Tuesday, August 18, 2020

ငါတို့မသိတဲ့ သူတို့အကြောင်း အပိုင်း ( ၂ )

ငါတို့မသိတဲ့ သူတို့အကြောင်း အပိုင်း ( ၂ )

ရေးသားသူ - CooCo

သူ့ဆီက ရနေတဲ့ ရေမွှေးရနံ့ဟာ ကျွန်တော့် စိတ်တွေကို လှုပ်ရှားစေသလို ၊ သိမ်ငယ်စိတ်တွေလည်း ဖြစ်လာစေတယ်။ ဒီလို ရေမွှေးရနံ့မျိုးကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကျွန်တော်ရဖူးတယ်။ ကျွန်တော့် ဘဝမှာ အဆင့်ရှိရှိ မိန်းမဆိုလို့ ၂ ယောက်ပဲ ကြုံဖူးခဲ့တာမလား။ သူတို့တွေ သုံးဖူးကြတဲ့ ရနံ့မျိုး၊ တန်ဖိုးကြီး ရေမွှေးရနံ့ ၊ တစ်နေကုန်နီးပါး ခံတဲ့ ရနံ့ .. ကျွန်တော် အရာရှိဖြစ်နေစဉ်အချိန်ကတောင် အနားမကပ်နိုင်တဲ့ ဈေးနှုန်းနဲ့ ဘရန်းရနံ့။ အခုလို အဆောင်မှာနေ သာမန်လစာလေးနဲ့ ဘတ်စ်ကားတိုးစီးနေရတဲ့ သာမန်ဝန်ထမ်းမျိုးကို ကိုယ်ပိုင်ကားပေါ်က ဒီကောင်မလေးမျိုးက ပြန်ချစ်ဖို့ မပြောနဲ့ လာခင်တယ်ဆိုတာတောင် အတော် လွန်နေပြီ။ ဟာသတွေ အပြောကောင်းတဲ့ စာရေးဆရာတစ်ယောက်အပေါ် ခင်ချင်သလို စိတ်မျိုးလောက်ပဲလို့ ကျွန်တော် မှန်းလိုက်မိတယ်။ ခက်တာက သူ့မျက်နှာလေးကို ငေးကြည့်မိပြန်ရင် ပိုင်ချင်စိတ်က ပေါ်လာပြန်ကရော..

အချစ်လို့တော့ ကျွန်တော် ခေါင်းစဉ် မတပ်သေးဘူး။ ထူးဆန်းတဲ့ ခံစားချက်လို့ပဲ ပြောချင်တယ်။ အဲ့ဒါကြောင့် ကျွန်တော်ဟာ နောက်ပိုင်းတွေမှာ သူ့အပေါ် တစ်ကယ်ကို ရိုးရိုးသားသား ဆက်ဆံမိပြီး ရံဖန်ရံခါ ရောဂါရင့်တဲ့အချိန်လောက်သာ စောင်းပါးရိပ်ခြေ ပြောတာလောက်ရှိပါတော့တယ်။ ခက်တာက သူ့ဘက်ကလည်း ကျွန်တော့်ကို အတော်လေး ခင်လာနေတာပဲ။ ဆိုကြပါစို့.. ရန်ကုန်မှာ ရှိတဲ့ ကျွန်တော့် ဘကြီး ဆုံးပါးသွားတော့ နယ်က အမေက ရန်ကုန်တက်လာပြီး သူ့ ဦးလေးကို ကြည့်ချင်တယ်။ နောက်ဆုံးခရီးကို လိုက်ပို့ချင်တယ်။ မသွားတတ် ၊ မလာတတ်တော့ ကျွန်တော်က အောင်မင်္ဂလာက စောင့်ပြီး ကြံတောသုဿန် လိုက်ပို့ပေးတယ်။ ဖြစ်ချင်တော့ ဘကြီးကို သဂြိုင်္လ်မှာက ထိန်ပင်။ အမေက စိတ်တွေဆိုးပြီး စကားမပြောပဲ နယ်ပြန်သွားရော။ အဲ့အကြောင်း..  အဲ့လို အလွဲကို ရယ်စရာကောင်းအောင်ရေးတော့ သူ့မှာ ရယ်လည်း ရယ်တယ်။ စိတ်မကောင်းဖြစ်တဲ့အကြောင်းလည်း လာပြောတယ်။ ပြောစရာရှိလာတာ တစ်ခုက ကျွန်တော်ဟာ ဆိုးနေ ၊ မိုက်နေတုန်းက ဘာ အခက်အခဲမှ သိပ်မရှိပေမယ့် ရိုးသားပါပြီဆိုကတည်းက အလွဲတွေနဲ့ ကြုံလာရတာ တစ်ခုက အတော် ထူးဆန်းတယ်။

တစ်ခါလည်း အဲ့ဒီလိုပဲ။ သူက မတွေ့တာကြာပြီ .. မြေနီကုန်းက Moon Bakery မှာ တွေ့ရအောင် ချိန်းတော့ ကျွန်တော် သွားတယ်။ ဂမုန်းပွင့်ဘေးက Moon ကို (အခု မရှိတော့။)၊ သူ စောင့်နေတာက မဟာမြိုင်နားက Moon ။ အဲ့အချိန် ဖုန်းဆင်းကဒ်က တစ်သိန်းကျော်လောက် ပေါက်ဈေးဖြစ်နေပြီ။ မကြာခင် တစ်ကယ် ထောင့်ငါးရာ ဖြစ်တော့မယ် ယုံကြည်ထားလို့ မဝယ်သေးပဲ စောင့်နေချိန်ဆိုတော့ သူ့မှာ ဖုန်းဆက်လို့ကလည်း မရပေါ့။ ထူးတာ တစ်ခုက .. သူ့ဘက်ကလည်း ကျွန်တာ့် အလွဲတွေကို စိတ်ပျက်သွားတာမျိုး မရှိပဲ .. ရယ်စရာလို့ သဘောထားပြီး ခွင့်လွှတ်ပေးနေတာတွေကလည်း သူ့ဘက်က ဝဋ်ကြွေးတွေ အစပဲ။ တစ်ကယ်တော့ သူနဲ့ ကျွန်တော်ဟာ ဝဋ်ကြွေး ဆပ်ဘက်တွေဖြစ်တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ.. အဲ့ဒီအဖြစ် ဖြစ်ပြီးတော့ ကျွန်တော်ဟာ ဆင်းကဒ်တစ်ခုကို တစ်သိန်းနှစ်သောင်းပေးပြီး ချက်ချင်းပြေးဝယ်ရပါတော့တယ်။

သိပ်မကြာခင် သူ့ မွေးနေ့ကို ရောက်လာတယ်။ ဒီတစ်ခါ ကျွန်တော် လက်ဆောင်ပေးအလှည့်ပေါ့။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ဝက်သားကို ပန်းသီးနဲ့ ဟင်းချက်ပြီး ပို့ပေးလိုက်တာ။ သူက လက်ခံယူထားပေမယ့် မစားဖြစ်ဘူးဆိုတာတော့ ယူပြီးမှ သိတယ်။ သူက ဝက်သားမစားမှန်း ကျွန်တော် မသိခဲ့ဘူးလေ။ ကြုံလို့ ပြောရရင်.. ဟင်းချက်တတ်တာကလည်း မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့ နည်းတစ်ခုပါ။ အထူးသဖြင့် အထူးအဆန်း ဟင်းလျာတွေ ၊ မုန့်တွေ ချက်တတ် ၊ လုပ်တတ်ရင်လည်း စကားပြောတာ အမြီးအမောက်မတည့်တောင် စော်ကြည်ပါတယ်။ ခုကတော့ သောက်တလွဲ ကျွန်တော်က ဝမှာစိုးလို့ ဝိတ်လျှော့နေတဲ့သူကို ဝက်သားချက်ပြီး ပို့မိတာ။ သူက ဘာမှလည်း မပြောဘူး။ ကျေးဇူးတင်ပါတယ်ဆိုပြီး ယူထားတာပဲ။

မှတ်မှတ်ရရ သူနဲ့ နောက်တစ်ခါ တွေ့တဲ့ နေ့ဟာ သူ့မွေးနေ့အလွန် တစ်လကျော်လောက်မှာပါ။ အဲ့ဒီနေ့ဟာ တနင်္လာနေ့ ဖြစ်တယ်။ ကျွန်တော် အလုပ်သွားဖို့ ပြင်ဆင်နေချိန် မနက် ၇ နာရီလောက် မက်စေ့ချ်တစ်ခု ရောက်လာတယ်။ သူ့ ဆီကပါ။ အားရင် သူနဲ့ လာ အဖော်လုပ်ပေးပါတဲ့။ ၉ နာရီ ၊ Grand Ice တဲ့။ Grand Ice ဆိုတာ ကျွန်းတောလမ်းထဲက အလုံပိတ် စားသောက်ဆိုင် တစ်ခု ၊ သူနဲ့ တစ်ခါ ဆုံခဲ့ဖူးပြီး ကိုယ့်ကိုကိုယ် မနည်းထိန်းရင်း ကျွန်တော့်အကြောင်းတွေ တစ်ဝက်လောက်ကို အမှန်အတိုင်း ပြောပြဖြစ်ခဲ့ဖူးတဲ့ ဆိုင်။ ကျွန်တော်ဟာ ချက်ချင်းပဲ .. ရုံးကို ဖုန်းဆက် ခွင့်တိုင်ပြီး သူ ချိန်းတဲ့ ဆိုင်ကို သွားပါတော့တယ်။

ဆိုင်ထဲကို ရောက်ပြီး ဖုန်းခေါ်တော့ သူက အခန်းနံပါတ်တစ်ခုကို ပြောတယ်။ ရောက်နေတာ ကြာပြီတဲ့။ ဟုတ်လည်း ဟုတ်ပါတယ်။ ကျွန်တော် ဝင်သွားတဲ့အချိန် သူဟာ Spy Wine ၂ ပုလင်းတောင် ကုန်နေပြီ။ ကျွန်တော့်ကိုလည်း ဘာသောက်မလည်းလို့ မေးတယ်။ ကျွန်တော် ကော်ဖီ တစ်ခွက်ပဲ မှာလိုက်တယ်။ မသောက်တတ်ချင်ယောင် ဆောင်တာ မဟုတ်ဘူး။ မူးလာရင် ကိုယ့်စိတ်ကိုကိုယ် မထိန်းနိုင်မှာစိုးလို့။ အပြာရောင် ခပ်မှိန်မှိန် အခန်းကျဉ်းလေးထဲမှာ သိပ်လှတဲ့ မိန်းမတစ်ယောက်နဲ့ နှစ်ယောက်တည်း အတူထိုင်နေရတာ။ ကိုယ့်ကိုကိုယ်လည်း သိပ် စိတ်မချနိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် မူးမနေတာကတော့ မူးနေတာထက် ပိုကောင်းမယ်လို့ ထင်မိတယ်။ ဒါနဲ့ ကျွန်တော်က ကော်ဖီ ၊ သူက ဝိုင် သောက်ရင်း စားရင်း စကားပြောကြတယ်။ ပြောရင်း ပြောရင်း သူ မူးလာသလို ဝိုင်ကလည်း ၃ ပုလင်းကုန်လို့ ၄ ပုလင်းမြောက်ပြီ။

