ရှေးရေစက် အပိုင်း ( ၁ )
(Drama, Romance, Cuckold, Affair)
ရေးသားသူ - Niko Soe
အခန်း ( ၁ )
“ စိတ်တော့ မကောင်းပါဘူး….သမီးမှာ ကိုယ်ဝန် မရှိနေပါဘူး”
“ ရှင်”
ဆရာဝန်ပြောပြချက်ကြောင့် “မြတ်လေးရုံ” ရှော့ခ်ရသွားသည်။ သူမလက်ကို ဘေးမှာထိုင်နေသော ခင်ပွန်းဖြစ်သူ “ကျော်နန္ဒ” က ဖျစ်ညှစ်ဆုပ်ကိုင်ကာ အားပေးနေရှာ၏။
“ ဟုတ်ပါ့မလား ဆရာမကြီးရယ်…..သေချာရဲ့လားရှင်”
“ ဆရာမတို့ စမ်းသပ်စစ်ဆေးပြီးလို့ သေချာမှပြောတဲ့စကားပါ….သမီး ထင်ထားသလိုမဟုတ်တဲ့အခါ ဆရာမတို့လည်း စိတ်မကောင်းပါဘူး”
“ ဒါဆို…..ကျမ….ကျမ ရာသီပျောက်နေတာတွေ….အောအန်နေတဲ့ လက္ခဏာတွေအကုန်လုံးက ကိုယ်ဝန်ရှိလို့ ဖြစ်နေတာတွေ မဟုတ်ဘူးပေါ့ ဆရာမ”
“ သမီး ရာသီပျောက်နေလို့ အိမ်မှာ ကိုယ်ဝန်ရှိမရှိ ဆီးစစ်ကြည့်သေးလား”
မြတ်လေး မျက်နှာညှိုးငယ်စွာဖြင့် ပြန်ပြော၏။
“ မစစ်ဖြစ်ပါဘူး..ဆရာမ”
“ အင်း….အခု ခဏက ဆီးစစ်ကြည့်တော့လည်း….တစ်ကြောင်းပဲပေါ်တယ်..သမီးရဲ့……ပြီးတော့ ပိုသေချာအောင် သွေးစစ်တာတွေလုပ်ထားတယ်လေ……ဒါဟာတွေမှာ အကုန်ပုံမှန်ပဲ…ပြောချင်တာက ကိုယ်ဝန်ရှိနေတဲ့ သွေးအဖြေလည်း ထပ်မတွေ့ဘူးလို့ ပြောချင်တာပေါ့ကွယ်”
သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်မ “ဒေါ်ခင်လေးဆွေ” က စိတ်ရှည်လက်ရှည် ရှင်းပြရှာသည်။ သို့သော် ဆရာမကြီးပြောတဲ့စကားတွေက မြတ်လေးနားထဲ ကြားတစ်ချက်၊ မကြားတစ်ချက်။ ဘာမှ ရေရေရာရာမရှိတော့။ ဘေးမှာထိုင်နေသူ နန္ဒက ဆရာမကြီးပြောသောစကားတွေကို သူမအစား သေချာလိုက်နားထောင်ပေးနေသည်။
“ ဒါဆို ကျနော်မိန်းမ ရာသီတွေပျောက်နေတာကိုရော….”
“ ဆေးပညာအခေါ်အရဆို ဒါတွေကို ဆရာမတို့က “Pseudocyesis” လို့ခေါ်တယ်။ အလွယ်ဆို False pregnancy ပေါ့။ ကိုယ်ဝန်တအားရှိချင်တော့ ကိုယ်ဝန်တကယ်မရှိဘဲ ရှိသလိုထင်နေပြီး ကိုယ်ဝန်သည်တွေဖြစ်တဲ့ လက္ခဏာတွေ အကုန်နီးပါး ထပ်တူခံစားနေရတာလေ။ အခုလိုမျိုး ရာသီမလာတာ၊ မူးဝေအော့အန်တာ အကုန်အတူတူဖြစ်တာပေါ့။ ဒါပေမဲ့ ဒါက စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်နေတာတွေပါ။ ကိုယ်ဝန်တကယ်မရှိဘူးဆိုတာကိုတော့ သမီးတို့ လက်ကိုလက်ခံရပါမယ်”
ထိုကဲ့သို့ စုံတွဲမျိုးများစွာနှင့် အတွေ့အကြုံရှိပြီးသားဖြစ်သည့် ဆရာမကြီးက မြတ်လေးတို့လင်မယားကို စိတ်ရှည်လက်ရှည်တစ်လုံးချင်းစီး ရှင်းပြနေ၏။ နန္ဒနဲ့ မြတ်လေးတို့က လက်တွေကို တင်းတင်းဆုပ်ကိုင်ထားကာ နားထောင်နေရှာသည်။
“ သမီးတို့ ခဏ (၁၀)မိနစ်လောက် နားလိုက်မလား။ ပြီးရင် ဆရာမ ဘာတွေဆက်လုပ်သင့်လဲဆိုတာ ပြန်ရှင်းပြမယ်လေ”
ဘေးမှာ ရပ်စောင့်နေသော သူနာပြုအကူဆရာမလေးကို လှမ်းပြောလိုက်သည်။
“ ဆရာမရေ…..ရေအေးအေးလေး (၂)ခွက်လောက် ယူလာပါလား”
“ ဟုတ်ကဲ့ပါရှင့်”
မြတ်လေး ရေကို တဝမော့သောက်လိုက်သည်။ လည်ချောင်းမှတဆင့် အေးစိမ့်စွာဆင်းကျလာသော ရေတွေက သူမ အပူကို အတန်ငယ် ငြိမ်းအေးစေနိုင်သလို။ ခဏက ယောက်ယက်ခက်နေသော စိတ်တွေက အခုတော့ အတန်ငယ်ငြိမ်သက်စပြုလာပြီ။ ဘေးမှာ နန္ဒကတော့ သူမမျက်နှာရိပ်၊ မျက်နှာကဲကိုသာ ကြည့်နေရှာသည်။
“ ကဲ….ဒါဆို ဆရာမတို့ ဆက်ပြောကြရအောင်။ ကမ္ဘာပေါ်မှာ လူဦးရေ ၂၀% လောက်က ကလေးမရတဲ့ပြဿနာတွေကြုံတွေ့နေရတယ် သမီးရဲ့။ ဒီတော့ ကလေးရမရဆိုတာကို စမ်းသပ်ဖို့က နှစ်ယောက်စလုံးမှာ တာဝန်ရှိတယ်။ အရင်ခေတ်တွေကတော့ ကလေးမမွေးပေးနိုင်တဲ့ အမျိုးသမီးကို အမြုံမ၊ တန်ဖိုးမရှိတဲ့ မိန်းမလို့ ကဲ့ရဲ့ကြတယ်လေ။ တကယ်တော့ ဒါတွေဟာမှားယွင်းနေတဲ့ အယူအဆတွေကွယ်။ ကလေးရနိုင်၊ မရနိုင်ဆိုတာ အမျိုးသမီးဖက်ကအပြစ်တစ်ခုချည်းမဟုတ်ဘူး။ အမျိုးသားဖက်ကလည်း ဖြစ်နိုင်သေးတယ်။ ဒီတော့ သမီးတို့စုံတွဲ ကလေးရနိုင်၊ မရနိုင်စစ်ဆေးဖို့က နှစ်ယောက်စလုံးမှာ တာဝန်ရှိတယ်။ သမီးတို့ရော..စစ်ဆေးဖို့ အာသီသရှိလား။ မရှိရင် လုပ်ပါလို့ ဆရာမ အဓမ္မမတိုက်တွန်းလိုဘူး”
နန္ဒနှင့် မြတ်လေး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
“ စစ်ချင်လား”
“ မြတ်ကတော့ စစ်ချင်တယ်။ အစ်ကိုကရော”
“ မြတ်စစ်ချင်ရင် အစ်ကိုလည်း လိုက်စစ်ပေးမှာပေါ့”
“ စစ်မယ် ဆရာမ”
“ ဒါဆို တယောက်ချင်းစီ ဘာတွေ ဘာတွေစစ်ရမလဲဆိုတာ ဆရာမ အသေးစိတ်ထပ်ရှင်းပြမယ်နော်”
မိနစ်(၂၀)လောက်ရှင်းပြအပြီး နန္ဒတို့စုံတွဲ အတော်အသင့် နားလည်သင့်သလောက် နားလည်သွားကြပြီ။မြတ်လေးကို မနက်ဖြန် ရက်ထပ်ချိန်လိုက်ပြီး နန္ဒကိုတော့ (၃)ရက်အကြာ ထပ်ချိန်းလိုက်သည်။
“ အခုဆရာမ ရှင်းပြတာ နားလည်ပြီလား”
“ ဟုတ်ကဲ့”
“ ဒါဆို ပြန်လို့ရပြီနော်..နောက်ရက်တွေမှာ ထပ်တွေ့ကြတာပေါ့”
မြတ်လေး နန္ဒလက်ကိုချိတ်ကာ ဆေးရုံမှ ပြန်လာခဲ့လိုက်တော့သည်။ နာမည်ကြီး “အာရောဂျံ international hospital” တွင်လာပြနေကြခြင်းဖြစ်သည်။ မြတ်လေးအဖို့တော့ ဆေးရုံအဝင်နဲ့ အထွက် ခံစားချက်ကွာလိုက်သည့် ဖြစ်ခြင်း။ သွားပြနေတုန်းက ကလေးရှိနေပြီဆိုသော အသိနှင့်။
အခု ပြန်အထွက်ကျ မျှော်လင့်တာတွေ အကုန်ရေစုန်မျောသွားသလို။ နန္ဒက အားမရှိသလို ပျော့ဖတ်နေသော မြတ်လေးပုခုံးကိုဖက်ကာ ကားထားရာနေရာသို့ ပြန်ထွက်လာခဲ့သည်။ ပြီးနောက် မိမိတို့နေအိမ်သို့တန်းမောင်းလိုက်တော့သည်။
ဤအဖြစ်အပျက်သည် အရာအားလုံးစတင်ဖို့ အကြောင်းအရာသေးသေးလေးတစ်ခုဖြစ်နေမှန်း နန္ဒကြိုသိခဲ့ဖို့ကောင်းပါ၏။ အိမ်ရောက်တော့ မြတ်လေးကို အပေါ်ထပ်အိပ်ခန်းထဲချထားလိုက်သည်။
“ မြတ် ဒီနေ့ ရတနာဆိုင်ကို မသွားနဲ့တော့…ဒီနေ့ အပြည့်အဝနားလိုက်နေ….အစ်ကိုတော့ ဒီနေ့ ဆိုင်မှာ အရေးကြီးဧည့်သည်တစ်ယောက်နဲ့ရှိလို့ သွားလိုက်အုံးမယ်…မြတ် အစ်ကို့ကို မှာစရာရှိလား”
“ မရှိဘူး…အစ်ကို”
“ အင်း…ဒါဆို အခုအိပ်လိုက်ပါလား….ဒီည အစ်ကိုတို့ စိတ်ပြေလက်ပျောက်အပြင်မှာ ထမင်းထွက်စားကြတာပေါ့”
“ အင်း”
“ တစ်ခုခုမှာစရာရှိရင် ဖုန်းဆက်လိုက်နော်…အစ်ကို သွားပြီ သိလား”
“ အင်း”
“ တအင်းအင်း နဲ့ အားမရလိုက်တာ မြတ်လေးရယ်”
“ မြတ် အဆင်ပြေပါတယ် အစ်ကိုရဲ့…သွား..သွား..ဘာမှမဖြစ်ဘူး”
“ Bye သွားပြီ”
နန္ဒလက်ပြနှုတ်ဆက်ခဲ့ပြီး ထွက်လာလိုက်တော့သည်။ မြတ်လေးကတော့ အခန်းထဲ တစ်ယောက်တည်းကျန်ခဲ့ရ၏။ အပြင်ကပြန်လာသော အဝတ်အစားတွေကြောင့် စိတ်ကျဉ်းကြပ်သလို ခံစားရသဖြင့် အိမ်နေရင်း အဝတ်အစားခပ်ဟောင်းဟောင်းနှင့် လှဲလှယ်လိုက်သည်။
အဝတ်ချွတ်နေရင်း မြတ်လေး အခန်းထဲမှန်ရှေ့ ကိုယ်လုံးတီးဖြစ်နေသော ခန္ဓာကိုယ်ကို ပြန်ကြည့်နေမိသည်။ ဘယ်လောက်နုနယ်နေသည့် အလှတရားလဲ။
............................................
အခန်း ( ၂ )
အသက် (၂၈) နှစ် စွန်းစပင်ရှိသေးသော မြတ်လေးရုံတစ်ယောက် ဘာအဝတ်အစားမှမရှိသော မိမိကိုယ်ခန္ဓာအလှတရားကို ပြန်သုံးသပ်နေမိ၏။
တရုတ်သွေးအနည်းငယ်ပါသော သူမ၏အသားအရေက ဝါရွှေရောင်သန်းလျက်။ အဖေဖက်က တရုတ်သွေးတစ်ဝက်ပါပေမဲ့ အမေကျ ဗမာစစ်စစ်ဆိုတော့ မိမိတွင် တရုတ်သွေးက (၄)ပုံ(၁)ပုံမျှသာ စပ်တော့သည်။ အသားအရေက ဖေဖေဆီက အမွေရတာဖြစ်ပြီး ကျန်တာအကုန်မှန်သမျှက မေမေ့ဆီက ဖြစ်လိမ့်မည်။ ရွှန်းလဲ့ကြည်တောက်နေသော မျက်လုံးနက်နက်လေးကို မျက်တောင်မွှေး ခပ်စိပ်စိပ်များက ဝန်းရံလျက်ရှိသည်။
ခပ်သွယ်သွယ်စင်းနေသော နှာတံလေးက ထိပ်ကလေးတွင် မဆိုစလောက်လေး ချွန်နေသည်။ အပေါ်နှုတ်ခမ်းလေးက ပုံမှန်ရှိသော်ငြား အောက်နှုတ်ခမ်းလေးတွေက ခပ်ထူထူ။ အစ်ကိုဆို ဒီနှုတ်ခမ်းအစုံက မူးရစ်ချိုမြမှုကို ပေးစွန်းနိုင်တယ်လို့ အမြဲပြောလေ့ရှိသည်။
နက်မှောင်နေသော ပုတုံးရောင်ဆံကေသာက သူမလည်တိုင်ကျော့ကျော့ဆီ ဝေ့ဝဲကျနေသည်။ ဆံပင်အရောင်မဆိုးဖြစ်တာ အိမ်ထောင်ကျကတည်းကဆိုတော့ (၅)နှစ်လောက်တောင်ရှိရော့မည်။ ဆယ်ကျော်သက်အရွယ်လောက်တုန်းက ကလေးသာသာစိတ်နဲ့ အရောင်တွေဆိုးထားတုန်းကလည်း ငယ်မွေးငယ်သွေးအပြည့်။
အခုကျ နက်မှောင်နေသည့် ဆံကေသာနှင့်ဆိုပြန်တော့လည်း ရင့်ကျက်သည့်အလှတွေနှင့် ပြည့်စုံလျက်။ အရပ်က သာမာန်မြန်မာမိန်းကလေးအရပ်လောက်ပင်။ (၅)ပေ(၂)လက်မသာသာ။ မှန်ရှေ့မြင်နေရသော ရွှေရင်အစုံက စွင့်ကားလျက်။ ဖျစ်ညှစ်စကားကောင်းလှသည့် ခါးကျဉ်ကျဉ်လေးနှင့်အတူ သူနှင့်တစ်ဆက်တည်း လုံးဝန်းစွင့်ကားနေသော တင်ပါးလေးကလည်း ကြွရွလျက်ရှိ၏။ သူမကိုယ်ခန္ဓာအချိုးအစားက ခပ်သွယ်သွယ်ဆိုပေမဲ့ ကံကောင်းတာတစ်ခုက ရင်စွင့်စွင့်၊ တင်ကားကားကို ပိုင်ဆိုင်ရခြင်းဖြစ်သည်။
ဒီအချက်တွေကလည်း မေမေကြောင့်ဖြစ်လိမ့်မည်။ သူမငယ်ငယ်ကတည်းက မေမေက ကိုယ်လက်လှုပ်ရှားမှုကို အားပေး၏။ ကြိုးခုန်၊ ခါးကွင်းလှည့်၊ ထိုင်ထ၊ အိပ်ထမတင် မရိုးနိုင်အောင် မေမေက စေခိုင်းခဲ့တော့ အခုသူမ လှပနေရပြီ။
ငယ်ငယ်ကတော့ သူမ အစ်မနှင့် သူမ ပါအပါအဝင်မေမေက ဘာတွေလုပ်ခိုင်းနေမှန်းမသိဟု စိတ်ဆိုးမိသေးသည်။ မမရော၊ သူမပါ မေမေကြောင့်သာ လှပမှုတွေကို ဂရုစိုက်ရမှန်း၊ ထိန်းသိမ်းရမှန်း သိတတ်ခဲ့ရသည်။ ဒါတွေကြောင့်လည်း ဒဂုံတက္ကသိုလ်တက်တော့ မြတ်လေး ပထဝီမေဂျာ queen အပြင် The whole queen ထိပါ ရသည်အထိ။ အလှတရားကြောင့် ပိုးချင်ပန်းချင်သူပေါများခဲ့သော်လည်း ကျောင်းသာ(၃)နှစ်တက်ပြီးသွားသည်။ ရည်စားမယ်မယ်ရရမထားဖြစ်လိုက်။
အနည်းငယ် တည်တည်တံ့တံ့နေတတ်တော့ မျက်နှာကျောမာသလိုဖြစ်ပြီး ဒီ queen က တအားချေသည်ဟု သွားပုပ်လေလွင့်အပြောခံရသေးသည်။ ရမလားဟု အကဲစမ်းချင်သူတွေနှင့်သာ ဆုံဖူးခဲ့သည်ဟု မှတ်ယူမိပါသည်။ တည်တည်တံ့တံ့ချစ်လှပါရဲ့၊ ကြိုက်လှပါရဲ့ဆိုပြီး ထိုကဲသို့ယောကျာ်းသားတွေနှင့် မဆုံတွေ့မိပါဟု ပြောခဲ့ရင် အပိုတွေဆိုနေပါသည်လို့ ထင်ပါလိမ့်မည်။
အခုတော့ ဖေဖေလည်းဆုံးပြီ။ မေမေကတော့ မမရှိရာ UAE မှာ လိုက်နေသဖြင့် ဒီနိုင်ငံမှာ သူမတစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။ သူမ အိမ်ထောင်ကျပြီး (၂)နှစ်လောက်ကတည်း မမရှိရာသို့ မေမေလိုက်သွားခဲ့ခြင်းဖြစ်သည်။
အစကတော့ မမမီးဖွားဖို့ လိုက်စောင့်ပေးရာကနေ အခုထိ ပြန်လာမဖြစ်တော့။ သူမ မီးဖွားရင်တော့ ပြန်လာပေးမည်ဟု ဆိုရှာသည်။ သို့သော် ကလေးက လိုချင်ပါလျက်နှင့် မရနိုင်။ နောက်ဆုံးကျဒီကလေးမရနိုင်သော ဘူတာကိုပင် ဆိုက်လာသောကြောင့် ဝမ်းနည်းစိတ်က တစ်ဖန်ပြန်လည်ပေါ်လည်ပြန်သည်။
တုံဏှိဘာဝေဖြစ်နေသောစိတ်ကို အတင်းဖြတ်ချကာ အဝတ်အစားခပ်သွက်သွက်လဲလိုက်တော့သည်။ နေ့လည်နေ့ခင်း တမေးတမောမှေးအုံးမည်ဟု စိတ်နှင့်ကုတင်ပေါ်လှဲချလိုက်သည်။ သို့သော် အိပ်စက်ခြင်းကမ္ဘာသို့ သူမမရောက်နိုင်ရှာ။
စိတ်တွေက လွင့်ချင်းတိုင်းလွင့်၊ ပျံချင်တိုင်း ပျံနေလေသည်။
မြတ်လေးတို့ မိသားစုက မရှိမရှားပင်။ အရမ်းကြီးမချမ်းသာသော်လည်း လူတန်းစေ့နေနိုင်အောင် ဖေဖေက ကြိုးစားပေးရှာသည်။ ဖေဖေက အစ်ကိုတို့ ရတနာဆိုင်က ပန်းတိမ်သည်ဖြစ်သည်။ ဖေဖေ၏ အနုစိတ်လက်ရာတွေကြောင့် ဖေဖေကတော့ သူ့လုပ်ငန်းခွင်တွင် အတော်အသင့်နာမည်ရရှာသည်။
အစ်ကိုတို့က ဈေးမနှိမ်ဘဲ ထိုက်သင့်သလောက်ပေးတော့ သူမတို့မိသားစု ဖေဖေငွေကြေးတစ်ခုနဲ့တင် လောက်ငှသည်။ သူမဆို ငယ်ငယ်လေးကတည်းက အစ်ကိုတို့ ရတနာဆိုင်က ဖေဖေကြောင့် ခဏခဏရောက်ဖူးသည်။ အစ်ကိုနှင့် မြတ်လေးက အသက် (၇) နှစ်ကွာသည်။ ရုပ်တည်ကြီးနှင့်အစ်ကိုက သူ့ဆိုင်ကိုလိုက်လာတတ်သည့် ချာတိတ်မလေးကိုယ့်ကို ကြိတ်ကြိုက်နေပြီး တစ်နေ့မှာ မိသားဖသားပီပီတောင်းရမ်းလိမ့်မည်ဟု သူမ အတွေးတောင်မရှိဖူးပေ။
အစ်ကိုတို့က မျိုးရိုးစင်ဆက် ရတနာလုပ်ငန်းကိုလုပ်လာကြတော့ ချမ်းသာသည်။ မြတ်လေးလည်း အိမ်ထောင်ကျပြီးကတည်းက ရတနာဆိုင်မှာ လိုက်ထိုင်ပေးနေကြ။ တစ်ဦးတည်းသောသား ဖြစ်သည့်အစ်ကိုက လူရည်ခပ်သန့်သန့်။ အသားဖြူဖြူ။ ကြည့်လိုက်တာနှင့် လူရည်သန့် ခပ်ဝဝအမျိုးသားတစ်ဦး။
ရုပ်ရည်၊ အရပ်အမောင်းက ပုံမှန်အမျိုးသားတစ်ဦးမှာရှိသည့် ပုံပန်းသဏ္ဌာန်မျှသာ။ ကြည့်ပျော်ရှုပျော်ရှိသည့်အမျိုးသားတစ်ယောက်ပင်။ သူမ အသက် (၂၃)နှစ်အရွယ်မှာ ဖေဖေကတစ်ဆင့် သူမကို လာတောင်းရမ်းတော့ သူမ မှင်တက်နေမိသည်။ အစ်ကိုတို့လာတောင်းရမ်းသည်မှာ စိန်တွေရွှေတွေအပြည့်။ အခုခေတ်လို social media တွေ တအားခေတ်မစားလို့သာ တော်ရော့မည်။
ထိုအချိန်တုန်းက ကျောင်းတက်၊ ဘွဲ့ယူအပြီး အားနေသည်နှင့် စတိုးဆိုင်တစ်ခုမှာ စာရင်းကိုင်လုပ်နေတော့ အလုပ်နှင့်သာ ချာလပတ်ရမ်းပြီး ရည်းစားဆိုလို့ အတည်တကျမတွဲဖြစ်ခဲ့။
တစ်ခါတစ်လေကျ ခင်မင်ရင်းနှီးရသည့် သူငယ်ချင်းတွေက သူတို့ရည်စားအကြောင်းအမွှန်းတင်လျှင် ကိုယ့်မှာ ပြန်ပြောပြစရာ စကားလုံးရယ်မရှိ။ အွင်းသိ၊ အစင်းသိ သူငယ်ချင်းမ(၂)ယောက်က သူတို့ဘဲတွေနှင့် အိပ်ယာပေါ်က ဇာတ်လမ်းတွေအကြောင်း မိမိကို ပြန်ပြောပြလျှင် နားထောင်ရသည်မှာ ရင်ထဲ ဖိုးသိုးဖတ်သတ်။
တစ်နေ့ကိုယ်ရည်စားထားလျှင်လည်း ဒီလိုမျိုးကြုံနိုင်ပါလားဆိုပြီး စိတ်ကူးအိပ်မက်မက်ရသည်မှာ အမော။ကြူးနေသည့် သူငယ်ချင်းမကျ၊ ရည်းစားမကျဖြစ်သည့် boyfriend တစ်ယောက်ရှိခဲ့ပါသော်လည်း ကြိုက်လှပါချည်ရဲ့ဆိုပြီး စိတ်ထဲ မခံစားမိ။ ထိုအချိန်မှာပဲ အစ်ကိုက သူမကို မိသားဖသားပီပီလာတောင်းရမ်းလေတော့ သူမ ငြင်းဆိုနိုင်စွမ်းမရှိရှာ။
အစ်ကို့ကို ချစ်လားဟုမေးလျှင်လည်း ရေရေရာရာဖြေစရာမရှိ။ ဦးနှောက်က လက်ခံသင့်လို့ လက်ခံလိုက်ရုံမျှသာ။ အချစ်ဆိုတာဘယ်လိုအရသာရှိမှန်း မသိလိုက်ခင်မှာပင် အိမ်ထောင်ကျခဲ့ရသည်။ သူမ ၏ အပျိုစင်ဘဝကိုလည်း အစ်ကို့ကို ပထမဆုံး အပ်နှင်းပေးခဲ့တာပင်။ မှတ်မှတ်ရရဆို သူမ အဲညက မိန်းမကိုယ်ကနေ သွေးတောင်အနည်းငယ်ထွက်ခဲ့သလားပင်။
အစ်ကိုကတော့ သူ့လီးမှာ ပေကျန်နေသော အပျိုစင်သွေးကိုကြည့်ပြီး အောင်သေအောင်သားစားနိုင်ခဲ့သလို ပြုံးခဲ့တာလားပင်။
ကိုယ်လုံးတီးယောကျ်ားခန္ဓာကိုယ်ကိုလည်း အစ်ကိုနဲ့ကျမှ ပထမဆုံးမြင်ဘူးတာပင်။ ယောကျ်ားတန်ဆာဆိုတာ လိုးခါနီးအခြေအနေတွင် တဆတ်ဆတ်ခုန်နေတတ်တာကိုလည်း ပထမဆုံးသိခဲ့တာပင်။
အကုန်လုံးပထမဆုံးတွေချည်းပင်။ ရည်းစားတောင်မဖြစ်ဖူးဘဲ ချက်ချင်းဗြုန်းစားကြီးလက်ထပ်လိုက်သလိုမျိုးဖြစ်သွားတော့ မြတ်လေးမှာ ချစ်ရေးချစ်ရာအတွေ့အကြုံ သိပ်မကြွယ်ဝခဲ့ပေ။ ယောကျ်ားလီးကြီးကိုအပြင်မှာ အရှင်လတ်လတ် မြင်ဖူး၊ ကြည့်ဖူး၊ အလိုးခံရဖူးတာလည်း အဲညမှာပင်။
သူမက ကုတင်ပေါ်ပက်လက်။ အစ်ကိုက သူမကိုယ်ပေါ် အုပ်မိုးလျက်။ သူမ ရှက်ရှက်နဲ့ပင် ပေါင်ကားပေးမိသည်။ အစ်ကိုက သူမပေါင်ကြား တစ်ဆတ်ဆတ်တုန်ခါနေသည့် သူ့လီးကို ထိုးသွင်းလျက်။ အစ်ကိုက သူမမတိုင်ခင် အတွေ့အကြုံရှိမရှိ သူမ သေချာမသိခဲ့သော်လည်း အစ်ကိုလည်း အဲညက သူမစပ်ပတ်ထဲထည့်မဝင် ချော်ချော်ထွက်နေသည့် သူ့လီးကို ခဲယာခဲဆစ်ဖြင့် ထိုးသွင်းခဲ့ရသည်ကို မှတ်မိပါသေးသည်။
ပူနွေးမာတောင်နေသည့် ဒီအချောင်းလေးက သူမ စပ်ပတ်တစ်ခုလုံးကို ပူထူစေသည်။ နာကျင်နေသည်။အပျိုစင်မို့လည်း ပိုနာဟန်တူပါသည်။ အစ်ကို ဆယ်ချက်လောက် သူမစပ်ပတ်ကိုဆောင့်ထည့်ပြီးနောက် သူမစပ်ပတ်တစ်ခုလုံး နွေးသွားသည်။
လူတွေပြောပြောနေကြ လရည်(ခေါ်) သုတ်ရည်တွေဖြစ်မည်တူသည်။ သူမကိုယ်ပေါ် အစ်ကိုက ပိကျလာ၏။ နာကျင်မှုတွေ ရောယှက်နေသည့်ကြား သူမ အစ်ကိုကို ဖက်ထားလိုက်မိသည်။
“ ချစ်လိုက်တာ မြတ်ရယ်။ အစ်ကို့ကိုရော ချစ်တယ်မလား”
သူမနှုတ်မှ မဖွင့်ဟမိ။ ခေါင်းသာ အသာညိတ်လိုက်မိသလို။ ထို့နေ့မှစ သူမ၏ အိမ်ထောင်သည်ဘဝ ကန့်လန့်ကာဖွင့်ချလိုက်ခြင်းဖြစ်သည်။
.....................................................................
