး ထရပ်လိုက်တယ်၊ သူက ကျနော် ဘာဖြစ်တာလဲ ဆိုပြီး ကြည့်တာပေါ့၊ သိတယ်မှုတ်လား ဘောအောက်တဲ့ ဝေဒနာလေ။စပြီပေါ့၊ ဂျိန်းစ်ဘွန်းဘောင်းဘီ ကြပ်ကြပ်ကြီးနဲ့ အတင်းထုတ်ထားတာကိုး။ မရှက်ပါဘူး၊ ခပ်တည်တည်နဲ့ သူ့ရှေ့တင်ဘဲ လုံချည်အောက်က အတွင်းခံဘောင်းဘီကို ဆွဲချွတ်လိုက်ရင်း၊

“အား အရမ်းအောက်တယ်၊ ဒီနေရာက”

“ဘာဖြစ်လို့လဲ”

“မသိပါဘူး၊ အတွင်းခံဘောင်းဘီက အရမ်းကြပ်လို့ထင်တယ် တင်းပြီး အောက်တာ”

“ကိုဇော်က အရမ်းဆိုးတာကိုး”

“နင်က ဆိုးချင်စရာကြီးကိုးဟ”

“နဲနဲပါးပါး ထိန်းထားမဟုတ်ဘူး”

“ထိန်းလို့မှ မရတာကိုး၊ မထိန်းချင်ပါဘူး၊ လာ”

“ကြည့် လုပ်အုံးမယ် သများကို”

“ဝမှ မဝသေးတာ၊ စောစောက အရမ်းအောင့်လို့၊ ခန ခန၊ အင်္ကျီချွတ်လိုက်အုံးမယ်၊ ပူတယ်ဟ”

“ရှက်လဲ မရှက်ဘူး”

“နင့်ကို ရှက်စရာလား၊ ကူဖြုတ်ပေးလေဟာ ကြယ်သီး”

အဲလို အဲလို မလျှာရှည်က၊ ပြောရင် ကြွားတယ်ထင်မယ်၊ ခုထိ ဟင်အင်း တခွန်းမပြောဘူး၊ အဲဒါ အပျိုစစ်စစ်လေးနော်၊ အဲလို ကျနော့်ကို ကြွေတာ၊ လိုချင်တာ အကုန်ယူ ရော့ဘဲ။ သူ့အတွက် ဘာမှကို မချန်ထားဘူး။ အဲဒီတုန်းကဗျာ သူ့ဘက်ကကိုယ်ချင်းစာပြီး ဘာမှကို မစဉ်းစားမိတာ၊ ကိုယ်လုပ်ချင်တာဘဲ သိတယ်။ ခုမှ ရေးရင်း အဲဒါတွေစဉ်းစားမိတာ၊ ဒါပေမဲ့ဗျာ ဖြစ်ပြီးတာတွေ ဘယ်တတ်နိုင်တော့မလဲ။

အင်္ကျီတောင် ကူချွတ်ပေးလိုက်သေးတယ်၊ အဲလို စေတနာပိုတာ၊ ပြီးတော့ ဖွဖွလေးခေါက်လို့ ခပ်လှမ်းလှမ်းမှာ လှမ်းချထားလိုက်တယ်၊ ကျနော်လဲ အင်္ကျီချွတ်ကြီးနဲ့ စောစောကလို အခန်းနံရံကို လှမ်းမှီတော့ ကျောကစစ်ကနဲ ဖြစ်သွားတယ်၊ ကြောပြောင်ကြီးနဲ့ဆိုတော့၊ ဒီတော့

“အာ မှီလို့မကောင်းဘူး ခန” ဆိုပြီး ထရပ်လို့ အခန်းထဲ ဝင်ပြီး စစ်ဂွမ်းကပ်နဲ့ ခေါင်းအုံး သွားယူလာတယ်၊

“ဘာလုပ်မလို့ဘဲ”

“ဒီမှာ ခင်းပြီး အိပ်မယ်လေဟာ”

“အာ ကိုဇော်ကလဲ အိမ်ရှေ့ကြီး”

“ဘယ်သူမှ မရှိဘူး၊ တံခါးလဲ ပိတ်ထားတဲ့ဟာ”

“မကောင်းပါဘူး ဧည့်ခန်းကြီး”

“ဒါဆို အခန်းထဲသွားမလား”

