ဆုတောင်း မှားခဲ့ကြသူများ အပိုင်း ( ၇ )
ရေးသူ - Snow Flake
ရင်ခွင်ထဲတွင် အရုပ်လေးတစ်ခုလို ပါလာသောကောင်မလေး။ အိပ်ယာပေါ် ညင်သာစွာ ချလိုက်တော့ မျက်လုံးလေး စုံမှိတ်ထားသည်။ နှဖူးလေးကို ငုံ့နမ်းရင်း ကျန်နေသော အင်္ကျီကြယ်သီးလေးများကို ဖြုတ်ပစ်လိုက်၏။နောက်ကျောကို လက်လျှိုသွင်းကာ ဘရာချိတ်လေး ဖြုတ်မည်ကြံတော့ သူမ ကျောလေး ကော့ပေးသည်။ ငု ရယ်.. ချစ်လိုက်တာ.. မင်းလေး ဘာလို့များ သည်လောက် အလိုက်သိပြီး ချစ်ဖို့ကောင်းရတာလည်း။ ကို ကကော ဘာလို့ များ သည်လောက်တောင် ကံကောင်းရတာလည်း။
သူရင်ဆိုင်ခဲ့ရသော လူမှုရေး၊ ပညာရေး၊ စည်းပွားရေး၊ နောက်ဆုံး နှလုံးသား အရေး အရာရာ အားလုံးသည် မုန်တိုင်းများ ဖြစ်မည် ဆိုပါလျှင် ငု ပေးခဲ့သော အချစ်သည် သူ့အတွက် လေပြေညင်း ဆိုတာသိပ်ကို သေချာပါသည်။
ချစ်သူသက်တမ်း ( ၃) လ တာအတွင်း ပထမဆုံးမြင်ခွင့်ရသော သူမ၏ သဘာ၀ အလှကို တရှိုက်မက်မက် ငေးကြည့်မိသည်။ မို ့မောက်လုံးကျစ်၍ တင်းရစ်သော ရင်မွှာအစုံက ညမီး အလင်းဖျော့ဖျော့အောက်တွင် ထင်ထင်လင်းလင်း။
စတော်ဘယ်ရီရောင် နို့သီးခေါင်းလေးများကို ပွတ်သပ် ချေမွရင်း နှုတ်ခမ်းတို့ကို နမ်းနေမိသည်။ ရွှေလည်တိုင်ဆီသို့အနမ်းပေးစဉ် သူမထံမှ သာမန် အသက်ရှုသံထက် အနည်းငယ် ပိုမိုပြင်းရှသော ရှိုက်ညည်းသံကလေးများ သဲ့သဲ့မျှ ကြားလာရသည်။
ထို့နောက် သူ့နှုတ်ခမ်းတို့က ရင်သား မို့မို့လေးများဆီသို့။ နို့သီးခေါင်း လေးများကို လျှာထိပ်နှင့် ထိတို့ကျည်စယ်ကာ ခပ်ဖွဖွ စို ့ပေးလိုက်၏။ လက်တစ်ဘက်က တင်စိုင်များနှင့် ပေါင်တံတလျှောက် ထက်အောက်စုန်ဆန် ခရီးဆန့်လျှက်။
သူမ တစ်ကိုယ်လုံးလည်း တုန်ရီနေပြီ။ ပင့်သက်တို့ဖြင့် လူးလွန့်ရင်း အိပ်ယာခင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။ နို ့သီးခေါင်းထိပ်ကလေးဆီမှ ယားကျိကျိ၀ေဒနာက ညီမလေးကို တရှုံ့ရှုံ့ရှိုက်ငိုလာအောင် နိုးဆွနေသည်။ လူက လေထဲမြောက်တက်သွားလိုက်၊ လှပ်ကနဲ ပြန်ကျလာလိုက်။ ထူးဆန်းသော ခံစားမှုက ငုကို ရုန်းထွက် မရအောင်ဖမ်းစားနေတော့၏။
ထိုစဉ်သူ ရုတ်တရက်ကြီး အနမ်းတွေ ရပ်လိုက်တော့ ငု မျက်တောင်လေးမှေးစင်းထားရာမှ ဖွင့်ကြည့်မိပြီပေါ့။ မိမိကို ပြုံးပြီး စိုက်ကြည့်နေသော ချစ်သူ။ ချစ်လိုက်တာ ကိုရယ်။ ငုလေ.. ကိုဆီ့က တစ်ခုခု လိုချင်လိုက်တာ။ ငု စိတ်တွေ ဘာတွေဖြစ်ကုန်ပြီလည်း မသိတော့ဘူး။ လူက ငိုချင်လာသလိုလို။
“ချစ်တယ် ငုလေးရယ်.. ကို ငုကို အဆုံးစွန်ထိ ချစ်ပစ်လိုက်ချင်တယ်.. ငုလေး ခွင့်ပြုမယ် မဟုတ်လားဟင်..”
သည်စကားက တောင်းဆိုတာလား အမိန့်ပေးတာလား။ ဘာပဲဖြစ်ဖြစ် ငု မျက်လုံးလေး မှိတ်ကာ လေသံသဲ့သဲ့မျှဖြင့် တုန် ့ပြန်လိုက်၏။
“ကို့ သဘောပါ.. ခုချိန်က စပြီး ငုကို ကို ပိုင်တယ်လေ.. နော်..”
ဉာဏ်လင်းညို ၀တ်ထားသော အ၀တ်များကို ခပ်သွက်သွက် ချွတ်လိုက်၏။ ခုမှ မိမိကိုယ်ကို သတိထားမိတော့သည်။ သွေးကြော အပြိုင်းပြိုင်း ထ နေသော ညီတော်မောင်က ပေါက်ထွက် မတတ် ဒေါသထန်နေပြီပဲ။ကိုယ်က အသင့်အနေထား ဖြစ်နေပြီမို့ ချစ်သူကောင်းစားရေးအတွက် အမြန်ပြင်ဆင်ရပြီပေါ့။ ငု ၀တ်ထားသော စကပ်လေးကို ဆွဲချွတ်တော့ ရုတ်တရက် မလွယ် ဖြစ်နေသေး၏။ နှုတ်ခမ်းလေး ဖိကိုက်ရင်း ပြုံးစိစိ ကြည့် နေသော ကောင်မလေးကို…
“ငုလေး.. ကူဦး ကွာ.. ကို မလုပ်တတ်ဘူး..”
“ငုက ဘာကို ကူရမှာလည်း လို့..”
“ချွတ်ပေးလေ ကွာ..သည်မှာ ကို့ချာတိတ် ဒေါကန်နေပြီ တွေ့လား..”
“ကိုနော်..”
“တကယ်ပြောတာ.. မယုံရင် ငုလေး ကိုင်ကြည့်မလား..”
ချစ်ကြပြီ ဆိုတဲ့နောက်တော့ ငုလည်း မလိုအပ်ဘဲ အရှက်သည်းမနေချင်တော့ပါ။ ကို ့ကိုအစွမ်းကုန် လိုက်လျှောချင်သလို ငုကိုယ်တိုင်လည်း တစ်ခုခုကို လိုချင်နေမိပြီလေ။ အေးစက်တုန်ရီနေသော လက်ကလေးများဖြင့် ကို့ညီလေးကို မရဲတရဲ ကိုင်ကြည့်လိုက်သည်။
နွေးထွေး မာတင်းသော ကြွက်သားချောင်းကြီးအတွင်းမှ သွေးတဖျတ်ဖျတ် တိုးနေသလားပင်။ ချစ်တယ် ကိုရယ်.. ကို့ကိုရော သူ့ကိုရော..။ ငုရုတ်တရက် ဘာလုပ်လိုက်မိမှန်း မိမိကိုယ်တိုင်ပင် မသိလိုက်။ သတိထားမိချိန်တွင် ငုနှုတ်ခမ်းများက ကို ့ညီလေးကို အနမ်းများ ပေးနေမိသည်ပဲ။ ကို ့ထံမှ တုန်ရီလှိုက်မောနေသော အသက်ရှုသံပြင်းပြင်းများ ကြားနေရ၏။
“ငုလေး.. လုပ်ပါကွာ.. ဒါကြီး ဘယ်လို ချွတ်ရမလည်း.. ငု ပိပိလေးကို ကို နှိုက်ကစားချင်ပြီ.. ”
အိုးး.. ကို့စကားကြီးကလည်း.. ရင်ထဲတွင် စိမ့်ကနဲဖြစ်သွား၏။ နောက်ဆုံးတော့ ချစ်သူအလိုကျ ဖြစ်ရတော့သည်ပေါ့။ပင်တီအနက်လေးပေါ်ကနေ အုပ်ကိုင်လိုက်တော့ ညီမလေးခမျာရှိုက်ကြီးတငင် ငိုထားရှာပြီပဲ။ ငုလေး သနားပါတယ်။ ရွှဲရွှဲစိုနေသော ပင်တီလေးကိုတော့ အလွယ်တကူပင် သူ ဖယ်ရှားလိုက်သည်။ သန် ့ ရှင်း၀င်းမွတ်နေသော ပိပိလေးက ပန်းလေးတစ်ပွင့်နှင့်ပင် တူနေသေးတော့၏။
သူမကို ပက်လက်ကလေး လှဲနေစေကာ ပေါင်တံစင်းစင်းနှစ်ခုကြားတွင် သူ နေရာယူလိုက်တော့သည်။ ဆီးခုံ မို့မို့လေးကို တချက် နမ်းလိုက်တော့
“အိုးး.. ကို့ဟင့်အင်း..”
အတင်း ကုန်းရုန်းထလာသော သူမကို အသာပြန်တွန်းချလိုက်ရင်း..
“ကို့ကို ချစ်ရင် ငြိမ်ငြိမ်လေးနေပေး.. အို ကေ..”
ပြောရင်း ဆိုရင်း ကပင် ပိပိလေး တစ်ခုလုံးကို စိတ်ကြိုက် အနမ်းတွေပေးကာ အချစ်သည်းလိုက်တော့သည်။ ငုလည်း ခါးလေး ကော့တက်လာကာ အချစ်၏ အရသာကို အလူးအလိမ့် ခံစားနေရတော့သည်။
“ကို့… ငု လေ.. ငု ဘာတွေဖြစ်ကုန်ပြီလည်း မသိတော့ဘူး.. အိုးး…”
အနမ်းများ ရပ်တန် ့ပြီး အချစ်တိုက်ပွဲအတွက် နေရာယူလိုက်တော့သည်။ ငု ကိုယ်လေးပေါ် အသာ အုပ်မိုးပြီး ညီလေးကိုလည်း သူအမတန်တောင့်တနေသော ချစ်သူနှင့် ဖူးစာဖက်ခွင့် ပေးလိုက် တော့သည်။ ပိပိလေးက အချစ်ရည်တို့ဖြင့် ရွှဲရွှဲစိုနေသော်လည်း ညီလေးကိုတော့ ရုတ်တရက် လက်မခံသေး။ခေါင်း၀င်လျှင် ကိုယ်ဆန့်သည် ဆိုသော်ငြား ငုကလေး လန့်မသွားအောင် ချိန်ဆ ရသေးသည်လေ။ အချစ်ကြောင့် ဖြစ်လာသော ရယူလိုမှု ဆန္ဒတစ်ခု အတွက်နှင့်တော့ ချစ်ရသူကို မနာကျင်စေလိုပါ။
“စိတ်ကို တင်းမထားနဲ့နော်.. ငုလေး.. နာရင် ကို့ကိုပြော.. နော်..”