အခန်း ( ၃ )
အိမ်ထောင်ကျကာစတော့ သူမ ကလေးမလိုချင်သေးသဖြင့် စားဆေးသောက်သည်။ အစ်ကိုလည်း ဘာမှမတားမြစ်။ ကလေးမွေးရမှာက သူမဖြစ်သည့်အတွက် သူမ လိုချင်မှယူဟု ဆိုထားသည်။
အိမ်ထောင်ကျပြီး (၂)နှစ်လောက်အကြာတွင် ဖေဖေက ရုတ်တရက် လေဖြတ်ပြီးဆုံးသည်။ ဖေဖေဆုံးပြီး (၃)လလောက်အကြာ မေမေက မမရှိရာ UAE၊ ဒူဘိုင်းသို့ လိုက်သွား၏။ သူမရုတ်ချည်းသလို အထီးကျန်သွားသလို ခံစားရသည်။ ထို့နောက် ကလေးယူမည်ဟု ဆုံးဖြတ်ကာ ဘာတားဆေးမှ မစားဖြစ်တော့။ တစ်နှစ်စောင့်သည်…မထူးခြား။ (၂)နှစ်စောင့်သည်…မထူးခြား။ အခု (၃)နှစ်ထဲ ဝင်လာသည်။
အစ်ကိုနဲ့လည်း ယူကာစက နေ့တိုင်းလိုလို လိုးဖြစ်ကြသော်လည်း အခု အိမ်ထောင်သည်သက်တမ်း (၅)နှစ်ရောက်လာသည့်အချိန်မှာတော့ တစ်ပတ်တစ်ခါတောင် လင်မယားအတူတူနေနိုင်ဖို့တောင် ခဲယဉ်းလာသည်။
ယူကာစဆို လိုးကြရင်း မိုးလင်းသွားတဲ့နေ့တွေတောင်ရှိသည်။ မင်္ဂလာဦးညက နာကျင်မှုကိုခံစားရပေမဲ့ အလိုးခံရပေါင်းအကြိမ်များစွာရှိလာသည့်အခါကျတော့ သူမ လိင်ဆက်ဆံရတာကို သဘောတွေ့လာသည်။ သို့သော် အစ်ကိုက လိုးရင် မြန်သည်။ တစ်ခါဆွဲ (၅)မိနစ်သာသာပဲရှိလောက်မည်။ အနည်းငယ်ဝနေသော အစ်ကို့ body က စိတ်သွားတိုင်း ကိုယ်မပါ။ အခုလိုမျိုး အိမ်ထောင်သက်ကြာလာသည့်အခါမျိုးဆို လွန်ရောကျွံရော (၂)ချီလောက်သာ လိုးနိုင်သည်။
စိတ်ထဲမှာတော့ မြတ်လေး သိပ်အားမရ။ အချိန်ဆွဲပြီး နူးကာနှပ်ကာလိုးပေးလေ့မရှိ။ ဖတ်ဖတ်ဖတ်၊ တက်သုတ်ရိုက်လိုးလေ့ရှိသည်။ သူမ အရှိန်တက်လာပြီ၊ ကောင်းခန်းရောက်လာပြီဆို အစ်ကိုက တအားအားအော်၊ သုတ်လွှတ်ပြီး ပြီးသွားသည်။ သူမ မပြီးသေးသဖြင့် ဆက်လိုးနေပေးပါဟုလည်း သူမ ဝန်မခံရဲ။ ဖွင့်ဟတောင်းဆိုဖို့ ဝေးစွ။ မတော်လို့များ ရမ္မက်ကြီးသည့်ကောင်မဟု အစ်ကိုသမုတ်ခဲ့ပါလျှင် သူမရှက်ပြီး သတ်သေမိလောက်သည်။
အစ်ကိုနှင့် အိမ်ထောင်သက်(၅)နှစ်မှာ သူမ ပြီးမြောက်မှုကိုခံစားရသည်မှာ လက်ဆယ်ချောင်းသာသာပင်ရှိမည်။ ထိုအရာတွေထဲတွင် သူမ လက်နဲ့ပြီးလိုက်ရသည်က (၆)ကြိမ်ထက်မနည်းရှိရော့မည်။
သို့သော် အိမ်ထောင်တစ်ခုမှာ ကာမသုခကို အရမ်းကြီးအရေးပါအရာရောက်သည့်နေရာတစ်ခုတွင် ရှိရမည်လို့လည်း သူမ စံသတ်မှတ်မထား။ အစ်ကိုက သူမကို လိုလေသေးမရှိ၊ ပြည့်စုံအောင်ထားရှာသည်။
ဘာလိုချင်သလဲ။ အကုန်ရစေရမည်။ အပျိုဘဝတုန်းကထက်ကို အခုလက်ရှိ ပြီးပြည့်စုံသည့်ဘဝမှာ နေပျော်ရသည်။ ဤအချင်းအရာတွေကြောင့် တခါတလေမှာ လိင်ဆန္ဒမပြည့်ဝတာကို သူမ အပြစ်လို့ မဆိုချင်တော့။သို့သော် တစ်နေ့မှာ မျိုသိပ်ထားရသည့် လိင်ဆန္ဒတွေက ဝုန်းခနဲ့ပေါက်ထွက်တတ်မှန်း သူမ မမှန်းဆနိုင်ခဲ့ပေ။
အရာရာပြည့်ပြည့်စုံစုံနေရတာကြာလာတော့ မြတ်လေး တစ်ခုခုကိုလိုအပ်နေသလို ပြန်လည်ခံစားလာရပြန်သည်။ ဖြစ်နိုင်တာကတော့ မမသမီးအမြွှာလေးတွေကိုကြည့်ပြီး အားကျချင်သလိုဖြစ်လာသည်။ မမသမီးတွေဆို သူမနဲ့ဆို အဒေါ်၊တူမတော်စပ်သည်ပေါ့။
အမြဲတမ်း မမကကလေးပုံလေးတွေ Viber ကနေပို့ပို့ပေးနေသဖြင့် ကလေးသေးသေးလေးက အမေဝမ်းကထွက်ပြီး အခု(၃)နှစ်အရွယ်လောက်ထိ တစ်ဖြည်းဖြည်းချင်း ကောင်းကောင်းမွန်မွန်ကြီးပြင်းလာသည်ကို သေသေချာချာသိရှိနေသည်။
သူမနဲ့တောင် ရုပ်ချင်းခပ်ဆင်သလိုလိုရှိသလိုမျိုး ခံစားရတော့ အချစ်တွေပိုမိ၏။ ကိုယ့်မှာလည်း ကိုယ့်သွေးသားကနေဖြစ်လာသည့် ကလေးတစ်ယောက်ရလာလျှင် ဘယ်လိုမျိုးဖြစ်နေပါမလိမ့်။ အတွေးနဲ့တင် စိတ်ချမ်းမြေ့ရသည်။ ကြည်နူးမိသည်။ ထိုအချိန်မှစပြီး မြတ်လေး ကလေးရူးလာခြင်းဖြစ်သည်။
ကလေးယူကြရအောင်ဟု အစ်ကိုနှင့်တိုင်ပင်ကြည့်တော့ အစ်ကိုလည်းပျော်သွားပုံရသည်။ အစ်ကိုနှုတ်ထွက်စကားအရဆို သူလည်းကလေးလိုချင်နေတာကြာပြီ။ မြတ်လေးပင်ပန်းမှာစိုးသဖြင့် ဖွင့်မပြောခြင်းဟု ဆို၏။ ထို့ကြောင့် လင်မယားနှစ်ယောက်စလုံး စိတ်တူကိုယ်တူ ကလေးပစ္စည်းသေးသေးလေးတွေ စစုကြ၏။ အစက မြတ်လေး ကိုယ့်ဖာသာကိုယ် ဆိုးလှပြီဟု ထင်မိသည်။
သို့သော်ငြား အစ်ကိုမှ ပိုရူးနေသလားပင်။ မျက်စိထဲ မည်းမည်းမြင်ရာ လှသည်ဟု ထင်သည့်ကလေးပစ္စည်းသေးသေးလေးတွေ အကုန်ဝယ်တတ်လာသည်။
ကလေးက ဘယ်ဆီနေလို့ ဘယ်နားရောက်နေမှန်းမသိ။ ကလေးပစ္စည်းတွေက တစ်ခန်းစာအပြည့် အဆင်သင့်ဖြစ်နေလေပြီ။ မုန့်ဆီကြော်က ဘယ်နားနေမှန်းမသိ၊ နှုတ်ခမ်းနာနှင့်တည့်မတည့် ကြိုစဉ်းစားမိနေသည့် အဖြစ်မျိုးပင်။
အခုလိုမျိုး သားဦးရူးနေကြသည့် အချိန်မှာပင် ရုတ်တရက်ရာသီပျောက်သွားပြီး အော့အန်သလိုဖြစ်ချင်လာသဖြင့် သူမကလေးရပြီဟု အပိုင်တွက်ထားလိုက်သည်။ အစ်ကို့ကိုပါပြောပြလိုက်တော့ လင်မယားနှစ်ယောက်စလုံးပျော်လိုက်သည့်ဖြစ်ခြင်း။ ခပ်တည်တည်ပင် OG နှင့်ဗိုက်အပ်မည်ဟုတွေးကာ ဆေးရုံဆီ ပေါက်ချလာခြင်းဖြစ်သည်။ အခုတော့ ခဲလေသမျှ သဲရေကျ။ သို့သော် မြတ်လေးအားမလျော့။
ဆရာဝန်မကြီးက စမ်းသပ်စစ်ဆေးဖို့လုပ်ရအုံးမည် ပြောခဲ့သည်မဟုတ်လား။ အကုန်စစ်ဆေး၍ပြီးသွားခဲ့ပါလျှင် တိကျသောအဖြေတစ်ခုခုထွက်နိုင်ပါရဲ့။ ဆိုးဆိုးဝါးဝါးအဖြေမျိုး ထွက်မလာလောက်ဘူးနဲ့ တူပါတယ်။
မဖြစ်ပါစေနဲ့။ ဘယ်လိုပဲဖြစ်ပါစေ။ ပြဿနာတိုင်းမှာ အဖြေတစ်ခုခုကတော့ ရှိကိုရှိရမည်ဟု ထင်ပါသည်။ အတွေးတွေက ဟိုတွေးဒီတွေးနှင့် အိပ်မပျော်ပြန်။ ခေါင်းထဲ အကြံတစ်ခုပေါ်လာသည်။ ဖုန်းကိုဖွင့်ကာ တစ်ယောက်ယောက်ဆီသို့ ဆက်လိုက်သည်။
“ တီ…..တီ……တီ”
“ ဟဲလို”
“ ဟဲလို…..သင်ဇာရေ…ငါပါ မြတ်လေးရုံ”
“ သိပါတယ်ဟယ်…ကောင်မရယ်….သူဌေးမကြီး….ဘာစိတ်ကူးတွေပေါက်ပြီး ငါ့ဆီဆက်လာတာတုန်း”
မြတ်လေး ကျောင်းနေဖက်သူငယ်ချင်း “သင်ဇာမင်း” ဆီဆက်လိုက်ခြင်းဖြစ်၏။ တက္ကသိုလ်တက်ခဲ့သည့် (၃)နှစ်တာကာလပတ်လုံး မေဂျာတူသည့် သင်ဇာရယ်၊ အိမွန်ရယ်၊ မြတ်လေးရယ်က အတွဲဖြစ်ဆုံး။
အိမွန်က အခုတော့ သူ့အမျိုးသားနှင့်အတူ US မှာအခြေကျလျက်ရှိ၏။ သူမမှာ ရင်နှီးဖော်၊ တိုင်ပင်ဖော်ဆို သင်ဇာကိုသာ တိုင်ပင်ဖြစ်တော့သည်။
“ ကောင်မ…ကြားသားမိုးကြိုးနော်…ညည်း..ငါ့ကိုဖုန်းမဆက်တာ အရမ်းကြာနေပြီ..ကောင်မရဲ့”
“ အေးပါဟာ…ငါလည်း ကိုယ့်ကိစ္စနဲ့ ကိုယ်ရှုပ်နေ့လို့ပါ”
“ ပြီးရော…ပြီးရော….ဆို…ဘာကိစ္စ”
“ ဘာသီချင်းဆိုပြရမလဲ ကောင်မရဲ့”
“ ကောင်မ…ညည်းထဖောက်တယ်နော်…ခစ်…ခစ်…ပြောပါအုံး…ဘာကိစ္စပြောမလို့လဲ”
“ နင်လေ….နင်ယောကျ်ားခြေရှုပ်ရင် သွားသွားမေးနေတဲ့ အကြားအမြင်ဆရာမရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ငါ့ကိုပေးပါလား”
“ ဟဲ့….ကိုနန္ဒလည်း…နောက်ကွယ်မှာခြေရှုပ်နေတာလား…ယောကျ်ားတွေများနော် ကောင်းကိုမကောင်းဘူးပဲ”
“ နင် ပေါက်တတ်ကရတွေ လျှောက်ထင်မနေနဲ့…အစ်ကိုက နင့်ယောကျ်ားလို မပွေဘူးဟဲ့…အလုပ်နဲ့ အိမ်ပဲ သူ့ခေါင်းထဲ အမြဲရှိတာ”
“ ဟိ…..ဟိ…Sorry နော် သူငယ်ချင်း…နေပါအုံး…နင်က ဒီလိုဗေဒင်တွေ၊ အကြားအမြင်တွေကို ဘယ်ချိန်က ယုံသွားတာလဲ”
“ နင် လျှာမရှည်စမ်းပါနဲ့ဟယ်…ပေးမယ်သာ ပေးစမ်းပါ”
“ ရော…ခဏ…ငါပြန်ကြည့်လိုက်ဦးမယ်…..လိပ်စာက(………..) ဖုန်းနံပါတ်က(…….)။ ရပြီလား သူငယ်ချင်း”
“ အင်း…ရပြီ”
“ ဟဲ့..တစ်လစတည်း အဲဆရာမအကြောင်း ငါပြောပြအုံးမယ် သိလား…ဒီဆရာမကလေ သိပ်မှန်တာ….ဗေဒင်ဟောတာထက် အကြားအမြင်ရနေတာလို့ပြောရင် ပိုမှန်မလားပဲ…နင်ဘာမွေးနေ့ သက္ကရာဇ်မှ ပေးစရာမလိုဘူး….နင့်ကိုအာရုံခံပြီး ဟောလိမ့်မယ်”
“ နင့်ဟာက ကြက်သီးထချင်စရာကြီး”
“ ငါ အဖော်လိုက်ပေးရမလား”
“ တော်ပါပြီ…ငါ့ပြဿနာ ငါပဲရှင်းပါမယ် မယ်မင်းကြီးမရယ်”
“ ပြီးရော…ကောင်မ…နောက်ခါတွေကျရလည်း အခုလိုမျိုး အကူအညီလိုတဲ့အချိန်မှ ဖုန်းဆက်သိလား”
“ Sorry ပါဟယ်…ငါ နင့်ကို အဆက်အသွယ် အမြဲလုပ်ပါမယ်…ဒီနေ့အတွက် ကျေးဇူးနော် သူငယ်ချင်း”
“ ကျေနပ်တယ်…ဒါပဲနော်…Bye”
“ အေး…..Bye”
မနက်ဖြန် မြတ်လေး ဆေးရုံသွားပြီးအပြန်တွင် အကြားအမြင်ဆရာမဆီ ဝင်ရန်စီစဉ်လိုက်တော့သည်။ အစ်ကို့ကို ဒီကိစ္စ ပြောမပြဖြစ်တော့။ မနက်ဖြန်ဆေးရုံကိုလည်း အိမ်က ဒရိုင်ဘာကို ကားမောင်းပြီးပို့ခိုင်းလိုက်တော့မယ်။ ဒရိုင်ဘာ မအားရင်လည်း တက်စီငှါးပြီးပဲသွားလိုက်တော့မည်။
အစ်ကို မနက်ဆို ရတနာဆိုင်ရောက်ပြီးကတည်းက အနားရလေ့ရှိတတ်တာမျိုးမဟုတ်။ ဒီတော့ သူမကြောင့် တမင်သတ်သတ်ကြီး ဝန်ပိနေသည့်အဖြစ် မလိုလား။ အကြားအမြင်ဆရာမဆီမှ သတင်းကောင်းကြားရမှာလား။ မကောင်းတဲ့သတင်းတွေလားဆိုတာကတော့ သွားကြည့်ပြီးမှသာ သိတော့မည်။
..........................................................................
အခန်း ( ၄ )
“ မြတ်လေးရေ…ဆေးရုံကို ဒီနေ့ကိုယ့်ဖာသာသွားလို့ရလား…အစ်ကိုဆိုင်မှာ အရေးကြီးကိစ္စတစ်ခုကြိုချိန်းပြီးသားဖြစ်နေလို့”
မြတ်လေး စိတ်ထဲဘဝင်မကျသလိုတော့ဖြစ်သွား၏။ ဆေးရုံကိုသွားမည့်ကိစ္စက မိမိတစ်ဦးတည်းသက်ဆိုင်နေသည့်ကိစ္စမဟုတ်။ အစ်ကိုပါ ပါရမည့်ကိစ္စ။ သို့သော် မြတ်လေး ပြောချင်စိတ်သိပ်မရှိ။
တစ်ဦးသောသားဖြစ်သည့်အစ်ကိုက ဘေးတစ်ဖက်သူဘယ်လိုခံစားရမည်ဆိုတာမျိုး အစကတည်းက သိပ်တွေးပေးလေ့မရှိ။ ရွှေဇွန်းကိုက်ပြီးကြီးလာရတော့ အရာရာအားလုံးက သူ့သဘောအတိုင်း။ မဖြစ်စေရဟုဆိုပြီး မရှိ။ လိုတရဘဝမျိုး။ မြတ်လေးကိုယ့်ဖာသာကိုယ်ပဲ ဖြေတွေးတွေးလိုက်သည်။ အဆင်ပြေတာပေါ့။ မဟုတ်ရင် အကြားအမြင်ဆရာမဆီသွားဖို့ကိစ္စသူ့ကိုကြိုခွင့်တောင်းနေရအုံးမည်။
“ ရတယ်…အစ်ကို…မြတ်လေး…ကိုယ့်ဖာသာပဲသွားလိုက်မယ်”
“ ကားက အစ်ကိုယူသွားမှာဆိုတော့ အဆင်ပြေလား”
“ အင်း..ရတယ်…မြတ်လေး Grab နဲ့ငှါးပြီးသွားလိုက်မယ်”
“ အေး…အေး…ဒါဆို အစ်ကိုသွားပြီနော်…ညကျရင် ဆရာဝန်မကြီး ဘာပြောလိုက်လဲဆိုတာ ပြန်ပြောပေးလိုက်အုံး”
မြတ်လေး ခေါင်းအသာညိတ်ပြလိုက်သည်။ ဒီနေ့ကတော့ မြတ်လေး မြန်မာဝတ်စုံဝတ်ရန် ပြင်ဆင်လိုက်သည်။ နက်ပြာရောင် ဗမာဝတ်စုံက ရင်ဘတ်ခပ်ပြဲပြဲ။ မြတ်လေးအသားအရေနဲ့ နက်ပြာရောင်က ဟပ်ပြီး ထင်းထွက်နေသည်။
အောက်ကလည်း နက်ပြာရောင်ချည်ထမိန်လေးကိုမှ ကံကော်ပွင့် ခပ်ကြဲကြဲလေးတွေ ထမိန်အနားသတ်မှာ ကြဲပက်ထားသည်။ ခပ်သွယ်သွယ်ကိုယ်လုံးလေးမှာ Designer နှင့်အပ်ထားသည့် မြန်မာဝတ်စုံဝတ်ထားတော့ အလှတရားတရားတွေက အကွေ့အဝိုက်၊ အမို့အမောက်၊ အဖုအထစ် အကုန်ထင်ရှားလှပလျက်။
ပုခုံးနားဝဲကျနေသည့် ဖြောင့်စင်းနေသောဆံပင်ကိုပဲ ဖားလျားပဲချလိုက်တော့သည်။ သူဌေးမဆိုပေမဲ့ brand ကိုင်ရမှဆိုသည့်စိတ်ဓာတ် မြတ်လေးမှာမရှိ။ ကိုယ့်ပိုက်ဆံရှိတာ လူတွေမသိလေ ပိုကောင်းလေဆိုသည့် အထာမျိုးဖြစ်သည်။
သို့သော် ဘယ်လောက်ပဲ ပုံမှန်လေးဝတ်ထားပါစေ။ မြတ်လေးဆီက အရောင်အဝါတွေ ထွက်နေပြီး လူတွေရှိန်ရသည်ပင်။ အနေလည်းတည်တော့ မာနကြီးသည်။ ချေသည်ဟု ထင်ကြသည်။ မြတ်လေး တစ်ခါတစ်လေထိုကဲ့သို့ အတင်းအဖျင်းတွေကြားရသော်လည်း မတုန်လှုပ်မိ။ ကိုယ်နေရသည့် ဘဝ၊ ကိုယ်ဖြတ်သန်းလာသည့်ဘဝကို ကိုယ်တိုင်သာ အသိဆုံးပင်။
တက္ကဆီနှင့် “အာရောဂျံ” ဆေးရုံကိုထွက်လာခဲ့လိုက်သည်။ တစ်အောင့်လောက်စောင့်ပြီးသည့်နှင့် ဆရာမကြီးနှင့် ဝင်တွေ့ရသည်။ သွေးတွေ ထပ်ဖောက်သည့်အပြင် ကုတင်ပေါ်မှာ ဒူးထောင်ပေါင်ကားခိုင်းထားသည်။
“ မရှက်နဲ့နော်…သမီး..ဘာမှမဖြစ်ဘူး…စိတ်လျော့ထား”
အစ်ကိုကလွဲပြီး နောက်ထပ်သူစိမ်းတစ်ယောက်ဆီတွင် သူမအရှက်ကိုပြရခြင်းဖြစ်၏။ သို့သော် ထိုအရာတွေသည် လိုအပ်လို့စစ်ဆေးရသည်ဟု သူမနားလည်သဘောပေါက်ထားပါသည်။ အကုန်လုံး စမ်းသပ်စစ်ဆေးပြီးသည်နှင့် မြတ်လေးထမိန်ပြင်ဝတ်လိုက်သည်။
“ သမီးဆီကစစ်ထားတဲ့အဖြေကို သမီးခင်ပွန်းရဲ့အဖြေနဲ့ ပေါင်းပြောပေးမှာဆိုတော့ ဆရာမ ရက်ချိန်းတစ်ခုထပ်ပေးလိုက်မယ်။ အဲနေ့ကျရင် သမီးရော၊ သမီးခင်ပွန်းရော စမ်းသပ်မှုresult ကောင်းမကောင်း ဆရာမပြောပြပေးမယ်။ (….) ရက်နေ့ကျ လာလိုက်နော် သမီး”
“ ဟုတ်ကဲ့ပါ ဆရာမ”
မြတ်လေး ဆေးရုံမှအပြန် ကြိုပြီးစောင့်ခိုင်းထားသော Taxi နှင့် နောက်တစ်နေရာသို့ ခရီးဆက်ပြန်သည်။
“ (….)နေရာကလေ ဆရာမကြီး “ဒေါ်နန်းစိန်ကြည်” ဆီထပ်ပို့ပေးနော်”
“ ဟုတ်ကဲ့…ညီမ”
မနေ့က သင်ဇာပြောထားသော လိပ်စာဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီ။ အခြေခံလူတန်းစားရပ်ကွက်တစ်ခုက ချောင်ကျသည့်နေရာတစ်ခုမှာပင်။
“ ဒီနေရာပဲ…ညီမ”
“ ခဏတုန်းကလိုပဲ စောင့်ပေးနော်…ကျမကျသလောက်ရှင်းပေးပါမယ်”
“ ရပါတယ်ဗျာ….အေးဆေးသာသွားပါ..ညီမရေ”
အိမ်က ရိုးရိုးပျဉ်ထောင်အိမ်(၂)ထပ်တိုက်လေးပင်။ မြတ်လေးရောက်တော့ အိမ်ရှေ့မှာ ကား(၃)စီး ကြိုရပ်ထားသည်ကိုတွေ့နှင့်၏။ ခပ်တည်တည်ပင် အိမ်ထဲဝင်လာခဲ့သည်။ အသက်(၂၀)ဝန်းကျင် အမျိုးသမီးငယ် ထွက်လာပြီး…
“ ဘာကိစ္စရှိသလဲရှင်”
“ ဆရာမကြီးနှင့်တွေ့ချင်လို့ပါ”
“ Booking ပေးထားသလားရှင်”
“ ပေးထားပါတယ်….ဒေါ်မြတ်လေးရုံနာမည်နဲ့ပါ”
“ ဟုတ်ကဲ့…တွေ့ပါပြီ….မိနစ်(၂၀)လောက်စောင့်ပေးပါနော်…ပြီးရင် ဝင်လို့ရပါပြီ”
အကြားအမြင်ဆရာမဆီလာတဲ့သူတွေကို ဟောခန်းနှင့် ခပ်လှမ်းလှမ်းနေရာမှာ ထိုင်ခုံတွေအစီအရီနေရာချပေးထားသည်။ သစ်ရိပ်ဝါးရိပ်တွေနှင့် နေရာတစ်ခုလုံးဆိတ်ငြိမ်သက်လျက်။
“ ဒေါ်မြတ်လေးရုံ ဝင်လို့ရပါပြီရှင်”
မြတ်လေးနာမည်ခေါ်သံကားရတော့ ထိုအမျိုးသမီးငယ်နောက်ဆီ လိုက်လာခဲ့လိုက်သည်။ အပေါက်ဝကနေ အတွင်းဟောခန်းဆီသို့ အနည်းငယ်လှမ်းသေးသည်။
“ ဝင်သွားလို့ရပါပြီနော်”
မြတ်လေး ခန်းဆီကိုအသာလှပ်ကို အခန်းထဲသို့လှမ်းလိုက်သည်။
“ လာ…သမီး”
အပေါ်အောက် အညိုရောင်ဝမ်းဆက် မြန်မာဝတ်စုံဝတ်ထားသည့် အသက်(၆၀)ကျော်လောက်ရှိမည့် အမျိုးသမီးတစ်ဦးက နှုတ်ဆက်သည်။
အခန်းထဲမှာ နံ့သာနံ့ခပ်သင်းသက်းထုံသင်းနေ၏။ လျှပ်စစ်မီးတွေ ထိန်လင်းစွာ ထွန်းညှိထား၏။ ဟောခန်းစားပွဲနှင့် မလှမ်းမကန်းတွင် သပ္ပါယ်စွာစံမြန်းနေသည့် ဗုဒ္ဓမြတ်စွာဘုရားရှင်ရုပ်ပွါးတော် စံမြန်းလျက်ရှိသည်။ ရုပ်ပွါးတော်မှအပ မည့်သည့်နတ်ရုပ်မှ မတွေ့ရပေ။
“ ဘုရားကိုအရင်ဦးချလိုက်ပါလား…သမီး”
ဘုရားစင်ရှေ့ မြတ်လေးပုံ့ပုံ့လေးထိုင်ကာ ထိခြင်း(၅)ပါးနှင့်အတူ ရှိခိုးကန်တော့လိုက်သည်။
“ လာ..ပြီးရင် ဒီမှာထိုင်”
“ ဟုတ်ကဲ့ရှင်”
ဆရာမနှင့်စားပွဲခုံမျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ဆရာမက ငယ်ငယ်တုန်းကတော်တော်ချောမည့်ပုံစံမျိုးပင်။ အချိန်တွေတိုက်စားမှုကြောင့် မျက်နှာမှာ ဇရာ၏အရေးအကြောင်းတွေပေါ်နေသည့်တိုင် ကျက်သရေရှိရှိလှပနေ၏။
“ ကဲ….ဘာကိစ္စရှိလဲ ပြောပါဦး”
“ ဆရာမ….သမီး…”
ရုတ်ချည်းဆိုသလို ဆရာမက လက်တားပြလိုက်သည်။ မြတ်လေးပြောရန်ဟန်ပြင်နေချိန် နှုတ်ဆိတ်သွားမိသည်။
“ အိမ်း…..အိမ်း…..ကလေးလိုချင်နေတာပဲ”
မြတ်လေး ကြက်သီးမွှေးညှင်းတွေဖြန်းခနဲ့ထသွားသည်။
ဘုရားရေ…ဘယ်လိုသိနေပါလိမ့်။
“ ဟုတ်ပါတယ် ဆရာမရယ်…သမီးက အိမ်ထောင်သည်ပါ….အိမ်ထောင်ကျတာကလည်း နှစ်တော်တော်ကြာနေပါပြီ..ခုထိကလေးမရသေးတော့ သားသမီးကံပါမပါသိချင်လို့ပါ”
“ အင်း……အင်း”
ဆရာမက မျက်လုံးတွေမှိတ်ကာ မြတ်လေးလက်ဖဝါးကို ဆုပ်ကိုင်ထားသည်။
“ အင်း……..ဆရာမအမြင်အရ သမီးရမှာပါ”
“ ရှင်”
လှိုက်ခနဲ့ဖြစ်သွားသော ပျော်ရွှင်မှုကြောင့် အသံမှာ ဖုံးမရဖိမရ။
“ ဟုတ်တယ်…သမီး…..ကလေးရမှာ။ စိတ်မပူနဲ့…စိတ်ရှည်လက်ရှည်သာစောင့်….တစ်နေ့ရကိုရလာမှာ”
“ ဝမ်းသာလိုက်တာ ဆရာမကြီးရယ်…ဝမ်းသာလိုက်တာ”
မြတ်လေးသိချင်တာ သိရပြီ ဖြစ်သဖြင့် ပြန်ရန်ဟန်ပြင်လိုက်သည်။ သူမမှာ ကလေးရတနာကလွဲ အကုန်ပြည့်စုံနေပြီဟု ယူဆထားသဖြင့် ဘာမှဆက်မေးရန်စိတ်ကူးမရှိတော့။
“ ဒါဆို ဆရာမ…သမီးကို ခွင့်ပြုပါအုံး”
“ နေပါအုံး…အရေးကြီးတာ ပြောဖို့ရှိသေးတယ်”
ဆရာမက မြတ်လေးလက်ကို မျက်လုံးမှိတ်ပြီး ဆုပ်ကိုင်ထားတုံး။
“ ဟုတ်ကဲ့…ပြောပါဆရာမရှင်”
“ အိမ်ထောင်ဆက်များမဲ့ကိန်းရှိတာပဲ”
“ ရှင်”
...............................................