အဲ့မှာ.. သူ စငိုတာပဲ။ မူးပြီး ငိုတဲ့ လူတွေ မြင်ဖူးပါတယ်။ အရက်သောက်လာတာ ခြောက်တန်းကျောင်းသား ဘဝကတည်းကလေ ။ ဒါပေမယ့် ကိုယ့်ရင်ခွင်ထဲ ခေါင်းထိုးပြီး ကိုယ်မဟုတ်တဲ့ လူတစ်ယောက် နာမည်ကို တပြီး ငိုနေတာမျိုးတော့ တစ်ခါမှ မကြုံဖူးဘူး။ သူ တ နေ ၊ ရွတ်နေတဲ့ အမည် ပိုင်ရှင်ကိုလည်း မသိဘူး။ သူနှင့် ဖေ့ဘုတ်မှာ ဖရန့်တွေ ဖြစ်ပြီးကတည်းက သူ့ကို ချည်းကပ်နေသူ ယောက်ကျားလေး ၈ ယောက်လောက် ရှိတယ်ဆိုတာ ကျွန်တော် သိထားပါတယ်။ အဲ့အထဲက ၂ ယောက်ဟာ သူ့ဘက်က ရင်းနှီးမူ ပိုတယ် ဆိုတာလည်း နားလည်ထားတယ်။ အခု သူ တ နေတဲ့ နာမည်က အဲ့ ၈ယောက်စလုံးရဲ့ နာမည်မဟုတ်ဘူး။ 

ကျွန်တော်ဟာ ဘာလုပ်ရမှန်း မသိဘူး။ ကိုယ့်ရင်ခွင်ထဲမှာက သာမာန်ထက် ပိုပြီး တောင့်တင်း ပြေပျစ်တဲ့ ခန္ဒာကိုယ်ကြီးနဲ့ ချစ်စရာ မျက်နှာပိုင်ရှင်လေး။ နောက်ပြီး ကိုယ် စိတ်ဝင်စားနေတဲ့သူ ၊ ဘယ်လိုချော့ရမှန်းလည်း မသိဘူး။ ဘာဖြစ်လာမှန်းလည်း မသိတဲ့ အပြင် သူ တတပြီး ငိုနေတဲ့လူကို နာမည်တောင် ကြားဖူးတာ မဟုတ်တော့ ဘာတွေပြောပြီး ဘယ်လိုချော့ရမလည်း ဆိုတာ စဉ်းစားလို့ကို မရဘူး။ ဒီလို အချိန်မှာ စကားလေး တစ်ခွန်း မှားသွားရင် အကြီးအကျယ် ဖောင်းသွားနိုင်တယ်မလား။ ဒီတော့ ဘာမှ မပြောတာ အကောင်းဆုံးလို့ တွေးရင်း စားပွဲပေါ်က သူ့လက်ကျန် ဝိုင်ပုလင်းကို ကောက်မော့ချပလိုက်တယ်။ ဒါဟာ ကျွန်တော့် အမှားပဲ။ ကျွန်တော့် ဘဝရဲ့ နောင်တမရနိုင်စရာ အကြီးအကျယ်ဆုံး အမှားဖြစ်လာမယ့် ကိစ္စကို အစပျိုးမိလိုက်တာပါပဲ။ မကြာခဏဆိုသလို ကိုယ့်ဘဝကိုယ် မကျေမနပ်နဲ့ မပျော်မရွှင် ဖြစ်ခဲ့ပေမယ့် နောင်တရသလားဆိုတော့ မရပါဘူး။ ပြန်ပြင်ချင်သလားဆိုတော့လည်း မပြင်ချင်ဘူး။ အဲ့အချိန် အဲ့ခဏလေးကို  Time Machine တွေလို ၊ ရုပ်ရှင်တွေထဲကလို ပြန်ကြုံရင် နောက်ဖြစ်လာမှာတာတွေ သိထားနေပြီးတာတောင် ထပ်မှားမိဦးမယ့် အမှားပါပဲ။

အဲ့နေ့က သူနဲ့ ကျွန်တော် ခရီးလွန်သွားတယ်။ သူ့ဘက်က မူးနေသလို ကျွန်တော့်ဘက်ကလည်း အရည်လေး ဗိုက်ထဲဝင်တာနဲ့ လက်တွေ ခြေတွေက သူ့အလိုလို လှုပ်ရှားသွားတော့တာ ဖြစ်လို့ အခြေအနေတွေဟာ ထင်ထားတာထက်ကို မြန်လွန်းအားကြီးခဲ့တယ်။ ကျွန်တော့်ဘက်က စစချင်း ရိပ်မိတာကတော့ သူဟာ အပျို စစ်စစ် မဟုတ်ဘူးဆိုတာပါပဲ။ ဒါ့အပြင် ကီးဂဲလ်လေ့ကျင့်ခန်းကိုလည်း မတောက်တခေါက်လေး တတ်ထားတယ် ဆိုတာနဲ့ ကျွန်တော့် ရှေ့ကလူဟာ ကျွမ်းကျင်တဲ့ လူ မဟုတ်ဘူးဆိုတာကိုလည်း သိခဲ့တယ်။ သူက သူ့အဒေါ်ဆီကနေ တစ်ဆင့် ကီးဂဲလ်ကို တတ်လာခဲ့တာ။ သူ့အဒေါ်က တစ်ခေတ်တစ်ခါတုန်းက စိုးမြတ်သူဇာလို ဆိုဒ်နဲ့ ရပ်ကွက်ထဲတော့ နာမည်ကြီး။ 

ယောက်ကျားမရခင် စပ်ကြား ကဲနိုင်သမျှ ကဲခဲ့သလို ဒေါ်နန်းအိအိဇာ သင်တန်းပြေးတက်ပြီး ခန္ဒာကိုယ်ကိုရော ပစ္စည်းကိုပါ အထိန်းကောင်းခဲ့လို့ လိုချင်တဲ့ ယောက်ကျားကို တွေ့တာနဲ့ ဇိကနဲ ဖမ်းဆုပ် ယူပစ်လိုက်နိုင်တဲ့သူ။ သူဟာ သူ့အဒေါ်ဆီက နည်းပညာတွေကို တစ်ဆင့် လက်ဆင့်ကမ်း သင်ယူခဲ့တာ။ ဒါတွေကိုတော့ ယူပြီးမှ သိတာပေါ့လေ။ အဲ့ဒီတုန်းကတော့ နည်းနည်း အံ့သြတယ်။ ဒီလို မိန်းကလေးမျိုးက ဒီလို လေ့ကျင့်ခန်းကို ဘယ်လိုများ သိနေသလဲပေါ့။ နောက်ထပ် အံ့သြရတာ တစ်ခုလည်း ရှိသေးတယ်။ သူ ဖေ့ဘုတ်မှာ ပစားပေးထားတဲ့ တစ်ယောက်ဟာ အဲ့ဒီနေ့ မတိုင်ခင်က သူ့ရည်းစားနဲ့ ကျိုက်ထီးရိုး ဘုရားဖူး ထွက်ခဲ့တာကြောင့်ပဲ။ တစ်ကယ်တော့ .. သူက ရွဲ့တာ၊ အဲ့ကောင်လေးကို အရွဲ့တိုက်တာ ၊ ဒါပေမယ့် တစ်ကယ် မူးလာတော့ ရေရွတ်တာက တစ်ခြားတစ်ယောက် နာမည် ၊ သူ့ရင်ခွင်ထဲမှာ ရှိနေတာက ကျွန်တော် ။ ကျွန်တော်သာ အရင်စိတ်ဆိုရင် ရှင်းရှင်းလေးပဲ။ စားရတုန်းလေး ကြိတ်စား ၊ သူ့ဘက်က လိုအပ်ရင် ခေါ် ၊ ကိုယ့်ဘက်က ဆာရင်လည်း ခေါ် ၊ အားရင်လည်း ဆုံကြ ၊ မအားတော့လည်း နောက်တစ်ခါ.. တစ်ယောက်နဲ့ တစ်ယောက် မနွယ်သလို ပြဿနာရှာစရာတွေ ၊ သဝန်တိုတာတွေ မရှိကြေး ။ နောက်ပြီး ကုန်ကျစရိတ်တွေ အားလုံး က သူပဲ ပေးတာ။ ဒီ့ထက် အဆင်ပြေတာတောင် ဒီလောက် ကောင်းနိုင်ပါဦးမလား။

ခက်တာက ကျွန်တော့်မှာက အဲ့ဒီလို စိတ်တွေ မရှိတော့ဘူး။ သစ္စာတရားတွေ အကြောင်း ၊ အချစ်နဲ့ မေတ္တာအကြောင်း ၊ နိုင်ငံနှင့် လူမျိုး အကြောင်း ၊ တာဝန်တွေ ၊ ဝတ္တရားတွေအကြာင်း ဆည်းပူးလေ့လာခဲ့ရင်း သောက်တလွဲ လူ့ဂွစာတစ်ယောက် ဖြစ်လာနေခဲ့ပြီ။ ဒါ့ကြောင့် ကျွန်တော်ဟာ ဒီအဖြစ်ကို ရင်ဘတ်ကြီးနဲ့ ခံစားလိုက်တဲ့အခါ ကျွန်တော့်လောက် ကံဆိုးတဲ့ကောင် ရှိနိုင်ပါဦးတော့မတဲ့လား။

တစ်ကယ်တမ်း ပြောရရင် အဲ့ဒီနေ့က သူဟာ ရုံးသွားမယ်လို့ အိမ်ကို လိမ်ပြောလာပြီး ကျွန်တော်နဲ့ လာတွေ့ခဲ့တာ ဖြစ်တယ်။ ကျွန်တော်နှင့် တွေ့ဖို့ ရည်ရွယ်ထားခဲ့တယ်ဆိုပေမယ့် အဆုံးစွန်ထိတော့ မပေးဖို့ စိတ်ဆုံးဖြတ် လာပုံပါ။ ပုံမှန် သူဝတ်နေကျ ဗမာဝတ်စုံလေးရဲ့အောက်က ဘော်လီဟာ အပျိုပေါက်တွေ ဝတ်တတ်တဲ့ ရှင်မီးအကျီ င်္လို ချိတ်ပေါင်းစုံနဲ့ ပိတ်ထုတ်နေတာ ဖြစ်တဲ့အပြင် အတွင်းခံဘောင်းဘီဟာလည်း ရေကူးဝတ်စုံလို ဘောင်းဘီတို အထူစားဖြစ်တယ်။