နှုတ်ခမ်းလေး ဖိကိုက်ကာ ခေါင်းငြိမ့်ပြရှာသော ချစ်သူကို အနမ်းများဖြင့် နှစ်သိမ့်ရင်း အနည်းငယ် အားစိုက်လိုက်တော့ ညီလေးထံမှ အချက်ပေးသံတစ်ခု.. တစ်စုံတစ်ရာနှင့် ခလုတ်တိုက်မိသွားသော ညီတော်မောင် ရုတ်တရက် ခြေလှမ်းတုန့်သွားသည်။
“နာသွားလား ကလေး..”
“အ.. နည်း နည်း..”
စိုးရိမ်စိတ်ဖြင့် ညီတော်မောင်ကို တပ်ဆုတ်မည်ကြံတော့ ငု လက်တွေက သူ့လက်မောင်းကို ဆုပ်ကိုင်ပြီး..
“ရတယ်ကို.. ငု အဆင်ပြေပါတယ်.. ”
အလိုက်သိရှာသော ချစ်သူ၏ ခွင့်ပြုစကားကြောင့် ထိုးစစ်ကို ပြန်စ ရန် ပြင်လိုက်သည်။ မျက်နှာနှင့် လည်တိုင် အနှံ့အနမ်းလေးများပေးလျှက်က လက်တစ်ဘက်ဖြင့် ပိပိလေး အတွင်းမှ ရသာဖုလေးကို ကစားပေးလိုက်သည်။ ထို ့နောက် ပွင့်အာစ ၀တ်လွှာလေး နှစ်ဘက်ကို ညီလေးထိပ်ဖျားနှင့် ထက်အောက် စုန်ဆန်ကာ တိုးေ၀ှ့ပေးလိုက်တော့ ငု ခါးလေး ကော့တက်လာကာ ညည်းညူသံလေးများ လှိုက်တက်လာတော့သည်။
“ရှီးး အ.. ကို့”
“ချစ်တယ် ငု ရယ်..”
ညီလေးတစ်ယောက် အထဲလုံးလုံးရောက်သွားပြီမို့သူမ အနာသက်သာစေရန် ခဏစိမ်ထားပြီး အနမ်းတွေ ပေးနေလိုက်သည်။ ကြောက်လန့်တုန်ရီနေသော ညီမလေးက သူ့ချစ်သူကို အားကိုးတကြီး ဆုပ်ကိုင် ဆွဲညှစ်ထား၏။ မာန်ဖီနေသော ညီတော်မောင်ကို မနည်း ချွေးသိပ် ထားရသည်။
ငုလေး ခမျာ ချစ်လွန်းလို ့ လိုက်လျော ရရှာတာလေ။ ဆီးခုံနှစ်ခုကို ဖိကပ်လျှက်က နည်းနည်းချင်း နှဲ ့ပေးတော့ ငုလေး အလိုက်သင့် လှုပ်ရှားလာ၏။ တင်ပါးလေး ကြွတက်လာက သူ့ခါးကို အတင်း ဆွဲသွင်းလာသည်။ ချစ်သူ လက်ခံနိုင်ပြီမှန်း သိလိုက်ပြီမို့အထုတ်အသွင်းကို ဖြည်းဖြည်းချင်း ပြန်စလိုက်၏။ စီးပိုင် ပြည့်ကျပ်နေသော အသစ်စက်စက် ပိပိလေး၏ ညှစ်အားကြောင့် သူ့သွေးသားတွေအကုန်လုံး ဗြောင်းဆန်ကုန်တော့သည်။
အချစ်ဆိုတဲ့ အရသာက ထူးဆန်းလှသည်ပဲ။ ပူနွေးနေသော ကြွက်သားစိုင်တစ်ခု မိမိ ကိုယ်တွင်းတစ်နေရာကို ထင်သလိုမွှေနှောက်နေသည်။ အာသာဖြေဖျောက်ရန် ခက်ခဲသော ခံစားမှုကြောင့် ခါးကိုကော့ကာ မိမိ အလိုရှိရာနှင့် အလိုက်သင့်ဖြစ်ရန် ကြိုးစားလိုက်မိသည်။
ရှေ့တိုး နောက်ဆုတ် လုပ်လိုက်တိုင်း မိမိကိုယ်တွင်းမှ တစ်ခုခုက သူနှင့် ကပ်ပါသွားသလိုလို။ စောစောက စိုလဲ့နေသော ချစ်၀တ်ရည်တို့လည်း စေးပျစ်ချွဲကျိလာကာ အတွေ့၏ အရသာကို ပိုလာစေတော့သည်။
“ငုလေး.. အရမ်း ကောင်းတယ်ကွာ.. ကို.. ကို ငုကို အဆုံးထိ ချစ်လိုက်တော့မယ်.. နော်..”
ကို ့ခွင့်တောင်း စကားကို တုန်ရီ လှိုက်မောနေသော ရှိုက်သံတစ်၀က်ဖြင့် တုန့်ပြန်လိုက်မိ၏။
“ကို့… အင်း..ဟင်းး.. ငု ကို.. ချစ်ပါ.. ကို့စိတ်ကြိုက်.. နော်.. ငုလေ.. အ..ရှီးး ကို ရေ..အင်းး ဟင်းးး…”
နှစ်ဦးသား ဟိုးအေ၀းတစ်နေရာ အထိ တဟုန်တည်း လွင့်ထွက်သွားတော့သည်။ လက်ချောင်းများ မြဲမြဲ ယှက်ကာ ထိပ်ဆုံးသို ့ တူတူ တက်လှမ်းပြီး တငြိမ့်ငြိမ့်ချင်း ပြန်အကျ..။
“ငု လေး…”
“…..”
“ကောင်းလား..”
“ကိုနော်..”
“ဟားဟား ကောင်မလေးတစ်ယောက် ရှက်နေတယ်.. ချစ်စရာလေး..”
“ကိုနော်.. မလှောင်ပါနဲ့. ငု ငိုလိုက်ရမလား..”
“အာ.. လှောင်ပါဘူးကွာ.. ကို့ မိန်းမကို လှောင်စရာလား..”
“အမယ်.. ဘာ မိန်းမ လည်း ဟွန်းးး..”
“ဟုတ်တယ်လေ.. အခု ခင်ဗျားလေးက ကျုပ်မိန်းမ ဖြစ်သွားပြီဗျ..”
“ကိုရယ်.. ငုလေ ကို့ကို ချစ်လို့သက်သက် လိုက်လျှောတာပါ.. သည်လိုက်လျှော မှုမှာ ဘာနှောင်ကြိုးမှ မပါပါဘူး ကိုရယ်..”
ရင်ထဲမှ လှိုက်လှဲစွာပြောလိုက်သော စကားတို့ကို ကို ကြားနိုင်စေကြောင်း ဆုမတောင်းဖြစ်ခဲ့ပါချေ။ မှားယွင်းသော ဆုတောင်းတို ့၏ နောက်ဆက်တွဲ ဆိုးကျိုးများ ချစ်ရသူ ကို့ကို ရင်မဆိုင်စေလိုပါ။ အကယ်၍ ငုတွင် အခွင့်အရေးရှိခဲ့မည် ဆိုမှသာ ကို့ အတွက် အသက်ထက်ဆုံး ကြည်နူးခြင်းနှင့် ချစ်ခြင်းမေတ္တာများ အတိုင်းဆမဲ့ ပေးစွမ်းရန် အသင့် ပြင်ထား မိပါသည်။
ဖတ်လက်စ မဂ္ဂဇင်း စာအုပ်ကို စားပွဲပေါ် ပစ်ချလိုက်၏။ အချိန်ကို ကြည့်လိုက်တော့ ည (၁၁)နာရီ။ ဟိုဆရာ၀န်မ ရောက်လာပြီးကတည်းက ကိုထက်အောင် အရင်လို မဟုတ်တော့။ အိမ်ပြန် နောက်ကျ လာသည်။ညစာကို အလုပ်ထဲတွင် ဖြစ်သလိုစားလာတတ်သည်။ မနက်ဆို မိုးမလင်းသေးခင် အလုပ်သွား၊ ခါတိုင်းလို ဆည်ဘောင်ပေါ် လမ်းမလျှောက်ဖြစ်တာတောင် အတော်ကြာပြီ။ ညစဉ်ညတိုင်း မချစ်ရမနေနိုင်သော လူက အခုဆို ရံဖန်ရံခါ စာဖတ်နေရင်း၊ အလုပ်စားပွဲတွင် အလုပ်လုပ်နေရင်း အိပ်ပျော်သွားတတ်သေးသည်။
အစကတော့ နွယ်လည်း မသိသလိုပင် နေလိုက် သော်လည်း တစ်ရက်နှစ်ရက် ကိစ္စမဟုတ်သဖြင့် လူက သည်းမခံနိုင်တော့။ ခုတလော နေလို့ထိုင်လို့ကလည်း သိပ်မကောင်းချင်။ ထလိုက် ထိုင်လိုက်တိုင်း မိုက်ကနဲ ဖြစ်ဖြစ်သွား၏။ မနက်လင်းလို့ အိပ်ယာနိုးလျှင် သွားတိုက်သည်နှင့် ထိုးအန်တော့၏။ ညဘက် အိပ်ရေးပျက်ခံကာ သူ့ ကို စောင့်ရသည်မို့အားနည်း လာတာပဲဖြစ်မည်။ စိတ်က မကြည်တော့ စားလို့သောက်လို့လည်း မ၀င်။ မီးဖိုချောင်တွင် ချက်ရပြုတ်ရသည်နှင့်ပင် လူက အလိုလို ပြည့်အင့်ကာ မူးနောက် နေတော့သည်။
“အော်.. နွယ် မအိပ်သေးဘူးလား..”
ညည့်နက် သန်းခေါင်မှ အိမ်ပြန်ရောက်လာပြီး မေးသလိုလို နှုတ်ဆက်သလိုလို စကားတစ်ခွန်း ခပ်တိုတို ပြောကာ အိပ်ခန်းထဲ တန်း၀င်သွားသော လင်တော်မောင် နောက်သို့ ထ လိုက်လာမိသည်။ ဘာသဘောနဲ ့သည်လို ဖြစ်နေလည်း မေးမှ ဖြစ်တော့မည်ကိုး။
“ကိုအောင် ခုတလော ဘာဖြစ်နေတာလည်း..”
“ဘာဖြစ်လို ့လည်း နွယ်..”
“အရင်နဲ့ လုံး၀ မတူဘူးလေ.. နွယ် သတိထားမိတာ ကြာနေပြီ..”
“ဘာကို သတိထားမိတာလည်း..”
“ခု ဘယ်က ပြန်လာတာလည်း..”
“ဘာလုပ်မလို ့လည်း..”
“သိချင်လို့မေးတာလေ.. နွယ်က ရှင့်မိန်းမလေ.. ကိုယ့်ယောကျ်ား ဘယ်သွားတယ် ဘာလုပ်တယ် မေးတာ ဆန်းလား.. ပြောမပြနိုင်စရာ ဘာတွေမို့လို့…”
“ဟားဟား မဆန်းပါဘူး.. ကိုယ့်မိန်းမ ဘယ်သွားခဲ့တယ် ဘာလုပ်ခဲ့တယ် ဆိုတာ မသိတာသာ ဆန်းတာ.. ”
“ရှင့်စကားက ဘာကိုရည်ရွယ်တာလည်း ကိုထက်အောင်.. ကိုယ့်အပြစ်ကို သူများ အပြစ်လို လွှဲချ နေတာတော့ မကောင်းဘူးထင်တယ်နော်..”