အခန်း ( ၅ )
မျှော်လင့်မထားသောဟောချက်ကြောင့် မြတ်လေးတစ်ချက်ကြောင်သွားသည်။
“ ဟုတ်ပါ့မလား…ဆရာမရဲ့”
“ ဆရာမ အာရုံထဲမှာတော့ သမီးအိမ်ထောင်(၂)ဆက်ကျမဲ့ကိန်းရှိတယ်”
“ ရှင်….မဟုတ်လောက်ဘူး ထင်တယ်နော်”
မြတ်လေး အိမ်ထောင်ဆက်များမည့်ကိစ္စက တစ်သက်နှင့်တစ်သက် တစ်ခါမှ မစဉ်းစားမိသည့်ကိစ္စဖြစ်၏။ အခုအိမ်ထောင်ရေးကလည်း လုံးဝperfect ကြီးဖြစ်နေသည့် မဟုတ်တိုင် အဆင်တော့ပြေသားပင်။
အစ်ကိုနဲ့မြတ်လေး ကြီးကြီးမားမားဖြစ်စရာပြဿနာကိစ္စလည်း မရှိ။ ပြီးလျှင် အစ်ကိုက ကိုယ့်နောက်ကွယ်ခြေရှုပ်တတ်သည့်သူမျိုးလည်း မဟုတ်။ မြတ်လေးဆိုလည်း အစ်ကိုကလွဲပြီး တခြားအမျိုးသားတွေနှင့် ဒွေးရောယှက်တင်နေဖို့ နေနေသာသာ။
ဒီခေတ်ကြီးမှာ ရှားပါးနေပြီဖြစ်သည့် အပျိုစင်ပန်းကိုသာ အစ်ကို့ကိုသာ အပ်နှင်းခဲ့တာပဲ။ သို့သော် မြတ်လေး အစားကိုသာကုန်အောင်စားမည်။ စကားကို ကုန်ကုန်မပြောချင်သေး။ သံသယစိတ်က စိတ်အာရုံထဲဖြတ်ကနဲ့တိုးဝင်လာသည်။
“ ဆရာမ….သမီးယောကျ်ား သမီးမသိဘဲနောက်ကွယ်မှာခြေရှုပ်နေတာလားဟင်”
“ ဒါကိုတော့ ဆရာမ အာရုံခံမရဘူး။ သေချာတာက အခုဆရာမအာရုံထဲ သမီးက ယောကျ်ားတစ်ယောက်ကို ပစ်ပြီး နောက်ယောကျ်ားတစ်ယောက်ဆီ သွားနေတဲ့ပုံမြင်နေရတယ်။ သမီးကို ကြိုနေတဲ့ယောကျ်ားကလည်း ရင်ခွင်ဖွင့်ပြီးကြိုနေရှာတာပဲ”
“ ရှင်”
ဆရာမပြောတဲ့စကားတွေက ထူးဆန်းသထက် ထူးဆန်းလာသည်။ ဘာတွေလဲ။ ဘာတွေဖြစ်နေတာလဲ။
“ အရာအားလုံးက ကံစံမံရာအတိုင်းပေါ့ သမီးရယ်”
ဆရာမ မြတ်လေးလက်ကို ဆုပ်ကိုင်ထားရာကနေ လွှတ်ချလိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။
“ တစ်ခုတော့ သမီးကို မှတ်ထားစေချင်တယ်။ ဆရာမတို့ဘုရားရှင်လည်း ဟောထားတယ်မလား။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ ဆိုးတာလုပ်ရင် ဆိုးတာ ခံစားရမှာပဲ။ ဒါလေးကိုပဲသေချာမှတ်ထားစေချင်ပါတယ်”
ထူးဆန်းတဲ့ဆရာမဟောချက်တွေကြောင့် မြတ်လေးမောဟိုက်နွမ်းလျသွားသည်။
“ ဟုတ်ကဲ့”
မြတ်လေး မေးမြန်းစူးစမ်းချင်စိတ်လည်းမရှိတော့။ အစကတည်းက လာမမေးလိုက်ရင်အကောင်းသား။ အစ်ကို့ကို ချစ်လို့လက်ထပ်ခဲ့သည် မဟုတ်ပေမဲ့ ဖြစ်နိုင်မယ်ဆို အိမ်ထောင်ဆက်ပေါင်းများစွာ မကြုံချင်မိပါ။တုံဏှိဘာဝေအတွေးများနှင့် မြတ်လေး ဆရာမကို ဉာဏ်ပူဇော်ခကန်တော့ကာ အိမ်သို့တန်းပြန်ခဲ့လိုက်သည်။ ညရောက်တော့ အစ်ကိုကမေး၏။
“ မြတ်လေး…ဒီနေ့ ဘယ်လိုလဲ အဆင်ပြေခဲ့လား”
“ အင်း….ဆရာဝန်မကြီးက မြတ်လေးကို သွေးတွေထပ်စစ်၊ ထပ်စမ်းထားတယ် အစ်ကို။ အစ်ကိုကို့ စစ်ဆေးပြီးရင် အဖြေကိုပေါင်းပြောပေးမယ်လို့ ပြောတယ်။ အစ်ကို့ကိုလည်း သန်ဖက်ခါကျ ချိန်းထားတယ်မလား”
“ အင်း”
နန္ဒ မွှေးကြိုင်နေသော မိန်းမအနားဆီကပ်လာသည်။
“ ဟိုး…..ဆရာ….ဟိုး…..အစ်ကိုကလည်း…ဟိုနေ့ကပဲ ဆရာမကြီးပြောလိုက်တယ်လေ။ မိန်းမဖြစ်သူနဲ့ (၃)ရက်တိတိလိင်မဆက်ဆံရဘူးဆို”
“ မြတ်လေးကလည်း…ဆရာမကြီးက အစ်ကိုတို့သူမသိဘဲနေလိုက်တာကို သိတာမှမဟုတ်တာ။ သိရအောင် အကြားအမြင်ဆရာမလည်း မဟုတ်ဘူးလေ”
နန္ဒက သူ့စိတ်ကူးနဲ့သူပြောလိုက်ပေမဲ့ မြတ်လေးကိုစောင်းပြီးပြောလိုက်သလို။ တကယ်တမ်းကျ မြတ်လေး ဗေဒင်သွားမေးတာကို နန္ဒမသိပါ။ သို့သော် မြတ်လေးက အိုးမလုံ အုံပွင့်ဖြစ်သွားရသည်။
“ ဟင့်အင်း….မရပါဘူး….မြတ်လေးက အဲလိုနောက်ကွယ်မှာ စည်းမဲ့ကမ်းမဲ့နေတာကို မကြိုက်ပါဘူး။ သုတ်ရည်စစ်မလို့ လိင်မဆက်ဆံရဘူး။ ဂွင်းမတိုက်ရဘူးလို့ ပြောခဲ့တယ်လေ”
“ မြတ်လေးကလည်းကွာ….ဒီတစ်ညပဲကို”
“ အစ်ကို…မြတ်လေးက မရပါဘူးဆို မရဘူးပဲ”
မြတ်လေးက လင်မယားအတူတူချစ်တင်းနှီးနှောဖို့ကို ခါးခါးသီးသီးငြင်းဆန်နေသော နန္ဒအူနုကျွဲခတ်သလိုဖြစ်သွားရ၏။
“ ပြီးတော့ အကြာကြီးရှောင်ခိုင်းထားတာလည်း မဟုတ်ဘူး။ (၃)ရက်လေးပဲကို”
နန္ဒ မြတ်လေးပွစိပွစိပြောနေသည်ကို မကျေနပ်သော်လည်း မှန်နေတော့ ငြိမ်ခံလိုက်ရသည်။
“ ပြီးရော”
“ လိမ္မာပါတယ်..အစ်ကိုကလည်း”
“ ဒါဆို အာဘွားပေး”
“ မွ….မွ”
နန္ဒပါးပြင်ကို သူ့အလိုအတိုင်း မွှေးကြူပေးလိုက်၏။ ကိုယ်ချစ်လို့ယူထားသည့် မိန်းမဆိုတော့လည်း အနမ်းတစ်ချက်နဲ့တင် နန္ဒစိတ်ပြေသွားပြန်သည်။
“ လာ..ဖက်ထားပေးမယ်”
နန္ဒ၏ ခပ်ဖိုင့်ဖိုင့်ကိုယ်လုံးကို မြတ်လေးဖက်လိုက်၏။ နေ့လည်က ဆရာမပြောလိုက်သောဟောချက်တွေအကြောင်း ခေါင်းထဲ တချက်တချက်နှောင့်ယှက်လာသေးသည်။
“ အိမ်ထောင်ဆက်များမဲ့ကိန်းရှိတယ်”
“ အိမ်ထောင်ဆက်များမဲ့ကိန်းရှိတယ်”
“ အိမ်ထောင်ဆက်များမဲ့ကိန်းရှိတယ်”
တော်ပြီ။ မတွေးတော့ပြီ။ နောက်ခါကျ သွားမမေးတော့ပြီ။ အိမွန်ရေ….နင်အညွှန်းကောင်းလို့ ငါလိုက်လုပ်မိတာ (၅)ပါးကိုမှောက်ရော။ ကောင်မစုတ်။ လူချင်းတွေ့မှ ဆဲအုံးမည်။
ဒီနေ့က နန္ဒဆေးခန်းချိန်းရက်ဖြစ်သည်။ မြတ်လေးပါ အဖော်အနေနှင့် လိုက်ပါလာသည်။ ဆေးရုံကောင်တာမှာ အကြောင်းအကျိုးမေးမြန်းလိုက်သည်။
“ ဆရာမ….ဦးကျော်နန္ဒနာမည်နဲ့ ဘိုကင်ချိန်းထားလို့ပါ”
“ ဟုတ်ကဲ့…ခဏစောင့်ပေးနော်”
တအောင့်လောက်ကြာတော့ ဆေးရုံယူနီဖောင်းနှင့် အသက်ငယ်ငယ်၊ ခပ်ချောချော ဆရာမတစ်ယောက်က ကော်ဘူးလေးသေးသေးလေးတစ်ဘူးကိုင်ကာ နန္ဒကိုလာခေါ်သည်။
“ ဦးကျော်နန္ဒ ကျမနောက်ကို လိုက်ခဲ့ပါရှင်”
“ လိုက်သွားလေ..အစ်ကို။ မြတ်လေး ဒီမှာပဲစောင့်ပေးနေမယ်”
နန္ဒယောင်ချာချာနှင့် ဆရာမခေါ်ရာလိုက်ပါသွားသည်။ ထောင့်စွန်းကျကျအခန်းလေးတစ်ခုရှေ့ရောက်တော့ သူ့လက်ထဲသို့ ဘူးကို ကမ်းပေးလိုက်သည်။
“ ဒီအခန်းထဲမှာ ဦးကျော်နန္ဒ masterbate လုပ်ပြီးရင် သုတ်ရည်ကို ဒီဘူးထဲ ထည့်လိုက်ပါ။ အခန်းထဲမှာ ကြည့်လို့ရအောင် ကြိုက်နှစ်သက်ရာဇာတ်ကားမျိုးစုံရှိပါတယ်။ ပြီးရင် ကောင်တာမှာရှိတဲ့ ကျမကို သုတ်ရည်ဘူးလာအပ်ပေးပါနော်”
ဆရာမက သူမ၏နိစ္စဓူဝအလုပ်ဆိုတော့ ပြောသွားသည်မှာ ခပ်တည်တည်ပင်။ နန္ဒသာ ဆရာမပြောသောစကားတွေကိုကြားပြီး ရှက်ပြီး နားနှစ်ဖက်ရဲတက်လာသည်။
“ ဟုတ်…ဟုတ်ကဲ့ပါဆရာမ”
“ ဟုတ်ကဲ့…ဒါဆို ကျမကို ခွင့်ပြုပါအုံးရှင်”
နန္ဒ ရှက်ရှက်နှင့်အခန်းတံခါးတွန်းဖွင့်လိုက်သည်။
.................................................................................
အခန်း ( ၆ )
(၉)ပေပတ်လည်တိတ်ဆိတ်သောအခန်းလေးတစ်ခု။
အခန်းထဲ (၂၁)လက်မ Android TVတစ်လုံးနှင့် TV ရှေ့ တွင် နောက်မှီထိုင်ခုံလေးတစ်လုံးသာရှိသည်။ အခန်းတစ်ခုလုံးက လျှပ်စစ်မီးကြောင့် လင်းလင်းချင်းချင်း။ နန္ဒ အခန်းထဲရောက်တော့ ဘာလုပ်၊ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။ အပြင်မှာ မြတ်လေးကိုလည်း အကြာကြီးမစောင့်ခိုင်းထားချင်။ ဆရာမ ခိုင်းသည့်အတိုင်း ခပ်မြန်မြန်လုပ်ရန် ပြင်ဆင်လိုက်သည်။
ဝတ်ထားသော စတိုင်ပန်ဘောင်းဘီရှိခါးပတ်ကို ဆွဲဖြုတ်လိုက်သည်။ ဘောင်းဘီချိတ်ကိုဖြုတ်လိုက်သည့် အောက်ကိုပုံကျသွားသည်။ ခပ်စူစူဝမ်းဗိုက်အောက်မှာ အမွှေးထူထူတွေကြားထဲ သူ့လီးကို မြင်နေရသည်။ နန္ဒ သူ့လီးကို ဆုပ်ကိုင်ကာ ထောင်မတ်လာစေရန် ပွတ်သပ်နေသည်။ (၃)မိနစ်လောက်ကြာသည့်တိုင်အောင် ထောင်မတ်မလာ။ လီးက ပျောခွေ့ငိုက်ဆင်းလျက်။
အခန်းကို ပိုးသတ်ထားသည့်ဆေးနံ့ကလည်း သူ့နှာခေါင်းဆီ တချက်တချက်တိုးဝင်နေသော လိင်စိတ်ထကြွဖို့နေနေသာသာ။ လီးတောင်ဖို့တောင် မနည်းထုနေရသည့်အဖြစ်။ ကိုယ့်အဖြစ်ကို ကိုယ့်ဘာသာပြန်တွေးရင် နန္ဒစိတ်ပျက်စပြုလာ၏။ ဒီအတိုင်းရှေ့ဆက်နေရင်တော့ တစ်နေ့လုံးသာကုန်သွားမည်။ ဂွင်းထုဖြစ်မှာမဟုတ်။
နန္ဒ TV ခလုတ်ဖွင့်လိုက်သည်။
Wow..TV ထဲတွင် ကြိုက်နှစ်သက်သာအပြာ website မျိုးစုံ။ နန္ဒအပြာကားတွေ မကြည့်ဖြစ်တာတော်တော်ကြာပြီ။ လူပျိုပေါက်စနတုန်းကတော့ လူကြီးတွေ မသိအောင်င်ခိုးကြည့်နေကြ။ အခုခေတ်လို့ Internet ရှိရုံနှင့် အကုန်ကြည့်နိုင်သောခေတ်မဟုတ်။
အခွေငှါးဆိုင်တွေ၊ အခွေအရောင်းတွေမှာ ခပ်တည်တည်နှင့် ဟိုကားပေးပါဆိုပြီး တောင်းရသည့်အဖြစ်။ အခွေဆိုင်ပိုင်ရှင်တွေကလည်း အထာနပ်သည်။ ယောကျ်ားလေးတွေ မယောင်မလည်လုပ်နေပြီး ဟိုကားပြောပါဟု တောင်းဆိုလာလျှင် စင်နောက်တွင် ဝှက်ထားသည့်အခွေတွေကို ထုတ်ရောင်းလိုက်ရုံ။
အခုခေတ်က ဖုန်းနှင့် internet ရှိရုံကို မိမိစိတ်ကြိုက်ကြည့်နိုင်သည့်ခေတ်။ ငယ်ငယ်ကတော့ MILF တွေဆို နန္ဒသိပ်ကြိုက်သည်။ ရင်ထွားထွား၊ တင်ကြီးကြီးအဖြူမ တွေကို အလိုးခံပြီး အော်ဟစ်နေသည်ကို ကြည့်ရသည်မှာ အရသာတစ်ခု။
တစ်ခါတစ်လေကျပြန်တော့လည်း Action ကားတွေမှာ တစ်ခန်းတစ်လေပါလာသည့် Sex scene တစ်ချို့ကို ကြည့်ရမှာ ရင်တလှပ်လှပ်။ မြတ်လေးနှင့် အိမ်ထောင်မကျခင်ကဆို ဆိုင်ကိုအလည်လာသည့် မြတ်လေး၏ တင်ကားကားလေးတွေကို လူမသိအောင် ခိုးခိုးကြည့်ရသည်မှာ အကြိမ်ကြိမ်အခါခါ။
မရမကယူပြီး တကယ်လက်ထပ်ဖြစ်သွားသည့်အခါတွင်လည်း မင်္ဂလာဦးမှာမြင်တွေ့ရသည့် မြတ်လေး၏ မိန်းမသားဆန်မှုအပြည့်နဲ့အလှတရားတွေကို အခုထိ မရိုးနိုင်။ မြတ်လေးနဲ့ လိုးတိုင်း သူစိတ်မထိန်းနိုင်သဖြင့် သုတ်စောပြီးလွှတ်မိသည်မှာ မရေတွက်နိုင်တော့။ သူလိုးရင် မျက်စိမှိတ်အံကြိတ်ခံသည့်မြတ်လေးမျက်နှာလေးက ဆွဲဆောင်မှုအပြည့်။
မြတ်လေးဆန္ဒပြည့်ဝသည်၊ မပြည့်ဝသည်ကိုတော့ သူ့ထည့်မစဉ်းစားခဲ့ပေ။ မြတ်လေးကိုကြည့်ရသည်မှာ အလိုရမ္မက်ကြီးမည့်ပုံစံလည်းမပေါက်သဖြင့် ထိုကိစ္စကတစ်နေ့ကျ အိမ်ထောင်ရေးမှာ အနှောက်အယှက်ဖြစ်လာနိုင်သည်ကို သူမတွေးမိခဲ့ပါ။
နန္ဒ TV ဖွင့်ပြီး ဘာကားကြည့်ရမလဲဟုရွေးနေသည်။
ဟော..။
တွေ့ပြီ။ ဒီဇာတ်ကားကြည့်ရင် ကောင်းမည်။
Asia စုံတွဲတစ်တွဲနှင့် Africa လူမည်းအမျိုးသားတစ်ဦးတို့ ဇာတ်လမ်း။ ဇာတ်လမ်းအစမှာကတည်းက ကုတင်ပေါ်တွင် Asiaအမျိုးသမီးနှင့် လူမည်းကြီးက ပွတ်သပ်နမ်းရှုံ့နေသည်။ ကုတင်နှင့်မလှမ်းမကမ်းတွင် Asia အမျိုးသားတစ်ဦးက ထိုင်ပြီး သူ့လီးကိုပွတ်သပ်နေသည်။
Asia စုံတွဲက အသက်(၃၀)ကျော် ဝန်းကျင်ရှိမလားပင်။ အမျိုးသားဖြစ်သူက ခပ်ပိန်ပိန်ရှည်ရှည်နှင့်။ အမျိုးသမီးဖြစ်သူ သူမအမျိုးသားဖြစ်သူနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ Chubbyဖြစ်ဖြစ် ခပ်ပြည့်ပြည့်ဝဝအမျိုးသမီးတစ်ဦးပင်။
ဗိုက်ခေါက်လည်းအနည်းငယ်ရှိသည့်အပြင် သားမြတ်အစုံက ဖွံ့ထွားအိကျနေသည်။ တင်တွေလည်း ပြည့်ပြည့်ကားကား။ Africa လူမည်းကြီးက အသက်ကြီးကြီး၊အကောင်ကြီးကြီး။ ဗလအကြီးကြီး၊ လီးအကြီးကြီးပုံစံမျိုးပင်။
မုတ်ဆိတ်ဘလဗွနှင့် Africa လူမည်းက တကယ့်အကြမ်းပတမ်းလုပ်မည့်ဟန်ပန်မျိုး။ ခပ်ဝဝ Asia အမျိုးသမီးနှင့် ရယ်လိုက်မောလိုက်၊ ပွေ့လိုက်ဖက်လိုက် ကျီစယ်နေကြသည်။ မှုတ်ဆိတ်မွှေးထူထူပေါက်နေသည့် Africaလူမည်းအမျိုးသားနှုတ်ခမ်းကို Asiaအမျိုးသမီးက စုပ်ယူနမ်းရှိုက်နေသည်။
နန္ဒကြည့်ရင်း နှလုံးခုန်နှုန်းတွေမြန်လာ၏။ အောက်က သူ့လီးလည်း တဒိတ်ဒိတ်နှင့်ထောင်မတ်စပြုလာသည်။
အား….ပါး….ပါး။
Africa လူမည်းလီးကြီးက ကြောက်စရာ။ (၇)လက်မကျော်ကျော်ရှိမည့်အပြင် လုံးပတ်ကလည်း Roll on အရွယ်အစားလောက်ရှိမည်။ ထိုလီးနှင့် နန္ဒ မိမိလီးကိုပြန်နှိုင်းယှဉ်ကြည့်မိသည်။
နန္ဒကိုယ် တွင် တဒိတ်ဒိတ်ထောင်မတ်နေသည့် လီးချောင်းက (၅)လက်မကျော်ရုံမျှသာ။ လုံးပတ်ကလည်း သိပ်မကြီးမား။ ပုံမှန် မြန်မာလီးအရွယ်အစားမျှသာ။ ထို Africa လီးကြီးနှင့် ယှဉ်မိကာမှ အားငယ်သွားသလို ခံစားရသည်။
“ အ……အင့်……ဟင့်…..ဟင့်……Fuck me….fuck me”
“ Ok baby…Ok”
TV ဖန်သားပြင်မှ ထွက်လာသော ရမ္မက်သံများ။
Asia အမျိုးသမီးစောက်ပတ်တစ်ခုလုံးလည်း Africa လူမည်းကြီးဘာဂျာအစွမ်းကြောင့် စောက်ရည်တွေ စိုရွှဲနေသည်။ ထို Africa လူမည်းအမျိုးသားက ကုတင်နှင့် မလှမ်းမကိုင်တွင်ထိုင်နေသော Asiaအမျိုးသားကိုကြည့်သည်။
သူ့မိန်းမကို လိုးရန် သူ့ယောကျ်ားကို ခွင့်တောင်းသည့် သဘောမျိုးလားပင်။ ထိုင်နေသော Asia အမျိုးသားက ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။ ထို Asia အမျိုးသားပုံစံကို မြင်လိုက်တော့ နန္ဒအားငယ်နေသောစိတ်တွေက တဖန်ပြန်လည် အားတက်မိပြန်သည်။
TV ဖန်ထားပြင်ထဲက မြင်နေရသော ထို Asia အမျိုးသား၏ လီးအရွယ်အစားနှင့် သူ့လီးအရွယ်အစားက မတိမ်းမယိမ်း။ နန္ဒကြည့်ရင်း ကြည့်ရင်းကနေ နားထင်သွေးတွေ တဒိတ်ဒိတ်ခုန်ကာ သူ့နှလုံးခုန်သံ သူပြန်ကြားမိသည်။
Asia အမျိုးသမီး စပ်ပတ်သေးသေးလေးထဲ ဟို Africa လူမည်းကြီးက ဆံ့ပါမလဲပင်။ လိုးနေရင်း ကွဲထွက်နေမှ ဟုတ်ပေ့ဖြစ်နေအုံးမည်။ Asia အမျိုးသမီးကတော့ ကုတင်ပေါ်မှာ တအီးအီး တအားအားနှင့် အခုချက်ချင်းအလိုးခံမှကိုဖြစ်မည့်ပုံစံလိုနှယ်။
ထို Asia အမျိုးသမီးပေါင်ကိုဖြဲကာ Africa လူမည်းကြီးက သူ၏ ထွားကြိုင်းသန်မာသည့်လီးချောင်းကိုထိုးသွင်းရန်ဟန်ပြင်လိုက်သည်။
“ အား…..ဟင့်………အာ…..ဟား……ဟင့်……ဟင့်”
“ You are so fucking good,baby. So good ”
“ ဖတ်……ဖလတ်…..ဖတ်……..ဖတ်……ဖလတ်…ဗြတ်……..ဖတ်……ဖတ်”
ကြီးမားထွားကြိုင်းသည့်လီးချောင်းမည်းကြီးက TV ထဲရှိ Asiaအမျိုးသမီးစပ်ပတ်သေးသေးလေးထဲ ပြည့်သိပ်စွာနေရာယူနိုင်ခဲ့လေသည်။
Asia အမျိုးသမီး အော်လိုက်သည့်ဖြစ်ခြင်း။ နာကျင်လို့ အော်ဟစ်နေတာမျိုးမဟုတ်။ လိုချင်နေသည့် အရာတစ်ခုပိုင်ဆိုင်ရသဖြင့် ကျေနပ်ပြီးထွက်ပေါ်လာသည့်အော်သံမျိုး။ TV ကြည့်ရင်းကလေ နန္ဒထောင်မတ်နေသော သူ့လီးကို ဆုပ်ကာ ဂွင်းစထုမိလေသည်။ TV ထဲရှိ Asia အမျိုးသားကလည်း ကုတင်ပေါ်မှာ လီးထွားကြီးနှင့်အလိုးခံနေသော သူ့အမျိုးသမီးကိုကြည့်ပြီး ဂွင်းထုနေသည်။
Africa လူမည်းကြီးလက်က ကျော့ကော့နေအောင် အလိုးခံနေရသည့် Asia အမျိုးသမီးက သူမယောကျ်ားဖက်ကို တစ်ချက်တစ်ချက်စောင့်ငှဲ့ကြည့်သေးသည်။ အရသာရှိလိုက်သည့်ဖြစ်ခြင်း။ ယောကျ်ားဖြစ်သူရှေ့ မိန်းမဖြစ်သူက တခြားအမျိုးသားတစ်ဦးနှင့် ပက်ပက်စက်စက်အလိုးခံနေရသည့်အဖြစ်။
နန္ဒ ကြည့်ရင်းကြည့်ရင်း စိတ်ကူးယဉ်မိသည်။ သူ့မိန်းမ မြတ်လေးသာ တခြားအမျိုးသားနှင့် လိုးနေတုန်း သူကဘေးက ထိုင်ကြည့်နေရင်ရော။ အတွေးနဲ့တင် ဆိမ့်လှပေ၏။ ဂွင်းထုနေသော ညာလက်ကို ပိုအရှိန်တင်ပစ်လိုက်သည်။
“ အား….ဟား…..ဟား……အား……ဟား”
“ ဖတ်…….ဖတ်……..ဖလတ်…..ဖလတ်……..ဗျစ်……ဗျစ်”
“ So good…baby….so…good….you are o beautiful”
“ Harder……..အင့်…..ဟင်း……ဟင်း…..ဟင်း…….အင့်…..အင့်……ဟင်း”
TV ဖန်ထဲပြင်ထဲကရော၊ အပြင်မှာထိုင်ကြည့်နေသောသူတွေပါ အော်ဟစ်မြည်ကြွေးသံတွေ မျိုးစုံထွက်ပေါ်နေသည်။ Asia အမျိုးသမီးက အားမရဖြစ်လာသလားပင်။
ထို Africa လူမည်ကြီးကိုယ်ပေါ်တက်ခွကာ cowgirl style နှင့်အလိုးခံရန်ပြင်ဆင်လိုက်သည်။ လီးအဝင်အထွက်ကိုပါ သေချာရိုက်ပြထားသဖြင့် ထိုAfrica လူမည်ကြီးလီးတွင် ခပ်ဖြူဖြူအရည်တွေပေကျံနေသည်မှာ မနည်းမနော။
မည်းနက်နေသည့် လီးချောင်းရှည်ရှည်ကြီးက စပ်ပတ်ပန်းရောင်ထဲ စည်းချက်မှန်မှန်ဝင်ရောက်နေသည်မှာ ကြည့်နေသူအဖို့ အရသာရှိလှပေစွ။ မြတ်လေးဆိုရင်ရော။ တခြားယောကျ်ားတစ်ယောက်ကိုယ်ပေါ် တက်ခွစီးပြီး အလိုးခံမည်ဆိုရင်ရော။
“ အ…..ဟ……..ဟာ……..အား…….အာ”
လက်၏ လှုပ်ရှားမှုက မြန်သထက် မြန်လာပြီ။ ထုခံနေရသော လီးတစ်ချောင်းလုံးလည်း လက်က ဂွင်းထုနေသောအရှိန်၊ အတွေးနဲ့မှန်းဆနေသော စိတ်ဆင်ရိုင်းတို့ကြောင့် အရသာရှိလှပေစွ။ နန္ဒလီးတစ်ချောင်းလုံးက စိတ်ရိုင်းတွေကြောင့်ကျဉ်တက်လာကာ ဆုံးခန်းတိုင်ရောက်ရှိလာလေပြီ။ သတိတရဖြင့် ဘေးမှာချထားသောကော်ဘူးလေးကို အသာအယာအဖုံးဖွင့်ကာ ကိုင်ထားလိုက်သည်။
“ အာ….အား….ဟား….ဟား…..ဟား……ဟား”
ပန်းကနဲ့ထွက်လာသည့် (၃)ရက်စာ စုထားသော သုတ်ရည်ဖြူဖြူတွေက ထိုဘူးလေးထဲ နေရာယူထားလိုက်သည်။ နန္ဒ သုတ်ရည်တွေက တစ်စက်မှမကျန်အောင်ထုတ်ချင်သဖြင့် သုတ်လွှတ်ပြီးသည်တိုင် ဂွင်းထုဆဲ။ လီးချောင်းက တဆတ်ဆတ်တုန်ခါကာ နောက်ဆုံးသုတ်ရည်ထွက်သည်အထိ လွှတ်ချနေသည်။
နန္ဒမောပန်းသွားပြီ။ ကောင်းလိုက်သည့် အရသာ။ မြတ်လေးနှင့် လိုးကြတုန်းကတောင် ဒီလိုမျိုးမရခဲ့ဘူးပေ။ မြတ်လေးကို ပေါက်တတ်ကရမှန်းကာ စိတ်မှန်းဖြင့် ဂွင်းထုလိုက်လို့ ပိုကောင်းသွားသည် ထင်ပါရဲ့။
“ အ……အ…..ဟား….အာ…….အား….အား”
“ ဖတ်….ဖလတ်…..ဖလတ်…..ဖတ်…….ဖတ်”
TVထဲမှာတော့ အခုထိမပြီးသေး။ ပိုတောင် ဇာတ်ရှိန်တက်လာသလိုပင်။ Asia အမျိုးသားကပါ ကုတင်ပေါ်တက်လိုက်လာသည်။ Asia အမျိုးသမီးက ဖင်ကုန်းနေသည့်အနေအထားဖြင့် Africa လူမည်းကြီးလက်က အလိုးခံနေရင်း သူမပါးစပ်က သူမယောကျ်ားလီးတိုလေးကို စုပ်ပေးနေသည်။
တအီးအီးအော်မည်နေသော်လည်း နန္ဒကိုယ့်ကိစ္စပြီးသွားသဖြင့် TV ပိတ်၊ အဝတ်အစားပြန်ဝတ်ကာ သုတ်ရည်ဘူးကိုသေချာပိတ်ပြီး အပြင်သို့ထွက်လာခဲ့လိုက်တော့သည်။
.................................................