သို့သော်လည်း ကျွန်တော်ရဲ့လက်ချောင်းတွေကို မလွန်ဆန်နိုင်ခဲ့တဲ့အခါ သူ့ ဘော်လီဂျိတ်တွေကို သူကိုယ်တိုင်ပဲ ဖြုတ်ပေးခဲ့ရတာပဲ။ ဒီစာစုကြီးကို သူတို့အကြောင်းပဲ ပြောမယ် ရည်ရွယ်ထားလို့ တစ်ခြား အကြောင်းတွေ ၊ ကျွန်တော့်အကြောင်းတွေ မပြောဖြစ်ဖို့ ကြိုးစားပါ့မယ်။ ဒါပေမယ့် တစ်ချက် တစ်ချက် ခံစားချက်တွေ ပါသွားပြီး တစ်ကြောင်းစ နှစ်ကြောင်းစ ရေးမိသွားရင်တော့ သည်းခံပေးကြပါ။ အခုလည်း သူ့အကြောင်း ဆက်ရရင် သူက တစ်ကယ့်ကို အဲ့ဘက်မှာ ဆန်းဆန်းတင့်ဖြစ်တယ်။ နည်းနည်းလေးမှ သွားထိလို့ မရဘူး။ သူ့အကြောင်း သူလည်း သိပုံရတယ်။ အစပိုင်းကာလတွေဆို အဓိကနေရာတွေကို လုံးဝ အထိ အကိုင် မခံဘူး။ သို့သော်လည်း ပေါင်တံတွေ ၊ လက်မောင်းတွေ ၊ လည်တိုင်တွေဟာလည်း သီးခြား အဓိကနေရာတွေ ဖြစ်တယ်ဆိုတာ သူ သိ မထားခဲ့ဘူး။ သူက ရည်းစားတွေ အများကြီးသာ ထားခဲ့တာ။ လိင်ပိုင်းဆိုင်ရာ အထိကတော့ နှစ်ယောက်၊ သုံးယောက်ထက် မပိုနိုင်တော့ အတွေ့အကြုံနည်းခဲ့တာကြောင့်ပဲ။

နောက်ပြီး သူဟာ ပြီးဆုံးခြင်းကို လိင်ဆက်ဆံခြင်းကနေ တစ်ခါမှ ရောက်ဖူးပုံ မရသေးဘူး။ သူ့ဘာသူတော့ လူလစ်တဲ့အခါ လုပ်ဖူးတာမျိုး ရှိချင်ရှိမယ်၊ ယောက်ကျားတစ်ယောက်ကြောင့်တော့ သူဟာ မပြီးဖူးသေးဘူး။ အဲ့ဒီနေ့က ကျွန်တော် သူ့ကို ကြည့်ရင်း သူ ပြီးအောင် လုပ်ပေးလိုက်ရမလားလို့ တွေးလိုက်မိပေမယ့် သူ့မျက်နှာကို ကြည့်နေရင်းမှာပဲ မထိန်းနိုင်တော့ ပြီးသွားရတယ်။ သူက ကီးဂဲလ် တတ်ထားလို့ ညှစ်ထားတာကြောင့် ပါသလို သူ ခံစားနေရတဲ့ ခံစားမူကိုလည်း အသံထွက်ပြီး ဖော်ပြတတ်လို့ပဲ။ ဒါကတော့ သူ့အကျင့်။ ယောက်ျားတစ်ယောက် ကျေနပ်ဖို့ အရေး ဟန်ဆောင်ပြီး အသံထွက်ပြမှာ မဟုတ်သလို တစ်ကယ် စိတ်ထလာလို့ အသံထွက်ရမယ်ဆိုရင်လည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ အသံထွက်ပလိုက်မယ့် သူ။ မာနကြီးတဲ့ မိန်းမတွေဟာ အဲ့ဒီအတိုင်းပါပဲ။ အဲ့ဒီ သူဟာ ကျဉ်တင်တင် အရသလာလေးကိုပဲ အခုထိ အကောင်းဆုံး ထင်နေခဲ့သေးချိန်။

ကျွန်တော် သူ့ အထင်ကို ပြောင်းပလိုက်ဖို့ မကြိုးစားလိုက်ခဲ့ပါဘူး။ ကျွန်တော့်ဘက်ကလည်း ဒီလို မိန်းကလေးမျိုးကို အချိန်ကြာကြာ ဆွဲနိုင်ဖို့ဆိုတာက အချိန်ယူရဦးမယ်။ ကျွန်တော့် ဘဝမှာ သူ့ထက် လှတာတွေ မြင်ဖူး ၊ ကြုံဖူးခဲ့ပါတယ်။ အဲ့လိုပဲ သူ့ထက် ခန္ဒာကိုယ် တောင့်တင်း ပြေပျစ်တာတွေလည်း ကြုံဖူးခဲ့သားပဲ။ သို့သော် သူလို မျက်နှာရော  ကိုယ်လုံးပါ အဆင်ပြေတဲ့သူတော့ မကြုံဖူးဘူး။ များသောအားဖြင့်က မျက်နှာလေးတွေ လှရင် ပိန်ပိန်ပါးပါး ဝါးခြမ်းပြားတွေပဲ များတာမလား။ သူကတော့ အခု ချောကလျာတို့လို ၊ ရှင်ယွန်းမြတ်တို့လို မျက်နှာရော ခန္ဒာကိုယ်ပါ ပြည့်စုံတဲ့သူ ဖြစ်လို့ ကျွန်တော်ဟာ သူ့ဘက်က ကီးဂဲလ်မပါလည်း အချိန်ကြာကြာ ထိန်းထားနိုင်မယ် မထင်သေးဘူး။ ဒါ့ကြောင့် သူအတွက်က ကျွန်တော်ဟာ တစ်ခြားသူတွေထက် ထူးခြားသူ ဖြစ်မလာသေးပါဘူး။ သို့သော် ကျွန်တော့် အတွက်ကျ သူက ထူးခြားသူ တစ်ယောက်ဖြစ်လာတာကတော့ အံ့သြစရာဖြစ်ပါတယ်။

ဟိုး .. အပေါ်မှာ ပြောခဲ့ဖူးသလို ပြီးဆုံးခြင်းတိုင်လို့ သုတ်ရည်တွေ ပန်းထွက်နေချိန်မှာ ဖြစ်သွားတဲ့ ကျွန်တော့် ခံစားချက် ၊ လုံးဝ ပြည့်စုံ ကျေနပ်သွားတာ။ ဒါမျိုး ဘယ်တုန်းကမှ မကြုံဖူးဘူး။ ကျွန်တော့် စိတ်ဝိဉာဏ်တွေ အားလုံး သူ့အထဲကို ပေးလိုက်ရသလိုမျိုး ၊ ကျွန်တော့် ခွန်အား .. ကျွန်တော့်ရဲ့ အရာရာအားလုံးကို သူ စုပ်ယူ သုံးဆောင်လိုက်သလိုမျိုး ၊ အဲ့ဒီအတွက်ကိုလည်း ကျွန်တော် ကျေနပ်နေမိတာမျိုး ။ ဒီ့ထက်တော့ ကျွန်တော်လည်း ရှင်း မပြတတ်တော့ဘူး။ သေချာတာက သူနှင့်တောင် အခေါက်တိုင်း အဲ့ဒီ ခံစားချက်ကို မရဘူး ဆိုတာပါပဲ။ ထားပါတော့.. ကျွန်တော် သူနှင့် တွေ့ပြီး နောက် တစ်လတိတိ ကြာတဲ့အချိန် အထိ တောက်လျှောက် တစ်ပါတ် တစ်ခါလောက် သူ့ကို ချိန်းပေမယ့် သူ့ဘက်က မအားဘူးလို့ ချည်း ပြန်ပြောတာ ခံနေရတယ်။ ဒီမှာကလည်း တစ်လလောက်ဆို ဘောက အောင့်ပြီ။ သုတ်ရည်က လျှံချင်နေပြီ။ ဒါပေမယ့် ဖာလည်း မချချင်တော့ဘူး။ ဘာဖြစ်မှန်းလည်း မသိ။

မှတ်မှတ်ရရ .. တစ်လနှင့် တစ်ပါတ်တိတိ ကြာတဲ့ အချိန် ၊ စနေနေ့ နေ့လည်တစ်ခုကို ကျွန်တော့်အတွက် သူ အချိန်ပေးမယ်လို့ ဆိုလာပါတယ်။ ပြောတာကတော့ အချိန် သိပ်မရလို့ ခဏပဲတဲ့။ ကိစ္စမရှိဘူး။ ခဏဆိုလည်း ကျွန်တော် ကျေနပ်ပါတယ်။ အဲ့ဒီနေ့က သူ ဝတ်လာတာတွေက ဟိုတစ်နေ့ကထက် ပိုဆိုးပါတယ်။ အင်္ကျ ီနောက်ကျောမှာပါတဲ့ ကြယ်သီးတွေဟာ အလုံး ၂၀ လောက် ရှိမလားပဲ။ ထမီအောက်မှာက ရှော့ပန်လောက်ရှိတဲ့ ဘောင်းဘီတို။ ကြယ်သီး လေးလုံးလောက်ပါတယ်။ သို့သော်လည်း အချိန်တန်လာတဲ့ အခါ သူ့ ဘောင်းဘီတိုလေးကို သူကိုယ်တိုင်ပဲ ချွတ်ပေးခဲ့လိုက်ရတာပါပဲ။

အဲ့ဒီနေ့ နေ့လည်ကတော့ သူဟာ ယောက်ကျားတစ်ယောက်ကြောင့် ပြီးဆုံးသွားခြင်းဆိုတဲ့ အရသာကို ဒင်းပြည့် ကျပ်ပြည့် ခံစားရတဲ့ နေ့လည်ခင်းပဲဖြစ်တယ်။ ဂွင်းထုလို့ ပြီးတာနဲ့ မိန်းမတစ်ယောက်ကို လုပ်လို့ ပြီးတာ အရသာချင်း မတူနိုင်ဘူးမလား။ သူလည်း အဲ့ဒီလိုပဲ ဖြစ်သွားပြီး.. ခဏနေပြန်မယ်ဆိုတဲ့ သူဟာ ညနေစောင်း မှောင်ခါနီး ညနေ ၅ နာရီခွဲလောက်ကျမှ အခန်းထဲက ထွက်ဖြစ်သွားပါတော့တယ်။ လူတွေက ပြောကြတယ် ။ ပလေတိုးနစ် Love တို့ ၊ အဖြူထည် မေတ္တာတို့ .. ။ ကျွန်တော်ကတော့ ရှင်းရှင်းပဲ ပြောချင်တယ်။ သွေးသားတော်စပ်ခြင်း မရှိတဲ့ မိန်းမနဲ့ ယောက်ကျားအကြား ချစ်တယ်ဆိုတဲ့ ကြိုးတစ်ခု ချည်ချင်ရင် Sex ဆိုတာ မဖြစ်မနေ ပါကို ပါရပါတယ်။ မိန်းမယူထားပြီး အလှထိုင်ကြည့်နေတဲ့ လင်ယောက်ကျား ဘယ်နှစ်ယောက်များ ရှိလို့တုန်း။ သို့သော် Sex ကိစ္စဖြစ်တိုင်း အချစ်ဆိုတာမျိုးတော့ မဟုတ်ဘူး။ ယောက်ကျားတွေဆိုတာက အားနေ ထောင်နေတဲ့ အကောင်တွေ ။ ဖိုဗီဇအရကို မျိုးဆက်ပြန့်ပွားဖို့ အရေး အားကြိုးမာန်တက် ကြိုးစားချင်နေသူတွေ။ ဒါ့ကြောင့် ဖာချတဲ့အခါ စကားလုံးတွေ မလိုအပ်ပေမယ့် သာမန်မိန်းမကောင်းတွေနဲ့ ဆုံတဲ့အခါကျတော့ လူ့ယာဉ်ကျေးမူအရ “အချစ်”ဆိုတဲ့ စကားလုံးကို အသုံးပြုရတယ်။ နင့် ငါ ချချင်တယ်လို့ ပြောလို့ဖြစ်တာမှ မဟုတ်တာကိုး..