“ကိုယ် ခုတလော အာရုံတွေ နောက်နေတယ် နွယ်.. မလိုအပ်ဘဲ စကားမများချင်ဘူး..”
“အာရုံနောက်မှာပေါ့.. ကိုယ့် အလုပ်ကတစ်ဘက် သူငယ်ချင်းကို စောင့်ရှောက်ရတာက တစ်ဘက် ဆိုတော့…”
“မင်းစကားက ဘာသဘောလည်း နွယ်.. ဘာကို ဆိုလိုတာလည်း…”
“ကျမ ဘာကို ဆိုလိုလည်း ရှင်မသိတာလား မသိချင်ယောင် ဆောင်တာလား...”
“………”
“အဲ့သည်မိန်းမ သည်ကိုပြောင်းလာပြီးကတည်းက ရှင့်ပုံစံတွေပြောင်းနေတာ.. ကျမပြောတာ မှားလား..”
“နေစမ်းပါဦး မင်းကြည့်ရတာ သူ့ကို နေရင်းထိုင်ရင်း အမြင်ကတ်နေပုံရတယ်.. ဘာလည်း မြတ်က မင်း မဟုတ်တာ လုပ်ထားမှန်း သိနေတဲ့သူမို့လို့လား ဟုတ်လား..”
“ရှင် ဘာကို ဆိုလိုတာလည်း ကိုထက်အောင်..”
“မင်း ငါနဲ့လက်မထပ်ခင် ဘယ်သူနဲ ့ဘာဖြစ်ခဲ့လည်း.. မြတ်ဆီမှာ မင်း ကိုယ်၀န်တားဆေး ထိုးဘူးတယ်.. အဲ့တုန်းက မင်းနဲ့အတူပါတဲ့သူက ဘယ်သူလည်း..”
ထင်မှတ်မထားသော မေးခွန်းကြောင့် နွယ် ရုတ်တရက် ဘာပြန်ဖြေရမှန်း မသိဖြစ်သွားမိသည်။ ဒါကြောင့် သည်ဆရာ၀န်မကို တစ်နေရာရာမှာ မြင်ဘူးသည်ဟု စိတ်က ထင်မိနေခြင်းကိုး။ မိမိဘက်က အမှားတစ်စုံတစ်ရာ မရှိပါဘဲ စွပ်စွဲသလိုလို ပြောပုံကြောင့် အတော်ပင် အောင့်သီးအောင့်သက် ဖြစ်သွားမိတော့သည်။ နေ့စဉ်နှင့် အမျှ စုဆောင်းထားမိသောဒေါသတို့က ရမ်းပုံပေါ် မီးကျသကဲ့သို ့။
“ကဲ မင်းမှာ ပြောစရာ ကုန်သွားပုံရတယ်.. ကိုယ် အိပ်ချင်နေပြီ.. အို ကေ..”
“ခဏနေဦး..”
“……….”
“လတ်စသတ်တော့ ရှင်က သူများ ထင်ရာမြင်ရာပြောတာကို နား၀င်ပြီး ကျမကို ကျိတ်ကောက် နေတာကိုး.. မေးစမ်းပါရစေဦး လူကြီးလူကောင်းမင်းရယ်.. သူပြောသမျှကို ရှင်က ကျမဆီ မမေးမမြန်းဘဲ တစ်ဘက်သက် စွပ်စွဲရအောင် ရှင့်မယားက သူလား ကျမလား.. ရှင့် အသိုင်းအ၀ိုင်းမှာ အဲ့လို သူများလင်မယားကြား စကားရှုပ်တတ်တဲ့ အဆင့်မရှိ အတန်းမရှိ မိန်းမ မျိုးလည်း ရှိတာပဲလား.. ဟုတ်လား..”
“မင်းစကားက လွန်လှချည်လား နွယ်.. ငါ့သိက္ခာကို မစော်ကားနဲ ့နော်.. မင်းကိုယ်မင်း မမှားဘူးလို့ ယုံကြည်ရင် ငါ့ကို အကုန်ဖွင့်ပြောလေ.. မဆိုင်တာတွေ လိုက်ပြောနေတာ တကယ်တမ်း အဆင့့်မရှိတာက ဘယ်သူလည်း..”
“ဟုတ်တယ် ကျမက အဆင့်မရှိဘူး.. ဒါကြောင့် ရှင်တို့ နှစ်ယောက် ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး ဇာတ် ခင်းဘို့အတွက် ကျမကို အသုံးချကြတာပေါ့ ဟုတ်လား.. ”
“မင်း.. မင်း လွန်နေပြီနော်..”
သည်ကိစ္စကို ဘယ်လိုတွေးတွေး မိမိ အမှားတစ်ခုအဖြစ်တော့ နွယ် မမြင်မိတာ အမှန်ပင်။ သူကိုယ်တိုင်ကလည်း နွယ့်ကို ဘာမှ ထပ်မမေးသလို နွယ်ကလည်း ရှင်းပြဘို့ မကြိုးစားဖြစ်ခဲ့။ ရှင်းပြရန် လိုအပ်သည် ဟုလည်း မထင်တော့ချေ။
သို့သော် ထိုညမှ စ၍ ဖြစ်ပေါ်လာခဲ့သော အက်ကြောင်းသည် နွယ်တို့နှစ်ဦးအကြားတွင် တစ်စထက် တစ်စ အေးစက် တင်းမာလာခဲ့သည်။ နဂိုကတည်းက အချစ်မပါဘဲ ထူထောင်လာခဲ့သော အိမ်ထောင်ရေးမို ့ ပြန်လည် သာယာနိုင်စရာ လမ်းလည်း ရှိတော့မည် မထင်။
နေ့စဉ်ရက်ဆက် မထိတထိ စကားများနှင့် ပြဿနာ တိုးလာရသည်။ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်း မဆိုင်ဖြစ်အောင် ရှောင်ရင်း နေ့ရက်ပေါင်း များစွာတို့သည်လည်း ခြောက်သွေ့အေးစက် လာခဲ့သည်။ သည်ကြားထဲ မိမိ ကျန်းမာရေးကလည်း ချို့တဲ့လာသလို ခံစားမိနေသဖြင့် နောက်ဆုံးတော့ မိဘနှစ်ပါးရှိရာသို့ပြန်ရန် ဆုံးဖြတ်လိုက်တော့၏။
သည်နေ့တစ်ရက်အလုပ်ဆင်းပြီးလျှင် နောက်ဆုံးနှစ်စာမေးပွဲဖြေရန် ငု ခွင့်ယူရမည်။ ကို့ထံမှ ခွင့်ကိုလည်း တောင်းရဦးမည်ပေါ့။ ငု တို့နှစ်ဦး အချစ်နယ်ကျွံကြပြီးကတည်းက ကို က ငုကို မျက်စိအောက်မှ အပျောက်မခံချင်တော့။ မေမေ့ကို အသိပေးရန် တောင်းဆိုလာသော ကို ့ကို မနည်းချော့မော့ နားချထားရသည်။
တစ်စထက်တစ်စ ကျန်းမာရေးချို ့ယွင်း လာသော မိခင်အတွက် သူမ တစ်ဦးတည်းသာလျှင် အားကိုးစရာ ရှိသည် မဟုတ်ပါလား။ သည်လို အချိန်မျိုးတွင် မိမိက အိမ်ထောင်ရေး စဉ်းစားနေပါကြောင်း မေမေ့ကို ပြောမထွက်ပါချေ။
နောက်တစ်ခု.. ငု စိတ်ထဲတွင် ကို နှင့် ပါတ်သက်၍ မိမိကိုယ်ကို ယုံကြည်မှုက သည်နေ့အထိ မရှိနိုင်သေး။ ငု စိတ်ထဲတွင်တော့ ကိုက တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူများလက်ထဲ ပြန်ပေးရမည့် အဘိုးတန် ရတနာပစ္စည်း တစ်ခုလို။ ညနေစောင်း ဆိုင်သို့ရောက်တော့..
“တစ်ယောက်တည်းလား ငု..”
“အွန်း.. ငါ သည်နေ့ မေမေ့ကိုဆေးခန်းပြရတယ်လေ.. အဲ့ကနေ တန်းလာတာမို ့လို ့..”
“အာ့ဆို အန်တီက ဘယ်သူနဲ ့ပြန်သွားလည်း..”
“အန်တီ၀င်းလေ.. အပေါ်ထပ်က ငါတို ့ အိမ်ရှင်..”
“ဘာပြောသေးလည်း ဆရာ၀န်က..”
“သိပ်တော့ အားမရဘူးပေါ့ ချိုရယ်.. မေမေကလည်း တော်တန်ရုံဆို ကျိတ်ခံတာဟ.. ငါ ပင်ပန်းမှာ စိုးလို ့ ဆိုပြီးတော့လေ.. ခုတောင်မှ နောက်
အပတ်စာမေးပွဲ ရက်တွင်း တစ်ခုခု ဖြစ်နေမှာ စိုးလို ့ သွားလိုက်တာ..”
“အွန်း.. နင်တို ့ သားအမိလည်း တစ်ယောက်က တစ်ယောက်ကို ငဲ့နေရတာနဲ့..”
ဆိုင်ထဲရောက်တော့ ထောင့်ကျကျ စားပွဲတစ်ခုတွင် အမျိုးသမီးတစ်ဦး ကိုမျိုးအောင်နှင့် ထိုင်စကားပြောနေ၏။ သူမကို မြင်လိုက်သော ခဏ ချို ့ မျက်နှာက သိသိသာသာ ပျက်ယွင်းကာ ငုကို လှည့်ကြည့်ရင်း..
“ငု..”
“ပြော..”
“နင်တော့ ဒုက္ခများတော့မယ် ထင်တယ်ဟာ..”
“ဘာလို ့တုန်း ချို ရဲ့.. စ မရှိ ဆုံး မရှိ…”
“အဲ့ဒါ ဘယ်သူလည်း သိလား ငု..”
“ကိုမျိုးအောင်နဲ ့ပြောနေတဲ့ အစ်မကြီးလား.. ငါ ဘယ်လိုလုပ် သိမှာလည်း ဟဲ့..”
“နွယ်သာကီလေ.. နင့်အာစရိရဲ့ အသည်းကျော် နွယ် ဆိုတာ သူပဲ ငု..”
“အော်… လှ တယ် နော်..”
မိန်းမချင်းပင် ငေးကြည့်ရသည်ဆိုသော အလှကို ငု မြင်ဘူးလိုက်ပြီ။ ကျေကွဲရိပ်သမ်းနေသော သူမ မျက်နှာက ချယ်သထားခြင်း မရှိသည့်တိုင် ခန်းနားထယ်ဝါစွာ လှပနေသည်လေ။ စူးရှတောက်ပသော နေမင်း၏ အရှိန်အဝါက ငု မျက်၀န်းတို ့ကို တဒင်္ဂ တွေေ၀ ငေးငိုင်သွားစေသည် အမှန်ပင်။ သည်အချိန် သည်နေရာမှာ သူမကို တွေ ့ရခြင်းက ငု အတွက် မည်သို ့မျှ ကောင်းမွန်သော အခြေအနေ တစ်ခု မဟုတ်မှန်း ကောင်းစွာ သိနေသည်ပဲလေ။
“ကိုရယ်.. ငုလေ ကို နဲ့ပါတ်သက်လို့အကောင်း အဆိုး အကုန်လုံးကို လက်ခံယူဘို့ ဆုံးဖြတ်ထားပြီးသားပါ.. တနေ့လွဲမသွေ ရင်ဆိုင်ရမလားလို့တွေးကြောက်နေခဲ့တဲ့ သည်အခြေအနေက ဘာလို့များ တကယ်ကြီး ရောက်လာတာလည်းနော်..