ဘာမှတော့ပြန်မဖြေ ခေါင်းဘဲ အသာညှိမ့်ပြတယ်၊ ဒါနဲ့ လက်ကမ်းပေးလိုက်တော့ သူက ကျနော့်လက်ကို ဆွဲပြီး အားယူထရပ်တယ်၊ လက်တဖက်ကတော့ သူ့ အင်္ကျီကို ဆွဲစေ့ထားရက် တန်းလမ်း၊ အခန်းထဲရောက်တော့ စစ်ဂွမ်းကပ်ကြီး ပြန်ဖြန့်ခင်းရင်း

 “လာ” 

လို့ပြောရင် ကျနော်အရင် လှဲချလိုက်တယ်၊ သူက မလှဲဘဲ ကျနော့်ဘေး ကျို့ကျို့လေး ဝင်ထိုင်တယ်၊ပြောရရင် အခန်းထဲမှာက အပြင်ကထက်တောင် နဲနဲမှောင်သေးတယ်၊ သဲသဲကွဲကွဲတော့မြင်တာပေါ့၊ သူက ကျနော့်ဘေးဝင်ထိုင်တယ်၊

“လာလေ” 

ဆိုပြီး ကျနော် တခြမ်းခေါင်းတင်ထားလို့ ပိုနေတဲ့ နောက်တခြမ်းကို ပုတ်ပြရင်းပြောတော့ သူကအသာဝင်လှဲတယ်။ မလျှာရှည် အမူအရာက ရှက်ကိုးရှက်ကန်း၊ အင်းလေ မရှက်ဘဲနေမလား၊ ကျနော်ကလဲ အင်္ကျီကျွတ်ကြီး၊ သူကလဲ မလုံ့တလုံ၊ သူ ရှက်နေပုံကို ကြည့်ပြီး ကျနော်လဲ

“ဟီး ဟီး” အသံထွက်ရီမိတယ်။

“သွား ဘာရီတာလဲ”

“နင့်ပုံစံကလဲဟာ၊ ဖြစ်နေလိုက်တာ”

“ကိုဇော် အရမ်းဆိုးတာဘဲ”

“ငါ မနေနိုင်ဘူးဟ”

ပြောပြောဆိုဆို သူဆွဲစေ့ထားတဲ့ အင်္ကျီကို ချွတ်ဘို့ လက်ကလှုတ်ရှားလိုက်တယ်။

“အာ . .”

“ချွတ်ထားစမ်းပါဟာ ငါ့လို၊ တော်ကြာအကုန်ကြေကုန်လို့”

“ရှက်စရာကြီး ကိုဇော်ကလဲ”

“နင်ကလဲ ငါတောင်မရှက်ဘူး”

“အိုး”

“ဒီမှာ ဒီမှာ စောင်ရှိတယ်၊ ဒါလေးခြုံထားလေ”

အနားကစောင်ကို လှမ်းပေးတော့ သူက ယူပြီး ကမန်းကတန်းခြုံတယ်၊

“နေပါအုံးဟ၊ အရင်ချွတ်ပါအုံး၊ ပြီးမှခြုံလေ”

အဲဒါနဲ့ ပြန်ထပြီး ကျနော့်ကို ကြောပေးလို့ ကမန်းကတမ်းချွတ်တယ်၊ မြင်ရတဲ့ ကြောပြင်လေးကတော့ ဖွေးနေတာဘဲ။ ပြီးတော့ စောင်လေးလွှမ်းပြီး ကျနော့်ဘေး ပြန်အိပ်တယ်။ကျနော်လဲ သူခြုံထားတဲ့ စောင်ထဲ အတင်းတိုးဝင်ပြီး သူ့တကိုယ်လုံး ဖွဖွလေး ပွတ်ကစားနေမိတယ်၊ သူ့လက်တဖက်ကို ဆွဲပြီး ကျနော့်ကိုယ်ပေါ်တင်ပေးလိုက်တယ်၊

“ဘာလဲ ကြောက်နေလား”

“အင်း”

“မကြောက်ပါနဲ့ဟာ” လက်က နို့လေးကို ဖွဖွလေးပွတ်ကစားရင်း ခပ်တိုးတိုးပြောမိတယ်။ ပြီးတော့

“လာ လာ ဒီဖက်လှည့်” ဆိုပြီး သူ့ကို ကျနော့်ဘက်ဆွဲလှည့်လို့ နှုတ်ခမ်းထူထူလေး ပြန်ငုံမိတယ်။

တစ်ကပြန်စတယ်ဆိုပါစို့၊ ဒါပေမဲ့ ဒီတခါတော့ ထူးခြားသွားပြီ၊ အသေးစိတ်မရေးတော့ပါဘူး၊ ဒီလောက်ဆို ကိုယ့်လူတွေ သဘောပေါက်လောက်ရောပေါ့၊ တကယ်ဗျာ၊ ခုရေးရင်းမလျှာရှည်လေးကို သနားတောင် သနားလာတယ်၊ ခုမှပါ။