အချစ်ကို ဘာနဲ့ တိုင်းသလဲ၊ အချစ်ဆိုတာ ဘာလဲ ဆိုတာကတော့ ဖြေရှင်းရ တော်တော်ခက်တယ်။ ဘာ့ကြောင့် ချစ်သလဲဆိုတာကျ ပိုဆိုးတယ်။ စောနက ပြောသလို.. နင့်ငါ ချချင်လို့ ချစ်တာလို့ ပြောလို့မဖြစ်တော့ အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာဆိုပြီး ခေါင်းစဉ်တပ်ကရော။ ယောက်ကျားတွေဟာ သိပ်ကို မာယာများပါတယ်။ အချစ်ဆိုတာ မရှိဘူးလို့ ပြောတာတော့ မဟုတ်ပါဘူး။ ဒီကောင်တွေ အယောက် 100 မှာ 98.5 ယောက်လောက်ပြောတဲ့ အချစ်ဆိုတာကတော့ “ နင့် ငါ ချ ချင်တယ်ပဲ ဖြစ်တယ်”။ သို့သော် မိန်းမတွေကျတော့ အဲ့လို မဟုတ်ပြန်ဘူး။ သူတို့ဟာ ယောက်ကျားတစ်ယောက်ကို မြင်တာနဲ့ ဒီလူဟာ ငါ လက်ခံနိုင်မယ့် လူလား ၊ လက်မခံနိုင်မယ့် လူလားဆိုတာကို တဒင်္ဂ အမြင်နဲ့ ဖျတ်ကနဲဆိုပြီးကို ချက်ချင်း ဆုံးဖြတ်နိုင်စွမ်းရှိတယ်။ လက်ခံနိုင်တယ်/ လက်မခံနိုင်ဘူးဆိုတာ Sex ကိစ္စကို ပြောတာဖြစ်ပြီး ချစ်တာ/ မချစ်တာကို ပြောတာ မဟုတ်ဘူးနော်။ သူတို့အတွက် အချစ်ဆိုတာက နောက်မှ လာတာ။ ပထမဆုံး လာတာက လိင်စိတ်ဆိုင်ရာ အမြင်နဲ့ပဲ ဆုံးဖြတ်ပလိုက်တာ ဖြစ်တယ်။ သို့သော်လည်း လက်ခံနိုင်တယ်လို့ မြင်တာပဲ ဖြစ်ပြီး လက်ခံလိုက်မယ် ၊ အဲ့ယောက်ကျားနဲ့ အတူ အိပ်ပလိုက်မယ်ဆိုတဲ့အထိတော့ မိန်းမအများစုက မပွင့်လင်းသေးသလို လူ့ယာဉ်ကျေးမူကလည်း ခွင့်မပြုသေးဘူး။ One Night Stand ဆိုတာ ဗမာပြေမှာ ထွန်းကားဖို့ ခဲယာဉ်းပါတယ်။ သို့သော်လည်း ပါတ်ဝန်းကျင်တို့ မိဘအနေအထားတို့က ဝိုင်းဝန်း အားပေး အားမြှောက်ပြုတဲ့အခါ ဖိအားပေးတဲ့အခါ မိန်းမအများစုဟာ သူတို့ မချစ်ပေမယ့်လည်း လူတစ်ယောက်ကို ကြည်ကြည်ဖြူဖြူ လက်ထပ်နိုင်တယ် ၊ လိင်ဆက်ဆံနိုင်တယ်။

ပြဿနာက အဲ့ဒီနောက်ပိုင်းကျမှ လာတယ်။ ယူထားတဲ့ ယောက်ကျားက ဖွတ်ဘက် စွတ်ဆက် ရွှတ်ပြွတ်ဆို လုပ် လုပ်နေတာက ပြဿနာ မရှိဘူး။ နောက်ပိုင်း တစ်ဖြည်းဖြည်း စကေးတွေ တက်လာလို့ ဖြစ်ဖြစ် ၊ ပညာရည်နို့ သင်ကြားစို့လာလို့ပဲ ဖြစ်ဖြစ် ပညာတွေ တတ်လာပြီး အနည်းအကျဉ်း ကစားပေးလိုက်တဲ့အခါ လောကနိမ္ဗာန်ကို မျက်မှောက်ပြုပြီး သူမှ သူ ဖြစ်ကုန်ကြကရော။ အဲ့လိုစိတ်ဖြစ်လာချိန်ကျ Sex ဟာ သူတို့အတွက် ဒီလောက်ကြီး မဟုတ်တော့ပြန်ဘူး။ အဲ့ဒါဟာ အတော် ထူးဆန်းတဲ့ အချက်ဖြစ်တယ်။ ဒရိုင်ဘာနဲ့ သူဌေးသမီး ညားကြတာတွေ ၊ ညစောင့်နဲ့ မန်နေဂျာမမ ၊ ကားစံပါယ်ယာနှင့် ဆရာဝန်မ ညားကြတာတွေ .. စတာတွေ.. စတာတွေ.. လူ့လောကမှာ အများကြီးပဲ။ အတော်အတန် ကျွမ်းကျင်တဲ့ လီးတစ်ချောင်းဟာ မိန်းမတွေရဲ့စိတ်ကို ပြောင်းသွားအောင် ကောင်းကောင်း လုပ်နိုင်တယ်ဆိုရင် အချစ်ဆိုတာကရော သူတို့ရဲ့ ဘယ်နားလောက်မှာများ ရှိနေနိုင်မလဲ။ ကျွန်တော် မသိပါဘူး။ ကြိုးစားခဲ့ပေမယ့် ဘယ်နား ရှိနေတယ်ဆိုတာမှန်းကို ကျွန်တော် လုံးဝ မသိပါဘူး။

သေချာတာကတော့ သူ့ စိတ် ပြောင်းလာရုံလောက်ပဲ တတ်နိုင်ခဲ့တယ်။ တစ်လမှာ တစ်ခါပဲ တွေ့မယ်လို့ ဆုံးဖြတ်ထားတဲ့ သူ့ ဆုံးဖြတ်ချက်ကို တစ်လ နှစ်ခါ အဖြစ် ပြောင်းသွားအောင်နှင့် တစ်ခါတွေ့ရင် တစ်နေကုန် ဖြစ်သွားရုံလောက်သာ တတ်နိုင်ခဲ့တယ်။ သူဟာ ကျွန်တော်နှင့် မပါတ်သက်သင့်မှန်း သူ သေချာ သိနေပါတယ်။ ကျွန်တော်ရဲ့ ငွေကြေး ၊ ဓနအင်အား ရာထူးအဆင့်အတန်းဟာ သူနှင့် မတန်မှန်းလည်း သူ သေချာသိပါတယ်။ နောက်ပြီး ကျွန်တော်နှင့် မတွေ့ပဲ နေလို့မရတာ ၊ ကျွန်တော်နှင့် တွေ့လိုက်တာနဲ့ သူ့ကိုယ် မထိန်းနိုင်တော့တာတွေကိုလည်း သူ သိနေတယ်။ သူဟာ လုံးဝကို ရပ်လို့ မရတော့ဘူး။

သူက ပြီးတတ်သွားပြီဆိုတာနဲ့ တောက်လျှောက်ကို ပြီးချင်နေတော့တာ။ အကြိမ်တိုင်း လိုလိုကို ပြီးချင်နေတယ်။ အဲ့အရသာကို သူ အရမ်းကြိုက်နေတော့တာ။ သူ့တစ်သက် ဒါမျိုး မကြုံခဲ့ဖူးဘူးမလား။ ကျွန်တော့်ဘက်ကလည်း ပုံမှန်အတိုင်းဆိုရင်တော့ ပြဿနာမရှိပါဘူး။ သို့သော် .. တစ်ရက် ကျွန်တော်က ညဘက် ဂျူတီကျပြီး မနက်လေးနာရီမှ အဆောင်ပြန်ရောက် ၊ သူကလည်း အချိန်ရတယ်ဆိုပြီး လှမ်းခေါ် အဲ့နေ့ ခြောက်ကြိမ်လောက် အလုပ်ဖြစ်ကြပြီး ညဘက်တစ်ခါ ဂျူတီပြန်ဝင် ၊ နောက်တစ်နေ့ကျ ကျွန်တော် ခေါင်းတွေမူးပြီး လမ်းမလျှောက်နိုင်တော့လို့ ဖုန်းမဆက်နိုင်တော့ဘူး ၊ အိပ်တော့မယ် ပြောလိုက်တော့ သူ ချက်ချင်းပဲ ရောက်လာပြီး ဆေးခန်းလိုက်ပို့ ၊ အကြောဆေးတွေ ဘာတွေ သွင်းပေး လုပ်ပေးသွားရတယ်။

အဲ့ဒီမယ်.. ကျွန်တော် နည်းလမ်းရှာရတယ်။ ဘာလို့ဆို ကျွန်တော့်အလုပ်က ရံဖန်ရံခါ ညဘက်တွေ ဆင်းရတယ်။ အဲ့လို အချိန်မျိုးနဲ့ တိုက်ဆိုင်သွားရင် အခုလို ထပ်မဖြစ်ချင်တော့ဘူး။ ရှက်ဖို့လည်း ကောင်းတယ်မလား။ ဒါ့ကြောင့် စာအုပ်တွေထဲမှာ ရှာတယ်။ အွန်လိုင်းမှာ ရှာတယ်။ ဖြစ်ချင်တော့ Youtube က တွေ့တယ်။ Multiple Orgasm Method ဖြစ်တယ်။ မိန်းမတစ်ယောက်ဟာ တစ်ကြိမ်နဲ့ တစ်ကြိမ် မခြားပဲ ဆက်တိုက် ( ယောက်ကျားတစ်ချီအတွင်း) ၃/၄ ကြိမ်ပြီးသွားရင် ဝသွားတတ်တယ်။ ပုံမှန် Orgasm ထက် ပိုကောင်းပြီး တစ်ခါထက် တစ်ခါ ပိုပြင်းတဲ့ ပြီးဆုံးခြင်းဖြစ်မယ်လို့ သိရတော့တယ်။ ကြိုးစားပြီလေ။ နောက်တစ်ပါတ် တနင်္ဂနွေဟာ ကျွန်တော်တို့ ချိန်းထားတဲ့ နေ့ပါပဲ။