ငု အရမ်းချစ်တဲ့ ကို့ကို သူများလက်ထဲ.. တကယ်တော့ သူများလက်ထဲ မဟုတ်ပါဘူးလေ.. မူလပိုင်ရှင် လက်ထဲလို့ပြောရမှာပါ.. မူလပိုင်ရှင် လက်ထဲ ပြန်ပေးရမှာ.. ငု ဘာလို့ ငိုချင်နေမှန်း မသိတော့ဘူး ကိုရယ်..
ငု ဘာလုပ်ရမလည်းဟင်.. ကို ့နားကိုပြေးလာပြီး မရမက ဖက်တွယ်ထားရမလား.. အလိုက်တသိနဲ့ရှောင်ထွက်ပေးရမလား.. အချစ်ဆိုတာ ပေးဆပ်ခြင်းလား.. ရယူခြင်းလား.. ငု လက်ခံတဲ့ အချစ်ဆိုတာက ချစ်သူကို ပျော်အောင် ထားခြင်းပါ.. ကို ခုချိန်မှာ ငု ဘက်က ပေးဆပ်မှုကို လိုချင်နေရှာမလား.. ဒါမှ မဟုတ် ကို ဘ့၀တစ်ခုလုံးကို ငု ရယူပိုင်ဆိုင် နိုင်ဘို့ကြိုးစားလိုက်တာက မှန်မလား.. ကို ဘာကို လိုချင်နေမလည်းဟင်.. ငု လေ တစ်ဘက်သတ်ကြီး ဆုံးဖြတ်ဘို့ထက်.. ငု လုပ်မိသမျှ အကုန်လုံးက ကို့အတွက် ဖြစ်စေချင်တယ် ကိုရယ်.. ”
ရင်ထဲက ပဲ့တင်ထပ်နေသော စကားသံများကို ချစ်ရသူ ကြားနိုင်စေဘို ့ ငု ဆုမတောင်းဖြစ်ခဲ့ပါ။
“ကျမ လိုက်သွားလိုက်ဦးမယ်..”
“ကျနော် လိုက်ပို ့ပေးရမလား.. မနွယ်..”
“ရပါတယ်.. ခုတလော သည်မှာနေ နေတယ်ပြောလို့လေ..”
“ဟုတ်တယ်ခင်ဗျ.. ခါတိုင်း သည်ချိန်ဆိုရောက်ပြီလေ.. သည်နေ့က နောက်ကျမယ်လို ့ မနက် ကတည်းက ပြောသွားတာ..”
“လွဲနေမှာလည်း စိုးတယ်.. ဘယ်ချိန်မှ ရောက်မယ်မှန်းမသိတော့ သည်မှာလည်း ထိုင်မစောင့်ချင်ဘူး.. ကျမမှာ ဖုန်းလည်း ပါမလာဘူး.. ကျမရောက်နေတာ ကိုမျိုးအောင်ပဲ သူ ့ဆီ ဖုန်းဆက်ထားပေးပါ.. အိမ်ကို လိုက်လာ နေပြီလို့ အိမ်ကနေ စောင့်နေဘို ့ ပြောပေးပါ..”
“ဟုတ်ကဲ့ ဟုတ်ကဲ့.. ကျနော် ခုပဲ လှမ်းပြောလိုက်ပါ့မယ်..”
စကားစ ဖြတ်ပြီး ထ ထွက်သွားသော နွယ့်ကို ငေးကြည့်ရင်း မိချို သက်ပြင်းချလိုက်မိသည်။ ငု ကိုလှည့်ကြည့်တော့ သူမ မျက်နှာလေးက ပြုံးယဲ့ယဲ့။ ပန်းနုရောင် သန်းနေသော နှာသီးဖျားလေးကို ကြည့်ရင်း သူမ ရင်ထဲတွင် သည်းထန်စွာ ငိုကျွေးနေပြီမှန်း မိချို သိလိုက်သည်။
“ငုရေ.. နင့် အတွေးအခေါ်တွေက ဆန်းလွန်းတော့ ငါလည်း လိုက်မမှီတော့ပါဘူးဟာ.. ဒါပေမယ့် နင် မှားနေတယ်လို့ပဲ ငါထင်တယ်.. နင်သူ့ကို တကယ် မချစ်တာလည်း မဟုတ်ဘဲ..
သူ့အချစ်ကို မယုံတာလား ဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး.. ငါ ဉာဏ်မှီသလောက် ပြောကြည့်ရရင် နင် အကုန်သိနေလို့ ခုလိုဖြစ်နေတာပါ.. တခါတလေ ဘာမှ မသိတာက ပိုကောင်းတယ်လို့ငါ့အမေပြောဘူးတယ်ဟ..
ခုလည်း နင်က သူ တို့ဇာတ်လမ်းကို အကုန်သိနေလို့နင့်စိတ်ထဲ စာနာစိတ်က ပိုနေတာပါ.. ဒါပေမယ့် နင် အခု နာကျင်နေရပြီးမဟုတ်လား ငု.. ဘယ်လောက်ပဲ သဘောထား ကြီးတယ်ပြောပြော ကိုယ့်ချစ်သူကို အပိုင်မလိုချင်ပါဘူး ဆိုတဲ့လူ ငါ မမြင်ဖူးသေးဘူး.. တကယ်တမ်း နင့်ကိုယ်နင် ညာနေတာပါ.. နင့်ကိုယ်နင် ညှင်းဆဲနေတာပါ ငုရယ်..”
မနွယ် ကြည့်ရတာလည်း အဆင်ပြေပုံမရ။ အစစအရာရာ အဆင်ပြေနေမှဖြင့် သည်နေရာသို ့ ယခုလို ဘယ်ပြန်ရောက်လာပါ့မလည်းနော်။ သူမကို မိချို မကြာခဏ မြင်ဘူးပါသည်။ ဦးတင့်ဆွေတို့ အိမ်တွင် မာလာ့ကို စာလာသင်သော မနွယ်နှင့် လာကြိုတတ်သော ဦးဉာဏ်လင်းညိုတို့အတွဲကို နှစ်ကြိမ်မက သူမ ဆုံဘူးသည်။
ဆိုင်တွင် အလုပ် ၀င်ကာစ တုန်းကပေါ့လေ။ နောက်ပိုင်း မိမိလည်း ထိုအိမ်သို့မရောက်ဖြစ်တော့သလို မနွယ် လက်ထပ်သွားပြီးနောက်ပိုင်းမှ ဦးဉာဏ်လင်းညို နှင့် အလုပ်ရှင် အလုပ်သမား အနေဖြင့် ငု နှင့်တပြိုင်နက် ရင်းနှီးခွင့် ရခဲ့သည်ပဲ။
အနေတည်သော ဦးဉာဏ်လင်းညိုက ဆိုင်မှ မိန်းကလေး အားလုံးနှင့် ခပ်ခွာခွာပဲနေသည်။ ငု နှင့် ရည်ငံနေသည်ကိုပင် အရင်းနှီးဆုံး ဖြစ်သည့်မိမိမှလွဲ၍ မည်သူမျှမသိကြသေး။ သည်တစ်ချက်ကတော့ဖြင့် ငုဝါ အတွေးခေါင်လွန်းသည်ဟု မိချိုထင်မိ၏။ ဘာပဲပြောပြော သည်သုံးယောက်ကြားတွင် မကြာမှီဖြစ်ပေါ်လာမည့် တစ်စုံတစ်ရာသည် သူငယ်ချင်းအတွက် အကောင်းဆုံး ဖြစ်ပါစေဟု ဆုတောင်းမိသည်ကတော့ အမှန်ပင်။
သည်တစ်ရက်က စာမေးပွဲ မဖြေမှီ နောက်ဆုံးတွေ့ရတာမို့ငု မျှော်နေမိသော်လည်း ညချမ်းပိုင်း သီဆိုဖြေဖျော်မှုတွေ စတင်သောအချိန်ထိ ကို ရောက်မလာခဲ့ပါ။ တနေကုန် ကြော်လှော်ချက်ပြုတ်ကာ ထည့်လာခဲ့သော ငပိကြော်၊ ငါးခြောက်ကြော်လေးများနှင့် ကို ကြိုက်တတ်သော သရက်သီးသနပ်၊ ကြက်သား အမွကြော် စသည့် တိုလီမိုလီစားစရာလေးများက ခြင်းတောင်းထဲရှိ ဗူးလေးများ အတွင်းတွင် ပိုင်ရှင်မဲ့နေရှာကြသည်။
ငု နှင့် ချစ်သူတွေ ဖြစ်ကြပြီးနောက်ပိုင်း ကို့စားရေးသောက်ရေး တွင် ငု လက်ရာလေးများ က မပါမဖြစ် အရေးပါခဲ့သည်လေ။ စာမေးပွဲရက်က ရှည်မည်မို့သည်ကြားထဲ မတွေ ့ဖြစ်ပါက ကို ဖြစ်သလို ကြုံသလို စားသောက်နေမည်ကို ငု စိတ်မချနိုင်။
စောင့်မျှော်ရသည့် ဒုက္ခ မည်မျှ ကြီးမားကြောင်း ငု လက်တွေ့သိလိုက်ရပါသည်။ ထိုနေ့ ညကအားလုံးပြီးစီး၍ အိမ်ပြန်ချိန် ရောက်သည့်တိုင် ကို ရောက်မလာခဲ့ပါ။ ငုလည်း မည်သည့် သီချင်းမျှ သီဆိုနိုင်တော့မည် မဟုတ်သောကြောင့် ဂီတာတစ်လက်နှင့် ထိုင်ခုံတစ်ခုတွင် ထိုင်ကာ တစ်ပုဒ်ပြီးတစ်ပုဒ် ထိုင်တီးပေးနေမိသည်။ ငု ထံမှ သီချင်းတောင်းဆိုသူများကို မေတ္တာရပ်ခံကာ ငု ကိုယ်စား ချိုက သီဆိုပေးသွား၏။ သူမရွေးချယ်သော သီချင်းက
“မီးပြတိုက်..”
“ယုံကြည်စွာပင် ကိုယ့်ရဲ့ သွေးများ ခန်းခြောက် သွားတဲ့ အထိလောင်ကျွမ်းရင်းနဲ ့ အလင်း များ ပေးဘို ့ ကိုယ်ပိုင်အလင်း.. မင်း အတွက် ကိုယ့်ရဲ့အချစ်.. သည်နေရာမှာ ခဏလောက် နားပြီးတော့ ပြန်ထွက်မှာလည်း သိလျှက်နဲ့ကူညီချင်.. ကိုယ် ဘာမှ မျှော်လင့် မထားပါ ကွယ်..”
ကြည်လင် ပီသသော မိချို၏ တေးသီချင်းသံက သည်နေ့မှ ပိုမို အသက်၀င်နေသလိုပင်။
“ငါ့ကို ကူညီ ခံစားပေးနေတာလား ချိုရယ်.. တကယ်တမ်း ငါ့ရင်ထဲကို နင် မြင်မယ် မထင်ပါဘူး.. ချစ်ခြင်းရဲ့ အနှစ်သာရက ချစ်ရသူကို ပိုင်ဆိုင်ခွင့်ရခြင်းလား..