အခန်း ( ၇ )
နန္ဒ ကောင်တာရှိဆရာမကို ရှာလိုက်သည်။
“ ဆရာမ…ရပါပြီ”
မျက်နှာကိုငုံထားကာ ခပ်ရှက်ရှက်နဲ့ပင် ဂွင်းထုပြီးထွက်လာသည့် သုတ်ရည်ဘူးအား ဆရာမကို လှမ်းပေးလိုက်သည်။
“ ဟုတ်ကဲ့…ဒါဆိုပြန်လို့ရပါပြီနော်”
နန္ဒ ဆရာမကိုနှုတ်ဆက်စကားတောင်ပြန်မဆိုမိ။
စောင့်နေသောမြတ်လေးရှိရာသို့ ခပ်သွက်သွက်လျှောက်လာလိုက်တော့သည်။
“ အစ်ကို အဆင်ပြေခဲ့လား”
“ အင်း”
“ မျက်နှာတစ်လုံး နီရဲနေတာပဲ။ နေကောင်းရဲ့လား”
မိမိကို စောင့်နေရှာသောမြတ်လေးက တွေ့တာနှင့်ဆီးကြိုမေးလိုက်တော့ ခဏကို အတွေးထဲထိ မြတ်လေးကိုသူမဟုတ်သည့် တခြားအမျိုးသားတစ်ယောက်နှင့်စိတ်ကူးယဉ်မိသည်အတွက် အားတုံ့အားနာဖြစ်ရသည်။
ဒီနေ့ ဂွင်းထုရသည်ကတော့ အရသာတော်တော်ရှိလှ၏။ အားပါးတရ အပြာကားကြည့်ပြီး ဂွင်းမထုရသည်မှာ နှစ်ပေါင်းများစွာကြာခဲ့လှပြီ။ အရိုးခံမျက်နှာပေးလေးနှင့် မြတ်လေးကတော့ ဘာမှမသိရှာ။
“ ကောင်းပါတယ်…မြတ်လေး…လာလေ…အစ်ကိုတို့ ပြန်လို့ရပြီ”
ဆေးရုံမှအပြန် ရတနာဆိုင်ကို တန်းမောင်းခဲ့လိုက်တော့သည်။
တစ်ပတ်ခန့်ကြာသော်……….
ဒီနေ့က နန္ဒနှင့် မြတ်လေးတို့ရဲ့ ဆေးခန်းရက်ချိန်းဖြစ်သည်။ အဖြေက ကောင်းမလား၊ ဆိုးမလားဆိုတာကတော့ ခဏကြာသိရတော့မည်။ အခုတော့ ဆရာဝန်မကြီးအခန်းတံခါးရှေ့ အလှည့်ကျရန်စောင့်နေရှာသည်။ မြတ်လေးတို့စုံတွဲပတ်ပတ်လည်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အရွယ်စုံ၊ ဆိုဒ်စုံထိုင်နေကြသည်။
သူတို့လည်း ကိုယ်ဝန်ပြရန်အတွက် စောင့်နေကြခြင်းဖြစ်၏။ ခင်ပွန်းသည်ပါသော ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရှိသလို၊ တစ်ယောက်တည်း ဗိုက်လာပြသောသူတွေလည်းရှိသည်။ မြတ်လေး သူတို့ကိုကြည့်ပြီး အားကျစိတ်တွေ တဖွားဖွားဝင်လာမိသည်။
ဗိုက်ဖုံးအင်္ကျီမျိုးစုံနှင့် အရွယ်မျိုးစုံ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ။ မိမိလည်း ကိုယ်ဝန်ဆောင်ရင် ဘယ်လိုများနေမှာပါလိမ့်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအလယ် ချပ်ကပ်နေသော ကိုယ့်ဗိုက်ကို ကိုယ်ပြန်ငုံ့ကြည့်ပြီး စိတ်ကူးယဉ်မိတော့သည်။
“ ဒေါ်မြတ်လေးရုံတို့…ဝင်လို့ရပါပြီရှင်”
“ အစ်ကို…မြတ်လေးတို့ နာမည်ခေါ်နေပြီ….သွားမယ်..လာ”
“ ဪ….အေး…..အေး”
နန္ဒလည်း မြတ်လေးနည်းတူ ဗိုက်မျိုးစုံကိုကြည့်ပြီး အတွေးရေယာဉ်ထဲ မျောနေမိ၏။ မြတ်လေးခေါ်မှ သတိရမိသည့်အဖြစ်။
“ လာ…ထိုင်…သားတို့……..သမီးတို့”
ဆရာဝန်မကြီး ဒေါ်ခင်လေးဆွေက သူတို့စုံတွဲကိုနှုတ်ဆက်ရှာသည်။
“ ဆရာမ…..သမီးတို့ ဆရာမရက်ချိန်းထားလိူ့ပါ။ ပြီးတော့ စစ်ထားတဲ့အဖြေကောင်းမကောင်းလည်း သိချင်လို့ပါ ဆရာမ”
မြတ်လေး မနေနိုင် မထိုင်နိုင်ဖွင့်ဟလိုက်မိသည်။
“ အင်း…သမီး….ဆရာမလည်း..ဒီကိစ္စကို ပြောပြချင်လို့ ရက်ချိန်းလိုက်တာပဲလေ”
“ ဟုတ်ကဲ့…ဒါဆို..သမီးတို့ အဖြေတွေက”
မြတ်လေးမေးခွန်းတွေ မေးနေရင်းက အကြားအမြင်ဆရာမ ဟောချက်တွေ အတွေးထဲ ဝင်လာပြန်သည်။ သူကတော့ သားသမီးကံ ပါတယ်လို့ပြောတာပဲ။ သူဟောတာ မှန်ရင် အခု အဖြေက ကောင်းမှာပါ။
အရှင်ဘုရား..မှန်ပါစေ…အရှင်ဘုရား။
နန္ဒရော၊ မြတ်လေးပါ ဆရာဝန်မကြီးဆီက နှုတ်ထွက်စကားကို ရင်တထိတ်ထိတ်နဲ့စောင့်နေကြသည်။
“ အင်း….အဖြေကို နှစ်ယောက်ခွဲပြောရမှာပေါ့…သားအဖြေနဲ့ သမီးအဖြေပေါ့။ ပထမဆုံး သမီးရဲ့ စစ်ဆေးထားတဲ့အဖြေကို ဆရာမရှင်းပြမယ်နော်။ ဟိုတစ်နေ့က သမီးရဲ့ ဟော်မုန်းlevel တွေမှန်မမှန်၊ သားဥပြွန်တွေ ကောင်းကောင်းပွင့်မပွင့် သေချာစမ်းဆေးခဲ့တယ်နော်”
“ ဟုတ်ကဲ့ပါ ဆရာမ”
မြတ်လေး ဆရာမကြီးစကားကို သံယောင်လိုက်မိ၏။
“ ဒီတော့ စစ်ထားတဲ့ အဖြေတွေအရ သမီးရဲ့ အဖြေတွေအားလုံးက ကောင်းပါတယ်ကွယ်။ ဘာမှ ချို့ယွင်းချက်ရှိတော့မျိုး မတွေ့ရဘူးကွဲ့”
မြတ်ဘေးလှိုက်ခနဲ့ပျော်သွားမိသည်။
“ ဝမ်းသာလိုက်တာရှင်ဆရာမရယ်…ဝမ်းသာလိုက်တာရှင်”
ဆရာဝန်မကြီးမျက်နှာပေးက တော်တော်serious ဖြစ်နေတဲ့ပုံပင်။ မြတ်လေးဝမ်းသာပျော်ရွှင်မှုကို အသိအမှတ်မပြုသလို။ ထို့နောက် စကားဆက်၏။
“ သမီးအဖြေပြီးတော့ သားအဖြေပေါ့နော်”
“ ဟုတ်ကဲ့”
နန္ဒအလှည့်ရောက်လာပြီ။ နန္ဒ ဘာမှ စိတ်မပူ။ ကောင်းမယ်မှန်းသိပြီးသားအဖြေတစ်ခုကို ကြိုစောင့်နေရုံမျှသာ။ ကိုယ့်မှာ ဘာချို့ယွင်းချက်မှ မရှိသည်ကို ကိုယ်သာအသိဆုံး။
“ သားရဲ့ သုတ်ရည်အဖြေကို ဆရာမပြောပြမယ်နော်”
“ ဟုတ်ကဲ့”
“ သားရဲ့ အဖြေက…..အင်း….သိပ်တော့မကောင်းဘူးကွဲ့”
“ ရှင်”
“ ခင်ဗျား”
နှစ်ယောက်စလုံး ထိတ်ထိတ်ပြာပြာ။
“ အင်း…..သားရဲ့ သုတ်ရည်ကို စစ်ထားတဲ့အဖြေအရ သားရဲ့ သုတ်ရည်မှာပါတဲ့ သုတ်ကောင်လေးတွေ အရေအတွက် ပုံမှန်ထက် နည်းနေတယ်ကွဲ့။ ပီးတော့ ပုံမှန်သုတ်ကောင်လေးတွေဆို active ဖြစ်ရမှာပေါ့။ မြန်မာလိုဆို သုတ်ကောင်လေးတွေက လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွဖြစ်နေရမှာ။ သားဟာက သုတ်ကောင်လေးတွေ သိပ်ပြီး မလှုပ်ရှားချင်ဘူး။ ငြိမ်နေတယ်ကွဲ့။ ဆရာမပြောတာ သားနားရှုပ်သွားပြီထင်တယ်။ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် သားရဲ့သုတ်ရည် အရည်အသွေးက ပုံမှန်ယောကျ်ားလေးတစ်ယောက်မှာရှိရမဲ့ သုတ်ရည်အရည်အသွေးအောက် နိမ့်နေတယ်လို့ပြောချင်တာပါပဲ”
“ ခင်ဗျား”
ဒီလောက်ဆိုးရွားသော စကားမျိုး နန္ဒဘဝမှာ မကြားဖူးခဲ့ပေ။ မွေးလာကတည်းက ရွှေလင်ဗန်းနဲ့ အချင်းဆေးပြီး ရွှေဇွန်းကိုက်ကာ ကြီးပြင်းလာရသော သူ့ဘဝ။ အိမ်ထောင်ပြုရမည့် အရွယ်ရောက်ပြန်တော့လည်း မိမိသဘောသည့်မိန်းမကို ရအောင်ယူနိုင်ခဲ့သည့်အဖြစ်။
အခုမှ ဒီလိုမျိုးအဖြစ်အပျက်စတင်ကြုံကြိုက်ရခြင်းဖြစ်သည်။
ဆရာဝန်မကြီးက ပညာတတ်ပီပီ စကားကို ဝေ့ကာဝိုက်ကာဖြင့် စကားလှလှလေးတွေ ရွေးပြောနေသေည်လည်း တကယ့်ဆိုလိုရင်း အဓိပ္ပါယ်က မိမိကြောင့် ကလေးမရနိုင်ဖြစ်နေသည်ဟု ပြောချင်တာပင်။
ဒီထက်ရှင်းသည့်စကားနဲ့ဆို မိမိက လူစဉ်မမှီ၊ ယောကျ်ားမပီသဘူးဟု မပြောရုံတမယ်။ ဆရာဝန်မကြီးက ထိုကဲ့သို့ ရည်ရွယ်ပြီးပြောခဲ့သည်ဟု ဟုတ်ချင်မှ ဟုတ်လိမ့်မည်။ နန္ဒကတော့ ကိုယ့်သဘောနဲ့ကို ထိုကဲ့သို့ လက်ခံလိုက်တော့သည်။
“ စိတ်တော့ရှုပ်သွားမလားပဲ။ ဒါပေမဲ့ အခုခေတ်ဆေးပညာက သိပ်တိုးတက်နေတော့ စိတ်မညစ်စေချင်ဘူးကွယ်”
နန္ဒနှင့် မြတ်လေးကြား ဆိတ်ငြိမ်ခြင်းဖြင့် ပြည့်နှက်နေသည်။ အခန်းလေးထဲ ဆရာဝန်မကြီးရှင်းပြသံသာ ကြားရတော့သည်။ နန္ဒမျက်နှာက ဟန်ဆောင်လို့ မရလောက်အောင်ထိပျက်ထွက်သွားသဖြင့် ဆရာဝန်မကြီးက စကားဆက် မဆိုသေး။
တစ်အောင့်လောက် စောင့်နေမိ၏။ ဆိတ်ငြိမ်ခြင်းကို မြတ်လေးက ဖြိုခွဲပစ်လိုက်သည်။
“ ဆက်ပြောပါ….ဆရာမ”
...........................................................................................
အခန်း ( ၈ )
ဆရာဝန်မကြီးက စကားပြန်ဆက်၏။
“ လုပ်စရာနည်းလမ်းတွေကတော့ အများကြီးရှိလို့ စိတ်တော့ မပျက်စေချင်ဘူး။ ပိုသေချာအောင်တော့ နောက်(၃)လကြာရင် သားရဲ့ သုတ်ရည်ကို တစ်ခေါက်ထပ်စစ်ဖို့တော့လိုလိမ့်မယ်။ နောက်တစ်ခေါက်ထပ်စစ်လို့ မရနိုင်တော့တာ သေချာရင် ဖန်ပြွန်သန္ဓေသားလုပ်လို့ရတယ်။ IVF လို့ခေါ်တဲ့ ဖန်ပြွန်သန္ဓေသားကတော့ လုပ်မယ်ဆို ပိုက်ဆံအများကြီးကုန်မယ်။ ရမရတော့ ဆရာမလည်း အာမ မခံနိုင်ဘူး။ ဘာလို့လဲဆို သူက သားရဲ့ သုတ်ကောင်တွေထဲက အကျန်းမာဆုံးဖြစ်နိုင်တဲ့ သုတ်ကောင်ကိုရှာပြီး လုပ်ပေးရမှာဆိုတော့လေ။ နောက်ထပ်နည်းလမ်းတွေကတော့ သင့်တော်တဲ့ တခြားလူသုတ်ရည်နဲ့ မျိုးစပ်တာပဲ”
“ ခင်ဗျား”
နန္ဒဘာရယ်ကြောင့်မှန်းမသိ စိတ်ဝင်စားသလိုလိုရှိလာသည်။
“ ဒီနိုင်ငံမှာတော့ သုတ်ရည်ဘဏ်တွေ သိပ်ခေတ်မစားသေးဘူးပေါ့လေ။ အနောက်တိုင်းနိုင်ငံတွေမှာဆို ယောကျ်ားလေးဘက်ကလည်း ချို့ယွင်းချက်ရှိတယ်၊ မိန်းကလေးကလည်း ကိုယ်ဝန်ဆောင်နိုင်တယ်၊ ကလေးလိုချင်စိတ်လည်း တကယ်ရှိတယ်ဆို သုတ်ဘဏ်ကနေပြီး မိမိနှစ်သက်တဲ့ သုတ်ရည်ကိုအလှူခံပြီး မျိုးစပ်လိုက်ရုံပဲ”
ဆရာဝန်မကြီးစကားတွေက ပိုပိုရှုပ်ထွေးလာသည်။
နားထောင်ရင်း၊ နားထောင်ရင်း မြတ်လေး လည်ထွက်သွားသည်။
“ ဆရာမသဘောအရဆို ဒီကိစ္စက တအားလောဖို့မလိုဘူး။ စိတ်အေးလက်အေးစဉ်းစားပြီးမှ လုပ်သင့်တာမျိုးပါ။ ဒီတော့ လင်မယားနှစ်ယောက်စလုံး အေးဆေးတိုင်ပင်ကြည့်အုံးပေါ့။ ပြီးမှ ဆရာမဆီ ထပ်လာပြောပြပေါ့လေ။ မေးစရာရှိသေးလား”
နန္ဒတို့လင်မယားက ဘယ်ကစပြီး မေးရမှန်းတောင်မသိတော့။
“ ဒါဆို မေးစရာမရှိတော့ရင် ဆရာမရှင်းပြတာ ဒီမှာတော့ ပြီးပြီ။ တစ်ခုခုဆို ဆရာမနဲ့ လာတိုင်ပင်လို့ရပါတယ်နော်။ ဒါဆို ပြန်လို့ရပြီနော်”
လင်မယားနှစ်လုံး ကြောင်တိကြောင်ကြားနှင့် ဆေးရုံမှ ပြန်ခဲ့လိုက်ကြသည်။ ဘဝမှာ မထင်မှတိထားသည့် ထူးဆန်းသောစကားလုံးတွေကိုကြားလိုက်ရတော့ ရုတ်ချည်းဆို ဘယ်သို့ဘဘ်ပုံတုံ့ပြန်ရမှန်မသိ။
မြတ်လေး နန္ဒကိုကြည့်လိုက်တော့ အတွေးလွန်နေသည့်ပုံ။ မြတ်လေးကို ရတနာဆိုင်မှာ ချထားခဲ့ပြီး နန္ဒဆင်းလိုက်မလာဘဲ ကားနဲ့ ဝူးကနဲ့ထွက်သွားပြန်ပြီ။ မြတ်လေးလည်း သူစိတ်ရှုပ်နေသဖြင့် စိတ်သက်သာရလိုရငြား ဘာမှမမေးမြန်းတော့။
နန္ဒ ဒီနေ့အဖြစ်အပျက်ကို အရှိုက်မိသွားသလို အောင့်တီးအောင့်သက်နှင့်။
မြတ်လေး အလုပ်ဆင်းသည်အထိ နန္ဒ ပြန်မလာတော့။ မြတ်လေး တက္ကစီငှါးကာ အိမ်သို့ပြန်လာခဲ့လိုက်တော့သည်။ ညထမင်းစားချိန်ထိ ပြန်မလာ။ မြတ်လေး တစ်စထက် တစ်စ စိတ်ပူလာမိသည်။၊ အစ်ကို အလုပ်ကိစ္စမှ လွဲ၍ ထိုကဲ့သို့ မဖြစ်ခဲ့ဖူးပေ။ မြတ်လေး မနေနိုင်တော့ သဖြင့် ဖုန်းဆက်လိုက်တော့သည်။
“ တီး…..တီး…..တီး…လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ သတ်မှတ်ချိန်အတွင်း…..”
မြတ်လေး စိတ်ပေါက်ပေါက်နဲ့ ဖုန်းချပစ်လိုက်သည်။ နောက်(၅)မိနစ်ကြာ ထပ်ခေါ်ပြန်၏။
မကိုင်။
ထပ်ခေါ်ပြန်သည်။
မကိုင်ရေးချ မကိုင်။
ဒေါသကလည်းထွက်၊ စိတ်ပူတာကလည်း တဖက်။ မြတ်လေး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်လာသည်။
“ တီး……တီး……တီး…..လူကြီးမင်း”
မြတ်လေး (၄၅)မိနစ်လောက် စိတ်ရှည်လက်ရှည်ခေါ်ပြီး အချိန်တွင် တစ်ဖက်မှ သူစိမ်းယောကျ်ားတစ်ယောက် ဖုန်းကိုင်လာသည်။
“ ဟဲလို”
“ ဟဲလို….အစ်ကိုလား”
“ ညီမရေ….နန္ဒကြီးကလေ အမူးလွန်နေလို့”
“ ရှင်…ဟုတ်ကဲ့….ဒါဆို အခုပြောနေတာ ဘယ်သူပါလဲ”
“ နန္ဒသူငယ်ချင်း….ခွန်ပါ”
“ ဟုတ်ကဲ့……ဒါဆို ကျမက ကိုနန္ဒရဲ့ အမျိုးသမီးပါ။ အခုကိုနန္ဒရှိတဲ့နေရာကို ကျမလိုက်လာခဲ့လို့ရမလား”
“ ညီမရေ…အခုကလေ (…)bar ကိုရောက်နေတာပါ။ Bar တစ်ခုလုံးက အရှိန်တော်တော်ကောင်းနေပြီဖြစ်လို့ မိန်းကလေးတစ်ယောက်တည်း လာဖို့ သိပ်ပြီးမသင့်တော်လောက်ဘူး။ ဒီလိုလုပ်ပါလား…နန္ဒကြီးကို ကျနော်အခုပြန်လာပို့ပေးလိုက်မယ်လေ…ညီမ စိတ်ပူနေရင်”
“ ဒီလိုပဲ လုပ်ပေးပါလား..အစ်ကိုရေ…ကျေးဇူးတင်ပါတယ်နော်…..ကိုနန္ဒကလေ နေ့လည်ကတည်းက ထွက်သွားလို့”
“ ဟုတ်ကဲ့….နောက်နာရီဝက်လောက်စောင့်ပေးပါနော်…ကျနော် ဆက်ဆက်ပြန်လာပို့ပေးပါမယ်။ ဒါနဲ့ လိပ်စာလေးပြောပါအုံး”
“ ဟုတ်ကဲ့…လိပ်စာက(…….)ကျေးဇူးတင်ပါတယ်ရှင်”
ဟိုဖက်မှ ဘယ်လောက်တောင် ဆူညံပွက်လောရိုက်နေလဲ မသိ။ ဖုန်းထဲမှတစ်ဆင့် ထိုအသံတွေကိုတောင်ကြားနေရသည်။ မြတ်လေး ဖုန်းချပြီးမှ အတန်ငယ် စိတ်သက်သာရာရသွားသည်။ တစ်ဖက်လူနာမည်က “ခွန်” ဆိုပဲ။ အစ်ကိုပြောဖူးထားမျိုးတော့ မြတ်လေး သတိမထားမိခဲ့ပေ။ မြတ်လေး အိမ်ရှေ့ခြံထဲရှိ ခုံတန်းလျားပေါ်မှာ အစ်ကိုပြန်အလာစောင့်နေသည်။
ဒီအိမ်မှာက နေ့လည်နေ့ခင်းဆို အိမ်အလုပ်တွေ လာလုပ်တဲ့အဒေါ်ကြီးတွေ ရှိပေမဲ့ ညဆို မိမိတို့လင်မယားနှစ်ယောက်သာ ကျန်လေ့ရှိသည်။ ညရေးညတာဆို မြတ်လေးမှာ တစ်ခုခုဆို အစ်ကိုကလွဲပြီး အားကိုးစရာမရှိ။ အစ်ကိုလည်း ဒီနေ့ကိစ္စတွေကြောင့် စိတ်တော်တော်ထိခိုက်သွားပုံပေါက်သည်။ မြတ်လေး စဉ်းစားခန်းဝင်နေတုန်းမှာပင် အိမ်ရှေ့ကားဟွန်းတီးသံကြားလိုက်ရသည်။
“ တွီ….တွီ”
မြတ်လေး ခြံတံခါးဖွင့်ပေးလိုက်၏။
ဆင်ဝင်အောက်ကားရပ်နားလိူက်ကာ မြတ်လေးတစ်ခါမှ မမြင်ဖူးသော သူစိမ်းတစ်ယောက်ဆင်းလာသည်။ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ ကိုယ်ဟန်တောင့်တောင့်တင်းတင်း။ အဆိုပါယောကျ်ားက ဆံပင်တော်တော်ရှည်ပုံထင်သည်။ နောက်စေ့မရောက်တရောက်ထား သူ့ဆံပင်တွေကို စုထုံးထားသည်။ ရုပ်ရည်ကလည်း မြန်မာသိပ်မဆန်။
တိုင်းရင်းသားလူမျိုးပုံပေါက်သည်။
“ ခဏက ဖုန်းကိုင်တာ ညီမလားခင်ဗျား”
“ ဟုတ်ကဲ့…ကျမပါပဲ။ ကိုနန္ဒရဲ့ မိန်းမပါ”
“ ဪ…ဟုတ်ကဲ့။ ကျနော်က နန္ဒကြီးရဲ့ ကျောင်းနေဖက်သူငယ်ချင်း စဝ်ခွန်ကြည်သာ ပါ။ ခွန်လို့ပဲခေါ်ကြပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျား”
“ ဟုတ်ကဲ့…တွေ့ရတာ ဝမ်းသာပါတယ်ရှင်။ အစ်ကိုရော”
“ ဒီမှာပါ”
ခွန်က ကားအနောက်ခန်းတံခါးဆွဲဖွင့်လိုက်သည်။ ထိုင်ခုံပေါ် ပစ္စလက်ခတ် မူးပြီး အိပ်ပျော်နေသော သူမလင်တော်မောင် ကိုနန္ဒ။ မြတ်လေး ကိုယ့်ယောကျ်ားကို နှိုးကြည့်ကြည့်သည်။
“ အစ်ကို…..အစ်ကို….ထ……ထ…အိမ်ရောက်နေပြီ”
နန္ဒက တုတ်တုတ်မျှမလှုပ်။ မြတ်လေး နန္ဒကိုနှိုးနေရင်းမှ သူစိမ်းယောကျ်ားရှေ့ ရှက်လာသည်။ မထူးတော့ပြီ။ တစ်လက်စတည်း ခွန်ကို ပြောလိုက်မိသည်။
“ အစ်ကိုရေ…တစ်လက်စတည်း ကိုနန္ဒကို အိမ်ထဲထိသယ်ပေးလို့ရမလား။ ကျမအားနဲ့မနိုင်လောက်လို့ပါ”
“ ရပါတယ် ခင်ဗျား”
ခွန်ကမူးပြီးမှောက်နေသော နန္ဒကို ဆွဲယူလိုက်သည်။ နန္ဒလက်ကို သူ့ပုခုံးပေါ်တင်ပြီး ကုန်းပိုးရန်ဟန်ပြင်လိုက်သည်။
“ ရရဲ့လား..အစ်ကို”
“ ရပါတယ်…ပို့ရမဲ့နေရာသာ ပြောပါ”
မြတ်လေး ပို့မယ်ပို့ ကူးတို့ထိရောက်အောင်သာ ပို့ခိုင်းလိုက်တော့မည်။
“ တစ်လက်စတည်း အိမ်ပေါ်ထိ ပို့ပေးလို့ရလား”
“ ဟုတ်ကဲ့”
နန္ဒကိုယ်လုံးကြီးကို ကုန်းပိုးကာ အိမ်ပေါ်ထိ တက်လာခဲ့လိုက်သည်။ လှေကားအပေါ်ဆုံးအဆင့်အရောက်…
“ ဝေါ…..ဝေါ…..ဝေါ”
နန္ဒသောက်စားထားသမျှ အန်ချပစ်လိုက်သည်။ အန်ဖက်တွေက အပေါ်ထပ်ရှိကြမ်းခင်းတွေရော၊ ခွန်အင်္ကျီတွေမှာရော ပေပွကုန်၏။
“ အားနာလိုက်တာရှင်”
“ ရတယ်..ညီမ…နန္ဒကြီးကို ဘယ်အခန်းထဲ ပို့ရမလဲ”
“ ဒီအခန်းပါ”
မြတ်လေးလင်မယားအခန်းကို ညွှန်ပြလိုက်သည်။
“ ဘုတ်”
နန္ဒကိုယ်လုံးကြီး မွေ့ယာပေါ် ပြုတ်ကြသွားသည်။ သူကတော့ ဘာမှမသိ။ အိပ်စက်ခြင်းသာရှိသည်။
“ ကျမအားနာလိုက်တာရှင်”
“ အားနာစရာမလိုပါဘူး…ညီမ….နန္ဒကြီးက ကျောင်းတုန်းကလည်း အဲလိုဆိုးနေကြ။ ဒီကောင် အခုထိငယ်ကျင့်တွေ မပျောက်သေးဘူးပဲ”
“ ဟုတ်လား….ဒါနဲ့ အစ်ကို အင်္ကျီလဲလိုက်မလား။ အစ်ကို့ပုခုံးမှ အန်ဖတ်တွေနဲ့”
“ ဟုတ်တယ်နော်…..အင်္ကျီလဲလိုက်မှ ကောင်းမယ်နဲ့တူတယ်”
မြတ်လေး ဘီဒိုထဲရှိ နန္ဒ၏ အင်္ကျီတစ်ထည်ကို ရှာပေးလိုက်သည်။
“ အစ်ကိုရေ…အင်္ကျီက အစ်ကိုနဲ့ဆို နည်းနည်းသေးနေမလားပဲ…ရရဲ့လားရှင်”
“ ရလောက်ပါတယ်။ ဒါဆို ရေချိုးခန်းက ဘယ်မှာလဲ ညီမ”
“ ဒီမှာပါ”
မြတ်လေးညွှန်ရာဆီ ခွန်ထွက်သွားလိုက်သည်။ ပုခုံးကားကား၊ ကျောပြင်ကျယ်ကြီးနှင့် လှမ်းသွားပုံက ယောကျ်ားပီပီသသ။ မြတ်လေး ခွန်ဆိုသော အမျိုးသားကို အခုမှ ပထမဆုံး ဆုံဖူးလေခြင်းဖြစ်သည်။ အစ်ကိုနဲ့ စကားမစပ်မိလို့လားပင်။
ခွန် ဆိုသော သူ့သူငယ်ချင်းအကြောင်း ပြောမိသည်ကို မြတ်လေး သတိမထားမိပေ။ သို့သော် ခွန်သည် တစ်ချိန်ကျ မြတ်လေးဘဝကို ပြုစားနိုင်မည့် အချစ်မှော်ဆရာကြီးမှန်း ကြိုသိခဲ့ပါလျှင် မြတ်လေး ကြိုပြင်ဆင်မှု တစ်ခုခုများလုပ်မိမလား…မပြောတတ်ပါ။
..................................................................