အခု ဖြစ်ရပ်အထိ စဉ်းစားကြည့်လိုက်ရင် သူ့ဘက်က ကျွန်တော့်ကို ချစ်တယ် ၊ သံယောဇဉ် ရှိတယ်ဆိုတဲ့ အရိပ်အယောင် တစ်ခုတစ်လေမှ သူ့ဆီမှာ မရှိဘူး။ ဖေ့ဘုတ်မှာ ဖရန့်တွေ ဖြစ်နေခဲ့ပြီး လူချင်းရင်းနှီးမူ လွန်ခဲ့တာ ၂ လကျော်လောက် ရှိပြီဖြစ်ပေမယ့် ကျွန်တော်နှင့် ပါတ်သက်တာ တစ်ခုမှ တင်ထားတာ မရှိဘူး။ သူ့ဘက်က ဖုန်းစ ခေါ်တာ ၊ မက်စေ့ချ်စပို့တာ မျိုးလည်း မရှိဘူး။  ဒါပေမယ့် ညဘက်တွေတိုင်း ဖုန်းပြောကြရင်း တစ်ည တစ်ည တစ်နာရီကျော်ကြာတဲ့ ဖုန်းဘေလ်ဒဏ်ကို ကျွန်တော်လိုကောင်မျိုးက တစ်ပါတ်ထက် ပို မခံနိုင်တဲ့အခါ ၊ အဲ့လို မခံနိုင်မှန်းကို သူသိသွားတဲ့အခါ အပါတ်စဉ် ဖုန်းဘေလ် တစ်သောင်း ထည့်ပေးတာမျိုး ။ အဆောင်မှာ ဆင်းဆင်းရဲရဲ စားသောက်နေရတာကို သူ သိတဲ့အခါ စားသောက်ဆိုင်ကြီးတွေကနေ အစားအသောက် လာပို့ပေးခိုင်းတာမျိုး ၊ အဝတ်အစားသစ် မဝယ်နိုင်တာ ကြာပြီဖြစ်ကြောင်း သိတဲ့အခါ ဘရန်းအဝတ်တွေ ဝယ်ပေးတာမျိုးတွေ လုပ်ပေးလေ့ရှိတယ်။

ဒါက အခု ချာတိတ်တွေ အကြား ရေပန်းစားတဲ့ စားစော်ကြီး အထာ မဟုတ်လား။ အလကား စားရတယ်။ ဟိုတယ်ခ စားသောက်စရိတ် ဘာတစ်ခုမှ မကုန်တဲ့ အပြင် အဝတ်အစား ၊ အစားအသောက်နှင့် ဖုန်းဘေလ်ကအစ လိုလေသေး မရှိ။ ကျွန်တော့်ဘက်က ခံစားချက်ကို အသာ ထားပြီး ဒီအဖြစ်ကို ဆက်ပြောရရင် ကျွန်တော် လေ့ကျင့်ခန်းတွေ လုပ်ခဲ့တာ အသက် ၁၂ နှစ်သားကတည်းက ဆိုတာ သိထားစေချင်တယ်။ အားကစားသမားမို့ သာမန်လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်နှင့် ၄ နှစ်လောက် လုပ်ခဲ့ဖူးသလို Male Kegal Exercise တွေကိုလည်း အဲ့အရွယ်ကတည်းက စတင် လုပ်ဖြစ်ခဲ့တာဖြစ်ကြောင်း ပြန် အမှတ်ရစေချင်တယ်။ ဒါ့အပြင် အတွေ့အကြုံပေါင်းများစွာကို တစ်နှစ်ပြီး တစ်နှစ် သင်ယူ ဖြတ်သန်းခဲ့တာ ဖြစ်ကြောင်းလည်း ပြန် သတိရစေချင်တယ်။ အရေးပါတာ တစ်ချက်က အစိုးရ အရာရှိတစ်ယောက် ဖြစ်ခဲ့ဖူးတာကြောင့် အဆင့်အတန်းရှိရှိ ပြုမူ ပြောဆို နေထိုင်တတ်တဲ့အပြင် သပ်သပ်ရပ်ရပ် ဝတ်စားပြီး သန့်သန့်ရှင်းရှင်း နေထိုင်တတ်တယ်ဆိုတာလည်း သိစေချင်တယ်။

အဲ့ဒါကြောင့် ခင်ဗျားဟာ စားေစော်ကြီး တစ်ယောက်နှင့် ဆုံချင်တယ်ဆိုရင် လေ့ကျင့်ခန်းတွေကို မဖြစ်မနေ လုပ်ရမယ်။ ဝတ်တာစားတာ နေထိုင်လှုပ်ရှားတာ သပ်ရပ် သန့်ရှင်းရမယ်။ နောက်ပြီး ခင်ဗျားဟာ မိန်းမတကာနဲ့ အတွေ့အကြုံတွေကို ဆယ်နှစ်အထက်မှာ သင်ယူဆည်းပူးပြီးသားဖြစ်ရမယ်။ ကျွန်တော်ဆိုကြည့်.. အတွေ့အကြုံ နှစ်၂ဝလောက် ရှိပြီးသားဆိုတာကိုတောင် သူနှင့် ပထမဆုံးအကြိမ် အတွေ့မှာ အဆင်ပြေအောင် မလုပ်ပေးနိုင်ခဲ့သေးဘူး မဟုတ်လား။ အဲ့ဒါကြောင့် ကပ်ကိုးတော့ပစ်ထဲက လူတစ်ယောက်က ပြောတာ။ သူ့ကိုယ်သူ Bull လို့ ပြောတဲ့ ချာတိတ်တစ်ယောက်ကိုလေ.. ခင်ဗျား အသက် ၂၄ နှစ်ဆိုရင်တော့ ကျွန်တော်တို့ လင်မယားနဲ့ အဆင်မပြေနိုင်ဘူးတဲ့.. ခင်ဗျားက အရမ်းငယ်နေတယ်တဲ့။ သူ ပြောတာ အမှန်ပဲ။ သူ ၁၆ နှစ်သားကတည်းက ဒီကိစ္စတွေ စလုပ်ခဲ့ပါစေဦး။ သူ့အတွေ့အကြုံက ၈ နှစ်ပဲ ရှိဦးမယ်။ ဒီ့ထက် ဆိုးတာက အဲ့အရွယ်မှာ မိန်းမတွေကို လေးစားရကောင်းမှန်း မသိသေးတာ။ ခင်ဗျားနဲ့ ဆက်ဆံနေတဲ့ သူက ဖာသည်မပဲ ဖြစ်ပါစေဦး။ သူ့အပေါ် လေးစားမူ ပေးရမယ်။

လေးစားမူဆိုတာ သူ့ကိုချည်း ဦးဆောင်ခိုင်းပြီး ရေသာခို ပက်လက်လှန်ပေးနေတာမျိုးကို ပြောတာ မဟုတ်ဘူး။ ပြောဆို ဆက်ဆံတာ ၊ ထိတွေ့ ကိုင်တွယ်တာ အားလုံးကို တလေးတစား ပြုမူဆောင်ရွက်ရမှာ ။ နောက်ဆုံး ကုန်ကုန် ပြောရရင် ဖစ်ဖတီးရှိတ်အော့ဖ်ဂရေး ထဲကလို BDSM လုပ်ချင်သေးသလား။ ရတယ်။ တလေးတစား လုပ် ၊ ခင်ဗျားရည်ရွယ်ရမှာ တစ်ခုတည်း ၊ သူ့ကို နာကျဉ်စေလိုတယ်ဆိုတဲ့ ရည်ရွယ်ချက်ထက် သူ အရသာကောင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကို တလေးတစား လိုက်နာရမှာ။ ဆိုလိုတာက ကြာပွတ်နဲ့ ရိုက်တာချင်း အတူတူ .. နာအောင် ရိုက်ရင် ခင်ဗျား မျက်နှာက ဘယ်လို အမူအယာဖြစ်ပြီး ခင်ဗျားရဲ့လှုပ်ရှားဟန်က ဘယ်လိုဖြစ်မလဲ။ ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့အခါ ခင်ဗျား အမူအယာက ဘယ်လိုဖြစ်ပြီး ခင်ဗျား ရိုက်ချက်က ဘယ်လိုဖြစ်မလဲ။ မတူဘူး။ တစ်ခြားသော မတူတာတွေကလည်း အများကြီးပေါ့။ အဲ့ဒါတွေကို သဘောပေါက်ဖို့က ကျွန်တော် စာနဲ့ ရေးထားတာတွေ လိုက်ဖတ်လည်း သိရုံပဲ ရှိမယ်၊ နားလည်မှာ မဟုတ်ဘူး။ နားလည်ဖို့က ခင်ဗျားကိုယ်တိုင် သင်ယူရမှာ ဖြစ်တယ်။ သင်ယူဖို့ ဆရာကတော့ ဒီကိစ္စမှာ အတွေ့အကြုံ တစ်ခုတည်းကသာလျှင် သင်ဆရာ၊ မြင်ဆရာ ၊ ကြားဆရာ။