ဒါဆို ငါတကယ် လမ်းပျောက်နေပြီ ချိုရေ.. ငါကိုယ်တိုင် ဘာကို လိုချင်နေမှန်း မသိနိုင်တော့အောင် ငါ လမ်းပျောက်နေပြီ..”
သီဆိုနေရင်း မိမိကို လှမ်းကြည့်ကာ ပြုံးပြနေသော ချစ်သူငယ်ချင်းကို ငုဝါ နှစ်လိုစွာ ပြန်ပြုံးပြလိုက်ပါသည်။ သို့သော် ပြုံးသူမှာ မျက်ရည်စ တွေနှင့်ပေါ့။
“ဘာဖြစ်လာတာလည်း နွယ်.. ငါ့ကို မငိုဘဲပြောဟာ.. လူကလည်း တအားပိန်သွားသလိုပဲ.. နင် နေရော ကောင်းရဲ့လား..”
“ငါ.. ငါ သူနဲ ့ လမ်းခွဲလိုက်တော့မယ် ဖိုးဉာဏ်..”
ရှိုက်သံ တစ်၀က်တစ်ပျက်နှင့် ပလုံးပထွေး ပြောလိုက်သော နွယ့်စကားကြောင့် သူ အံ့သြ ငေးငိုင် သွားမိသည်။ စိတ်ထဲတွင် ငု မျက်နှာကို ဖြတ်ကနဲ မြင်ရောင်သွား၏။ သည်နေ့မိခင်ဖြစ်သူကို ဆေးခန်းပြရမည်မို ့ လာမကြိုရန် မှာထားသည်။ သူကိုယ်တိုင် လိုက်ပို ့ရန် ပြောပါသော်လည်း ငုက လက်မခံ။
သို ့ဖြစ်၍ မရောက်တာ ကြာနေသော ဆိုဒ်တစ်ခုကို သူ တစ်နေကုန် သွားနေခဲ့၏။ ညနေစောင်း ပြန်ချိန်ရောက်တော့ မထင်မှတ်ဘဲ ၀င်လာသည့် ဖုန်းကြောင့် သူ့စိတ်တွေ လေးလံသွားခဲ့ရသည်။ တချိန်က မျှော်လင့်မိသော အခြေနေတစ်ခု တစ်ကယ်ဖြစ်လာတော့မည်ကို ကြောက်မိသည်ဆိုလျှင် သူ တရားပါရဲ့လား။
ယခုလက်ရှိ သူ့ခံစားချက်က နွယ့် အပေါ်တွင် မျှော်လင့်ခဲ့ဖူးသော အချစ်စိတ်ကို သစ္စာဖောက်သလိုများ ဖြစ်နေပြီလား။ သည်အချိန်တွင် သူ ့ရင်ထဲ၌ အပြည့်အ၀ နေရာယူနေသူက ငုဝါဆိုသော မိန်းကလေး တစ်ဦးတည်းသာ ဖြစ်သည်ဆိုပါလျှင် သူ တရားပါရဲ့လား။
နွယ့်ကို ချစ်ခဲ့သော အချစ်သည် သာမန်ရေပွက်တစ်ခုလို အချစ်မျိုး မဟုတ်ခဲ့မှန်း သူသာလျှင် အသိဆုံးပင်။ သို့သော် ယခု အချိန်တွင် သူမအပေါ်ရှိနေသော သူ့ဆန္ဒက သာယာသော အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်စေလိုခြင်းပါဟု သူပြောမည်ဆိုလျှင် ဤစကားသည် တချိန်က မျှော်လင့်ခဲ့မိခြင်း အပေါ် အပြစ်ကင်းပါရဲ့လား။ နင် ဘယ်အခြေနေရောက်ရောက် ငါစောင့်နေမယ် ဟု သူပြောခဲ့ဘူးသည်ပဲ။
“နင် ရန်ကုန်ရောက်နေတာ အမေသိပြီးပြီလား..”
“ဟင့်အင်း.. ငါ နင့်ဆီ တန်းလာခဲ့တာ..”
စိတ်ရှုပ်သွားတာမျိုး မဟုတ်သော်လည်း ရင်ထဲတွင် နင့်ကနဲ ခံစားလိုက်ရသည်ကတော့ အမှန်ပင်။ သူမ ပြောပြပုံအရ သူတို ့နှစ်ဦး အိမ်ထောင်ရေး ပြဿနာက မိမိနှင့် မသက်ဆိုင်ဘူးဟု ပြောရမည်လား မိမိကြောင့်ဟု ပြောရမည်လား။
တကယ်တမ်း သူ ့အနားတွင် ငု ရှိမနေပါလျှင် သည်အချိန်တွင် သူ့ဆုံးဖြတ်ချက်က မည်သို့ ဖြစ်မည်နည်း။ တချိန်က ချစ်ခဲ့ရသူမိန်းကလေးက သူ့ထံ အားကိုးတကြီး ရောက်လာနေသည်။ လက်ရှိ မြတ်နိုးနေရသော မိန်းကလေးက သူ ့ဘ၀၏ ကွက်လပ်ပေါင်း များစွာကို ဖြည့်ဆည်း ပေးခဲ့သူ။
“နင့် ဆုံးဖြတ်ချက်ကို အမေ မသိသေးဘူးပေါ့ ဒါဆို..”
“ဟင့်အင်း.. သိလို့လည်း ဖြစ်မယ် မထင်ဘူးလေ.. ငါတို့တနေနေရာကို ထွက်သွားရအောင် ဖိုးဉာဏ်ရယ်.. နင် ငါ့ကို ခေါ်သွား ပေးမယ် မဟုတ်လားဟင်..”
“နွယ် ရယ်...”
ငိုရှိုက်ရင်း ရင်ခွင်ထဲ တိုး၀င်ကာ တောင်းဆိုလာသော နွယ့်ကို အလိုက်သင့်ထွေးပွေ ့မိသော်လည်း ပြန်ပြောစရာ စကားလုံးမရှိခဲ့ပါချေ။ သူ့တစ်ကိုယ်လုံးတောင့်တင်းကာ နှလုံးသားတို့က ပေါက်ထွက် မတတ် နာကျင်နေတော့သည်။ ကို ဘယ်လို ဆုံးဖြတ်ရမှန်း မသိတော့ဘူး ငု ရယ်။
ကိုက သိပ်ညံ့တဲ့ ယောကျ်ား တစ်ယောက် ဖြစ်နေပြီလား။ ငု ကိုချစ်တယ်။ ဘယ်လို တွေးတွေး ကို ငုကို သိပ်ချစ်ပါတယ်။ ခုချိန်မှာ သူအတွေ့ချင်ဆုံးလူက ငုလေးပင်။ ငုလေးသာ အနားမှာရှိရင် ကို့ကို ဘာပြောမလည်း။ ချစ်သူဖြစ်ကာစက သူ့နောက်ကြောင်း ရာဇ၀င်များအပေါ်တွင် ငုလေး သံသယ ရှင်းစေရန် ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့ဘူးသည်။ ထိုအချိန်တုန်းက
“ဆရာတို့နှစ်ယောက် ဆန္ဒတွေ ပြင်းပြနေရင် တစ်နေ့ဆုံရမှာပါ.. ငု ဆုတောင်းပေးပါ့မယ်…”
ဟု သူမပြောခဲ့ဘူး၏။ သူ့အပေါ် ငြိုငြင်မသွားဘဲ အရာရာ နားလည်နိုင်လွန်းသော ချစ်သူကို ကျေးဇူးတင်မိသည်မှာ အမှန်ပင်။ တနေ့တခြား သိလာရသော သူမ၏ အေးမြသော ချစ်ခြင်းများက သူ့ရင်ခွင်တစ်ခုလုံးကို စိမ်းလန်း စိုပြည်စေခဲ့သည်။
“စိတ်အေးအေးထားပြီး ဆုံးဖြတ်ကြမယ်လေနွယ်.. နော်..”
“ဟင့်အင်း.. ငါ.. ငါဆုံးဖြတ်ပြီးပြီ ဖိုးဉာဏ်.. ငါ တစ်ခါမှားခဲ့ပြီးပြီ.. တစ်သက်လုံး သည်အမှားကြီးထဲမှာ မနေချင်တော့ဘူး.. ငါ အရမ်း ပင်ပန်းနေပြီဟာ..”
“အေးပါနွယ်ရယ်.. ခုလောလောဆယ် နင် အငိုတိတ်တော့ဟာ.. နော်.. ငါရှိတယ်လေ.. နင့် ဘေးမှာ ငါရှိတယ်.. နော်.. တိတ်တော့.. စိတ်ကိုလျှော့.. မျက်စိမှိတ်ပြီး ခဏနား.. မိုးချုပ်တော့မယ် နင်ဘာမှလည်း မစားရသေးဘူး မဟုတ်လား.. တစ်ခုခု သွားစားမယ်လေ..”
“ဟင့်အင်း ငါ အပြင်ပြန်မထွက်ချင်တော့ဘူး.. ဘာမှလည်း မစားချင်တော့ဘူး..ငါ သည်မှာ အိပ်မယ်နော် ဖိုးဉာဏ်.. ဖြစ်တယ် မဟုတ်လားဟင်..”
“ဘာလို့ မဖြစ်ရမှာလည်း နွယ်ရယ်.. ဒါပေမယ့် ဘာမှ မစားလို့တော့ မရဘူးလေ.. နင် ပြန်မထွက်ချင်လည်း ငါပဲ တစ်ခုခု သွား၀ယ်လိုက်မယ်.. ရေမိုးချိုးထားပေါ့.. လန်း သွားအောင်..”