အခန်း ( ၉ )
“ မြတ်လေး…..အီး…..ဟီး…အီး”
နန္ဒကုတင်ပေါ်တင်ယောင်နေမိသည်။ မြတ်လေး အိပ်ပျော်နေသောနန္ဒလက်ကို အသာဆွဲကိုင်လိုက်၏။ လက်ဖဝါးဆီမှ နွေးထွေးမှုကို ခံစားမိသည်ထင်ပ။ နန္ဒပြန်ငြိမ်ကြသွားသည်။
“ ခလောက်”
ခွန်အဝတ်အစားလဲလှယ်ပြီး ပြန်ထွက်လာသည်။ မြတ်လေးပေးလိုက်သည်က နန္ဒ၏ အညိုရောင်စပို့ရှပ်အင်္ကျီ။
နန္ဒက ခွန်ထက် ပိုဝသော်လည်း ခွန်က အရပ်လည်း ပိုမြင့်သည်၊ ထောင်ထောင်မောင်းမောင်းလည်း ပိုရှိသည်ဆိုတော့ နန္ဒအင်္ကျီက ခွန်ကိုယ်ပေါ်တွင် ကိုယ်ကျပ်ဝတ်စုံဝတ်ထားသလိုဖြစ်နေသည်။ ခွန်၏ ရင်အုပ်မောက်မောက်ကြီးက အင်္ကျီအောက်ဝယ် ကြပ်ကြပ်သပ်သပ်။
“ အင်္ကျီက နည်းနည်းတော့ သေးနေတယ်နော်”
“ ရတယ်..ညီမ…ဒါဆို ကျနော့ကိုပြန်ခွင့်ပြုပါအုံးနော်”
“ နေပါအုံး..အစ်ကို…ခုနကပေသွားတဲ့ အင်္ကျီ ကျမကိုပေးခဲ့လေ…အနံ့မကောင်းတာကြီးကို ယူမသွားပါနဲ့။ ကျမတို့ပြန်လျှော်ပေးပါမယ်”
“ အားနာစရာကြီး”
“ အားနာစရာမလိုဘူး..ပေးသာပေး”
ခွန် ခဏက အန်ဖတ်တွေပေးနေသော သူ၏ ဖလန်ရှပ်အင်္ကျီ အနက်ရောင်ကို လှမ်းပေးလိုက်သည်။ မြတ်လေးက လှမ်းယူရင်း…
“ အခုမှပဲ ကျမ ကိုယ့်ကိုကိုယ် ပြန်မိတ်ဆက်လိုက်တော့မယ်။ ဖုန်းထဲမှာ လောလောလောလောနဲ့ပြောထားတော့လေ။ ကျမနာမည်က မြတ်လေးရုံပါ။ ကိုနန္ဒရဲ့ ဇနီးပါ”
“ ကျနော်ကတော့ စဝ်ခွန်ကြည်သာလို့ခေါ်ပါတယ်။ နာမည်က ခေါ်ရတာ နည်းနည်းထောက်တော့ ခွန်လို့ပဲ ခေါ်ကြပါတယ်။ ကျနော်က နန္ဒကြီးနဲ့ တက္ကသိုလ်က ကျောင်းနေဖက်သူငယ်ချင်းပါ။ ဒါက ကျနော့ visiting card ပါ”
ခွန် သူ၏လုပ်ကန်းကဒ်ကို ကမ်းပေးလိုက်သည်။
“ စဝ်ခွန်ကြည်သာ
Chills
Vineyard & Winery ”
“ ဟုတ်ကဲ့ပါရှင်…ကိုနန္ဒက ကံကောင်းလို့သာ ကိုခွန်နဲ့ တွေ့တာပေါ့….မဟုတ်ရင် အခုထိ ကျမသူ့ကို ဖုန်းဆက်နေရအုံးမှာ”
ခွန် မြတ်လေးဆီက “ကိုခွန်” ဆိုသော အသုံးအနှုန်းကြောင့် ရင်လှိုင်းခတ်သွား၏။ စိမ်းသက်သည့် အခေါ်အဝေါ်မဟုတ်သော်လည်း မြတ်လေးခေါ်ပုံလေးက တမျိုးတမည်ထူးဆန်းလှသည်။
“ ကျနော်ကလေ မနေ့ကမှ ရန်ကုန်ကိုအလုပ်ကိစ္စနဲ့ရောက်တာဗျ။ မနက်အလုပ်ကိစ္စပြောလို့ဆိုလို့အပြီး ပွဲလုပ်ဖို့ bar ကိုလာကြတာ။ နန္ဒက ကျနော်တို့နဲ့ တစ်ဝိုင်းကျော်မှာ တစ်ယောက်တည်းထိုင်နေတာလေ။ သူနဲ့မဆုံတာ ဘွဲ့ယူပြီးကတည်းကဆိုတော့ မတွေ့ဖြစ်တာ (၁၅)နှစ်ကျော်ကျော်ရှိပြီပေါ့ဗျာ။ အစက ကျနော်က သူမှန်းမသိသေးဘူး။ မြင်ဖူးပါတယ်ဆိုပြီးကြည့်နေတာ။ ငယ်ရုပ်မပျောက်သေးတော့ သေချာကြည့်မှ သူမှန်းသိသွားတာ။ နှုတ်ဆက်မလို့ဆိုပြီး သူ့ဆီထထွက်သွားတော့ သူက အဲချိန်မှာ တော်တော်လေးကောင်းနေပြီ။ ခေါ်လို့လည်းမရတော့ဘူး။ အဲချိန်မှာ ညီမဖုန်းဝင်လာတာနဲ့ ကွက်တိဖြစ်သွားတယ်”
မြတ်လေး ကိုယ်ယောကျ်ားကို သိက္ခာဆယ်လိုသည့် အနေနှင့် ပြန်ပြောလိုက်သည်။
“ တော်သေးတာပေါ့ရှင်။ ပုံမှန်ဆို ကိုနန္ဒကလေ အဲလိုမူးအောင်သောက်လေ့မရှိပါဘူး။ ဒီနေ့ စိတ်မကောင်းစရာကိစ္စလည်း ကြုံတော့ သောက်ဖြစ်သွားတာနဲ့တူပါတယ်”
“ ဟုတ်တယ်…စကားတွေကောင်းနေလိုက်တာ…ညဉ့်လည်းနက်နေပြီဆိုတော့ ကျနော်ပြန်လိုက်ပါအုံးမယ်”
မြတ်လေး အခုမှစဆုံမိသည့် သူစိမ်းယောကျ်ားနှင့် စကားလက်ဆုံကျမိနေသဖြင့် အချိန်တွေကုန်သွားမှန်းတောင် သတိမထားမိသည့် အဖြစ်။
“ ဟုတ်ပါရဲ့……ကားက ကိုနန္ဒဟာဆိုတော့ ကိုခွန်ပြန်ဖို့ရောအဆင်ပြေရဲ့လား”
“ ရတယ်….ကျနော့ကားကို ညီလေးတစ်ယောက်ကမောင်းပြီး အခုလာနေပြီ။ ကျနော်ဖုန်းဆက်ထားပြီးပြီ။ အခု အိမ်ရှေ့မှာ စောင့်နေပြီတဲ့”
“ ဪ..ဟုတ်ကဲ့”
မြတ်လေးတို့ စကားတပြောပြောနှင့် အိမ်ရှေ့တံခါးဝဆီ ရောက်လာကြသည်။
“ ပြန်လိုက်ပါအုံးမယ် ခင်ဗျား”
“ ဂရုစိုက်ပြီး ပြန်ပါရှင်”
အိမ်ရှေ့တွင် အသင့်စောင့်နေသောကားပေါ် ခွန်လိုက်ပါသွားသည်။ မြတ်လေး တစ်ယောက်တည်း ဧည့်ပို့ပြီး တံခါးဝတွင် ထီးထီးကြီး ကျန်ရစ်ခဲ့သည်။ မိမိလက်ထဲမှာတော့ ခွန်အင်္ကျီလေး ကိုင်လျက်သား။
မနက်ရောက်သော်…..
“ အား….ကျွတ်…ကျွတ်”
အာခေါင်တွေပူခြစ်၊ ခေါင်းတဆစ်ဆစ်ကိုက်ကာ နန္ဒနိုးထလာသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကိုယ့်အိမ်အခန်းထဲမှာ။
နေပါအုံး။ ဘယ်လိုဖြစ်ပြီး အိမ်ပြန်ရောက်နေပါလိမ့်။ ညက စိတ်ညစ်ညစ်နဲ့ အရက်သောက်ပြီး စားပွဲပေါ်မှာ အိပ်ပျော်သွားသည်ကိုသာ သိလိုက်သည်။
“ အား……..အင်း”
“ နိုးပြီလား…အစ်ကို”
မြတ်လေး လီမွန်တီးအေးတစ်ခွက်ကို ကိုင်ကာ နန္ဒရှိရာ လှမ်းလာသည်။
“ မြတ်လေး….အစ်ကို…ဘယ်လိုဖြစ်ပြီး အိမ်ပြန်ရောက်နေတာလဲ”
မြတ်လေး အံ့ဩမိသည်။ ညက ခွန်ဆိုသော သူ့သူငယ်ချင်းတစ်ယောက်က သူ့ကိုပြန်လာပို့ပေးခဲ့သည်ကို မမှတ်မိဘူးပဲ။
“ အစ်ကို မမှတ်မိဘူးလား”
“ ဟင့်အင်း”
“ ရော့….ဒါလေး အရင်သောက်လိုက်”
တဆစ်ဆစ်ထိုးနေသည့် ခေါင်းက လီမွန်တီးအစွမ်းကြောင့် အနည်းငယ်လေးတော့ လျော့ပါးသွားသလို။ ညက အဖြစ်အပျက်ကို အတိုချုံ့ကာ မြတ်လေးရှင်းပြလိုက်သည်။
“ ဟုတ်လား…ဒါတွေ အစ်ကို မမှတ်မိဘူး”
“ ဘယ်မှတ်မိမလဲ…အစ်ကိုက အလွန်အကြူးသောက်လာတာကို။ ပြောလက်စနဲ့ တစ်ခါတည်းပြောမှရမယ်။ ဒီလိုမျိုး လူမှန်းသူမှန်းမသိ မူးနေတာ မြတ်လေးလုံးဝမကြိုက်ဘူးနော်။ ဒါမျိုး နောက်တစ်ခါ မြတ်လေး မမြင်ချင်ဘူး”
မြတ်လေး လင်သားဖြစ်သူကို ချုပ်ချုပ်သည်၊ မာန်မဲသည်က ခပ်ရှားရှား။ သို့သော် အစရှိနောက်နောင် ဆိုသလို မြတ်လေးကြိုတားမြစ်ထားလိုက်သည်။ နန္ဒကိုယ့်အပြစ်နှင့်ကိုယ်ဆိုတော့ ပြေရာပြေကြောင်း ပြန်ပြောလိုက်၏။
“ အေးပါကွာ…နောက် မလုပ်ပါဘူးကွာ…မနေ့က အစ်ကို နည်းနည်းစိတ်ညစ်သွားလို့ပါ”
“ အစ်ကိုရယ်…မြတ်လေးတို့ ကလေးမရှိလည်း ဘာဖြစ်လဲ။ မြတ်လေးတို့ရှာသမျှ အကုန်မြတ်လေးတို့အတွက်ပဲပေါ့။ နောင်ရေးသိပ်ပူပန်စရာမလိုတော့ဘူးလေ”
မြတ်လေးကတော့ နှစ်သိမ့်ရှာသည်။ သို့သော် နန္ဒရင်ထဲ ဖြစ်တည်နေသော အကြိတ်အစိုင်အခဲကိုချေဖျက်နိုင်ခြင်း မစွမ်းငှါ။ မိမိမှ အမြုံကောင် ဖြစ်နေရသည်ဟု။
မြုံနေသည်ဆိုတော့ အဖြစ်အပျက်က ဘယ်လောက်တောင်မှ ရှက်စရာကောင်းလိုက်သည့် အဖြစ်အပျက်လဲ။ သို့သော် ဒီအကြောင်းကို နန္ဒပြန်မတွေးချင်တော့ပေ။ စကားလမ်းကြောင်းလွှဲပစ်လိုက်သည်။
“ ညက အစ်ကို့ကိုပြန်လိုက်ပို့တာ ဘယ်သူ”
“ အစ်ကိုကလည်း…မြတ်လေးပြောပြီးပါပြီးရော…အစ်ကို့သူငယ်ချင်း ခွန်ပါဆို။ စဝ်ခွန်ကြည်သာ ဆိုတဲ့တစ်ယောက်လေ။ အစ်ကိုနဲ့ တက္ကသိုလ်က သူငယ်ချင်းတဲ့”
နန္ဒညမှတ်ဉာဏ်တွေကို မနည်းပြန်စဉ်းစားနေရသည်။
ခွန်…..ခွန်……ခွန်။
“ အား…..သိပြီ”
နန္ဒမှတ်မိသွားသဖြင့် ရုတ်တရက်ထအော်လိုက်မိသည်။
“ လန့်လိုက်တာ…အစ်ကိုရယ်”
“ ခွန်လား…အစ်ကို..သိပ်သိတာပေါ့။ ကျောင်းတုန်းက အရမ်းခင်တာလေ။ ဘွဲ့ယူပြီးကတည်း အဆက်အသွယ်ပြတ်သွားတာ အခုထိပဲ”
“ သူလည်း အဲလိုပဲပြောတယ်..အစ်ကို”
“ ခွန်လား….ဒီကောင်ကွာ….ကျောင်းတုန်းက တကယ့်ငပွေ။ ဒီကောင် ဘာတွေ ထပ်ပြောခဲ့သေးလား”
“ သူ့ လိပ်စာကဒ်တော့ ပေးခဲ့တယ်”
“ ဟုတ်လား..ပေးပါအုံး…ဖုန်းဆက်လို့ရအောင်”
မြတ်လေး ညကပေးခဲ့သော လိပ်စာကဒ်အား လှမ်းပေးလိုက်သည်။ မဆိုးမတွပင် ကဒ်ထဲက ဖုန်းနံပါတ်ကို နန္ဒကောက်ဆက်လိုက်သည်။
“ တီး…တီး…တီး”
“ ဟဲလို…ခွန်လား….ငါပါ နန္ဒကြီးလေကွာ”
မြတ်လေး တစ်ဖက်မှ အသံကိုမကြားရ။ နန္ဒ၏ အားပါးတရဝမ်းသာနေသည့်အသံကိုတော့ အတိုင်းသားကြားနေမိသည်။
“ အေး…ငါလေ…မင်းမနေ့ညက ငါ့ကို ပြန်ပို့ပေးထားတယ်ဆိုကွာ”
“ ………..”
“ အေး…..ကျေးဇူးတင်တယ်ကွာ…သားကြီးရာ…မင်းအခုဘယ်မှာလဲ။ ငါတို့ဆုံရအောင်လေ”
“ ………..”
“ ဪ…ဟုတ်လား….ဒါဆို…မင်း ပြင်ဦးလွင်ကနေ ရန်ကုန်ကိုလာရင် ဖုန်းဆက်လိုက်ကွာ…ငါတို့တွေ့ရအောင်”
“ ………..”
“ အေး……နောက်(၂)ပတ်နော်”
“ ………………………..”
“ အေးပါကွာ……..ကားပေါ်မှာလား….အေး….အေး….နောက်မှတွေ့မယ်ကွာ”
“ ……..”
နှစ်ပေါင်းများစွာကွဲကွာနေသည့် သူငယ်ချင်းနှင့် အခုမှပြန်ဆုံရတော့ တက်ကြွနေသည့် နန္ဒကိုကြည့်ပြီး မြတ်လေး စိတ်သက်သာရာ အနည်းငယ်ရရှာသည်။
မဟုတ်လျှင် အရက်နာကျပြီး ဘူနေတော့မည့် ကိုယ့်ယောကျ်ားအကြောင်း ကိုယ်သာအသိဆုံးမလား။ ခွန်နှင့် စတင်ဆုံစည်းမိသည်မှ အစပြု၍ မြတ်လေး နယ်ပယ်သစ်တစ်ခုကို စတင်ချဉ်းကပ်တော့မည်ကို မသိနိုင်ခဲ့ပါ။ ကိုယ်မရောက်ဖူးသည့် အချစ်၏ နယ်မြေသစ်တွေ။ အထူးထူးသော အချစ်ရဲ့ အရသာတွေ။ ကြုံရတော့မည်။ ဆုံရတော့မည်။
ပြန်ရလိုက်သည်က နောင်တလား ရမ္မက်လား။ မြတ်လေး မသိခဲ့ပါ။ ရေစက်သာရှိခဲ့လျှင် ဘယ်လိုအကြောင်းပြတွေရှိရှိ။ အဖျက်အမှောင်တွေရှိရှိ။ ဆုံကို ဆုံရမည်သာ။
....................................................................
အခန်း (၁၀)
(၂)ပတ်ခန့်ကြာသော်
နန္ဒနှင့် မြတ်လေး ဒီည Dinner သွားရန်ပြင်ဆင်နေကြသည်။ အခုပွဲကို ဦးစီးဆောင်ရွက်ပြုသူက တခြားသူမဟုတ်။ နန္ဒကိုယ်တိုင်ပင်။ တစ်လောက သူငယ်ချင်းဖြစ်သူခွန်နှင့် အဆက်အသွယ်ရပြီးနောက်ပိုင်း ခွန် ရန်ကုန်လာလျှင် ညစာလိုက်ကျွေးမည်ဟု ကတိပေးထားသဖြင့် လိုက်ကျွေးခြင်းဖြစ်၏။
မဆုံတာကြာပြီဖြစ်သော သူငယ်ချင်းနှင့် ပြန်ဆုံရန်အရေးအတွက် ပျော်ရွှင်တက်ကြွနေသော လင်တော်မောင်ကို ကြည့်ပြီး မြတ်လေးလည်း သူ့အပျော်ဓာတ်ကို ကူးစက်ခံစားမိသည်။ မဟုတ်ရင် ဟိုကိစ္စကြောင့် သူစိတ်မချမ်းမသာဖြစ်နေပါက ဘေးလူဖြစ်သူမြတ်လေးလည်း စိတ်ကောင်းနိုင်မှာမဟုတ်။
မြတ်လေးကတော့ သားသမီးရတနာဆိုတာ ကံပါမှ ရသည်ဟု သတ်မှတ်လိုက်တော့မည်။ မဖြစ်နိုင်မှန်းသိနေသော အရာတစ်ခုကို မရရအောင်လုပ်ယူနေပါက စိတ်မောနေရုံသာရှိတော့မည်။ ဖြစ်လာသမျှ အကောင်းရော၊ အဆိုးရောကို လက်ခံတတ်အောင်ပဲ ကြိုးစားလိုက်တော့မည်။
“ အစ်ကို…မပြီးသေးဘူးလား….(၇)နာရီထိုးနေပြီနော်။ အစ်ကိုက အမြဲတမ်းဒီလိုပဲ”
“ ပြီးပါပြီကွာ”
“ တစ်ဖက်က ကြိုရောက်နေရင် အားနာစရာကြီး”
“ ရပါတယ်ကွာ…အချင်းချင်းတွေပဲဟာ”
မြတ်လေး သွားခါနီး လာခါနီးငြင်းခုန်ချင်စိတ် မရှိတော့ပေ။ (၇)နာရီ ချိန်းထားရင် (၁၅)မိနစ်လောက်အလိုထွက်ကာမှ အဆင်ပြေနိုင်မည်မဟုတ်လား။ အခုက ချိန်းထားသည်က (၇)နာရီ။ (၇)နာရီထိုးနေသည်အထိ အိမ်ကနေ မထွက်နိုင်သေး။ အစ်ကိုက အမြဲတမ်းဒီလိုပဲ။ ချိန်းထားလျှင် နောက်ကျမှကို ရသည်။ မြတ်လေးကတော့ သွားမယ်ဆို အဆင်သင့်ဖြစ်နေပြီ။
မီးခိုးရောင်အပေါ်အောက် ဂါဝန်တစ်ဆက်တည်း ဒူးတိလေးကို ရိုးရှင်းစွာဝတ်ဆင်ထားသည်။ အပေါ်ရင်ဘတ်က V shape ဖြစ်သောကြောင့် ရင်ညွန့်အချိုင့်ရာလေးတော့ မပေါ်တပေါ်တော့ဖြစ်နေသည်။ လည်ပင်းမှာ ပလက်တီနမ်ဆွဲကြိုးမျှင်မျှင်လေးကို ဆွဲထားတော့ ကျော့ရှင်းသော လည်တိုင်နှင့် ပနံသင့်လှ၏။ မိတ်ကပ်ကိုလည်း အထူကြီးမလိမ်းချင်။
အခုခေတ်စားနေသော ခပ်ပါးပါးကြည်တောက်တောက်ကလေးကိုသာ လိမ်းချယ်ထားသည်။ မျက်ခွံပေါ် eyeshadow အညိုရောင်လေး တင်ကာ နှုတ်ခမ်းဖူးဖူးလေးကို အသားရောင် lipgloss လေး ဆိုးထားသော ဖူးအိနေသည်။
ဝတ်စုံက အကြပ်ကြီးမဟုတ်သော်လည်း ကိုယ်နဲ့တသားတည်းဖြစ်နေသောကြောင့် အဖုအဖောင်း၊ အဝေ့အဝိုက်တွေက တိကျပြတ်သားစွာ။
“ ငါ့မိန်းမ တယ်လှနေပါလား”
“ ပြီးပြီမလား….သွားရအောင်”
နန္ဒ ကိုယ့်မိန်းမ၏ အလှကို ရှုမဝနိုင် ဖြစ်ရသည်။ ချစ်လို့ရမရရအောင်ယူထားရသော ကိုယ့်အမျိုးသမီးက အဆင်းရော၊ အချင်းပါပြည့်စုံနေသော ပိုပိုမြတ်နိုးလာရသည်။
မိန်းမဖြစ်သူ ဝတ်စားဆင်ယင်မှုအပေါ် နန္ဒ တစ်ခါမှ မကန့်ကွက်ဖူးပေ။ မြတ်လေးက သူ့နေရာနှင့်သူ ဝတ်တတ်စားတတ်သည့် အမျိုးသမီးဖြစ်သည်ဟု မိမိကိုယ်နှိုက်ကလည်း ယုံကြည်ထားသောကြောင့်ဖြစ်သည်။
အကုန်လုံးပြင်ဆင်ပြီးတော့ နှစ်ယောက်သားချိန်းထားရာနေရာသို့ ဦးတည်ထွက်ခဲ့သည်။ နာမည်ကြီး Hotel တစ်ခုရှိ Rooftop တွင် ညစာစားရန်ချိန်းထားခြင်းဖြစ်၏။ ချိန်းထားရာနေရာသို့ရောက်သော် (၁၅)မိနစ်လောက်တောင် နောက်ကျနေပြီ။
“ အစ်ကို….အစ်ကို့သူငယ်ချင်း စောင့်နေရပြီထင်တယ်”
“ မြတ်လေးကလည်း…ရပါတယ်ကွာ….ဒီကောင်ကြီးက အားနာစရာမှမလိုတာ”
နန္ဒသည် အမြဲတမ်းဒီလိုပင်။ တစ်ပါးသူခံစားချက်ကို သိပ်ထည့်တွက်လေ့ရှိသူ မဟုတ်။
“ ဟေ့ကောင်….ငါ ဒီမှာကွ”
နန္ဒတို့စုံတွဲ ဝင်လာသည်ကိုမြင်သော ခွန်က မတ်တပ်ရပ်ပြီး လက်လှမ်းခေါ်၏။ အသံကြားရာဆီ လှည့်ကြည့်လိုက်တော့ ခွန် ဖြစ်နေ၏။ နန္ဒ ဝမ်းသားအားရနှင့် ခွန်ရှိရာ ပြေးဖက်လိုက်သည်။
“ ဟေ့ကောင်…မင်းကွာ……အရင်တုန်းက ပုံအတိုင်းပါလား..သားကြီးလား”
“ မင်းကလည်း….မဟုတ်ရပါဘူးကွာ…ငါတို့က ဦးလေးအရွယ်ရောက်နေပါပြီကွာ”
နှစ်ပေါင်းများစွာကွဲကွာနေသော သူငယ်ချင်း(၂)ယောက် ဖက်တလှဲကင်းနှုတ်ဆက်နေကြ၏။
“ ဪ….မေ့နေတာ…ဒီမှာ…ငါမိန်းမနှင့်..မင်းကိုမိတ်ဆက်ပေးရအုံးမယ်….သူ့နာမည်က မြတ်လေးရုံတဲ့….ချောတယ်မလား….ငါ့မိန်းမ…မြတ်လေး…ဒါက အစ်ကို့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေထဲကတစ်ယောက်……ခွန် တဲ့”
“ တွေ့ရတာဝမ်းသာပါတယ်ရှင်”
“ အခုလို နောက်တစ်ကြိမ်ဆုံရတာ ဝမ်းသာပါတယ် ခင်ဗျား”
နန္ဒ အခုမှ သတိရဟန်ပြုသည်။
“ ဟုတ်သားပဲ….ငါအရက်မူးနေတဲ့နေ့တုန်းက အိမ်လိုက်ပို့ပေးတာ မင်းဆို…ကျေးဇူးတင်တယ်ကွာ…မဟုတ်ရင်…ငါဆိုင်မှာ ညအိပ်ရမလားပဲ”
မြတ်လေး နန္ဒကို မျက်စောင်းလေးချီရင်း…
“ အဲနေ့က ကျေးဇူးအရမ်းတင်တဲ့အကြောင်း ထပ်ပြောပါရစေနော်…ကိုခွန်”
“ အချင်းချင်းတွေပဲဗျာ…ပြောနေစရာမှမလိုတာ”
မြတ်လေး အခုမှ ခွန် ရုပ်ရည်ကို သေချာပြန်အကဲခတ်မိ၏။ တစ်နေ့တုန်းက လူက ပူထူနေတော့ လောလောနဲ့ ဘာမှ သေချာမစဉ်းစားနိုင်။ ထုံးစံအတိုင်း ခွန်က သူ့ဆံပင်တွေကို နောက်စေ့မှာထုံးထားသည်။
အကြည့်စူးစူးနဲ့ ဖြောင့်စင်းနေသော နှာတံ။ မထူမပါးနှုတ်ခမ်းလေးနှင့်။ ပါးပြင်နှင့် မေးစေ့တဝိုက် သေချာရိတ်သင်ထားသော မှုတ်ဆိတ်မွှေးအရာ စိမ်းဖန့်ဖန့်။ ဖလန်ရှပ်အညိုရောင်နှင့် ဂျင်းဘောင်းဘီဝတ်ဆင်ထားသော သူ့ပုံစံက လူငယ်ဆန်လွန်းလှသည်။ အရပ်မြင့်မြင့်၊ ကိုယ်ဟန်တောင့်တောင့်နှင့်။ ရှမ်းတရုတ်ပီပီ အသားအရေက တော်တော်ဖြူဆွတ်နေသည်။
အစ်ကိုနှင့် သက်တူရွယ်တူဆိုပေမဲ့ ခွန်ပုံစံက အစ်ကိုထက် (၅)နှစ်လောက်ငယ်သည် ထင်ရသည်။ မြတ်လေး ခိုးကြည့်ပြီးအကဲခတ်နေသော ခွန်မျက်ဝန်းတွေက မိမိဆီ ပြန်ကြည့်လာသည်။ သူခိုးလူမိသွားတော့ မြတ်လေး ကမန်းကတမ်း အကြည့်လွှဲပစ်လိုက်ရသည်။
“ မင်းကွာ….ဘွဲ့ယူပြီးကတည်းက အဆက်အသွယ်မလုပ်တော့တာနော်”
“ မင်းရော ဘာထူးလဲ…နန္ဒရာ……မင်းလည်း ငါတို့ကို အဆက်အသွယ်တော့တာလေ”
နန္ဒ၊ ခွန် အပါအဝင်နောက်ထပ် ယောကျာ်းလေး (၃)ယောက်ပါသည့် သူငယ်ချင်းအဖွဲ့လေး တက္ကသိုယ်တက်တုန်းက ရှိခဲ့သည်။ ဆိုးတူ ကောင်းဖက်။ ပွေးဖော် ပွေးဖက်။
ဒီ သူငယ်ချင်း(၅)ယောက်ထဲ ခွန်က အချောဆုံးဖြစ်တော့ မဆွတ်ခင်ကတည်းက ပြိုကြချင်သည့် မိန်းကလေးတွေလည်း အများကြီးပင်။ ခွန်က လူငယ်ပီပီပွေးသည်။ ရည်းစား(၁)ယောက်ကို (၁)နှစ်လောက်သာထားသည်။
ရည်းစားများသည်၊ အသည်းခွဲကျွမ်းသည်ဟု အတင်းတုတ်ကြသော်လည်း ခွန်မှာ မိန်းကလေးရည်းစားပေါင်းများစွာ တွဲစမြဲ။ ကျန်တဲ့ (၄)ယောက်က သူ့ကိုဆရာကြီးတင်ထားကြသည်။ နန္ဒဆို ကျောင်းသာတက်လို့ပြီးသွားသည်။ ရည်းစား(၁)ယောက်မှ မရခဲ့။
ကျောင်းသားဘဝလိင်ကိစ္စအတွေ့အကြုံကို ခွန်ပြောပြမှသာ သူတို့မြိန်ရေရှက်ရေနားထောင်ကြရသည်။ ခွန်သည် သက်သက်လွတ်စားသော ကျားမဟုတ်ပေ။ ကျားဆိုမှကျား။ အသားစားကြူးသော ကျားဖြစ်၏။ ခွန်နှင့် ဆုံဖူးသည့် မိန်းကလေးတိုင်း တမ်းတမ်းစွဲဖြစ်ကျန်ခဲ့စမြဲ။ ထားခဲ့ဖူးသော ရည်းစားတိုင်းက ရည်းစားသက်တမ်း(၄)၊(၅)၊(၆)လလောက် ကြာလာလျှင် မိန်းကလေးပီပီ ချုပ်ချယ်ချင်လာ၏။
ဟိုဟာမလုပ်ရ။ ဒီဟာမသွားရ။ ဘယ်သူနဲ့ မပြောရ။ ချုပ်ချယ်မှုတွေကို ခွန် မကြိုက်။ တချို့ရည်းစားတွေဆို ဘောင်တွေစည်းတွေကျော်လာပြီး ကိုယ်ပေါင်းနေကြ သူငယ်ချင်းအရင်းခေါက်ခေါက်တွေကို အဆက်အသွယ်ဖြတ်ခိုင်းသည်အထိ။
ခွန်ကလည်း ဒီလောက်ထိ ဆိုးရွားလာလျှင် ဖြတ်ချပစ်ဖို့ ဝန်လေးသူမဟုတ်။ ချစ်ခဲ့အချိန်မှာ ကောင်းကောင်းချစ်ပေးမည်။ ကောင်းကောင်းအလိုလိုက်ပေးမည်။ ပြတ်ပြီဆိုလည်း တိကနဲ့ နောက်ကို တစ်ချက်မှလှည့်ကြည့်လေ့မရှိ။ ဒီလိုနဲ့ပဲ ရည်းစားများသည်ဆိုသော ဂုဏ်ပုဒ်က သူ့အလိုလိုနေရင်း ရရှိလာခဲ့သည်။
“ မင်းအဆင်ပြေတယ်မလား……နန္ဒ”
“ အေး..အဆင်ပြေပါတယ်ကွာ….အိမ်က ရတနာကုန်သည်မျိုးရိုးဆိုတော့ ကျောင်းပြီးတာနဲ့ ဒီအလုပ်နဲ့ လုပ်နေတာပေါ့ကွာ။ မင်းရော…အိမ်ထောင်ကျပြီလား”
“ မကျသေးဘူးကွ……အိမ်ထောင်ပြုချင်စိတ်လည်း…မရှိတော့ပါဘူးကွာ”
“ ဟား….ဟား….ဘယ်လိုဖြစ်တာလဲ…ခွန်ရာ……ကျောင်းတက်တုန်းက မင်းလောက် စွံတာ မင်းပဲရှိတာလေ”
“ ဒီလိုပဲပါကွာ”
ခွန် ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို နန္ဒကိုပြောသည်က အကြောင်းမဟုတ်။ ဘေးမှာ ထိုင်နေသော မြတ်လေးရှေ့ သူ့ကိစ္စ အကြောင်းစုံကို ဖွင့်ဟမပြောပြချင်ပေ။
“ ဒါနဲ့ မင်းလိပ်စာကတ် ငါမြင်လိုက်တယ်…မင်း…ဝိုင်လုပ်ငန်းလုပ်နေတာဆို”
“ အေးကွ……မင်းတို့အလည်လာလို့တောင်ရတယ်…ငါ့ခြံကို”
အလုပ်ကိစ္စချည်းသာ အာရုံစိုက်မိနေသောနန္ဒက အခုတလော စိတ်မကောင်းစရာတွေကြုံလာရတော့ စိတ်ပြေလက်ပျောက် ခရီးသွားချင်စိတ် ဖြစ်မိသည်။
“ ဟုတ်လား…မင်းခြံက ဘယ်နေရာမှာလဲ”
“ မေမြို့နားမှာကွ…မြို့ထဲမှာတော့မဟုတ်ဘူး…မြို့ကနေ (၁၅)မိနစ်လောက်မောင်းရင် အေးမြိုင်ကုန်းဆိုတဲ့ ရွာလေးရှိတယ်…အဲမှာ ငါအလုပ်လုပ်နေတာ”
“ မင်းပြောတော့ ငါစိတ်ဝင်စားသွားပြီ”
“ မင်းတို့ အားရင် လာလည်ကြလေ….ငါ အဲမှာ စပျစ်ပင်တွေစိုက်ပြီး ဝိုင်လုပ်ငန်းလုပ်နေတာ”
“ ဘယ်လိုလဲ…မြတ်လေး…အစ်ကိုတို့ သွားကြမလား”
ဖြတ်ခနဲ့ အာရုံထံပေါ်လာသော လုပ်ချင်သည့်ဆန္ဒကို မြတ်လေးအားဖွင့်ဟမေးရှာသည်။ မြတ်လေး ခွင့်ပြုပြု၊ မပြုပြု သူလုပ်ချင်ရင် ဆက်လုပ်နေမှာကို သိနေသော မြတ်လေးက ဘာမှငြင်းဆိုရန်အကြောင်းမရှိ။
“ အစ်ကိုသဘောလေ…မေမြို့နားမှာဆိုတော့ ရာသီဥတုလည်းကောင်းမှာပဲ…အစ်ကိုသွားချင်သွားပေါ့”
“ မင်းတို့လာရင် လိုလေးသေးမရှိ ငါပြုစုမှာပါကွာ..သူငယ်ချင်းရာ”
“ အေးပါကွာ…ဒါတို့ ငါတို့မှာ လုပ်လက်စ ကိစ္စတွေဖြတ်ပြီးရင် မင်းဆီကို အလည်လာမယ်လေ…ခရီးမထွက်ရတာလည်း ကြာပြီဆိုတော့လေ”
“ အေး…လာမယ်ဆို…ဖုန်းဆက်လိုက်ကွာ…ငါ ပြင်ဆင်ပေးထားမယ်”
“ ကျေးဇူးတင်တယ်ကွာ…ခွန်ရာ။ ကဲ စကားကောင်းနေတာနဲ့ စားစရာတွေတောင် အေးကုန်တော့မယ်”
နန္ဒမှ ညစာစားရန်လောဆော်လိုက်သည်။ ထိုခရီးသည် သူတို့(၃)ယောက်၏ ပက်သက်ဆက်နွယ်မှု တမျိုးတဖုံပြောင်းလဲစေခဲ့သည်က ကံကြမ္မာရဲ့ အလိုတော်အတိုင်းပင်။
..........................................................................