BDSM ဆိုလို့ အောကားတွေကြည့်ပြီး အဲ့ကားတွေထဲအတိုင်းလို့တော့ မထင်လိုက်နဲ့ ၊ လိုက်လည်း မလုပ်နဲ့ ။ လုပ်မိရင် ခင်ဗျားအပေါ် စိတ်ကွက်သွားမှာပဲ။ လောကထဲက ဘယ် သက်ရှိမဆို အသားနာမှာ ကြောက်တယ်ဆိုတာ မမေ့လေနဲ့ ။ သို့သော်.. ခြေစွယ်တွေ ဘာတွေ ငုပ်တဲ့အခါမျိုးမှာ စုပ်တစ်သပ်သပ်နဲ့ နာတာကို ဖီးလ်ခံပြီး ခြေစွယ်ဖော်တာ ၊ အနာတစ်ခုခု ဖြစ်ပြီး အနာဖေးတက်ချိန်မှာ အဲ့ အနာဖေးကို ဖြေးဖြေးချင်း ဇိမ်ခံ ဆွဲခွာကြတာ ကြုံဖူး၊ မြင်ဖူး ၊ ဖြစ်ဖူးကြတယ်မလား။ နာကျဉ်ခြင်းကနေ အရသာ ခံစားတာ။ အရေးကြီးတာက အဲ့ဒီ နာကျဉ်မူဟာ ခံနိုင်လောက်တဲ့ ၊ သာယာမူ ပေးနိုင်လောက်တဲ့ နာကျဉ်မူဖြစ်ရမယ်။ ဒါဟာ နောက်ပေါက် ဖွင့်သလိုပဲ သိပ် အရေးကြီးတယ်။ တစ်ဘက်လူဟာ ဘယ်အတိုင်းအတာ အထိ နာကျဉ်မူကို ခံနိုင်ပြီး ဘယ်လောက် နာကျဉ်မူဆိုရင် သာယာနိုင်တယ်ဆိုတာ မှန်းဆတတ်ဖို့က ခင်ဗျားမှာ ကြွယ်ဝတဲ့ အတွေ့အကြုံ လိုအပ်တယ်။ ဖြစ်နိုင်ရင်တော့ .. မလုပ်တတ်ရင်တော့ မလုပ်တာအကောင်းဆုံး ။ ကျွန်တော်လည်း မလုပ်တတ်လို့ တစ်ခါမှ မလုပ်ဘူး။  စားစော်ကြီး ကိစ္စဘက် ပြန်ဆက်ရရင် ဒါမျိုးက မရှိဘူးလို့တော့ မပြောဘူး။ ရှိနိုင်ပါတယ်။ တွေ့ဖို့ ခဲယဉ်းတယ်။ တွေ့ချိန်မှာ သူတို့ဘက်က စိတ်ဝင်စားလောက်တဲ့ ပိုင်ဆိုင်မူတွေ ၊ အရည်အချင်းတွေ ရှိမနေရင်တော့ သူဟာ စားစော်ကြီးဆိုတာတောင် ခင်ဗျား သိခွင့်ရလိုက်မှာ မဟုတ်ဘူး။ 

ဒီနေရာမှာ ကျွန်တော် .. လိင်တံရဲ့ အရွယ်အစားနှင့် သူ့ရဲ့ အသုံးဝင်ပုံကို  ပြောပြချင်ပါသေးတယ်။  ယျေဘူယျအားဖြင့် လိင်တံရဲ့ အရွယ်အစားဟာ မိန်းမတွေအပေါ် သက်ရာက်မူ မရှိဘူးလို့ ကျွန်တော်ပြောခဲ့တယ်။ ယျေဘူယျဆိုတဲ့ ခြွင်းချက်ပါကြောင်း သတိထားပါ။ သာမန် မိန်းကလေး ၊ အပျိုစင်လို မိန်းကလေးမျိုးက ဘာပြဿနာမှ မရှိဘူး။ သူ့ လမ်းကြောင်းပေါက်ထဲ တိုးဝင် ရောက်ဖူးတာ ခင်ဗျား လိင်တံပဲ ဖြစ်ပြီး နှိုင်းယှဉ်စရာ ဘာမှ ရှိမနေဘူး။ နောက်ပြီး ထူးခြားအံ့သြလောက်တဲ့ ပြီးဆုံးခြင်းဆိုတာတွေကိုလည်း မသိသေးဘူး။ သို့သော်လည်း ခင်ဗျားဟာ Bull တစ်ယောက်လို့ ကိုယ့်ကိုကိုယ် ပြောချင်ရင် ဒါမှမဟုတ် စိတ်ကူးယဉ်ရုပ်ရှင်တွေထဲကလို စားစော်ကြီးနဲ့ တွေ့ချင်တယ်ဆိုရင် ခင်ဗျားရဲ့ ခန္ဒာကိုယ် ကြံ့ခိုင်မူအပြင် လိင်တံအရွယ်အစားရဲ့ ရှည်လျားမူကပါ အရေးကြီးလာပါတယ်။ သူတို့ဟာ သာမန် မိန်းမအင်္ဂါ အစေ့ကို ပွတ်ပေးရုံနဲ့ အာသာပြေတဲ့ အဆင့်တွေ မဟုတ်ကြတော့ဘူး ဆိုတာ ခင်ဗျား နားလည် ထားဖို့ လိုတယ်။ သူတို့ကို အသဲငြိငြိနဲ့ ဟတ်ထိစေနိုင်မယ့် G spot , A Spot နှင့် O Spot တွေကိုပါ ထိထိမိမိ လှုံ့ဆော်ပေးနိုင်မယ့် သူကို အလိုရှိတယ်။

G Spot ကတော့ သိပ် မခက်ပါဘူး။ သာမန် ဘယ်သူမဆို ထိအောင် လုပ်ပေးနိုင်တယ်။ လှေကြီးထိုး ရိုးရိုးနည်းနဲ့ တော့ မရဘူးပေါ့။ Doggy တို့ ပုစွန်တုပ်ကွေးတို့ဆို အဆင်ပြေတယ်။ A Spot ကကျတော့ ခက်သွားပြီ။ လက်နှင့် နှိုက်လည်း မမီနိုင်ဘူး။ ခင်ဗျား လက်ဖဝါးကြီး တစ်ခုလုံး ထိုးထည့်လိုက်ရင်တော့ မီမှာပေါ့ဗျာ။ သာမန် ဒီအတိုင်း လက်ချောင်းတွေနဲ့ နှိုက်ရုံနဲ့တော့ မထိနိုင်ဘူးလို့ ပြောတာ။ သူ့ကို ထိဖို့က အရှည် ၅ လက်မနဲ့ အထက် ရှိဖို့ လိုတယ်။ ပုံမှာ သေချာကြည့်ပါ။ G Spot က ရှေ့နားလေးတင် ၊ ခင်ဗျားလက်ချောင်းတွေနဲ့ဆို လက်နှစ်ဆစ်လောက် သွင်းလိုက်ရင်ကို ထိပြီ။ A Spot ကို ပိုင်ပိုင်နိုင်နိုင် ထိဖို့ကျ ခင်ဗျား လိင်တံက စံချိန်မီ ဖြစ်တယ်ဆိုစေဦး တစ်ပေါင်ကျော်တို့ ၊ Cow Girl တို့ မှ ပို အဆင်ပြေတယ်။ အဲ့ဒီနေရာလေးက သာအိမ်ရဲ့ ရှေ့ ကြွက်သားတွေနဲ့ ဖုံးနေတာဖြစ်လို့ သာမန် လှေကြီးထိုး ရိုးရိုးဆို မထိနိုင်ဘူး။ O Spot ကကျတော့ ပို ဝေးသွားပြီ။ သားအိမ်ပေါက် ကြွက်သားတွေရဲ့နောက် A Spot နှင့် ဆန့်ကျင်ဘက် နေရာမှာ ရှိတယ်။ ကျွန်တော့် အထင် အရှည် ၆ လက်မခွဲ နဲ့ အထက်မှ အဲ့နေရာကို ထိနိုင်လိမ့်မယ်။ ပြောရရင် ကျွန်တော့်လို အရှည်ရှိတဲ့ သူတောင် သူ့ ပေါင်နှစ်ချောင်းလုံးကို ရင်ဘတ်အောက် ဒူးကွေးထည့်ပြီး ကုတင်စွန်းတို့ ၊ ထိုင်ခုံစွန်းတို့မှာ သူ့ တင်ပါးကို တင်ပြီး တစ်ဆုံးထည့်မှ မီတဲ့ နေရာဖြစ်တယ်။ စစချင်း ဖြေးဖြေးချင်း ထိုးပေးပြီး သူ့ဘက်က အရသာ ရလာပြီဆိုတဲ့အခါ တစ်ဖောင်းဖောင်း မြည်အောင် သိပ်ထည့်လိုက်ရင် ..ကျွန်တော် သူနှင့် တွေ့တဲ့ တနင်္ဂနွေနေ့က အဲ့အတိုင်းတွေ လုပ်ခဲ့ပါတယ်။ စစချင်း ကိုယ့်ဟာကို လုံးဝ မထည့်သေးပဲ C Spot လို့ ခေါ်တဲ့ မ အဂ ၤါအစေ့ကို ပွတ်ပေးရင်း သူ ပထမဆုံး တစ်ချီ ပြီးအောင် လုပ်ပေးလိုက်တယ်။ ပြီးတော့ ပုစွန်တုပ်ကွေး ၊ Doggy တို့နဲ့ G Spot ကို ထိုးပေးတယ်။ ပထမတစ်ခါနဲ့ ဒုတိယ တစ်ခါကြားဟာ ဘာမှ အချိန်ကွာလေ့ မရှိတတ်ဘူး။ ထန်ကုန် ၅ မိနစ်ပဲ။ 

ဒုတိယနဲ့ တတိယအကြိမ်ကတော့ နည်းနည်း ကြာတတ်တယ်။ သူ့ဘက်ကလည်း မောနေတတ်ပြီ။ အဲ့ဒီလို အချိန်တွေဆို ခင်ဗျား စိတ်ကြိုက် ကြမ်းလို့ရပြီ ။ ဒီလို အချိန်တွေမှာ ကြမ်းတာကို မကြိုက်တဲ့ မိန်းမ မရှိဘူးဆိုတာကိုတော့ မှတ်ထားပါ။ စစချင်းတုန်းကသာ မကြမ်းမိစေနဲ့။ နှစ်ခါလောက်ပြီးသွားပြီဆိုရင်တော့ ကြမ်းပေတော့။ အဲ့ဒါက O Spot ကို တိုက်ရိုက် သွားထိတာပဲ။ အဲ့ဒီနေ့ကဆို သူဟာ သုံးကြိမ်မြောက် အပြီးမှာ လုံးဝကို မလှုပ်တော့ဘူး။ မိန်းမောရင်း အိပ်ပျော်သွားတာလား၊ နောက်ဆုံးအချီ ပြီးမြောက်ခြင်းက ပြင်းလွန်းလို့ အမောလွန်ပြီး မေ့သွားတာလား ကျွန်တော်လည်း မသိဘူး။ သေချာတာကတော့ အခါတိုင်းဆို ပြီးတာနဲ့ အိမ်သာဘက်ထသွားပြီး ရေဆေးတတ်တဲ့ သူဟာ ဒီအတိုင်း ကားကားကြီး အသေကောင်လို ဖြစ်သွားတော့တာပဲ။ 

သူ့တစ်ကိုယ်လုံးမှာ လှုပ်နေတဲ့ နေရာဆိုလို့ ဗိုက်သားတွေပဲ ရှိတယ်။ ဗိုက်သား ချပ်ချပ်လေးဆီက ကြွက်သား လှိုင်းလုံးလေးတွေ တစ်လိပ်လိပ်ထနေတာကို ပဲ မြင်ရတယ်။ ပြီးတော့ တစ်ချက် တစ်ချက် ကိုယ်လုံးလေးကို တွန့်လိမ်ပြီး အိပ်ယာခင်းစတွေကို ဆွဲဆုပ် ကိုင်ညှစ်တယ်။ ပြီးတော့ ပြန်ငြိမ်သွားပြန်ရော။ မပြီးသေးလို့ ဟတ်ကော့နဲ့ ကျန်နေပေမယ့် မနေသာတဲ့ ကျွန်တော်ကပဲ သူ့ကို ကုတင်ပေါ် နေရာတကျ ပြန်တင် စောင်ခြုံပေး လုပ်ပေးရတယ်။ အိပ်ယာခင်းပေါ်မှာတော့ သူ့ဆီက ထွက်လာတဲ့ အရည်ဖြူဖြူတွေဟာ ကွမ်းယာဆိုင်က ထုံးအိုးကြီးမှောက်ကျသလား ထင်ရတယ်။ အိုင်ထွန်းလို့..