ညစာအတွက် အပြင်ထွက်၀ယ်ခြမ်းရင်း ဆိုင်သို့ ဖုန်းခေါ်ကြည့်လိုက်သည်။ သည်ချိန်ဆို ငုလေး သီချင်း ဆိုနေမလား။ ညစဉ်ညတိုင်း သူမ၏ သီချင်းဆိုသံကလေးနှင့် သူအိပ်စက်ခွင့်ရခဲ့သည်မှာ ရက်ပေါင်း တစ်ရာ မကတော့ပြီ။ ပရိတ်သတ်များကို ဖျော်ဖြေသော သူမ၏ သီဆိုမှုများတွင် သီချင်းခေါင်းစဉ်ဖြင့် တောင်းဆိုမှုများမှ လွဲ၍ သူ့အတွက်သာ ရည်ရွယ်မှန်း သူတို့ နှစ်ဦးတည်းသာ သိသည်ပဲလေ။
သည်နေ့အဖို့တော့ သူမ မျက်နှာလေးကို မြင်ခွင့်ရတော့မည်မထင်။ သူမလည်း သူ့ကို မျှော်နေလောက်ပြီ။ နွယ်က ဆိုင်သို့ အရင်ရောက်ခဲ့သည် ဖြစ်ရာ ငု နှင့်များ ဆုံဖြစ်ကြသေးလား။
သည်ည သူမလာနိုင်တော့တာ နွယ့်ကြောင့် ဆိုတာသိရင် ငုလေး သိပ်ခံစားနေရရှာမလား။ ဘာပဲဖြစ်ဖြစ် သူ့အပေါ် နားလည်ပေးနိုင်လွန်းသော ပါရမီဖြည့်ဘက် ချစ်သူလေးမို့ ခုလည်း နားလည်မှု များစွာဖြင့် ရှိနေမည် ဖြစ်ကြောင်း သူ ယုံကြည်မိသည်တော့ အမှန်ပင်။စာမေးပွဲနီးပြီမို့ ခွင့် ယူရမည့်အကြောင်း မနေ့ညက သူမ ပြောထားသည်။ နောက်ဆုံးနှစ်စာမေးပွဲ အချိန်စာရင်းနှင့် သူမဖြေဆိုရမည့် အဆောင် အခန်းတို့ကို သူ စုံစမ်းထားပြီးနှင့်ပြီ။ ကပ်စီးနဲ ချစ်သူလေးကို ရုတ်တရက် ကျောင်းသို့ လိုက်သွားပြီး လက်ချင်းတွဲကာ လမ်းလျှောက်ပစ်လိုက်ဦးမည်။
ခုလောလောဆယ်တော့ ဖုန်းက ခေါ်လို့မရ။ ကြည့်ရတာ ဖျော်ဖြေရေး အစီအစဉ်များ စ နေသောကြောင့် ဖုန်းမြည်သံကို မကြားကြခြင်းများလား။ သည်အချိန်ဆိုင် လိုက်သွားရအောင် ကလည်း အိမ်တွင် တစ်ယောက်တည်း ကျန်ခဲ့သော နွယ့်ကို စိတ်မချပြန်။
နွယ့်ကြည့်ရတာ ကျန်းမာရေး အတော်ပင် ချို ့တဲ့နေပုံရသည်။ မိမိထံမှ ခွန်အားတစ်ရပ်ကို အလိုရှိနေသော သူမ ကိုလည်း လစ်လျူမရှုရက်နိုင်ပါချေ။ သည်အချိန်တွင် သူမကို နားအလည်နိုင်ဆုံးက မိမိ တစ်ဦးတည်းသာ ရှိသည်မဟုတ်ပါလား။ သည်သို့ တွေးမိပြန်တော့ နားထဲတွင်
“ငါတို ့ တနေနေရာကို ထွက်သွားရအောင် ဖိုးဉာဏ်ရယ်.. နင် ငါ့ကို ခေါ်သွား ပေးမယ် မဟုတ်လားဟင်..”
ဟူသော စကားစုက နားထဲတွင် တ၀ဲလည်လည်။
သူအိမ်ပြန်ရောက်တော့ နွယ် က အိပ်ပျော်နေရှာပြီ။ ခရီးပန်းသည့်ဒဏ်နှင့် စိတ်ပင်ပန်းမှုများကြောင့် ထင်ပါရဲ့လေ။ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် အိပ်မောကျနေသော နွယ့်ကို အသာပွေ့ကာ အိပ်ယာပေါ်ချ၊ စောင်ခြုံပေးပြီး သူမ မျက်နှာကို ငေးစိုက်ကြည့်မိ၏။ သောကရိပ်တို့ လွှမ်းနေသည့်တိုင် သူမ အလှက ညှို့ချက်ပြင်းနေဆဲ။
တချိန်တည်း သူ တမ်းတမ်းတတ သတိရမိသည်က ငုဝါ။ လွမ်းတယ် ငုရယ်။ ကို ဘာလုပ်ရမလည်း.. ဘာလုပ်သင့်လည်း..။ ခေါင်းအုံးတစ်လုံးဆွဲကာ ဧည့်ခန်းသို့ ပြန်ထွက်လာခဲ့ပြီး ဆိုဖာပေါ်တွင်လှဲလိုက်သည်။ သည်ည အဖို့တော့ ၀ယ်လာသော စားစရာ အားလုံး အလကားဖြစ်ပြီပေါ့လေ။
မျက်လုံးမှိတ်ကာ အိပ်စက်လိုက်တော့ အာရုံတွင် မပီ၀ိုးတဝါး ပေါ်လာသည်က မိန်းကလေးတစ်ဦး။ နွယ်သာကီလား ငုဝါလား.. မသေချာပေမယ့် ထိုမိန်းကလေးက ဂီတာလေးတစ်လက်နှင့် သီချင်းညည်းနေသည်လေ။
“ေဝါ့…အော့…”
“ခွမ်းးး ခလွမ်းးး…”
အိပ်ခန်းတွင်းမှ ဆူူဆူညံညံ အသံများကြောင့် သူရုတ်တရက် လန့်နိုးသွားသည်။ အိပ်နေကျ နေရာ မဟုတ်တော့ မိမိအိမ်ပင်ဖြစ်လင့်ကစား အနည်းငယ် အူကြောင်ကြောင် ဖြစ်သွား၏။
“ငါ ဘယ်လိုလုပ်… အော်.. ညက ဆိုင်မှာ အိပ်တာ မဟုတ်ဘူးပဲ.. ”
ပြန်တွေးမိသွားမှ အိပ်ခန်းထဲက အသံများဆီသို့ အသိစိတ် ရောက်သွားသည်။
“ဘာဖြစ်တာလည်း နွယ်.. ဟာ.. အန်တာလား.. နင် ညက ဘာမှ မစားဘဲ အိပ်တာကိုးး.. အာ့မို့ လေခံသွားတာနေမယ်..”
“အွန်း… ရေသောက်မလို့.. ဖန်ခွက်ကို လက်နဲ့ တိုက်မိသွားလို့..”
“ခဏလေး.. ငါ နောက်တစ်ခွက် သွားယူပေးမယ်.. ရှ မယ်နော် နွယ်.. ပြီးမှ ငါသိမ်းလိုက်မယ်.. ထားလိုက်..”
ပြန့်ကျဲနေသည့် ဖန်ကွဲစများကို သိမ်းရင်း ငု နှင့် ဆုံခဲ့သော နေ့လေးကို သတိရမိပြန်သည်။ သွက်လက်ချက်ချာပြီး ချစ်စရာကောင်းသော ကောင်မလေး။ ထိုနေ့က သူ့ခြေထောက်ကို လက်ကိုင်ပုဝါ ဖြူဖြူလေးနှင့် ချည်နှောင်ခဲ့သလို သူ့နှလုံးသားကိုလည်း ဖြူစင်သော ချစ်ခြင်း မေတ္တာများဖြင့် ချည်နှောင်ခဲ့သည်လေ။ ကုတင်ပေါ်တွင် ထိုင်နေသော နွယ် က
“မျက်နှာ သစ်လိုက်ဦးမယ်.. ”
ဟုပြောရင်းနှင့် ထလိုက်စဉ် လူက မိုက်ကနဲဖြစ်ကာ လဲကျသွားတော့၏။
“ဟာ.. နွယ်.. သတိထားလေ.. အာ မဖြစ်ဘူး.. ဆေးခန်းသွားလိုက်ရအောင်.. နော်..”
ညင်သာစွာ တွဲထူရင်း အနီးဆုံး အထူးကုဆေးခန်း တစ်ခုသို့ ရောက်ခဲ့တော့သည်။ လိုအပ်သော စစ်ဆေး စမ်းသပ်မှု အပြီးတွင် ဆရာ၀န်ဖြစ်သူက ပြုံးရွှင်သော မျက်နှာပေးဖြင့် သူ့ထံ လက်ကမ်းကာ..
“ကွန်ဂရက် ကျူလေးရှင်းပါ ညီကိုရေ.. ခင်ဗျားတော့ ကလေးချီဘို့သာ ပြင်ထားပေတော့ဗျား…”
ဆရာ၀န်၏ ဆိုစကားကြောင့် သူတို့နှစ်ဦးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာအတန်ငယ် ငြိမ်သက် သွားကြတော့သည်။ရိုးရှင်းသောဂုဏ်ပြုစကား ဖြစ်သော်ငြား ကြားလိုက်ရသော နွယ့်အဖို့ နားထဲမှသည် နှလုံးသားထဲအထိ သိမ့်ကနဲလှုပ်ခတ်သွားလေသည်။ အမည်ဖော်ပြရန်ခက်သော ခံစားချက်တစ်ခုက လက်၀ဲဘက် ရင်အုံတစ်နေရာတွင် လှိုင်းထလျှက်။
မနေ့ညက အတော်နှင့် အိပ်မပျော်သော်လည်း သည်မနက် အစောကြီးနိုးနေမိသည်။ အိပ်ယာနဘေးရှိခုံပုလေးပေါ်တွင် ကို့ အတွက် ရည်ရွယ်ကာ ချက်ပြုတ်ကြော်လှော်ထားသော ဟင်းဗူးလေးများက သည်အတိုင်း အစီအရီ။ အိပ်ယာမှ လူးလဲထရင်း ရုတ်တရက်ပေါ်လာသော စိတ်ကူးလေးကြောင့် မျက်နှာသစ်ရင်း ရေချိုးရန် ပြင်ဆင်လိုက်၏။ ချစ်သူကို ပိုင်ဆိုင်ခွင့်ရဘို့ မယုံကြည်ရဲခဲ့သော်လည်း တတ်နိုင်သလောက်လေးတော့ ကြိုးစားချင်မိသည်။
ကို ဘာတွေ ဖြစ်နေလဲ.. ဘယ်လို ဆုံးဖြတ်မှာလဲ.. ကို့ရွေးချယ်မှုက ဘယ်သူဖြစ်လေမလဲ.. အပြောနှင့် အလုပ်မညီဘူးပဲ ဆိုဆို ဟိုတုန်းကပြောခဲ့ဘူးသော
“ဆရာတို့ပေါင်းရဘို့ ဆုတောင်းပေးပါ့မယ်”
ဟူသော စကားကို ငုရင်ထဲမှာ နောင်တရမိနေတာ ကြာပြီပဲ။ ခုလည်း ရေမိုးချိုး ပြင်ဆင်ကာ ဟင်းဗူးလေးများ ထည့်ထားသော ခြင်းတောင်းကလေးဆွဲ၍ ထွက်လာခဲ့သည်။ တကယ်တမ်း သည်စားစရာတွေ ချက်ပြုတ် ပြင်ဆင် ခဲ့ခြင်းက နောက်ရက်တွေ ကို့ စားရေးသောက်ရေး အဆင်ပြေစေဘို့ တစ်ခုတည်းပါ။
ခုတော့ ကို့ အိမ်သို့ သူမ ထွက်လာခဲ့သော ရည်ရွယ်ချက်က သည်တစ်ခုတည်း မဟုတ်တော့မှန်း သူမသာလျှင် အသိဆုံးပင်။ ရင်ထဲက ထပ်တလဲလဲ ရေရွတ်နေမိသော စကားစုက..