အခန်း (၁၁)
(၁)ပတ်လောက်ကြာသော်…..
“ 🎶 🎶 🎶 ပျိုပျိုမေ…အလည်ပတ်ထွက်တယ်…..
မော်တော်ကားနဲ့ရယ်…..
ဟိုယခင်…ကျောင်းပိတ်တဲ့ရက်ကကွယ်…..
ရှမ်းပြည်ကို…တောင်ပိုင်းရော…မြောက်ပိုင်းရောကွယ်…..
နှံ့ခဲ့တယ် 🎶 🎶 🎶 ”
ကားထဲ တေးသီချင်းသံသဲ့သဲ့လွင့်ပျံနေသည်။ နန္ဒတို့လင်မယား မနက်(၆)နာရီလောက်ကတည်းက ရန်ကုန်မှ စထွက်လာခဲ့ကြခြင်းဖြစ်သည်။ စကားလေးပြောလိုက်၊ ရယ်လိုက်မောလိုက်နှင့် ခရီးတော်တော်ပေါက်လာခဲ့ပြီ။
အခု ညနေ(၄)နာရီလောက်လည်းထိုးခါနီးနေပြီ။ မေမြို့ ကိုလည်း ရောက်ခါနီးနေပြီ။ မိနစ်(၂၀)လောက် ထပ်မောင်းလိုက်ပါက ခွန် ရှိရာနေရာသို့ ရောက်လုတော့မည်။ မြတ်လေး ခရီးမထွက်ဖြစ်တာလည်း တော်တော်ကြာနေပြီ။ ရတနာဆိုင်ကိစ္စနှင့် လုံးပမ်းနေရသည်က တစ်ပိုင်း၊ ကလေးလိုချင်သဖြင့် လိုက်လုပ်နေရသည်က တစ်ပိုင်း။
ထိုကဲ့သို့အကြောင်းကြောင်းတွေကြောင့် စိတ်ပြေလက်ပျောက် ခရီးမထွက်ဖြစ်တာ တော်တော်ကြာရော့မည်။
ဟိုးတလောက ခွန်နှင့် နန္ဒတို့ဆုံပြီး ခွန်က သူ့ဆီလာလည်ရန်ဖိတ်ခေါ်သောကြောင့် လင်မယားနှစ်ယောက်စလုံး အလုပ်ကိစ္စဖြတ်စရာရှိတာကို ဖြတ်ချပြီး ခရီးထွက်လာခြင်းဖြစ်သည်။ ငွေရေးကြေးရေးက ပြည့်စုံလွန်းနေပေမဲ့ စိတ်ညစ်ကိစ္စတွေ ကြုံကြိုက်ခဲ့ရတော့ ခရီးထွက်ရန် အပူအပြင်း စီစဉ်ခဲ့ကြသည်။
“ လေက လန်းဆန်းနေရော..အစ်ကိုရယ်”
မြတ်လေး ကားမှန်တံခါးကို ချလိုက်သည်နှင့် တိုးပြင်လာသော လေပြေလေးတွေက သူမပါးပြင်တွေ၊ ဆံစတွေက ပွတ်သပ်ကျီစယ်သွားသည်။ ရှုလိုက်ရသည့် လေထုနဲ့ အငွေ့အသက်က အေးစိမ့်စွာ ဝင်ရောက်သွားသည်။ မြင်မြင်သမျှ စိမ်းစိုလှပနေသည့် ရှုခင်းတွေက အရာရာဟာ မျက်စိပသာဒ ။
ဓာတ်ဆီနံ့မခံစားမိသည့် လေထုတွေ၊ တတီးတီး ဟွန်းတီးနေသော ကားစက်သံတွေနဲ့ ခေတ္တဝေးရာက ဘယ်လောက်အေးချမ်းနေပါလိမ့်။
“ ပျော်လား…..မြတ်လေး”
“ ပျော်တာပေါ့အစ်ကိုရာ….မြတ်လေးတို့ ဒီလိုစိတ်အေး လက်အေး ခရီးမထွက်ရတာဘယ်လောက်ကြာပြီလဲ”
“ ဟုတ်တယ်နော်….နောက်နှစ်တွေလည်း ခရီးထွက်ဖြစ်အောင် အစ်ကို စီစဉ်ပေးပါမယ်ကွာ”
“ ခစ်….ခစ်….ဒီကလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်”
မြတ်လေးမျက်နှာက တကယ့်ကို ပျော်နေမှန်းသိသာလွန်းနေသည်။ ပုံစံကလည်း ခရီးသွား Fashion အပြည့်။ Sweat shirt လက်ရှည် ပန်းရောင်ဖျော့ဖျော့လေးနဲ့ Skinny ဂျင်းအပြာရောင် ရင့်ရင့် ဝတ်ဆင်ထားသော မြတ်လေးပုံစံက လွတ်လပ်ပေါ့ပါးနေသည်။
မေမြို့ကိုကျော်လွန်ပြီး ခွန်ရှိရာ အေးမြိုင်ကုန်းရွာလေးသို့ ကားလေးက ဝင်ရောက်လာသည်။ ရွာဆိုပေမဲ့ ပုံစံက နယ်မြို့သေးသေးလေးလိုပုံမျိုးနှယ်။ ကတ္တရာလမ်းတွေ တစ်ရွာလုံးအပြည့်ခင်းထားသည်။ ရွာစွန်လေးရောက်တော့ ခွန်ရှိရာ နေရာသို့ရောက်လာတော့သည်။
“ ချယ်ရီမြိုင်” တဲ့။
အုတ်နံရံအပေါက်ဝမှာ ဆိုင်းဘုတ်သေးသေးလေးတပ်ထားသည်။ နန္ဒ ခွန်ကို ဖုန်းဆက်လိုက်၏။
“ ခွန်ရေ….ငါမင်းတို့အိမ်ရှေ့ရောက်ပြီကွ”
“ ရောက်ပြီလား…အေး…အေး…ငါတံခါးဖွင့်ပေးလိုက်မယ်နော်”
“ ကျွီ”
တံခါးက ဖုန်းဆက်ပြီးသည်နှင့် သူ့အလိုလိုပွင့်သွားသည်။ နန္ဒတို့ကားလေး သူ့လမ်းလေးအတိုင်း မောင်းနှင်လာခဲ့သည်။ လမ်းအဆုံးမှာ အနောက်တိုင်းဆန်ဆန် (၂)ထပ်အိမ်လေးတစ်လုံး။ ဒီလိုရွာအသေးလေးမှာ ဒီလိုအိမ်ပုံစံလည်း ဆောက်ထားတာ အံ့ဩစရာ။
မီးခိုးရောင်နှင့် အဖြူရောင်ရောသုတ်ထားသော အိမ်လေးက ခန့်ခန့်ထည်ထည် နေရာယူထားသည်။ အဝေးကနေ ခွန် ရပ်စောင့်နေသည်ကို မြင်လိုက်ရသည်။ အရပ်မြင့်မြင့်၊ ထောင်ထောင်မောင်းမောင်းနှင့်။ အဝေးကကြည့်လိုက်လျှင် ကျောက်တိုင်တစ်တိုင် စိုက်ထူထားသလိုနှယ်။ ကားရပ်သည်နှင့် နန္ဒက ပြေးဆင်းပြီး သူ့သူငယ်ချင်းကို နှုတ်ဆက်ရှာ၏။
“ ဟေ့ကောင်”
“ အေး…ရောက်ပြီလား…ဝင်လာခဲ့….လူလူရေ…ကားထဲက ပစ္စည်းတွေ အိမ်ထဲ သယ်ခဲ့လိုက်ပြီး..သူတို့အတွက်ပြင်ထားတဲ့ အခန်းထဲချပေးခဲ့”
ခွန်က ဘေးမှာရပ်နေသော ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကို ခိုင်းလိုက်သည်။
“ မလုပ်ပါနဲ့ကွာ…မင်းကလည်း…အားနာစရာကြီး”
“ ရပါတယ်ကွာ….ဧည့်သည်တွေကို ဧည့်ဝတ်ကျေကျေလုပ်ပေးရမှာလေကွာ….အားမနာနဲ့..သားကြီးရာ”
ခွန်က ရှေ့ကနေ ဦးဆောင်ပြီး လမ်းညွှန်ပြလိုက်သည်။
“ ဒီအိမ်ထဲမှာတော့ ငါ့တစ်ယောက်တည်းနေတာကွ….အလုပ်သမားတွေအတွက် စပျစ်ခြံမှာ တန်းလျားဆောက်ပေးထားတယ်…သူတို့က အဲဒီမှာနေကြတာ”
နန္ဒတို့လင်မယားနှစ်ယောက်ကို အပေါ်ထပ်သို့ခေါ်သွားသည်။
“ ရော့…မင်းတို့အတွက် ငါပြင်ပေးထားတဲ့အခန်း..စိတ်တိုင်းကျရဲ့လား”
အခန်းက လင်မယားနေရန်အတွက် ကျယ်လွန်းလှနေ၏။ နှစ်ယောက်အိပ်ကုတင်ကလည်း အကျယ်ကြီး။ ရေချိုးခန်း၊ အိမ်သာက တွဲလျက်။
“ ဒီအိမ်ဆောက်ကတည်းက ငါ ဧည့်သည်တွေအတွက် ဒီအခန်းကို သတ်သတ်လုပ်ထားတာ..မင်းတို့ရောက်တာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့”
“ အဆင်ပြေပါတယ် သူငယ်ချင်းရာ”
“ အေး..ဒါဆို နားလိုက်အုံးနော်…ညီမရောပဲ…အေးဆေးနားလိုက်အုံး…ညစာစားခါနီးကျ ငါလာခေါ်ခိုင်းလိုက်မယ်”
“ အေး…အေး”
ခွန် ထွက်သွားသည်နှင့် နှစ်ယောက်သား မတိုင်ပင်ရဘဲ မွေ့ယာပေါ် လှဲပစ်လိုက်သည်။ အိကနဲ့ နစ်ဝင်သွားသော မွေ့ယာက နန္ဒတို့ကို မထချင်အောင်ဆွဲဆောင်နေသလို။ ဟိုဖက်၊ ဒီဖက် (၂)ခါလောက်လှည့်လိုက်ပြီးသည်နှင့် ကားတောက်လျှောက်မောင်းလာရသောကြောင့် ခရီးပန်းပန်းနှင့် အိပ်ပျော်သွားကြတော့သည်။
အဝတ်အစားတောင် မလဲနိုင်။ မြတ်ဘေး မှေးကနဲ့ အိပ်ပျော်သွားပြီး ပြန်နိုးလာတော့ နေတောင် တော်တော်စောင်းနေတော့ပြီ။ နန္ဒကတော့ အိပ်မောကြတုန်း။ သူမတို့နှစ်ဦးကို ဘယ်သူမှ လာမနှိုးကြ။ မြတ်လေး တစ်ရေးအိပ်လိုက်ရတော့ အားရှိသလိုဖြစ်သွားပြီး ရေမိုးချိုးသန့်စင်ပစ်လိုက်သည်။ အဝတ်အစားကိုလည်း ပေါ့ပေါ့ပါးပါးလေးကို လှဲလှယ်ဝတ်ဆင်လိူက်သည်။
အပြာနုရောင်ပေါ် အဖြူရောင် သစ်ရွက်စိတ်စိတ်လေးတွေ ကြဲထားသည့် အပေါ်၊ အောက်တစ်ဆက်တည်း ဂါဝန်ရှည်လေးကို ဝတ်ဆင်လိုက်သည်။ မိတ်ကပ်လည်း မလိမ်းချင်တော့။ Serum နဲ့ Moisturizer ပါးပါးလေးသာ လိမ်းလိုက်ပြီး နှုတ်ခမ်းနီ ပန်းရောင်lip gloss လေးသာ ဆိုးလိုက်တော့သည်။
ရာသီဥတုက ရန်ကုန်နှင့် ဆန့်ကျင်ဘက် အေးသလိုရှိနေသဖြင့် ဆွယ်တာ အပါးအဖြူလေးဝတ်လိုက်ရုံဖြသ့် သူမ၏ ပြင်ဆင်မှု အဆုံးသတ်လိုက်တော့သည်။
“ အစ်ကို…ထတော့….ထတော့….ခဏကြာ ထမင်းစားရတော့မှာ”
“ အင်း…အင်း”
မြတ်လေးနှိုးကာမှ နန္ဒ နိုးလာသည်။ မဆိုင်းမတွပင် သူလည်း ရေမိုးချိုးသန့်စင်ပစ်လိုက်သည်။ ပြီးနောက် ညစာစားရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။ သူမတို့အောက်ထပ်အရောက် ခွန်နဲ့ ပက်ပင်းတိုးသည်။
“ နိုးလာကြပြီလား…အိပ်လို့ရော အဆင်ပြေလား”
“ ငါတော့ တစ်ချိုးတည်း အိပ်ပျော်သွားတာ…မိန်းမ နှိုးလို့အခုမှ နိုးတာ ခွန်ရာ”
ခွန်လည်း သူမတို့နည်းတူ ရေချိုးထားသည်နှင့်တူသည်။ လတ်ဆတ်သော ဆပ်ပြာအနံ့ကို မြတ်လေးခံစားသိရှိမိသည်။ အပေါ်က တီရှပ်အဖြူနှင့် အောက်က ရှမ်းဘောင်းဘီပွပွကို ဝတ်ဆင်ထားသော ခွန်က ယောကျ်ားပီပီသသချောမောနေ၏။
“ ဗိုက်ဆာနေကြပြီမလား…အဆင့်သင့်ပဲ”
ခွန်က ထမင်းစားခန်းထဲ ခေါ်ဆောင်သွားသည်။ ထမင်းစားပွဲပေါ် ဟင်းကအစုံအလင်။
“ ဒါက အမဲသားကြော်၊ ဒါက ဂျူးမြစ်သုပ်၊ ဒါက တို့ဟူးဟင်း၊ ဒါက ဟင်းထုပ်…ဟင်းမကောင်းရင်တော့ ကြိုတောင်းပန်ထားတယ်နော်….အိမ်မှာ ငါတစ်ယောက်တည်းဆိုတော့ အဆင်ပြေသလို စားလိုက်တာပဲ။ မင်းတို့လာမှာမလို့ ငါ အဒေါ်တစ်ယောက်ကို ချက်ခိုင်းထားတာ…စားကြည့်ကွာ…အားမနာနဲ့”
“ မင်းဟာတွေက လိုတာထက်တောင် ပိုနေပါပြီကွာ…ငါတော့ အားမနာတော့ဘူးနော်…စားပြီခွန်ရေ”
ဟင်းအနံ့တွေက မြတ်လေးတို့ကို ဗိုက်ပိုဆာစေသလို။ ဗိုက်ဆာဆာနဲ့ ခေါင်းမဖော်စတမ်းစားလိုက်သည်။ ထမင်းစားပြီးသည်နှင့် ခွန်က ဆက်ပြောသည်။
“ ထမင်းစားပြီး…ဘာစားချင်လဲ…ဝိုင်သောက်ချင်လား…ဒီမှာ အပေါဆုံးကတော့ ဝိုင်ပဲ”
နန္ဒက မြတ်လေးကို လှည့်ပြီးမေး၏။
“ ဝိုင်သောက်ကြမလား..မြတ်လေး”
“ ရတယ်လေ..မြတ်လေးအဆင်ပြေပါတယ်..မြတ်လေးပါ သောက်မယ်လေ”
ခွန် ထမင်းခန်းနံရံကပ် ဘီဒိုထဲက ဝိုင်ပုလင်းကို ဆွဲယူဖွင့်လိုက်သည်။
..............................................................