ခုထက်ထိလည်း သူဟာ အဲ့ဒီလို ဖြစ်နေတုန်းပါပဲ။ အခုထိဆိုတာ အိမ်ထောင်သက်တောင် ၆ နှစ်ရှိပြီနော်။ ထားပါတော့.. အဲ့ဒီတုန်းက အခြေအနေကို ပြန်ဆက်ရရင် အဲ့ဒီနေ့ နောက်ပိုင်း သူ့ တနင်္ဂနွေနေ့တွေဟာ ကျွန်တော့်အတွက်ချည်း ဖြစ်လာတော့တာပါပဲ။ အစတုန်းကတော့ သူ့ပိတ်ရက်တွေကို တစ်ခြားသူတွေနဲ့ ကျွန်တော်ဟာ မျှဝေ သုံးစွဲနေရတာပါ။ သူနှင့် ပါတ်သက်နေတဲ့ အထဲက အရင်းနှီးဆုံး လူ နှစ်ယောက်ပေါ့။ တစ်ယောက်က Crown နှင့် ဖြစ်ပြီး တစ်ယောက်က Honda Fit နှင့် ဖြစ်တယ်။ နှစ်ယောက်စလုံးရဲ့ ငွေကြေးအင်အား ၊ ပိုင်ဆိုင်မူ ၊ မိဘအသိုင်းအဝိုင်း စတာတွေ.. စတာတွေဟာ ကျွန်တော် ဘယ်လိုမှ လိုက်မမီနိုင်တဲ့ အနေအထားတွေချည်း။ အဲ့တုန်းက မသိခဲ့ပေမယ့် နောက်ပိုင်းကျမှ သိရတာက Crown နှင့် တစ်ယောက်က ကျွန်တော့်ထက်ကို စောပြီး သူနှင့် နေနေတယ်ဆိုတာပါ။  သူတို့ နေခဲ့ကြတာ ကျွန်တော့်ထက် ၆ လ လောက်စောခဲ့ပါတယ်။ နောက်ပြီး Honda Fit ကိုကျတော့ သူကိုယ်က ကြိုက်နေတာ။

ဒါပေမယ့် ကျွန်တော်နှင့် တွေ့နေရတာကို ရပ် မပစ်လိုက်နိုင်တဲ့ သူက အဲ့နှစ်ယောက်ဘက်ကို အချိန်လျှော့လိုက်ပြီး ကျွန်တော့်ဘက်ကို အချိန်တိုးပေးလိုက်ခြင်းအားဖြင့် ကျွန်တော့် အနေအထားကို တစ်ဆင့် မြှင့်ပေးလိုက်တယ်ပေါ့လေ။ နောက်ပြီး ထူးထူးဆန်းဆန်း စကားတွေလည်း ပြောလာတယ်။ သူ့ကို ဘယ်တော့ ယူမှာလည်း တဲ့။ ဖြေရခက်ပေမယ့် ဖြေရပါတယ်။ ပိုက်ဆံကို ၅ နှစ်လောက် စုကြဦးမယ်လို့ ။ အံ့သြစရာ ကောင်းတာက သူဟာ ခုချိန်ထိ ကျွန်တော့်ကို ချစ်တယ်လို့ တစ်ခွန်းမှ မပြောဖူးသေးဘူး။ အခုအချိန်ထိ ဆိုတာ အခု ဒီနေ့ ဂျူလိုင်လ ၈ ရက် ၂၀၂၀ အထိဖြစ်တယ်။ အဲ့တုန်းကတော့ ကျွန်တော်လည်း တွေးပါတယ်။ စဉ်းစားပါတယ်။

ဒီအမျိုးသမီးဟာ ငါ့ကို လိင်ပိုင်းဆိုင်ရာ စွဲလမ်းတာ သက်သက်ပဲ ဖြစ်မယ်၊ ကျန်တဲ့ ငြိတွယ်ခြင်း ဘာမှ မရှိဘူး။ ဒီလို မိန်းမမျိုးကို လက်ထပ်ယူသင့်သလား ၊ ရှင်းရှင်းပြောရရင် ရေရှည်မှာ ဒီဒဏ်ကို ခံနိုင်ပါ့မလားလို့လေ။ ကျွန်တော့်ဘက်က သူ့ကို ချစ်မိသွားပြီ ဆိုပေမယ့် ယောက်ကျားတစ်ယောက်အနေနှင့် သဝန်တိုစိတ်ကြီးကို ရက်ရှည်လများ ရင်ဆိုင်ဖို့ကကျ ခက်တယ်မလား။ Crown နှင့် တစ်ယောက်ရဲ့ ပါတ်သက်မူ အတိုင်းအတာကို တိတိကျကျ မသိသေးခဲ့ပေမယ့် ကျွန်တော်လည်း ကလေးမှ မဟုတ်တာ၊ အရိပ်အမြွတ်လောက်တော့ ရိပ်မိတယ်။ ဒီလိုပဲ Honda Fit ကလေးက ရည်းစားရှိနေတယ် ဆိုပေမယ့် ဟိုဘက်ကလည်း ခြံခုန်ချင်နေတာ ဖြစ်သလို သူ့ဘက်ကလည်း သူကိုယ်က စနိုက်ကြော်ချင်နေတာ ဆိုတာကို အဲ့ကတည်းက ရိပ်မိတယ်။ တစ်ပြိုင်တည်းမှာပဲ ကျွန်တော်ဟာ Silent ငနဲလေး ဖြစ်နေတာကိုလည်း သိတယ်။ ကျွန်တော် သူ့မိဘတွေ နေတဲ့ နေရာကို စုံစမ်းရတယ်။ အိမ်လိပ်စာကို ရှာရတယ်။ သူ့မိဘတွေအကြောင်း သိချင်လို့။ အကြောင်းရင်းက တစ်ခုတည်း.. မိကောင်းဖခင် သားသမီးဆိုရင်တော့ အိမ်ထောင်ကျပြီးတဲ့အခါ ခြေငြိမ်လိမ့်မယ် ယူဆမိလို့ပါ။

ခင်ဗျားဟာ ယောက်ကျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် .. ခင်ဗျားကို စကားလက်ဆင့်ကမ်းချင်တာ တစ်ခုလည်း ရှိသေးတယ်။ အရေးကြီးပါတယ်။ လူတစ်ယောက်ကို ကိုယ်နှင့် ယူပြီးမှ ပြုပြင်မယ်လို့ ဘယ်တော့ ခံယူမထားနဲ့။ ဒါမှမဟုတ် ကိုယ်နှင့် ယူပြီးရင် သူ့ဘာသူ ပြင်သွားလိမ့်မယ်လို့ ဘယ်တော့ မယုံကြည်လေနှင့်။ လုံးဝ (လုံးဝ) မရဘူးဆိုတာ မြဲမြဲ မှတ်ထားပါ။ ကျွန်တော်ဟာ သူ့မိဘတွေကို သူတို့ ရပ်ကွက်ထဲမှာ စုံစမ်းအပြီး နည်းနည်း စိတ်အေးသွားခဲ့တယ်။ သူ့မိဘတွေက ရပ်မိ ရပ်ဖတွေပါ။ လူသိများကြတယ်။ ဂုဏ်သိက္ခာ ရှိတယ်။ ဒါ့ကြောင့် သူတို့ မျက်နှာတွေနှင့် သူတို့သမီးဟာ အိမ်ထောင်ကျပြီးသွားရင်တော့ မဟုတ်တာတွေ မလုပ်လောက်တန်ကောင်းဘူးလို့ မှန်းလိုက်ခဲ့မိတယ်။အပျိုဘဝ ကဲတာတွေတော့ ရှိစေတော့.. ငါလည်း လူပျိုမှ မဟုတ်တာလို့ တွေးပြီး သူနှင့် လက်ထပ်ဖို့ အစီအစဉ်တွေ ဆွဲတယ်။ ပိုက်ဆံ စုဖို့ အစီအစဉ်တွေ လုပ်တယ်။ ဒီကြားထဲမှာ ပုံမှန် တစ်ပါတ်တစ်ခါလည်းတွေ့ဖြစ်ကြတယ်။ သူ့ဘက်က ဘယ်လိုနေမယ် မသိပေမယ့် ကျွန်တော့် ဘက်ကတော့ စိတ်ကူး အတွေးတွေနှင့် အရက်တွေ ဘာတွေ လျှော့သောက် ၊ မနက်စာပါ မစားပဲ ပိုက်ဆံစုရင်း ပျော်နေခဲ့ပြီ။

ဒါပေမယ့် ကျွန်တော်တို့ အစီအစဉ်က မအောင်မြင်လိုက်ဘူး။ မကြာခင် ရောက်တော့မယ့် သင်္ကြန်ပိတ်ရက်တွေအတွက် အတိုးချ ချိန်းတွေ့ကြရင်း တစ်ပါတ်ထဲကို နှစ်ခါတွေ ဘာတွေ တွေ့ဖြစ်ခဲ့ကြတယ်။ ပုံမှန်ကတော့ သူ့အတွက် အကာအကွယ်အဖြစ်က ဆေးဆိုင်က 72 Pill ကို ကျွန်တော်ပဲ ဆင်းဝယ်ပြီး အိမ်အပြန် သူ့ကို ပေးလိုက်တာပါ။ 72 Pill ဟာ အရေးပေါ်ဆေးသာ ဖြစ်ပြီး ရေရှည် သောက်လို့ မသင့်တော်မှန်း ကျွန်တော် မသိခဲ့ဘူး။ အဲ့ဒါကြောင့် သင်္ကြန်ပိတ်ရက်တွေကို လွမ်းမောဖွယ်ရာ ကျော်ဖြတ်အပြီးမှာ သူ့ဆီက မက်စေ့ချ်ဝင်လာခဲ့တယ်။ အရေးတကြီး ပြောစရာ ရှိတယ်။ ဆုံနေကျ ဟိုတယ်ကို ဘယ်နှစ်နာရီပေါ့လေဆိုပြီး ချိန်းတယ်။ တွေ့တော့ .. သူ့မှာ ကိုယ်ဝန်ရှိနေပြီလို့ ပြောတယ်။ ကျွန်တော့် မျက်လုံးထဲ ဘာကို ပြေးမြင်သလဲဆိုတော့ Crown နှင့် Honda Fit ပဲ။ ဒါပေမယ့် သူက ကျွန်တော့်ကို လာပြောနေတယ်။