အဲဒီတုန်းက သနားရမှန်းတောင် မသိပါဘူး၊ ကိုယ်လိုချင်တာဘဲ သိတာကိုး၊ လက်က အပေါ်ပိုင်းပြီးတော့ အောက်ပိုင်းကို ရန်ရှာတာပေါ့၊ သူလဲ မိန်းမဘဲ၊ ချက်ခြင်းတော့ ရော့အင့် ဘယ်ဖြစ်မလဲ၊ အိုး ကိုဇော် ဆိုပြီး နဲနဲပါးပါးတော့ ကာကွယ်သေးတာပေါ့။

ဒါပေမဲ့ဗျာ သိတယ်မှုတ်လား ဒီလောက် အခက်ကြီးမဟုတ်ပါဘူး၊ မကြာပါဘူး၊ အားလုံးကျွတ်သွားတာပေါ့၊ အဲဒီမှာ လက်နဲ့ စဖွင့်တာ၊ မှတ်မိတယ်ဗျ၊ လက်ချောင်းလေးနဲ့တောင် တင်းကြပ်နေတာ၊ အဲဒါကိုဗျာ၊ ကျနော် မရ ရအောင်လုပ်တာ၊ ကျနော့်ကိုဘဲ အပြစ်ပြောကြပါဗျာ၊ ကျနော် မကောင်းတာ။

တကယ်တန်း သူ့ဘက် ကိုယ့်ဘက်ပြောရမယ်ဆိုရင် သူ့ဘက်ကကြည့်လဲ ကြည်နူးစရာဘဲဗျ၊ စဉ်းစားကြည့်ဗျာ၊ သူကြိုက်နေတဲ့ သူက သူ့ကိုလာချစ်တာ ခံနေရတာလေ။ဥပမာဗျာ ခင်ဗျား တဖက်သတ်ကြီးကြိုက်နေတဲ့ အမျိုးသမီးတယောက်က ခင်ဗျားကို ပိုင်ပိုင်နိုင်နိုင်ကြီး လာချစ်နေမယ်ဆိုရင် ခင်ဗျား စိတ်ထဲ ဘယ်လိုနေမလဲဗျ၊ အဲလိုဘဲ သူ့စိတ်ထဲ နေချင်နေမှာပေါ့၊ မဟုတ်ဘူးလား။

ဒီတော့ သူလဲ ပုတုဇဉ်ဘဲ၊ သူကြိုက်နေတဲ့သူက ဒီလောက်ကောင်းတဲ့ အရသာ လာပေးနေတော့ ဘယ်ညင်းနိုင်တော့မှာလဲ၊ အစကတည်းကလဲ သူ့ခဗျာ ကျနော့်ကို တခါမှ မှမညင်းဘူးတာ၊ ခြုံထားတဲ့ စောင်လဲ ဘယ်ရောက်သွားမှန်းကို မသိတော့တာ၊ ၂ ယောက်သား လုံးထွေးနေတာ။မလျှာရှည်လေးပထမတချီကတော့ ကျနော့်လက်နဲ့ဘဲပေါ့၊ သိသိသာသာပါဘဲ၊ သူ့ တကိုယ်လုံး တောင့်တင်းပြီးတော့ ငြိမ်ကျသွားတာ၊ သူ့ ကိုယ်လဲ တခါတည်းပျော့ကျသွားတာဘဲ၊ အဲဒီမှာ ခန ဟတ်ဖ်တိုင်းပေါ့၊

အဲဒီမှာ ပိုင်ပိုင်နိုင်နိုင်ဖြစ်သွားပြီ၊ အခြေအနေက သူ ကျနော့်ကို မစိမ်းတော့ဘူး၊ အဲလေ ကျနော့် ကောင်ကြီးကိုပြောတာ၊ အမောဖြေပြီး တဆင့်တိုးလို့ ပြန်ကဘို့လဲ လုပ်ရော ကျနော်က ထုံးစံအတိုင်း ဦးထုတ်ဆောင်းဘို့ ပြင်တာပေါ့၊ ကျနော်က ဗဟုသုတ ရှိပါတယ်။