အခန်း (၁၂)
ထမင်းစားပြီးနောက် စကားလေးပြောရင်း၊ ဝိုင်လေးသောက်ရင်း ဇာတ်ရှိန်တက်လာသဘ်။ မြတ်လေးဆို ပျင်းပျင်းရှိသောက်နေသည်မှာ (၃)ခွက်လောက်ရှိပြီ။
နန္ဒနှင့် ခွန်က ကျောင်းတုန်းကအကြောင်းတွေကို စားမြုံပြနေကြသည်ကိုမြတ်လေးနားထောင်းရင်း ပျင်းလာသည်။ ခွန် ထုတ်ထားသည့် ဝိုင်တွေက alcohol percentage 15% လောက်ပါတော့ သောက်လို့ကောင်းသားပင်။
ခါးဆိမ့်သက်သည့်အရသာက လည်ချောင်းတလျှောက်ပြင်းရှရှ ဆင်းသက်လာသည်။ အပြင်ရာသီဥတုနဲ့ ဝိုင်က အစပ်အဟပ်တည့်လွန်းလှပေသည်။ သောက်ကောင်းကောင်းနှင့် သောက်ရင်းသောက်ရင်း ဝိုင်အရှိန်ကလည်း တက်နေတော့ မြတ်လေး ရီဝေဝေဖြစ်လာသည်။
အိပ်လည်းအိပ်ချင်နေသဖြင့် မြတ်လေး အစ်ကို့ကို ပြောပြီး အပေါ်ထပ်တက်ခဲ့လိုက်တော့သည်။
“ အစ်ကို…မြတ်လေး အိပ်ချင်ပြီ”
“ ဟုတ်လား..အစ်ကိုတို့စကားကောင်းနေတာနဲ့ မြတ်လေးကို သတိမထားမိဘဲ ဖြစ်သွားတာ။ အိပ်ချင်တက်အိပ်တော့လေ။ အစ်ကို စကားပြောပြီး လာခဲ့မယ်”
“ အင်း”
မြတ်လေး ရီဝေဝေနှင့် အပေါ်ထပ်တက်ခဲ့လိုက်တော့သည်။ အနည်းငယ် မူးနေသည်ဆိုသော်ငြား လမ်းတည့်တည့်မတ်မတ်တော့ လျှောက်နိုင်ပါသေးသည်။ မိမိနောက်မှာ ခွန်နဲ့ နန္ဒတို့ စကားသံတွေ ကျန်ရစ်ခဲ့သည်။
စကားလေးပြောလိုက်၊ ဝိုင်လေးသောက်လိုက်လုပ်နေရင် ညဉ့်က တော်တော်နက်လာပြီ။ နန္ဒလည်း အိပ်ချင်သလိုလိုဖြစ်လာသည်။
“ စကားတွေကောင်းနေတာနဲ့ ညတောင် တော်တော်နက်နေပြီပဲ”
“ ဟုတ်ပကွာ…မင်းအိပ်ချင်အိပ်တော့လေ…ငါ့မှာ လုပ်စရာတွေ နည်းနည်းရှိသေးတယ်”
“ အေးကွာ….ဒါဆို ငါအရင်တက်နှင့်ပြီနော်”
နန္ဒလည်း ခွန်ကိုနှုတ်ဆက်ကာ သူတို့အခန်းထဲ ဝင်လာတော့သည်။ မွေ့ယာကုတင်ပေါ် သူ့ဇနီးချောလေး မြတ်လေးက ကွေးကွေးလေး အိပ်ပျော်လျက်။ ကိုယ့်မိန်းမမျက်နှာ ပြန်ကြည့်ပြီး ကြည့်မဝနိုင်ဖြစ်နေရသည်။
ကြည့်ရင်းကြည့်ရင်း ဝိုင်အရှိန်ကြောင့် ချစ်စိတ်တွေတဒိတ်ဒိတ်တိုးလာပြန်သည်။ မြတ်လေးဘေးနား လှဲလိုက်ကာ မြတ်လေးကိုယ်လုံး အိအိလေးကို ပွေ့ဖက်လိုက်သည်။
“ မြတ်လေး”
“ အင်း”
မြတ်လေးက အိပ်နေရင်း ပြန်ထူးရှာသည်။ အသားချင်းထိကပ်လိုက်ကာမှမွှေးပျံ့နေသော မြတ်လေးကိုယ်သင်းနံ့ကြောင့် သူ လိင်ဆက်ဆံချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာရသည်။ မြတ်လေးကို နှိုးမနေတော့ဘဲ မြတ်လေးရင်သားတွေကို အင်္ကျီအောက်ကနေ လက်နှိုက်ကာ ညှစ်ကြည့်ကြည့်သည်။
“ အင့်…..အင့်”
မြတ်လေးက အိပ်မက်မက်နေသလိုလို ခံစားနေရသောကြောင့် အိပ်မက်ဟုသာ ထင်နေရှာသည်။ သားမြတ်အစုံ၏ နူးညံ့အိစက်မှုက နန္ဒရဲ့ ကာမစိတ်ကို ပိုတက်ကြွနေသလို။ နန္ဒမနေနိုင်တော့။ မြတ်လေးဝတ်ထားသော ဂါဝန်ကို အပေါ်သို့လှန်တင်လိုက်သည်။
ညအိပ်ခါနီးဖြစ်သောကြောင့် အောက်ခံဘောင်းဘီမရှိ။ ခပ်ဖောင်းဖောင်းနှုတ်ခမ်းသားလေးတွေနဲ့ အမွှေးရေးရေးဖုံးလွှမ်းထားသော မိန်းမကိုယ်လေးမြင်လိုက်ရသည်။
နန္ဒ မြတ်လေး ဂါဝန်ကို ခါးအပေါထိလှန်တင်ပြီး မြတ်လေးပေါင်နှစ်ဖက်ကို ဆွဲကားလိုက်သည်။ မြတ်လေးက ဝိုင်အရှိန်နဲ့ သူမယောကျ်ားဘာလုပ်နေမှန်း ဂဃနဏ မသိ။ လက်ဖြင့် စပ်ပတ်နှုတ်ခမ်းသားလေးကို ပွတ်သပ်လိုက်သည်။
“ ဟင့်…အင့်…..အင့်”
မြတ်လေးဆီက ညည်းသံသဲ့သဲ့ လွင့်ပျံလာသည်။ မျက်လုံးကတော့ မဖွင့်နိုင်သေး။ နန္ဒဘောင်းဘီ ခပ်သွက်သွက်ချွတ်ချလိုက်တော့ အစာတောင်းနေပြီ ဖြစ်သည့် သူ့လီးချောင်းက ဘွားကနဲ့ပေါ်လာသည်။အစာဝစေရန် အလို့ငှါ မြတ်လေးစပ်ပတ်ထဲ သူ့လီးကို သွတ်သွင်းလိုက်သည်။
“ အ…ဟ…..ဟား….ဟ”
နူးညံ့နွေးထွေးမှုအပြည့်ရှိသော စပ်ပတ်အတွင်းသားတွေက လာနေကြဧည့်သည့်ကို ကြိုဆိုရှာသည်။ နန္ဒ ကိုယ့်မိန်းမနဲ့ ကိုယ် လိင်မဆက်ဆံဖြစ်တာ တော်တော်ကြာနေပြီ။ လွန်ခဲ့တဲ့ (၁)ပတ်လောက်ကဆို စိတ်ညစ်နေသဖြင့် လိင်စိတ်က ထကြွမနေ။
ဒီနေ့မှ ထူးထူးဆန်းဆန်း လိုးချင်စိတ် တဖွားဖွားပေါက်နေသည်။
“ ဖတ်……ဖလတ်….ဗြတ်…….ဖတ်……ဖလတ်……ဖလတ်………ဖတ်…..ဖလတ်”
“ အ….အ……ဟ……အာ့……..ဟ………အ….အ”
“ အင့်…………………..ဟင့်……………………အင့်”
မြတ်လေးဆီက ညည်းသံတွေတော့ တချက်တချက်ထွက်ထွက်လာသည်။ နန္ဒ (၃)မိနစ်ကျော်ကျော် လိုးပြီးသည်နောက် စိတ်မထိန်းနိုင်တော့။ အရက်လေးစွက်ထားတော့ သုတ်လွှတ်ပိုမြန်မိနေသလားပင်။ လီးတစ်ချောင်းလုံးလည်း ကျဉ်တက်လာကာ သုတ်ရည်တွေ မြတ်လေးစပ်ပတ်ထဲ ပန်းထည့်လိုက်သည်။
“ အ…….အ….အား……..ဟား………အား……ဟား”
နန္ဒ သုတ်ရည်တွေ အကုန်အစင်ထည့်ပြီး မောဟိုက်သွားရသည်။ လိုးနေသည်က ပြီးသွားသဖြင့် မြတ်လေးဆီက အသံမထွက်လာတော့။ နန္ဒလည်း နုံးချိပြီးကျန်ခဲ့သဖြင့် လီးကိုတောင် ရေပြန်မဆေးနိုင်။
ဘောင်းဘီ ပြန်စွပ်ကာ မြတ်လေးနံဘေးနားလှဲပြီး အိပ်ပျော်သွားသည်။ မြတ်လေးကတော့ ဂါဝန်က ခါးထိလှန်နေပြီး အောက်ပိုင်းတစ်ပိုင်းလုံး ဘာအဝတ်မှမရှိဘဲ အိပ်ပျော်နေတော့သည်။
ဒီမနက်ထူးထူးဆန်းဆန်း မြတ်လေးအစောကြီးနိုးနေ၏။ ရန်ကုန်မှာဆို မနက်(၈)နာရီဝန်းကျင်လောက်မှ နိုးနေကျ။ ဒီအေးမြိုင်ကုန်းရွာကို ရောက်ကာမှ မျက်လုံးပွင့်တဲ့အချိန် နာရီကိုကြည့်မိတော့ မနက်(၆)နာရီစွန်းရုံ။
ခေါင်းထဲမှာလည်း ကြည်လင်နေသည်။ မြတ်လေး ကပိုကရိုဖြစ်နေသော မိမိကိုယ်ကို ပြန်လည်ပြင်ဆင်လိုက်သည်။ အိပ်ယာမှာ အရည်ကွက်ခြောက်ပြီး ကျန်ခဲ့သောအရာကိုတော့မြင်လိုက်သည်။ မနေ့ညက မိမိယောကျ်ားက တက်လိုးသွားမှန်း မသိခဲ့ပေ။ ညက မက်တဲ့ အိပ်မက်ကြောင့်များလားဟု အထင်မှားမိသည်။
မြတ်လေး ငုတ်တုတ်ထိုင်ရင်း အိပ်မက်မက်တဲ့အကြောင်းပြန်တွေးမိသည်။ စဉ်းစားမိလိုက်တော့ နှုတ်ခမ်းလေးတွေက ခပ်တွန့်တွန့်ပြုံးရှာသည်။ အိပ်မက်ထဲမှာ မြတ်လေးနဲ့ ယောကျ်ားတစ်ယောက် အားပါးတရချစ်တင်းနှောနေသတဲ့။
ဒီယောကျ်ားကလည်း ခင်ပွန်းဖြစ်သူ နန္ဒမဟုတ်ဘဲ တခြားသူစိမ်းယောကျ်ားတစ်ယောက်ဖြစ်နေသည်။ ဝိုးတဝါးအတွေးသိစိတ်အရ ထိုသူစိမ်းယောကျ်ားပုံစံက ခွန်နဲ့ တူလွန်းလှသည်။
အိပ်မက်ထဲ ခွန်နဲ့ သူမ နဲ့ အားပါးတရ ကာမစပ်ယှက်ကြသည်။ ခွန်ရဲ့ ပြင်းထန်လွန်းသည့် လိုးချက်တွေကြောင့် သူမ လွင့်မျောမတတ်ဖြစ်ခဲ့ရသည်ဆိုပဲ။
သူ့ရဲ့ လိင်တံက….။
အိုး….။
အတွေးနဲ့တင် ရင်ခုန်လှိုက်မောလာရသည်။ ဒီအိပ်မက်တွေကြောင့် အရည်တွေ ကွက်အိုင်ထွန်းနေတာများလားပင်။ အိပ်မက်ကို ပြန်တွေးမိတော့ ရင်ခုန်ချင်သလိုလိုဖြစ်ရသော်လည်း ဘေးမှာ အိပ်မောကျနေသည့် အစ်ကို့ကို မြင်တော့ ကိုယ့်ကိုကိုယ် အပြစ်မကင်းဖြစ်မိရပြန်သည်။
ကာမပိုင်ယောကျ်ားရှိလျက်နဲ့ နောက်ထပ်ယောကျ်ားတစ်ယောက်ကို တွေးတောမိနေသည့်အဖြစ်။ ဘာမှတော့ မဖြစ်လောက်ပါဘူး။
အိပ်မက်ပဲဟာ။ တကယ်မှ မဟုတ်တာချည်းကို။
မြတ်လေး ကုတင်အောက်ဆင်းကာ ပြတင်းပေါက်ကာလန့်ကာကိုဖွင့်ပြီး အပြင်လောကကြီးကို ရှုငေးမိသည်။ မနက်အာရုဏ်ဦးထွန်းသစ်ကာစနေရောင်အောက်မှ မြူတွေဆိုင်းနေသည့် လောကကြီး။ ပြတင်းပေါက်တံခါးကို ဟရုံဆိုရုံမျှသာ လှစ်ကြည့်လိုက်တော့ အေးစိမ့်နေသည့် လေထုက မြတ်လေးပါးပြင်ကို လာပွတ်တိုက်ကြသည်။
အဆုတ်ထဲထိရောက်အောင် အသက်တဝကြီးရှူသွင်းလိုက်သည်။ အပြင်ကိုငေးကြည့်ပြီး အောက်ဖက်ဘေးဘီဝဲယာကိုကြည့်လိုက်တော့ လှုပ်ရှားနေသည့် ပုံရိပ်တစ်ခု။ ဘယ်သူများပါလိမ့်။ အပေါ်ပိုင်းကိုယ်ဗလာဖြင့် သိုင်းလေ့ကျင့်နေသော အမျိုးသားတစ်ဦး။ သေချာကြည့်လိုက်တော့ ခွန်ဖြစ်နေသည်။
“ ဟ……ဟ……ဟီး….ဟ…ဟ…ဟ”
မာန်သွင်းသံတွေ တချက်တချက်တော့ မြတ်လေးကြားမိသည်။ ရှမ်းသိုင်းလေ့ကျင့်နေသော ခွန်၏လက်လှုပ်ရှားမှုတွေကို မြတ်လေးကြည့်ကောင်းကောင်းနှင့်ကြည့်နေမိသည်။ အပေါ်ပိုင်းတစ်ပိုင်းက ရာသီဥတုက အေးစိမ့်နေသော်လည်း သူ့တစ်ကိုယ်လုံး ချွေးတွေနှင့်ပြောင်လက်နေသည်။
လှုပ်ရှားမှုတိုင်းမှာ ကြွက်သားတွေက အပြိုင်းအရိုင်း။ ခွန်က ကြည့်လိုက်လျှင် ပိန်သလိုထင်ရပေမဲ့ အခုလိုမျိုး အဝတ်မပါဘဲမြင်လိုက်တော့ ဗလတောင့်တောင့်တင်းတင်းနဲ့ အချိုးအစားကျနသောအမျိုးသားပင်။
ကျယ်ပြန့်သော ရင်အုပ်ကြွက်သားတွေ။ ချပ်ကပ်နေသော ဗိုက်ကြွက်သားအတုံးလေးတွေ။ မှီအုံးချင်စရာ နောက်ကျောပြင်ကြီးနှင့် အကြောစိမ်းတွေကို မြင်နေရသည့် လက်ရုံးကြွက်သားများ။ ယောကျ်ားတစ်ယောက်ကို အနုလုံ ပဋိလုံကြည့်မိနေသည့်အဖြစ်။
ခွန်လည်း မနက်စောစောလေ့ကျင့်နေကြ ရှမ်းသိုင်းကျင့်နေရင်း တစ်ယောက်ယောက်နောက်က စူးစိုက်ကြည့်နေသလို အာရုံခံစားမိလာသည်။ ဘေးဘီဝဲယာကြည့်ပြန်တော့လည်း ဘယ်သူမှမတွေ့။ အပေါ်အောက်လှည့်ကြည့်လိုက်တော့ နန္ဒတို့လင်မယားအခန်းက ဝဲကနဲ့ဖြစ်သွားသည့် ကန်လန့်ကာအစကိုသာ မြင်လိုက်သည်။ ကိုယ့်ဖာသာ အထင်မှားတာနေမှာပါ ဆိုပြီး မှတ်ယူလိုက်တော့သည်။
သိုင်းကျင့်ပြီးသည့်နှင့် အပြေးလေ့ကျင့်ဖို့ပြင်ဆင်လိုက်တော့သည်။ မနက်တိုင်း၊ မနက်တိုင်း ရှမ်းသိုင်းကျင့်ပြီးလျှင် သူ့ရဲ့ ခြံတစ်ပတ်အပြည့်ပြေးသည့်အကျင့် ခွန်မှာရှိသည်။ ခွန်အတွက် ကျန်းမာရေးက အရေးကြီးမှန်း ဘဝနဲ့ရင်းပြီးသိခဲ့ရသည်မဟုတ်လား။
အပေါ်ကို ခွန်မော့ကြည့်လိုက်တော့ မြတ်လေးလန့်ဖျန့်သွားမိသည်။ လူမိသွားမှ ဒုက္ခ။ အပြေးကလေး ငုံ့ချလိုက်မိသည်။ တစ်အောင့်လောက်ကြာမှ အပြင်ပြန်ကြည့်တော့ခွန် မရှိပြီ။ ပြေးနေသည့် သူ့နောက်ကျောပြင်ကို တစ်စွန်းတစ်စမြင်လိုက်ရသည်။
တော်ပါသေးရဲ့။
မဟုတ်လျှင် အရှက်ကွဲမည့် ဖြစ်ခြင်း။
................................................................
အခန်း (၁၃)
နန္ဒတို့စုံတွဲ ဒီအေးမြိုင်ကုန်းရွာမှာ (၂)ပတ်လောက် အေးဆေးနားမည်ဟု ကြိုစီစဉ်ထားသည်။ ခွန်ကလည်း အားမနာနဲ့။ စိတ်ချမ်းသာသလောက်နေလို့ရတယ် ဟု ပြောခဲ့တော့ အေးအေးဆေးဆေး၊ သက်တောင့်သက်သာ အနားယူလည်ပတ်နေကြသည်။
အခုလည်း ဒီရောက်တာ (၅)ရက်လောက်ရှိပြီဆိုတော့ အနီးအနားတစ်ဝိုက်ရော၊ မေမြို့ကိုရော တော်တော်နှံ့စပြုနေသည်။ ခွန်ရဲ့ ကြီးမားကျယ်ဝန်းလှသည့် စပျစ်ခြံကိုလည်း သူတို့လည်ပတ်ကြပြီးပြီ။
နို့စားနွား(၃)ကောင်ကိုပါ ခွန်က အပိုဆောင်းမွေးထားသည်။ နွားနို့၊ မလိုင် တွေအမြဲလိုလိုစားနေရတော့ နန္ဒတို့လင်မယား ဒီရက်ပိုင်းအတွင်း အနည်းငယ်ပြည့်လာသလိုတောင် ခံစားမိသည်။
ပြွတ်ခဲသော လူတစ်ရပ်ကျော်ကျော်စပျစ်သီးတွေကို မြင်ရသည်မှာ စိတ်ချမ်းသာလွန်းလှသည်။ နိုင်ငံတကာကိုပါ ပြည်တွင်းဖြစ်ဝိုင်တွေကို ပို့နိုင်သော ခွန်ရဲ့ လုပ်ငန်းက သေးသေးမွှားမွှားတော့မဟုတ်။အလုပ်သမားအင်အား (၅၀)ဝန်းကျင်လောက်နှင့်လုပ်နေသည့် တစ်နိုင်တစ်ပိုင် စီးပွါးရေးပင်။
နန္ဒ ခွန်အကြောင်းမေးမယ်ဆိုပြီး အခုထိတော့ မမေးဖြစ်။ ရုပ်ရည်သန့်ပြန်ချောမောသည့်အပြင် ဝင်ငွေကောင်းသည့် အမျိုးသားတစ်ယောက်။ ကျောင်းတက်တုန်းကလည်း ရည်းစားတွဲလဲတွဲခဲ့သည့် အမျိုးသားတစ်ယောက်။ ဒီလိုလူမျိုးက အခုထိ အိမ်ထောင်မကျဘဲ တစ်ယောက်တည်းနေနေသည့်အဖြစ်။ မဟုတ်မှလွဲရော…ဒီကောင် gay များ gay နေတာလား။
ဒီနေ့တော့ သူတို့(၃)ယောက်စလုံး မေမြို့က ပွဲကောက်ရေတံခွန်ဆီသွားရန်ပြင်ဆင်နေကြသည်။ ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးလာကြသော နန္ဒနဲ့ မြတ်လေးက ရေတံခွန်များများစားစားသိပ်မရောက်ဖူးပေ။
အခုတော့ အလည်လာရင်း အကြောင်းကံသင့်ခဲ့ပြီ။ မြတ်လေးနဲ့ ခွန်က စတွေ့ကာစတုန်းကတုန်းက ခပ်တန်းတန်းဖြစ်ခဲ့ပေမဲ့ ဧည့်ဝတ်ကျေပြီးဖော်ရွေသောခွန်ကြောင့် အခုဆို တော်တော်ခင်မင်ရင်းနှီးနေလေပြီ။
ကားက ရေတံခွန်ရှိရာနေရာသို့ တအိအိဆိုက်ရောက်လာသည်။ ကားထားရာနေရာဆီသို့ ခွန် ကားပါကင်ထိုးလိုက်၏။ ရေတံခွန်သွားရာလမ်းတလျှောက် ဆိုင်တန်းတွေနှင့်။ မိန်းမသားပီပီ မြတ်လေး စူးစမ်းကြည့်နေသည်။ အပြန်မှ ဝယ်တော့မည်ဟု စိတ်ထဲတေးထားလိုက်သည်။
ရောက်ပါပြီ။
ရေတံခွန်ကြီး။
ရေမှုန်တွေနဲ့ ရောနှောနေသည့် လေထုနံ့က ရင်ကိုအေးမြစေသည်။ မြတ်လေးစိတ်ထဲ ကြည်လင်သန့်ရှင်းသွားစလိုနှယ်။
“ မြတ်လေး…ရေထဲဆင်းမလား”
“ အင်း…ဆင်းမှာပေါ့…အစ်ကိုရဲ့…မြတ်လေး ရေထဲဆင်းဖို့ အဝတ်ပိုတွေတောင်ထည့်ခဲ့သေးတာ”
“ အဝတ်ကလေ ဟိုနေရာမှာလဲလို့ရတယ် ညီမ”
“ ဟုတ်ကဲ့”
ခွန်က မြတ်လေးအဝတ်လဲရန်နေရာသို့ ညွှန်ပြ၏။
“ အစ်ကိုရော…ရေထဲမဆင်းဘူးလား”
“ ရာသီဥတုကလည်းအေး၊ ရေကလည်း အေးမှာနဲ့…အစ်ကိုမဆင်းတော့ဘူး။ ခြေထောက်ကိုရေပဲစိမ်လိုက်တော့မယ်”
“ ဟင်…အစ်ကိုကလည်း…ရောက်ပဲရောက်နေပြီကို….ကိုခွန်ရော…ဆင်းမှာလား”
“ အင်း….ကျနော်လည်း မရောက်တာကြာပြီဆိုတော့ ရေကူးချင်လို့…ဆင်းလိုက်တော့မယ်”
“ မြတ်လေး…အစ်ကိုဆင်းမဘိုက်တော့ဘူး…မြတ်လေးရေကူးပြီး ဗိုက်ဆာရင်စားလို့ရအောင် ဆိုင်တစ်ဆိုင်မှာ အစ်ကိုစောင့်နေလိုက်တော့မယ်”
(၃)ယောက်စလုံး အသီးသီး မတူညီတဲ့နေရာသို့ ထွက်သွားကြသည်။ ရုံးဖွင့်ရက်ဆိုတော့ လူအများကြီးမရှိ။ရေတံခွန်ဝန်းကျင်တဝိုက် လူအနည်းငယ်ရှင်းလင်းနေသည်။ မြတ်လေး အဝတ်လဲခန်းမှာ အဝတ်စားလဲလှယ်လိုက်သည်။
ပုံမှန်ဆို ရေကူးကန်သွားလျှင် သူမ two pieces ဝတ်နေကြ။ နယ်မှာအဲလိုဝတ်ရင် ဝိုင်းကြည့်ကြလိမ့်မည်။ဒါကြောင့် လက်ဖျားထိရှည်သော ရေကူးအပေါ်ဝတ်စုံနှင့် ပေါင်လည်ဘောင်းဘီတိုအမည်းလေးကို လဲလှယ်လိုက်သည်။
ရေကူးဝတ်စုံက ကိုယ်နဲ့တသားတည်းဖြစ်နေသော သူမ၏ အမို့အဝိုက်၊ အကွေ့အကောက်တွေကို တိတိပပဖော်ပြထားသလိုနှယ်။ မှန်ရှေ့တစ်ချက်ပြင်ဆင်ပြီး အပေါ်သို့ထွက်ခဲ့လိုက်သည်။ ရေဆင်းရန်နေရာသို့ရောက်သောအခါ ခြေဖျားလေးကို ရေထဲစိမ်ကြည့်ကြည့်သည်။
အိုး။
အေးစိမ့်နေသည့် ရေ၏ အငွေ့အသက်က ခြေဖျားမှတစ်ဆင့် တစ်ကိုယ်လုံးပျံ့နှံ့သွားသလို။
“ ဆင်းလိုက်လေ…ရေထဲစိမ်ပြီး ခဏကြာရင်နွေးသွားလိမ့်မယ်”
နောက်ကစကားသံကြားသဖြင့် လှည့်ကြည့်လိုက်တော့ ခွန် ဖြစ်နေသည်။ ကြည့်လိုက်မိပြီးကာမှ မျက်နှာဖြတ်ခနဲ့လွှဲမိသည်။ ခွန်လည်း ရေထဲဆင်းရန်အတွက် ဘောင်းဘီတို တစ်ထည်မျှသာ သူ့ကိုယ်ပေါ်မှာ။
အပေါ်ပိုင်းတစ်ပိုင်းလုံး ဗလာ။ ကြွက်သားကျစ်ကျစ်လစ်လစ်တွေက သူ့နေရာနှင့်သူ ပန်းပုထုထားသလို နေသားတကျ လှပနေသည်။ ခွန်ရဲ့ ဗလာကျင်းနေသော ကိုယ်ကိုကြည့်လိုက်မိပြီးကာမှ ရှက်သလို ဖြစ်သွားရသည်။
“ ဆင်းလေ..ညီမ…ဒီနေရာကတော့ ရေတိမ်တော့ စိတ်ချရတယ်…ဟိုဖက်ကိုတော့ မသွားနဲ့နော်…ရေညှိတွေနဲ့ ချောနေလောက်တယ်”
“ ဟုတ်ကဲ့”
မြတ်လေး၏ အလှတရားတွေကိုလည်း ခွန် မြင်ပါ၏။ ဖြူနုနေသည့် အသားအရေနဲ့ ရေကူးဝတ်စုံက သူမအလှကို ဖုံးကွယ်ထားနိုင်ခြင်း မစွမ်းသာ။ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်က ပုရိသမှန်သမျှကို ဖမ်းစားနိုင်မှာအမှန်။
ရေနတ်သမီးလေးတစ်ပါး နတ်သက်ကြွေလာသည့်နှယ်။ နန္ဒ မိန်းမရတာ ကံကောင်းလွန်းလှသည်။ ငယ်လည်းငယ်၊ လှကလည်းလှ။ သူငယ်ချင်းမိန်းမဖြစ်နေသော မြတ်လေးကိုယ်ပေါ်ရောက်နေသောအကြည့်တွေကို လွှဲဖယ်လိုက်ရသည်။
အား………။
မြတ်လေး ခန္ဓာကိုယ်တစ်ခုလုံး ရေထဲစိမ်ချလိုက်သည်။ အေးစိမ့်မှုကြောင့် တစ်ကိုယ်လုံး လန်းဆန်းသွားရသည်။ လက်လေးတွေကို ရေပြင်ပေါ်ခပ်ဖွဖွလေး ဆော့ကစားနေမိသည်။ ခေါင်းကလေးပေါ်ရုံမျှသာ တစ်ကိုယ်လုံးရေစိမ်ချပစ်လိုက်တော့သည်။
ဆံပင်တွေ စိုလည်းစိုပါစေတော့။ အိမ်ရောက်မှ Dryer နှင့်သေချာအခြောက်ခံလိုက်တော့မည်။
ဟင်။
ခဏက မိမိကို စကားလာပြောသော ခွန်ကိုလည်း မတွေ့ရပါလား။ မြတ်လေး ကုန်းပေါ်ပြန်ကြည့်မိလိုက်တော့ ကိုယ်တော်ချောက ကောင်မလေး(၂)ယောက်နဲ့ စကားစမြည်ပြောနေကြသည်။
အသိမိတ်ဆွေဖြစ်ပုံရသည်။ မျက်နှာတွေပေါ် အပြုံးပန်းအသီးသီးဝေဆာလျက်။ မြတ်လေး ကြည့်ရင်းကြည့်ရင်း စိတ်ထဲဘဝင်မကျဖြစ်လာရသည်။ တော်ပြီ။ မဆင်းလာလည်း နေပေါ့။
တစ်ယောက်လည်း သာသာယာယာကူးပစ်လိုက်တော့မည်။ တကယ်တော့ မြတ်လေးက ရေထဲစိမ်နေရသည်ကို ကြိုက်သော်လည်း ရေကောင်းကောင်းကူးတတ်သည်မျိုးမဟုတ်။ မြတ်လေး ထိုမြင်ကွင်းနဲ့ ဝေးရာဆီ ပိုနက်တဲ့နေရာသို့ ထွက်လာခဲ့လိုက်သည်။
တစ်လှမ်း။
နှစ်လှမ်း။
သုံးလှမ်း။
ခြေဖဝါးနဲ့ထိနေသော ရေအောက်ကြမ်းပြင်က တအားချောနေတော့ မြတ်လေးရေထဲပစ်ကျသွားသည်။ ခွန်ကလည်း နယ်ခံဆိုတော့ အကြောင်းသိသဖြင့် မြတ်လေးကို သတိပေးခဲ့သေးသည်။ မြတ်လေးခြေချော်ပြီး ရေထဲပစ်ကျသွားတော့ ခြေဖျားထောက်ရန် နင်းလိုက်သော်လည်း ထောက်လို့မမှီ။
ရေပြင်အမြင့်က သူမ အရပ်ထက်ပိုမြင့်နေ၏။ ရေပိုနက်သည့် နေရာသို့ ကျသွားပုံရသည်။ ရေထဲနစ်ဝင်ကျသွားသွားတော့ အပေါ်သို့ကူးခတ်ရန်ကြိုးစားကြည့်သည်။
မရ။
နစ်ကျသွားလိုက်၊ ရုန်းလိုက်လုပ်နေသော်လည်း မြတ်လေးအပေါ်သို့ မတက်လာနိုင်ပေ။
“ အဟွတ်…..ဟွတ်…..အင့်….ဟွတ်…ဟွတ်”
လေကိုအငမ်းမရရှူလိုက်ကာမှ နှာခေါင်းထဲ ရေတွေ အလုံးလိုက်ဝင်လာပြီး ရေမွှန်းသွားရသည်။ ယက်ကန်ယက်ကန်နှင့် မြတ်လေး မကူးတတ်တော့။ ရေမွှန်းသည့်ခံစားချက်က စူးစိုက်စွာဝင်ရောက်လာ၏။
မြတ်လေး ရေနစ်လေပြီ။
.......................................................................................................