“ကိုရေ.. ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ငု ကိုလည်း ထည့်စဉ်းစားပေးပါနော်…”
ဟူ၍။
တက်စီပေါ်မှ ဆင်းလိုက်တော့ သော့ခတ်ထားသော ခြံတံခါးလေးက အသက်ကင်းမဲ့စွာ။ မိမိကို ပေးထားသော အိမ်သော့ကို ထုတ်ယူကာ တံခါးဖွင့်၀င်လာလိုက်သည်။
အလုပ်ပဲ စောသွားတာလား.. တစ်ဆိုင်ဆိုင်တွင် မနက်စာ ဘာညာ သွားစားနေသလား.. သူမ ခွင့်ယူထားသော ရက်များတွင် ကို လည်း ဆိုင်သို့လာဖြစ်မည် မဟုတ်ကြောင်းနှင့် မြို့ထဲနှင့် ေ၀းသော ဆိုဒ်တစ်ခုသို့ သွားရောက် ကွပ်ကဲမည်ဖြစ်ကြောင်း သိထားနှင့်သည်မို့ သည်အချိန် အိမ်တွင် ရှိမနေခြင်းကို သူမ အထွေအထူး မစဉ်းစားခဲ့မိပါ။
သူမနှင့် ချစ်သူဖြစ်ကြပြီးနောက် ကို့ ကိုယ်ပိုင်ချိန်များသာမက အလုပ်ချိန် အချို့ကိုပါ သူမအတွက် ရံဖန်ရံခါ ဖဲ့ပေးခဲ့ရသည်ပဲလေ။ အိမ်တံခါးဖွင့်ပြီး ၀င်လိုက်တော့ ဧည့်ခန်းဆိုဖာပေါ်တွင် ဖရိုဖရဲဖြစ်နေသော ခေါင်းအုံးနှင့် စောင်တစ်ထည်။
ဟင်းဗူးများ သွားထားပြီးမှ သိမ်းပေးရန် စိတ်ကူးမိသည်နှင့် မီးဖိုချောင်သို့ တန်း၀င်လာလိုက်သည်။ ဟင်းလင်းပွင့်နေသော အိပ်ခန်းရှေ့မှ အဖြတ်၊ အတွင်းသို့ အမှတ်မထင် မျက်လုံးအကြည့် ရောက်သွားစဉ် မြင်လိုက်ရသည်က ကုတင်ပေါ်တွင် ခရီးဆောင်အိတ်တစ်လုံး။
ဘုရားဘုရား.. မဟုတ်ပါစေနဲ့.. ထိတ်ကနဲ့ လှုပ်ခတ်သွားသော အသိစိတ်ကို ထိန်းရင်း အိပ်ခန်းထဲ ၀င်လိုက်မိသည်။ ပွင့်နေသော အိတ်အတွင်းရှိ အမျိုးသမီး အ၀တ်အစားများက သူမကို အနိုင်ယူသည့် အပြုံးဖြင့် သရော်လှောင်ပြောင်နေသလိုလို။
အနားရှိ စားပွဲအောက်တွင်လည်း ပွစာကျဲနေသော ဖန်ကွဲစများ။ တွန့်ကျေနေသော အိပ်ယာခင်းနှင့် ကုတင် ခြေရင်းတွင် ချထားသော အတွင်းခံ ဘရာစီယာ၊ ပင်တီလေးနှင့် ညအိပ်ဂါ၀န် တစ်ထည်။ခြေလှမ်းတို့ကို တရွေ့ရွေ့ နောက်ဆုတ်ရင်း ကျောနှင့်နံရံ ထိသွားမှန်း သတိထားမိမှပင် အသိစိတ် ၀င်လာတော့သည်။ ကို့ရွေးချယ်မှုက ငု ဘက်မှာ မရှိဘူးပေါ့နော်.. ကြိုတွေးထားပေမယ့် တကယ်ကြီး ခံစားရတော့လည်း မလွယ််လိုက်တာ။ ခြင်းတောင်းလေး ကိုင်လျှက်ကပင် ဧည့်ခန်းဆီသို့ ခြေဦး ပြန်လှည့်မိသည်။
ဆိုဖာပေါ်မှာ ရှိနေတဲ့ ခေါင်းအုံးနဲ့ စောင်ကကော.. ဘယ်လိုသဘောပါလိမ့်.. ကို ညက သည်မှာ အိပ်တာကော မဖြစ်နိုင်ဘူးလား.. မနွယ်က အိပ်ခန်းထဲမှာ တစ်ယောက်တည်း.. ကို က အပြင်မှာ တစ်ယောက်တည်းလေ.. သည်လိုလည်း ဖြစ်နိုင်တာပဲလေ နော်။ ကိုယ်လိုရာဆွဲ တွေးမိရင်း မျက်လုံး အကြည့်က ဆက်တီခုံအောက်မှ တစ်ပိုင်းတစ်စ အစွန်းထွက်နေသော ပန်းနုရောင် စာရွက်လေးဆီ ရောက်သွားမိသည်။ အနားသွားကာ ဆောင့်ကြောင့်ထိုင်ပြီး စာရွက်လေးကို ဆွဲထုတ်လိုက််မိ၏။
မိန်းမသားတစ်ယောက်ဘ၀တွင် အစစ အရာရာ ဆုံးရှုံးခြင်းကို ခံစားရလိုက်ရပါသည် ဆိုလျှင် ထိုခံစားချက်သည် အသက်တမျှ မြတ်နိုးရသူ၏ စွန့်လွှတ်ခံရခြင်းကို ဖော်ညွှန်းသည်သာ ဖြစ်ပါလိမ့်မည်။
“ကို.. ချစ်တယ်ဆိုတာထက် အများကြီးပိုချစ်တယ်..”
ချစ်သူသက်တမ်း (၃) လ ပြည့်သည့်နေ့က ငု ပေးခဲ့သော လက်ဆောင် စာရွက်လေး။ ကို့ အနေအထားနှင့် ယှဉ်ပါလျှင် စုတ်ပြတ်နုံခြာလွန်းသော၊ ရယ်စရာဟာသ တစ်ခုသက်သက် မျှသာဖြစ်သော၊ ကို့ အသက်အရွယ်နှင့် ယှဉ်လျှင် အလွန်တရာ ကလေးကလား နိုင်လွန်းသော၊ နောက်ဆုံး ကို့ အချစ်ဦးနှင့် ယှဉ်လျှင် မည်သို့မျှ အဘိုးမတန်သောလက်ဆောင်။
တဆတ်ဆတ်တုန်ရီနေသော စာရွက်လေးက ငု နှလုံးသား၏ ကမောက်ကမ စည်းချက်များကို ဖော်ပြနေလေသည်။ အံကိုတင်းတင်းကျိတ်ရင်း ထိုင်ရာမှ ထ ကာ အိမ်တံခါးဆီသို့ ခြေဦး လှည့်ခဲ့မိတော့သည်။ အားလုံး ပြီးဆုံးသွားခဲ့ပြီပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကို့ ရင်ထဲတွင် ငု နှင့် ပတ်သက်၍ သံယောဇဉ် အငွေ့ အသက်တော့ ရှိကောင်း ရှိခဲ့မည် ထင်ပါသည်။ အနည်းဆုံးတော့ နှလုံးသား၏ ေ၀ဒနာရပ်တစ်ခုကြောင့် အထီးကျန်နေသော ကို့ ကို သူမ ကောင်းစွာ အဖော်ပြုပေးနိုင်ခဲ့သည်မဟုတ်ပါလား။
ခြင်းတောင်းလေးထဲမှ စားစရာများကို တစ်ချက် ငုံ့ကြည့်ရင်း ထားခဲ့ရကောင်းမည်လားဟု တွေးမိပါသေးသည်။ သို့သော် မနွယ်ကများ တစ်စုံတစ်ရာ မေးခဲ့ပါလျှင် ကို မည်သို့ ဖြေရှင်းမည်နည်း။ သူမ စေတနာကြောင့် ချစ်သူကို အခက် မတွေ့စေချင်ပါ။ သည်အချိန်တွင် ကို့ လိုအပ်ချက်က ယခုကဲ့သို့သော အဘိုးမတန်သည့် အစားအစာလေးများလည်း ဟုတ်မည်မထင်ပါ။
ယခု အချိန်တွင် သူမ အလုပ်သင့်ဆုံးက အရာရာနေထားတကျဖြစ်သွားသော ကို့ ဘ၀ ထဲမှ တိတ်တဆိတ် ထွက်သွားပေးခြင်း မှလွဲ၍ အခြား မရှိနိုင်ပြီပဲ။ အချစ်ဆိုတာ ပေးဆပ်ခြင်းလား၊ ရယူပိုင်ဆိုင်ခြင်းလား၊ တကယ်တမ်း တွေးကြည့်တော့ အချစ်ဆိုတာ ချစ်သူ၏ လိုအင်ဆန္ဒနဲ့ ကိုက်ညီအောင် ဖြည့်ဆည်းခြင်း သက်သက်ဟု ငု ယူဆမိပါသည်။ကွဲအက်သွားသော နှလုံးသားတစ်ခု အတွက်တော့ အချိန်ကိုပဲ အားကိုးရမည်ပေါ့လေ။ အင်အား ယုတ်လျှော့နေသော ခြေလှမ်းများဖြင့် အိမ်သို့ ပြန်လာခဲ့လိုက်သည်။
.........................................................................................................