ဟို ကက မလေးကို မကြာခန ဆွဲနေကတည်းက အဲဒီ အကျင့်ရပြီးသား၊ ဘော်ဒါတွေကလဲသတိပေးတယ်၊ အကာအကွယ် သုံးဖို့အကြောင်း၊ အဲဒါနဲ့ သုံးဖြစ်သွားတယ်ပေါ့၊ အရသာက သိပ်မကွာပါဘူး၊ ခက်တာက ကျနော်မကြိုက်တာ အနံ့ဗျ၊ ကိုင်စွပ်ပြီးရင် လက်မှာတောင် စွဲနေတာ။

ဒါပေမဲ့ မလျှာရှည်လေးက ဦးထုတ်ဆိုတာ ဘာမှန်းမသိဘူး၊ သူ့ခေတ်နဲ့ သူ့အခါပေါ့၊ ခုခေတ်က လူတိုင်းလိုလို သိနေပေမဲ့ ကျနော်တို့တုန်းက ရိုးရိုးသားသား အပျိုလေးဆို များသောအားဖြင့် မသိဘူးဗျ၊ ဦးထုတ်ဆောင်းတော့ မလျှာလေးက ဘာလုပ်တာလဲ မေးသေးတယ်၊နင်အပျိုရည် မပျက်အောင် ကာထားတာလေဟာ ဆိုပြီး လွယ်လွယ်ဘဲ ပေါက်ကရပြောလို့ သူ့ကိုယ်ပေါ်တက်လိုက်တယ်၊ အဲဒီမှာ သိသာတာ၊ အတွေ့အကြုံရှိတဲ့ သူနဲ့ မရှိတဲ့သူ၊ တခါမှ မခံဘူးရင် အဆင်ပြေပြေ မပေးတတ်ဖူးဗျ၊ အဲဒါကိုကြည့် သိတာဘဲ။

သွေးထွက်တာ မထွက်တာ နောက်မှ၊ ၂ ယောက်စလုံး ပလိန်း ချည်းကတော့ တော်ရုံ အထဲရောက်ဘို့ မလွယ်ဘူး၊ ကျနော့်တုန်းက ကံကောင်းတယ်၊ ဈေးဦးပေါက်က အတွေ့အကြုံရှိပြီးသားမို့၊ အခက်အခဲ မရှိလိုက်ဘူး၊ နောက် တဖြေးဖြေးကျွမ်းကျင်သွားတာ။ခု မလျှာရှည်လေးက ဘာမှမတတ်တော့ ငုတ်တုတ်ထထိုင်ပြီး လိုအပ်သလို ပြုပြင်ရတာပေါ့၊ သူကတော့ ရှက်တာလားကြောက်တာလားမသိဘူး၊ မျက်စိကို စုံလုံးမှိတ်ပြီးနေတာဘဲ။

ထိလိုက်တာနဲ့ တုန်တုန်သွားတာ၊ ဒါပေမဲ့ ကျနော်နားလည်ပါတယ်၊ အကြမ်းဗတမ်းကြီး ဘယ်ဟုတ်မလဲ၊ ချော့ချော့ပြီး သွင်းတာ နောက်ဆုံး အဆုံးထိရောက်တာပေါ့။ မလျှာရှည်လေးက သူအုံးထားတဲ့ ခေါင်းအုံးကြီးကို အတင်းဆုတ်ပြီး မျက်လုံးကို မဖွင့်ဘူး၊ သူလဲ နာမှာပေါ့၊ အံကြိတ်ပြီး ခံတယ်ဗျာ။ အဆုံထိဝင်သွားတော့ မကြာဘူး ကျနော်လဲ ပီးတာဘဲ။

ပြီးတော့ စိမ်ထားတာ အကြာကြီးဗျာ၊ ကျနော့်ကောင်ကလဲ တော်ရုံပြန်မကျဘူး၊ နောက်တော်တော်ပျော့သွားမှ ဆွဲချွတ်လိုက်တာ၊ ဦးထုတ်က တန်းလန်းလေး ကျန်ခဲ့တာ။ပြီးမှ ဆွဲထုတ်ရတာ၊ သွေးစသွေးနတော့ နဲနဲတွေ့တာပေါ့၊ ဦးထုတ်ကလဲ အနီရောင်ဆိုတော့ သိပ်မသဲကွဲဘူး၊ အောက်ကို စီးကျလောက်အောင်တော့ မထွက်ပါဘူး၊ ဒါပေမဲ့ စစ်ဂွမ်းကပ်ကတော့ နဲနဲတော့ ကွက်သွားသေးတယ်၊ သိပ်အဆိုးကြီးတော့ မဟုတ်ဘူး။

 အပိုင်း ( ၄ ) ဆက်ရန်  »»»»»»»



Print Friendly and PDF

No comments:

Post a Comment