အခန်း (၁၄)
ခွန် အသိမိတ်ဆွေကောင်မလေး(၂)ယောက်နှင့် အလ္လာပ၊ သလ္လာပပြောအပြီးရေထဲဆင်းရန်ဟန်ပြင်လိုက်သည်။ ခဏကပင် မြတ်လေးရေထဲဆင်းသွားသည်ကို သိလိုက်သည်။ အခု သူမ ဆင်းသွားသည့်နေရာကိုကြည့်လိုက်တော့ မတွေ့တော့။ ဘယ်ရောက်သွားပါလိမ့်။
မြတ်လေးဆင်းသွားသည့်နေရာနှင့် ခမ်းလှမ်းလှမ်းမှာ တဗွမ်းဗွမ်း အသံတွေကြားလိုက်ရသဖြင့် မသိစိတ်က စိုက်ကြည့်မိလိုက်၏။
ဟင်…လူတစ်ယောက်ရေနစ်နေပါလား။
သေချာကြည့်လိုက်ကာမှ မြတ်လေးဖြစ်နေ၏။ မြတ်လေးကို ဒီနေရာက ရေနက်ပြီးချောနေသည်ကို ပြောပြခဲ့သားပင်။ ဘာဖြစ်လို့များ ထိုနေရာသို့ရောက်သွားပါလိမ့်။
“ ဗွမ်း”
ခွန် တောင်တောင်အီအီတွေးဖို့အချိန်မရှိ။ အရှိန်နှင့် ပြေးကာ ရေထဲ ဒိုင်ဗင်ထိုးချလိုက်သည်။
“ ဗွမ်း…….ဖြန်း……..ဖြန်း….ဗွမ်း…….ဗွမ်း”
မြတ်လေးရှိရာနေရာသို့ အားသွန်ခွန်စိုက်ကူးသွားမိသည်။ ရေထဲရုန်းမလို၊ နစ်မလိုဖြစ်နေသည့် မြတ်လေးကို ပွေ့ချီလိုက်သည်။ သူဖက်လိုက်သည့်အချိန်တွင် မြတ်လေးသတိလစ်သွားလေပြီ။
မြတ်လေး၏ နူးညံ့သည့်ခန္ဓာကိုယ်လေးကို ပိုက်ထွေးကာ ရေစပ်ရှိရာသို့ ကူးလာလိုက်သည်။ နှစ်ယောက်စာကူးနေရသဖြင့် ခရီးသိပ်မတွင်လှ။ ထိုခါကျမှ ဘေးလူတွေက ရေနစ်သူရှိသဖြင့် ရေဆင်းကယ်နေမှန်းသိကြသည်။
“ ရေနစ်နေလို့…ကယ်ကြပါအုံး…ရေနစ်နေလို့”
အခုမှ ရေတံခွန်က အလည်ပတ်လာသောသူတွေနှင့် ဈေးဆိုင်တန်းက သူတွေပါ ဝိုင်းအုံလာကြသည်။
“ လုပ်ကြပါအုံး…ရေနစ်နေလို့ပါ”
နန္ဒက ဈေးဆိုင်တန်းတစ်နေရာတွင် လက်ဖျော်စတော်ဘယ်ရီဖျော်ရည်တစ်ခွက်မှာကာ အေးအေးလူလူထိုင်နေပြီး ဘေးဘီဝဲယာမျက်စိအစာကျွေးနေမိသည်။ တက်ကြွနေသည့် ရေစိုအလှနှင့် ဆယ်ကျော်သက်ကောင်မလေးတွေ။ ရေစိုသဖြင့် အဝတ်တွေကပ်နေသောကြောင့် သူတို့ကလေးတွေအလှက အတိုင်းသားပေါ်လွင်လှသည်။
နန္ဒ ကြည့်ကောင်းကောင်းနှင့် ကြည့်နေမိသည်။ သူတို့လေးတွေကိုကြည့်ပြီး ဆယ်နှစ်စာပြန်ငယ်သွားသလို ခံစားရသည်။ မျက်စိပသာဒ ရှိလှပေသည်။
ထိုစဉ် အော်သံတွေကြားလိုက်ရသည်။
“ ရေနစ်နေလို့…ကယ်ကြပါအုံး”
နန္ဒ ဘယ်သူရေနစ်နေမှန်းသူ မသိ။ ဇနီးဖြစ်သူမြတ်လေးဖြစ်နေမှန်းလည်း သူ မသိ။ လူတွေအုံးအုံးကျက်ကျက်ဖြစ်လာတော့ သူပါ ရောယောင်ပြီးထွက်ကြည့်မိသည်။
ဟင်။
ခွန်ပါလား။
ခွန်က အမျိုးသမီးတစ်ယောက်ယောက်ကိုဖက်ပြီး ရေစပ်ပေါ်တက်လာသည်။ ခွန် ရင်အုပ်ကြီးက ဖားဖိုရင်အုပ်လိုနှယ်။ မို့မောက်ပြီး မောဟိုက်စွာအသက်ရှူနေပုံရသည်။ သူပွေ့လာသော အမျိုးသမီးကို ကမ်းပေါ်တင်ပြီး နှိုးနေသည်ကို မြင်လိုက်ရသည်။
ဟင်။
မိုက်ခနဲ့ဖြစ်သွားပြီး ခေါင်းကနားထင်ကြောတွေပါ ထောင်မတ်သွားသလိုနှယ်။ ရေနစ်လာသော အမျိုးသမီးက မြတ်လေးဖြစ်နေပါလား။ အခုမှ နန္ဒအဖြစ်သနစ်ကို ကောင်းကောင်းဇာတ်ရည်လည်တော့သည်။ လူအုပ်တွေကြားအတင်းတိုးဝှေ့ကာ ခွန်တို့ရှိရာနေရာသို့ ပြေးသွားမိသည်။
မြတ်လေးက သတိလစ်ပြီးပါလာသည်။
ခွန် နှိုးကြည့်ပြီးပြီ။
မနိုးလာပေ။
မထူးတော့။
အရေးပေါ်အသက်ကယ်နည်းလုပ်မှရတော့မည်။
အထက်တန်းကျောင်းသားဘဝတုန်းက ကြက်ခြေနီအဖွဲ့ဝင်ဖြစ်ခဲ့သော ခွန်အဖို့ အရေးပေါ်အသက်ကယ်နည်း(CPR) က ခွန်နဲ့မစိမ်းလှ။ ကောင်းကောင်းသင်ယူဖူးခဲ့သည်။ ဆေးရုံကိုခေါ်သွားလျှင် လမ်းမှာကြာနေအုံးမည်။
မြတ်လေးရင်ပေါ် လက်ဖဝါးနှစ်ဖက်ရှက်ကာ ဖိလိုက်သည်။
“ တစ်……နှစ်……သုံး……လေး…ငါး…ခြောက်”
အချက်ရေ (၃၀)လုပ်ပြီးသည်နှင့် နှုတ်ခမ်းထဲလေမှုတ်သွင်းလိုက်သည်။ အခုချိန်မှာ သင့်တော်၏၊ မသင့်တော်၏ စဉ်းစားရန်အချိန်မရှိ။ မြတ်လေး၏ အနည်းငယ်အပြာရောင်သမ်းစပြုနေသည့် နှုတ်ခမ်းဖူးဖူးလေးထဲ ခွန်နှုတ်ခမ်းနှင့်ဖိကပ်ကာ လေမှုတ်သွားလိုက်သည်။
နန္ဒ ဤမြင်ကွင်းကိုကြည့်ပြီး မှင်သက်နေမိသည်။ ကိုယ့်မိန်းမနှုတ်ခမ်းပေါ် တခြားသူစိမ်းယောကျ်ားတစ်ယောက်ဖိကပ်နေသည်ကို မြင်နေရခြင်း။
အသက်ကယ်နေမှန်းလည်း သိပါသည်။ ခံစားချက်ပေါင်းစုံ နန္ဒစိတ်ထဲ ရှုပ်ယှက်ခက်နေသည်။ တွန်းဖယ်ကာ ကိုယ်တိုင်ဝင်ရောက်လုပ်ပေးချင်စိတ်ရှိသော်လည်း နန္ဒကိုယ်နှိုက်က မလုပ်တတ်။ မြတ်လေးမနိုးလာသေး။
“ အီး” ခနဲ့ အသံကြားလိုက်သလို ထင်မိသည်။
ခွန်နောက်တစ်ကြိမ် တက်ဖိပြန်သည်။
“ တစ်……..နှစ်…..သုံး…..လေး….ငါး…..ခြောက်”
ပြီးနောက် လေမှုတ်သွင်းရန်နှုတ်ခမ်းချင်းတေ့ပြန်သည်။ ထိုစဉ် မြတ်လေးသတိလည်စပြုလာသည်။၊ နိုးလာလာချင်း အသိစိတ်မှာ တစုံတယောက်လာဖိကပ်နေသည်။ ခွန် လေမှုတ်သွင်းပြီး ခွါလိုက်တော့ မြတ်လေး မျက်လုံးကောင်းကောင်းပွင့်လေပြီ။
“ အဟွတ်….ဟွတ်……..ဟွတ်…..ဟွတ်”
မြတ်လေး၏ နှာခေါင်းနှင့်ပါးစပ်ထဲက ရေတွေအများကြီးအန်ထွက်ကြလာသည်။
“ ဟွတ်……..ဟွတ်…..ဟွတ်”
“ ဖတ်………ဖတ်……..ဖတ်….ဖတ်”
အန်နေသော မြတ်လေးကျောပြင်ကို ခွန် အသာအယာလေးပုတ်ပေးနေမိသည်။ တော်ပါသေးရဲ့။ သတိပြန်ရလာလို့။ မဟုတ်ရင် ဒုက္ခရောက်သွားမည့်ဖြစ်ခြင်း။ မြတ်လေး မျက်နှာပြာနှမ်းနေရာကနေ အခု ပန်းရောင်သန်းစပြုလာသည်။ မြတ်လေးဘေးနား စိုးရိမ်တကြီးကြည့်နေသည့် ခွန်။
“ အဆင်ပြေရဲ့လား…..ညီမ”
“ အင်း…..ပြေတယ်…ကိုခွန်”
တိုးတိတ်မောပန်းသောအသံနှင့် မြတ်လေးလှမ်းပြောရှာပါသည်။ ထိုစဉ် နန္ဒမြတ်လေးနံဘေးရောက်လာသည်။
“ ဘာဖြစ်တာလဲ….ဘယ်လိုဖြစ်တာလဲ….မြတ်လေးရာ…..မသေကောင်း…မပျောက်ကောင်း”
သက်ဆိုင်သူရောက်လာပြီ ဖြစ်သဖြင့် ခွန် ကိုယ့်တာဝန်ဆုံးခန်းတိုင်ပြီဟု မှတ်ယူလိုက်သည်။ ဝိုင်းအုံကြည့်နေသောလူတွေကလည်း ဘာမှမဖြစ်တော့မှန်းသိသွားကြသဖြင့် အရှိုရှိုပြန်သွားကြလေပြီ။ ခွန် လည်း အဝတ်လဲရန်နေရာသို့ ပြန်သွားခဲ့လေပြီ။ ပြီးနောက်ကားထဲမှာ စောင့်နေလိုက်တော့သည်။
တစ်အောင့်ကြာ နန္ဒနှင့် တစ်ကိုယ်လုံးရွှဲနစ်နေသောမြတ်လေးတို့ကားထဲရောက်လာကြသည်။
“ ခွန်ရေ…….ကျေးဇူးအများကြီးတင်တယ်….သားကြီးရာ……မင်းသာဒီနေရာမှ မရှိရင် မြတ်လေးတစ်ခုခုဖြစ်နေလောက်ပြီ”
“ အချင်းချင်းတွေပဲကွာ…ရပါတယ်…ဘာမှမဖြစ်ပါဘူးကွာ….ညီမ…အဆင်ပြေရဲ့လား”
တစ်ကိုယ်လုံးခိုက်ခိုက်တုန်အောင်ချမ်းနေသည့်ကြားမှပင် မြတ်လေးခေါင်းငြိမ့်ပြရှာသည်။ တုန်ရီနေသော မြတ်လေးဆီ ကားထဲက စောင်ကို လက်ကမ်းပေးလိုက်သည်။
“ ခြုံထားလိုက်…..နည်းနည်းနွေးသွားအောင်”
နန္ဒ ခွန်ပေးသော စောင်ကို မြတ်လေးတစ်ကိုယ်လုံး လွှမ်းခြုံပေးလိုက်သည်။ ကားထဲမှာ မြတ်လေး ချမ်း၍ ထွက်လာသော သည်းသံမှအပ တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။ အိမ်ရောက်သည်နှင့် သက်ဆိုင်ရာအခန်းဆီ အသီးသီးဝင်သွားလိုက်သည်။
မြတ်လေးရေစိုအဝတ်တွေလဲကာ ရေနွေးနှင့် သွက်သွက်လေးချိုးလိုက်သည်။ ထမင်းစားချင်စိတ်လည်း မရှိတော့။ တစ်ကိုယ်လုံးနွေးထွေးအောင်လုပ်ရင်း စောင်ပုံကြီးထဲ ကွေးပစ်လိုက်တော့သည်။ အခုမှပဲ အဖြစ်သနစ်ကို ကောင်းကောင်းတွေးမိတော့သည်။ အရွဲ့တိုက်ပြီး ရေထဲဆင်းချသွားကာမှ ရေနစ်ရသည့်အဖြစ်။
မြတ်လေး ကိုယ့်ဖာသာသေပြီဟု သတ်မှတ်ထားလိုက်တော့သည်။ တစ်ယောက်ယောက်က ပွေ့ချီသွားပြီး ကိုယ့်ကို အသက်ကယ်နေမှန်းတော့သိသည်။ ထိုသူက ခွန်မှန်း မသိခဲ့။
သတိရသလိုလို ဖြစ်နေသည့်အချိန်တွင် သူမပါးစပ်ထဲ ခွန် လေတွေမှုတ်သွင်းနေသည်ကို သိလိုက်သည်။ ခွန် ဖိကပ်ခဲ့ဖူးသည့် မိမိနှုတ်ခမ်းဖူးဖူးလေးကို လက်နှင့် တို့ထိကြည့်မိသည်။ ငါ့နှယ်။ ဘာတွေလျှောက်စဉ်းစားနေပါလိမ့်။
နွေးထွေးလွန်းသည့် စောင်ပုံကြား မြတ်လေး အိပ်ပျော်သွားတော့သည်။
..............................................................................
အခန်း (၁၅)
မနက်အိပ်ယာထတော့ မြတ်လေးတစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေမိသည်။
“ အား……ကျွတ်…..ကျွတ်”
နဖူးပေါ်လက်တင်ကြည့်တော့ အဖျားသွေးတော့မရှိ။ နှာတော့အနည်းမွှန်နေသည်။
“ ဟတ်ချိုး……ဟတ်ချိုး”
မြတ်လေးနှာမွှန်သံကြောင့် ဘေးက နန္ဒပါ အိပ်ယာနိုးလေပြီ။
“ ဟင်……နေမကောင်းဘူးလား…မြတ်လေး”
“ နှာစေးပြီး တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုပဲ”
“ ဟုတ်လား…အစ်ကိုတို့မှာ ဆေးပါလာသေးလား”
“ အင်း…..ပါတယ်”
မြတ်လေး အဝတ်အိတ်ထဲက ဆေးထုပ်ထည့်လာသည့်နေရာကို ညွှန်ပြလိုက်သည်။ အကိုက်အခဲပျောက်ဆေးနှင့် နှာစေးလျှင်သောက်သည့်ဆေးလည်း ပါလာသဖြင့် ဖောက်သောက်လိုက်သည်။ နန္ဒက ခွန်ဆီဖုန်းဆက်လိုက်သည်။
“ Hello”
“ Hello ခွန်ရေ။ ငါ နန္ဒ။ ငါတို့ ဒီနေ့လေ ရုက္ခဗေဒဥယျာဉ်ကို သွားမလို့လုပ်ထားတာ မသွားနိုင်လောက်ဘူးကွ။ ငါ့မိန်းမ မြတ်လေးလေ မနေ့က အဖြစ်အပျက်ကြောင့် နေသိပ်မကောင်းချင်သလို ဖြစ်နေလို့”
“ ဟုတ်လား….ရပါတယ်…မင်းတို့အဆင်ပြေမှ သွားလေ”
“ ဒီနေ့ ငါတို့ အောက်ကိုလည်း ဆင်းလာဖြစ်ချင်မှ ဖြစ်တော့မှ…ထမင်းစားမစောင့်နဲ့တော့…သိလား”
“ အေး…..အေး”
ဒီနေ့ အလည်သွားရန် အစီအစဉ်ဖျက်လိုက်ရသည်။ နန္ဒလည်း နေသိပ်မကောင်းသလိုဖြစ်နေသော မြတ်လေးအနား ဘေးမှ တဖဝါးမှ မခွါဘဲ ပြုစုပေးနေ၏။ မနေ့က ခွန်က မြတ်လေးနှုတ်ခမ်းကို လေမှုတ်သွင်းနေသည့်မြင်ကွင်းကလည်း အတွေးထဲ ဖြတ်ဖြတ်ဝင်လာပြန်သေးသည်။
“ ဒေါက်……ဒေါက်”
တံခါးခေါက်သံကြားသဖြင့် နန္ဒ ဖွင့်ပေးလိုက်သည်။ အငွေ့တထောင်းထောင်းထနေသည့် ပန်းကန်ကိုင်ပြီး ခွန်က အပြင်မှာ ရပ်စောင့်နေသည်။
“ ခွန်လား…ဝင်လာလေ”
မြတ်လေး ခွန်ဝင်ရောက်နေသည့်အသံကြားလိုက်သဖြင့် လူးလဲထကာ ရှုပ်ပွနေသည့်ဆံပင်ကို သပ်လိုက်သည်။
“ မင်းတို့နေမကောင်းဘူးဆိုလို့…ငါ အိမ်က အဒေါ်ကြီးကို ကြက်ပေါင်းဆန်ပြုတ်လုပ်လာခိုင်းလိုက်တယ်”
“ မင်းကလည်း…အားနားစရာကြီးကွာ”
“ ရပါတယ်ကွာ…ရော့….ပူတုန်း…သောက်လိုက်ကြနော်”
ဆန်ပြုတ်အနံ့က နှာခေါင်းဝကို ကျီစယ်ပြီးမနက်စာမစားရသေးသည့်ဗိုက်ကို ဆာလောင်စေသည်။
“ ညီမရေ…အဆင်ပြေလား…မနေ့က အဖြစ်အပျက်ကြောင့် လန့်နေမှာပဲ”
ခွန်က စောင်ခြုံပြီး ခပ်မှိုင်းမှိုင်းနဲ့ ထိုင်နေသည့် မြတ်လေးကိုမေးရှာသည်။
“ အင်း…..မနေ့ကလေ မြတ်လေး လန့်နေတာနဲ့ ကိုခွန်ကို ကျေးဇူးတင်တဲ့အကြောင်း မပြောရသေးဘူး။ အဲနေရာမှ အစ်ကိုသာမရှိရင် မြတ်လေး အခုချိန် ဆိုးဆိုးဝါးဝါးဖြစ်နေလောက်တယ်”
နန္ဒက စကားဝင်ဖြတ်ပြောသည်။
“ မြတ်လေးကလည်း…ဘာနိမိတ်မရှိ၊ နမာမရှိတွေ မပြောပပါနဲ့။ အခု မြတ်လေး အဆင်ပြေနေတာပဲဟာ”
“ ရပါတယ်ဗျာ….အချင်းချင်းတွေပဲ”
ခွန်က နွမ်းလျနေသည့် မြတ်လေးမျက်နှာကိုကြည့်ပြီး အသနားစိတ်ယိုဖိတ်နေမိသည်။
“ ဒါဆို…ငါသွားပြီနော်…တစ်ခုခုလိုတာရှိရင် ဖုန်းဆက်လိုက်။ ဒီအပေါ်ထပ်ကို ငါမခိုင်းဘဲ ဘယ်သူမှ မတက်လာဘူးဆိုတော့ အေးအေးဆေးဆေးနားလိုက်တော့။ ဒီနေ့ ငါအလုပ်ထဲ တစ်ချက်သွားကြည့်လိုက်အုံးမယ်”
“ အေး……ကျေးဇူးတင်တယ်ကွာ..ခွန်ရာ”
နောက်ကမြင်နေရသည့် ခွန် ကျောပြင်ကျယ်ကြီးကိုကြည့်ရင်း မြတ်လေး သက်ပြင်းရှိုက်မိ၏။ တော်သေးသည်။ မဟုတ်ပါက မိမိလည်း အဲနေရာမှ ရေနစ်ပြီး အသက်ပါပါသွားလောက်နေပြီ။
အခုတော့ ခွန်လာပို့သည့် ကြက်ပေါင်းဆန်ပြုတ်ကို လင်မယား(၂)ယောက်စလုံး ခေါင်းမဖော်စတမ်း အားရပါးရလွေးလိုက်တော့သည်။
ညရောက်သော်….
နန္ဒ ဟိုလိမ့်၊ ဒီလိမ့်နှင့် အိပ်၍ မပျော်နိုင်ဖြစ်နေရသည်။ ဒီတစ်နေ့ခင်းလုံး အိပ်ထားရတော့ မျက်စိက ကြောင်စီစီကြီးဖြစ်နေသည်။
ဘေးမှာ မြတ်လေးကတော့ အားပါးတရအိပ်ပျော်နေလေပြီ။ ညနေလောက်ကတည်း မြတ်လေး တော်တော်လန်းဆန်းလျက်ရှိ၏။ မနက်ဖြန်ကစပြီး သူတို့အလည်အပတ်ပြုရန်ကိစ္စတွေကို ပြန်စတင်မည်ဟု ကြိုတင်စီစဉ်ချထားကြလေပြီ။
လေညှင်းလေးခံ၊ အပျင်းပြေလမ်းလျှောက်ရန်အတွက် အောက်ထပ်ကို ဆင်းလာလေသည်။ ထမင်းစားခန်းဖြတ်ရန်အပြု…မီးတွေဖွင့်လျက်သားနှင့် လူတစ်ယောက် ဝိုင်သောက်နေသည်ကို တွေ့လိုက်၏။
ထိုသူက သူ့ငယ်ပေါင်းရင်းဖော်သူငယ်ချင်း ခွန်။ ခွန်လည်း မအိပ်နိုင်သေးဘဲ တစ်ယောက်တည်း ဝိုင်သောက်နေသည့်အဖြစ်။
တစ်ယောက်တည်း ဝိုင်သောက်နေသည့် ခွန်ကိုမြင်ပြီး သနားသလိုဖြစ်လာသဖြင့် ကိုယ်ပါ ဝင် join မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
“ ဟေ့…တစ်ယောက်တည်းလားကွာ”
အသံကြောင့် အတွေးလွန်နေသော ခွန်စိတ်တွေ ပစ္စုပ္ပန်ဆီ ပြန်ရောက်လာ၏။
“ ဟာ….နန္ဒ….မင်းမအိပ်သေးဘူးလား”
“ အေး…တစ်နေ့လုံး အိပ်ထားတော့ အခု အိပ်မပျော်တော့လို့”
“ ဟား….ဟား…..လာလေ…ဝိုင်သောက်မလား…သားကြီး”
“ ကောင်းသား…ထည့်ကွာ…..ငါတို့အခုလို အေးအေးလူလူထိုင်ပြီး မသောက်ရတာ ဘယ်လောက်တောင်ကြာနေပြီလဲ”
“ ဟုတ်ပကွာ…မင်းပြောကာမှ ငါတောင် ကျောင်းက အကြောင်းတွေ သတိရသွားပြီ”
ဝိုင်တစ်ခွက်လောက်ဝင်သွားတော့ နန္ဒအာသွက်စပြုလာ၏။ ကျောင်းတုန်းက အကြောင်းတွေကို ပြန်လည်ပြောဆိုပြီး ရယ်မောနေကြသည်။
“ ဟား….ဟား…..ဟုတ်ပကွာ…..ဒါနဲ့ မင်း အိမ်ထောင်မပြုဘူးလား”
နန္ဒသိချင်နေပြီဖြစ်သော ကိစ္စကို မနေနိုင်တော့ဘဲ ဖွင့်ဟမေးမြန်းလိုက်၏။
“ အိမ်ထောင်က မပြုတာမဟုတ်ဘူး ဟေ့ကောင်ရေ။ ပြုလိုက်တယ်။ လူမသိသူမသိ မုဆိုးဖိုဖြစ်ကျန်ခဲ့တာ ငါက”
“ ဘာ…မင်းကတော့ ပေါက်ပေါက်ရှာရှာတွေပြောကုန်ပြီ။ မင်း အိမ်ထောင်ပြုတဲ့ကိစ္စ ငါသတင်းမကြားမိပါဘူးကွာ”
ရုတ်ချည်းဆိုသလို ခွန်မျက်လုံးတွေက အတိတ်ကို သတိရသွားဟန်ဖြင့် ရီဝေဝေဖြစ်သွားသည်။
“ ငါက မင်းကို လိမ်မလားသားကြီးရာ။ လွန်ခဲ့တဲ့ (၅)နှစ်လောက်က ငါအိမ်ထောင်ပြုဖို့လုပ်ပြီးပြီ။ စေ့စပ်ပွဲလည်း လုပ်ပြီးပြီ။ လက်ထပ်ဖို့ပဲ ကျန်တော့တယ်။ အဲဒီတုန်းက….”
စကားစ တိကနဲ့ပြတ်သွား၏။
“ မင်း မပြောချင်လည်း မပြောပါနဲ့ကွာ”
“ ရတယ်။ ငါဆက်ပြောမယ်။ ငါ ဒီအကြောင်းတွေကို ဘယ်သူငယ်ချင်းကိုမှ ရင်မဖွင့်ဖူးဘူး။ မင်းက အခုပထမဆုံးပေါ့ကွာ”
“ အင်း”
ခွန် စကားနောက်ကို နန္ဒသံယောင်လိုက်ပေးမိသည်။
“ ငါတို့ လက်ထပ်ဖို့ (၆)လလောက်အလိုကွာ…လက်ထပ်တော့မယ်ဆိုတော့ ငါတို့လည်း အတူတူနေထားကြတာပေါ့ကွာ…အဲချိန်မှာ နန်းက ကိုယ်ဝန်ရှိလာတယ်”
“ မင်းဇနီးနာမည်က နန်း လား”
“ အင်း…နန်းတဲ့။ နာမည်အရင်းက နန်းပိုးဖြူ တဲ့။ နာမည်အတိုင်းပဲကွာ….ဖြူအုဖွေးဆွတ်ပြီး ဝါဂွမ်းလေးလို လှတာပေါ့ကွာ”
အဆုံးသတ်အနားမှာ အသံက တစ်ချက်တိမ်ဝင်သွားသည်။
“ သူ ကိုယ်ဝန်ရှိတော့ ငါတို့ အရမ်းပျော်သွားတာပေါ့ကွာ။ အဲဒီတုန်းက ဗိုက်ကြီးနဲ့ ကိုယ်ဝန်ဆောင်ရတော့မှာပေါ့လေ။ မိဘတွေက ငါတို့ကို ခြေသွက်လက်သွက်ရှိရစကောင်းလားဆိုပြီး ဆူကြတာပေါ့ကွာ။ ဒါပေမဲ့ ငါတို့က အေးဆေးပဲ။ ဘာမှမဖြစ်ဘူး။ အချိန်တန် လက်ထပ်ရတော့မှာလေ။ အဲချိန်မှာ ရုတ်တရက် မထင်မှတ်ထားတာကြီးပေါ်လာတယ်”
“ ဘာ မထင်မှတ်ထားတာကြီးလဲ”
“ နန်းမှာ လူကီးမီးယား(သွေးကင်ဆာ) ဖြစ်လာတာ။ အရင်ကလည်း နန်းက အဲဒီလို အားနည်းနေကြပဲ။အစကတော့ ငါတို့က မင်္ဂလာပွဲအတွက်ပြင်ရဆင်ရလို့ အားနည်းပြီး နေမကောင်းတာလို့ပဲ ထင်တာပေါ့ကွာ။ တစ်ရက်ကြ နန်းက လုံးဝကို မေ့လဲကြသွားတာ။ အဲမှာ ငါတို့က ဆေးရုံကိုတက်၊ လုပ်စရာရှိတာလုပ်ပြီး ပြီးသွားလိမ့်မယ် ထင်တာပေါ့ကွာ။ အဲချိန်မှာ သွေးအဖြေက လူကီးမီးယားအဆင့်(၃)တဲ့။ ဆရာဝန်တွေကတော့ ကလေးရှိမှန်းသိတော့ ကလေးကို ဖျက်ချပြီး ကင်ဆာဆေးသွင်းဖို့ တိုက်တွန်းတာပေါ့ကွာ။ ငါ့သဘောအရဆိုလည်း ကလေးနဲ့အမေဆို အမေပဲပိုအရေးကြီးတာလေ။ ဒါပေမဲ့ နန်းကကလေးဖျက်ချရမှာစိုးလို့ ကင်ဆာဆေးလုံးဝမသွင်းဘူးလို့ ဘူးခံတယ်ကွ။ ကလေးကိုလည်း ရအောင်မွေးမယ်ဆိုပြီးလုပ်တာ။ အဲနေ့တွေတုန်းကဆို ငါ့မှာ အရူးမီးဝိုင်းပဲ”
“ ငါ ဒီကိစ္စတွေ မသိခဲ့ဘူးကွာ”
“ ဒါတွေကလည်း မိသားစုထဲက အတွင်းလူတွေပဲသိတာ။ ဒါနဲ့ ကလေးက လရင့်လာလေ နန်းအခြေအနေက ပိုဆိုးလာလေဖြစ်နေတော့တာ။ ငါ…မမြင်ရက်ဘူး..သားကြီးရာ”
ကွဲအက်ရှတသည့်အသံနှင့်ခွန်ပြောပြနေရှာသည်။
မျက်ရည်ကျနေသည်မဟုတ်သော်လည်း အတိတ်က ဖြစ်ရပ်ဆီ အတွေးတွေ တဖန်ရောက်သွားမှန်းတော့ သိသာလှသည်။
“ ဒါနဲ့..နောက်ဆုံးမှာ…ဘာဖြစ်သွားတယ်ထင်လဲ”
“ ဘာဖြစ်သွားတာလဲ”
“ ကလေးရော..အမေပါ ဆုံးသွားတယ်လေ။ ကလေးက လမစေ့ဘဲ အစောကြီးထွက်ကျလာတာ။ (၆)လကျော်ကျော်ပဲရှိအုံးမယ်။ သမီးလေးကွာ။ ဒီ ငါ့လက်တစ်ဖဝါးစာပဲရှိမယ်။ အပြင်မှာ (၅)ရက်လောက်ပဲခံတယ် ဆုံးသွားတာပဲ။ နန်းလည်း ကလေးမွေးပြီး ပိုအခြေအနေဆိုးသွားတာပဲကွာ။ ကလေးဆုံးမှန်းလည်းသိတော့ သူလည်း သူ့စိတ်သူလွှတ်ချလိုက်တယ် ထင်ပါတယ်။ နောက်တစ်လလောက်အကြာဆုံးသွားတာပဲ”
“ ကြားရတာ စိတ်မကောင်းလိုက်တာကွာ”
“ ရပါတယ်ကွာ…အခုငါလည်း မင်းကို ပြောပြလိုက်ရတော့ ရင်တော်တော်ပေါ့သွားသလိုပဲ…ထပ်ထည့်အုံး”
နှစ်ပေါင်းများစွာ ဖွင့်ဟပြောခွင့်မသာသည့်အကြောင်းအရာတွေကို ဖွင့်ထုတ်လိုက်ရသဖြင့် ခွန်လည်း စိတ်သက်သာရာ အတန်ငယ်ရသွားသည်။ ဝိုင်တစ်ပုလင်းလုံး ကုန်သွားတော့ နှစ်ယောက်စလုံး စကားစပိုရွှင်လာ၏။
“ ဒီတော့ငါ လူမသိသူမသိ မုဆိုးဖိုပေါ့ကွာ”
“ အေး….ငါလည်း မင်းဒီလိုတွေ ကြုံခဲ့မှန်းတကယ် မသိပါဘူးကွာ။ ဒီလိုပါပဲ။ လူတိုင်းက ကိုယ့်အပူနဲ့ကိုယ်လေနော်”
“ ဟေ့ကောင်…..မင်း Drama တွေချိုးမနေနဲ့။ မင်းဆိုကြည့်….ပိုက်ဆံလည်းရှိတယ်…မိန်းမလှလှလေးလည်း ယူထားတယ်…ကဲ မင်းဘာလိုသေးလို့လဲ”
“ ကလေးမရှိဘူးလေကွာ”
“ ကလေးက မယူသေးတာမလား”
“ ယူတယ်…မရတာ….ဆေးတွေလည်းစစ်ပြီးပြီ…ပြဿနာက မြတ်လေးဖက်က ချို့ယွင်းချက်ရှိနေတာမဟုတ်ဘူးကွ။ ငါဖက်က ဖြစ်နေတာ”
“ ဘယ်လို….ဘယ်လို”
“ အေး…..ငါက မြုံနေတာတဲ့။ သားကြီးရာ”
“ ဟင်….ဟုတ်လား…ဘယ်တတ်နိုင်မလဲကွာ…အခုခေတ်ဆေးပညာတွေက ခေတ်မှီနေပါပြီ”
“ အေး……ဆရာဝန်ကတော့ ဖန်ပြွန်သန္ဓေသားတွေ၊ အငှါးကိုယ်ဝန်ဆောင်တွေလုပ်လို့ရတယ်လို့ ပြောသား”
“ ဟုတ်သားပဲ။ အခုခေတ်က အရမ်းလွယ်နေပါပြီကွာ။ စိတ်မပျက်ပါနဲ့ နန္ဒကြီးရာ”
ပြောရင်း ပြောရင်း နန္ဒခေါင်းထဲ အတွေးတစ်ချက် လက်ခနဲ့ဖြစ်သွားသည်။ ထိုအတွေးကို လက်တွေ့အကောင်အထည်ဖော်ရန် စဉ်စားလိုက်သည်။
“ မင်း….ငါ့မိန်းမနဲ့ မအိပ်ချင်ဘူးလား”
“ ဘာ”
အပိုင်း ( ၂ ) ဆက်ရန် >>>>
No comments:
Post a Comment