အခန်း (၂၀)
အင်းယားကန်ရေပြင်ကို ဖြတ်သမ်းတိုက်ခတ်လာသော လေနုအေးက နွမ်းလျနေသော နွယ့်ကို အတန်ငယ် လန်းဆန်းသွားစေလေသည်။ ကန်ရေပြင်တွင် လှုပ်ခတ်နေသည့် ငွေရောင် လှိုင်းကြပ်ခွပ်လေးများက နွယ့်အတွေးတို့ကို မိုင်ပေါင်း များစွာဆီသို့ ခေါ်ဆောင်သွားကြ၏။
လွန်ခဲ့သော ရက်အနည်းငယ်က သည်လိုကန်ပေါင်ပေါ်တွင် ခင်ပွန်းဖြစ်သူနှင့် အတူ လမ်းလျှောက် ခဲ့သေးသည်ပဲ။ ဆေးခန်းမှ အထွက် တနေရာရာတွင် စကားပြောကြရန် ဖိုးဉာဏ်က ပြောလာတော့ အင်းယားကန်ဘောင်ကို သူမ ရွေးချယ်မိသည်။ နေ့စဉ်မြင်နေကျ မြင်ကွင်းတို့ကို မသိစိတ်က တောင့်တခြင်းများလေလား။ သည်လိုကန်ရေပြင်ကို ကြည့်ရင်း သားသမီးလေးများနှင့် အတူလမ်းလျှောက်ရမည့်နေ့ကို မျှော်နေသော ကိုထက်အောင်။ ယခု မိမိ၀မ်းကြာတိုက်တွင် သူမျှော်လင့်နေသော ရင်သွေးလေး ရှိနေပြီဖြစ်ကြောင်း သိလျှင် မည်သို့များနေမည်နည်း။
လွန်ခဲ့သော လက နှစ်ဦးသား ရန်ဖြစ်စကားများပြီးနောက် အေးစက်လာသော ဆက်ဆံရေးများကြောင့် စိတ်ဆင်းရဲခဲ့ရသောနွယ်.. မိဘများရှိရာသို့ပြန်ရန် တောင်းဆိုခဲ့သည်။ အချစ်ဟောင်းနှင့် တွေ့ဆုံရန် ဟူသော အထေ့အငေါ့ စကားများကြောင့် သူနှင့်နွယ် အကြီးအကျယ် ရန်ဖြစ်ကြရပြန်၏။ နောက်ဆုံးတော့ သူ့ခွင့်ပြုချက် မပါဘဲ နွယ့်ဆန္ဒ သက်သက်နှင့် ပြန်ချလာခဲ့သည်။
စိတ်ထင်တိုင်း ဆုံးဖြတ်ကာ မိဘအိမ်သို့ မပြန်ဘဲ ဖိုးဉာဏ်ထံသို့ သူမ ရောက်လာခဲ့သည်။ လွဲခဲ့သော ဆုံးဖြတ်ချက်တို့ကို ပြင်ဆင်ရင်း ဘ၀သစ်တစ်ခုကို တည်ဆောက်ရန်။ ခုတော့ သူမ စိတ်ကူးတို့ အတန်ငယ်ရှုပ်ထွေး သွားရသည်။ တကယ်တမ်းစဉ်းစားတော့ မိမိက အိမ်ထောင်သည် မိန်းမသားတစ်ဦး။ ထို့ထက်ပိုသည်က မိခင်လောင်းတစ်ဦး။ သည်လို အခြေအနေမျိုးတွင် မိမိဆုံးဖြတ်ချက်က လွယ်ထားရသော ရင်သွေးအတွက်ပါ အရေးကြီးနေသည် မဟုတ်ပါလား။
ခုံတန်းလေးတွင် ငူငူလေး ထိုင်နေသော နွယ့်ကို ကြည့်ရင်း သူ ပင့်သက်ချမိသည်။ လက်ရှိအခြေအနေရ သူမ အိမ်ထောင်ရေး ပြဿနာသည် မိမိနှင့် တိုက်ရိုက် ပတ်သက်နေသည့်အပြင် ခုတိုင်း ဆိုပါလျှင် ပိုမို၍ ရှင်းရခက်သော အခြေအနေများ ဖြစ်ကောင်းဖြစ်သွားနိုင်သည်ပဲ။ အိမ်ပေါ်မှ ဆင်းလာသော ဇနီးသည်က မိဘအိမ်မပြန်ဘဲ အချစ်ဟောင်းဆီ ရောက်လာသည် ဆိုသော အဖြစ်မျိုး။ ကိုထက်အောင်နေရာမှာ သူဆိုလျှင်ကော သည်သို့ အခြေအနေကို လက်ခံနိုင်ပါ့မလား။
ခုတစ်ခါ သူမထံတွင် ကိုယ်၀န်ရှိနေပြီ ဆိုပြန်တော့..။ မည်သို့ပင် ဆိုစေ နွယ် နှင့် မိမိ ဆက်ဆံရေးသည် ရိုးရှင်းခဲ့ပါကြောင်း သက်သေ ပြရန်တော့ လုံး၀ လိုနေပြီ။ အကယ်၍ များ ကိုထက်အောင်သည် သူ့လိုလူမျိုးသာ ဆိုပါလျှင် မိမိရင်သွေးက တစ်ပါးသူကို အဖေခေါ်မည့် အရေးမျိုး မည်သို့မျှ လက်မခံနိုင်ချေ။
မိမိအနေနှင့်လည်း စောင့်ထိန်းခဲ့သော သစ္စာတရားကို မည်သည့်နည်းနှင့်မျှ ပွန်းပဲ့ မခံနိုင်။ နောက်တစ်ခု တွေးမိသည်က ငုဝါ.. မိမိ၏ အထီးကျန်ဘ၀ကို စိုပြေစေခဲ့သော မိန်းကလေး.. ယခုအချိန် သူ့ဘ၀ထဲတွင် ငုဝါ ရှိမနေခဲ့လျှင်ပင် သည်ပုံစံ အတိုင်းနှင့်တော့ နွယ့်ကို သူ လက်မတွဲလိုပါ။ အနည်းဆုံးတော့ သူစောင့်ထိန်းခဲ့သော သိက္ခာနှင့် ကိုယ်ကျင့်တရားကို သက်သေပြဘို့ မဖြစ်မနေကြိုးစားသင့်သည် မဟုတ်ပါလား။
“နင် ဘာဆက်လုပ်မယ် စိတ်ကူးလဲ နွယ်…”
“ဘာလုပ်သင့်လဲ…”
“ငါ ဆုံးဖြတ်ပေးရင် နင် လက်ခံမလား…”
“ပြောကြည့်…”
“ကိုထက်အောင်ဆီ ပြန်ရမယ်နွယ်.. ငါ ကိုယ်တိုင် လိုက်ပို့ပေးမယ်…”
“………..”
“ငါမြင်သလောက် နင်တို့ပြဿနာက ဘာမဟုတ်တဲ့ စကားလေးတစ်ခွန်းကနေ စ တာလေ.. သူ အထင်လွဲတယ် ဆိုရင်တောင် နင်ဖြေရှင်းသင့်တယ် မဟုတ်ဘူးလား…”
“ဖိုးဉာဏ်.. နင်.. နင် ငါ့ကို…”
“မဟုတ်ဘူးနွယ်.. နင့်စိတ်ထဲ ဘယ်လိုတွေးသွားလည်း ငါသိတယ်.. နင် ထင်နေသလို လုံး၀ မဟုတ်ဘူး.. ငါ နင့်ကို ဘယ်လောက် ချစ်ခဲ့လဲ.. နင် လက်ထပ်မယ် ဆိုတုန်းက ငါ ဘယ်လောက်ထိ တားခဲ့လဲ.. ငါ နင့်ကို အပြစ်ပြောနေတာလည်း မဟုတ်ဘူးနော်.. ”
“ဒါပေမယ့် ခုချိန်မှာတော့ နင်ငါ့ကို လက်မခံနိုင်တော့ဘူး မဟုတ်လား ဖိုးဉာဏ်..”
“အာာ.. ငါ ဆိုလိုတာ ဒီသဘော မဟုတ်ဘူးလေ..”
“……..”
“ငါ တစ်ခုမေးမယ်.. အခု ပြဿနာ မတိုင်ခင် နင့်အပေါ် သူ့ ဆက်ဆံရေး ဘယ်လိုရှိလဲ..”
“အကုန် ကောင်းပါတယ်.. ဟိုမိန်းမ ၀င်မရှုပ်ခင် အထိလေ..”
“သူ့ကိုလည်း အပြစ်ပြောလို့ မရဘူးလေ.. သူ သိတာ မြင်တာ သူပြောတာပဲ.. သူတို့ချင်းက ငယ်သူငယ်ချင်းလို့ နင်ပြောတယ် မဟုတ်လား.. တကယ်က မဟုတ်တာကို မဟုတ်တဲ့အကြောင်း နင်ရှင်းမှာ.. ”
“ဖိုးဉာဏ်.. နင်..”
“ငါ့ စကား ဆုံးအောင် နားထောင်ဦးနွယ်.. နင် ဘယ်လိုတွေးသွားလည်း ငါသိတယ်.. နင် ထင်နေသလို မဟုတ်ဘူးနော်.. ငါပြောချင်တာက လက်ရှိအချိန်မှာ ရှေ့ဆက်ဘို့ နင် ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ဒီအထင်လွဲမှုကိုတော့ ရှင်းကို ရှင်းရမယ်လေ.. အခုဆို ပိုပြီး လိုအပ်သွားပြီ်.. ကလေးကို နင် ထည့်တွေးဦး.. ခုချိန် ဘာမဟုတ်တဲ့ နင့်ဒေါသက နောင်တချိန်ကျရင် ကလေးအတွက် အမည်းစက်ဖြစ်သွားလိမ့်မယ််.. ”
“………..”
“ငါပြောတာ နင်သဘောပေါက်လား.. ”
“………..”
“ငါ လိုက်ခဲ့ပေးမယ်.. ကိုထက်အောင်က ငါတို့ စီနီယာ မဟုတ်လား.. ဘာပဲပြောပြော ငါ ကိုယ်တိုင် သေသေချာချာ လိုက်ရှင်းပြပေးမယ်.. သူလည်း ခေတ်လူငယ်ပဲဟာ.. အဆင်ပြေမှာပါ.. ငါ နင့်ကို သာယာတဲ့ မိသားစု ဘ၀နဲ့ မြင်ချင်တယ် နွယ်..”
..................................................................................................................
အခန်း (၂၁)
ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခု၏ မနက်ခင်း။ လမ်းသွားလမ်းလာများနှင့် ရှုပ်ယှက်ခတ်နေသည်။
“ခဏလေး စောင့်နော် နွယ်..”
ပြောလိုက်ရင်း ကားပေါ်မှ ဆင်းကာ အနားရှိကွမ်းယာ ဆိုင်လေးသို့ လာလိုက်၏။ ကူးယူလာသော လိပ်စာ စာရွက်လေးကိုပြကာ နေရာမေးလိုက်တော့ ဆိုင်ရှင်က လမ်းညွှန်ပြသည်။ လမ်းကလေးက ကား၀င်ရန် လွယ်မည်မထင်။ ကားနား တစ်ချက်ပြန်သွားကာ
“နွယ်.. ငါ အိမ်သွားရှာလိုက်ဦးမယ်.. ညောင်းရင် အောက်ဆင်းချင် ဆင်းလေ..”
“ငါလည်း လိုက်မယ်လေ..”
“အွန်း သဘော..”
ကွမ်းယာဆိုင်မှ ညွှန်လိုက်သည့် အိမ်လေးသို့ အရောက်တွင် တံခါးသော့ခတ်ထားသဖြင့် အနားရှိ အိမ်ဆိုင်လေးသို့ ၀င်ကာ မေးရပြန်၏။
“ငုဝါတို့ အိမ် ဟုတ်ပါတယ်.. ငုဝါ ကျောင်းသွားပြီထင်တယ်.. သူ့အမေတော့ ရှိမလားမသိဘူး.. ကျမခေါ်ပေးမယ်..”
အမျိုးသမီးက ခပ်သုတ်သုတ်ပြောကာ ဘေးအိမ်သို့ ကူးသွားရန်ပြင် လိုက်၏။
“သော့ခတ်ထားတယ် ခင်ဗျ.. ကျနော် ကြည့်ပြီးပြီ..”
“အော် ဒါဆို ဈေးသွားတယ်ထင်တယ်..ကျမနဲ့ မှာခဲ့လေ.. ဘာပြောပေးရမလဲ..”
“ရပါတယ်ခင်ဗျ.. ကျနော် ထပ်လာခဲ့လိုက်ပါမယ်..”
“အော်.. ဟုတ်ကဲ့..”
ထိုအမျိုးသမီးကို နှုတ်ဆက်ပြီး အိမ်လေးကို တစ်ချက် ငဲ့ကြည့်ကာ ပြန်ထွက်လာခဲ့လိုက်သည်။ လွမ်းတယ် ငု ရယ်.. မတွေ့ရတာ (၃) ရက်တောင်ရှိပြီ။ မနေ့ကလည်း ခရီးထွက်ခါနီး အလုပ်ထဲတွင် လက်စ သတ်စရာ များနေသဖြင့် တစ်နေကုန် မအားနိုင်ခဲ့။ ညဘက်ကျပြန်တော့လည်း ငု ထံသို့သွားရန် သူမက ခွင့်ယူထားသည်။ အိမ်သို့ ညမိုးချုပ်မှ သွားပြန်လျှင်လည်း သူမ စိတ်ဆိုးလေမည်လား။
ဘာပဲပြောပြော သည်နေ့ တစ်နေကုန်မောင်းလျှင် ညနေစောင်းလောက်တော့ နွယ်တို့မြို့လေးသို့ ရောက်နိုင်မည်။ ကိုထက်အောင်နှင့် စကားစမြည်ပြောပြီး ညတွင်းချင်း ပြန်ဆင်းလာလျှင် မနက်ဖြန်မနက် မဟုတ်တောင် နေ့လည်လောက်တော့ ရန်ကုန်သို့ ပြန်ရောက်တန်ကောင်း၏။
ထိုအခါမှ အိမ်မပြန်ဘဲ ကျောင်းသို့လိုက်သွားကာ ငုလေး အံ့သြအောင်လုပ်ရမည်။ ချစ်သူ အလိမ္မာလေးကို ကျောင်းပြေးနည်း အတတ်ပညာများ သင်ပေးကာ ချစ်စံအိမ်လေးတွင်…။ အတွေး ဖြင့် ပြုံးရင်း ကားပေါ်တက်ကာ ခရီးစ ခဲ့တော့၏။၏
အပိုင်း ( ၈ ) ဆက်ရန် >>>>

No comments:
Post a Comment