ဆိုလိုတာက ဒီဟာရဲ့ ပိုင်ရှင် လက်သည်ဟာ ကျွန်တော်လို့ ပြောတာ။ ကျွန်တော် စဉ်းစားတယ်။  ခေါင်းငြိမ့်လိုက်တယ်။ လောလောဆယ် ပိုက်ဆံက ၄ သိန်းလောက်ပဲ ရှိတယ်။ ခိုးပြေးမယ် ၊ အိမ်ထောင်သည် အဆောင်ကို ငှားနေမယ်လို့ ။ ကိုယ်ဝန်ကိစ္စကိုလည်း အဆိုးဆုံးထိ တွေးထားတယ်။ ကျွန်တော့် ကိုယ်ဝန် မဟုတ်လည်း ကျွန်တော် ယူမယ်။ ဘဝမှာ ကိုယ်ချစ်တဲ့ မိန်းမ တစ်ယောက်ကို အပိုင်ရဖူးချင်တယ် ဆိုတဲ့ စိတ်နဲ့ နွားဖြစ်လည်း အဖြစ်ခံလိုက်တော့မယ်လို့ တွေးထားခဲ့လိုက်တယ်။ သူ ပြန်ချစ်တာ / မချစ်တာတွေ ထည့် မတွေးချင်တော့ဘူး။ ယူပြီးသွားရင်တော့ သူ့ ဘက်က မချစ်လည်းပဲ ဖောက်ပြန်တာတွေကိုတော့ သူ့ အဆင့် ၊ သူ့မိဘအခြေအနေနှင့် မလုပ်တန်ကောင်းဘူးလို့လည်း ယုံထားလိုက်မိတယ်။

ဒါပေမယ့် အစီအစဉ်က ပြောင်းသွားပြန်တယ်။ သူ ဖြစ်ပျက်နေတာတွေကို သူ့အမေ ရိပ်မိသွားရာက အစ.. ရာသီမလာတော့အလယ် .. ခိုးရာလိုက်ဖို့ ကြံနေတာ အဆုံး အကုန်သိသွားပြီးနောက်မှာ တရားဝင် စေ့စပ်ပြီး မင်္ဂလာပွဲလုပ် လက်ထပ်ပေးဖို့အထိ ဖြစ်လာပြန်တယ်။ သူဟာ အဲ့ဒီအကြောင်းတွေကို ဖုန်းထဲကနေ ပြောပြခဲ့တာ ဖြစ်ပြီး သူ့မိဘဆိုသူတွေကိုတော့ စေ့စပ်ပွဲနေ့ကျမှ တွေ့ခဲ့ရတာဖြစ်တယ်။ ကံဆိုးတာလား.. ကံကောင်းတာလား မသိတဲ့ နောက် အချက်တစ်ခုက ဖိတ်စာတွေ ဝေပြီးတဲ့ နောက်တစ်ရက်မှာ အရင်လတွေက ကေသီပန်တွေ နင်းကန် သောက်ပလိုက်တဲ့ အကျိုးဆက်ကြောင့်လား မသိ၊ သူ ကိုယ်ဝန် လျှောကျသွားတယ်။ စေ့စပ်တာတွေ၊ မင်္ဂလာရက်တွေကို သူက အကုန်ပြန်ဖျက်မယ်လုပ်လို့ မနည်းတားကြရတာ။ ကျွန်တော်တော့ မဟုတ်ဘူး၊ သူ့ မိဘတွေ။ ဘာလို့ဆို အဲ့ဒီဟာတွေ အားလုံးကို သူတို့ဘာသာ ပိုက်ဆံ စိုက်ထုတ်ပြီး အကုန် သူတို့ဘာသာ စီစဉ် ၊ သူတို့ဘာသာ ဖိတ်စာဝေ ၊ သူတို့ဘာသာ ကြော်ငြာထားကြတာ။ ကျွန်တော့်ဘက်က လုပ်ပေးတာဆိုလို့ ကျွန်တော့် မိဘနာမည်ရယ် ၊ လိပ်စာရယ်ကို စာရွက်ပိုင်းလေးတစ်ခုမှာ ရေးပြီး သွားပေးထားတာ တစ်ခုတည်း။

ဒီယောက်ခမကြီးတွေရဲ့ ကျေးဇူးဟာ အဲ့ကတည်းက စခဲ့ပါတယ်။ နောက်ပိုင်း ကျွန်တော်တို့ ယူပြီးတာတောင် သူတို့အိမ်နှင့် မလှမ်းမကမ်းက တိုက်ခန်းလေးတစ်ခုကို နှစ်ချူပ်နဲ့ ငှားပေးပြီး နေခိုင်းတာလည်း သူတို့ပါပဲ။ ဒါ့အပြင် ယူပြီး တစ်လကျော် ကြာတဲ့ အထိ ခြေလှမ်းတွေရော ၊ စိတ်ထားတွေပါ မပြင်တဲ့ သူ့ကို မကျေနပ်တဲ့ ကျွန်တော်က ပြဿနာ ရှာတဲ့အခါ ဆတ်ဆတ်ထိမခံ သူကလည်း ပြန် ဝုန်းဒိုင်းကျဲ နောင်ဂျိန်ချကြတော့ ကလေးယူဖို့ တွန်းအားပေးခဲ့တာလည်း သူတို့ပါပဲ။ စိတ်မချမ်းသာစရာတွေ ကြားထဲက ရယ်စရာပြောရရင် ကလေးယူဖို့ တွန်းအားပေး ခံရအပြီး၊ ဆေးဖြတ်အပြီး တစ်လအတွင်း ကိုယ်ဝန်ရ/မရ သူနဲ့ ကျွန်တော် လောင်းကြတယ်။ ကျွန်တော်က တစ်လအတွင်း ကိုယ်ဝန် ရရမယ် ။ သူက မဖြစ်နိုင်လောက်ဘူးတဲ့။

ဘာကြေးလဲလို့ မေးတဲ့အခါ “ခိုင်းတာ တစ်ခုခုကို လုပ်ပေးကြေး” လို့ ကတိခံကြတယ်။ ကျွန်တော်က ကိုယ့်ကိုကိုယ်လည်း ယုံသလို သူ့ဘက်ကိုလည်း ယုံတယ်။ ကျွန်တော်ကလည်း ကျန်းမာရေးကောင်းပြီး လေ့ကျင့်ခန်း အပြည့် ရှိထားတဲ့လူ ၊ သူကလည်း ကျန်းမာရေးကောင်းပြီး Gym ပုံမှန် သွားနေခဲ့တဲ့သူ ။ အလောင်းအစား လုပ်ကြတာ ကျွန်တော် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို အခုအချိန်ထိ အဲ့ကတိအတွက် ဘာမှ မခိုင်းရသေးဘူး။ သိမ်းထားတုန်းပဲ။ တစ်ချိန်ချိန်ကျရင်တော့ တစ်ခုခုကို လုပ်ခိုင်းပါမယ်။

တစ်ကယ်တမ်း ပြောရရင်တော့ ကျွန်တော့် အိမ်ထောင်သည် ဘဝ အစောဦးပိုင်းကာလတွေဟာ ပျော်စရာထက် စိတ်ညစ်စရာက များပါတယ်။ Crown က အိမ်ထောင်ကျပြီး နောက်ပိုင်း သိသိသာသာ ခွာထွက်သွားပေမယ့် Honda Fit ကတော့ အနားမှာ တောက်တဲ့ ကပ် ကပ်နေတုန်း။ ဒါကို ကျွန်တော်က သဘောမကျဘူး။ ဘယ် အိမ်ထောင်သည် ယော်ကျားကရော သဘောကျနိုင်မတဲ့တုန်း။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ နေ့တိုင်း နီးပါးကို ရန်ဖြစ်ပါတယ်။ မကြာခဏဆိုသလိုကို ကျွန်တော်ဟာ အိမ်ပေါ်က ဆင်းပါတယ်။ ကျွန်တော် အိမ်ပေါ်က ဆင်းတိုင်းမှာ Honda Fit ဟာ ကျွန်တော့် မိန်းမ အနားမှာ။ ဆုပ်လည်းစူး .. စားလည်း ရူးပေါ့။ သူတို့ဘက်က ဘယ်လိုပဲ သူငယ်ချင်းပါလို့ ဇွတ်ငြင်းငြင်း ၊ ကျွန်တော့် အတွေ့အကြုံ .. ကျွန်တော့် ဖြတ်သန်းမူ.. ကျွန်တော့် အမြင်အရ .. သူတို့ဟာ ဒါ့ထက် ပိုနေမှန်း အသိသာကြီးပဲကိုး။ နောက်ကျွန်တော် သူ့ဖုန်းတွေ ၊ Gmail တွေကို ရုတ်တရက် ဝင်စစ်ကြည့်လိုက်တဲ့အခါ အပြန်အလှန် ပို့ထားကြတဲ့ မေတ္တာစာလွှာ အမြောက်အများကို မျက်မြင် တွေ့ရတော့တာပဲ။ အဲ့ဒီမှာ ကျွန်တော် ချက်ချင်းကို နားလည်လိုက်တယ်။ ငါတော့ ဝဋ်လည်ပြီ..

ကိုယ်တိုင် တစ်ချိန်တုန်းက သူများ မယားတွေကို ပါတ်သက်ခဲ့တုန်းက တစ်ဘက်လူ ဘယ်လိုနေမယ် ၊ ဘယ်လို ခံစားရမယ်ဆိုတာ တစ်ခါမှ တွေးမကြည့်ခဲ့မိဘူး။ ကိုယ်တိုင်ကြုံရတော့မှ သိရတာက တော်တော့်ကို ဆိုးတဲ့ ခံစားချက် တစ်ခုဖြစ်ကြောင်း သိရတော့တယ်။ ကျွန်တော် သူတို့ကို သတ်ပစ်ချင်မိတဲ့ စိတ်အထိ ဖြစ်ခဲ့ပါတယ်။ မလေးရှားက ၈၈ အကိုနှင့်များ မဆုံဖြစ်ခဲ့ကြရင် တစ်ကယ်များ လုပ်မိလေမလားတောင် မသိပါဘူး။ အဲ့ဒီ အကြောင်းအရာတွေကို သူ့ကို ပြောတော့ အရင်တုန်းက ဟာ တွေ ၊ အခု ဘာမှ မဖြစ်ဘူးလို့ ဆိုတယ်။ အရင်တုန်းကရော ဘာလို့ လိမ်ခဲ့သလဲ၊ သူငယ်ချင်းတွေပါဆိုလို့ မေးတော့ ဘာမှ ပြန်မပြောတော့ဘူး။ သူ့ကြည့်တော့လည်း ကိုယ်ဝန်က ၆ လလောက်ရှိနေပြီ။ ကျွန်တော် ဘာလုပ်ရမှန်းကို မသိတော့တာ။ ပုံမှန်အတိုင်းဆို ဒါဟာ ကွဲပစ်ရမှာ။ ကွာပစ်ရမှာဆိုတာ ကျွန်တော် နားလည်တယ်။ အဲ့အချိန်တုန်းက သူတို့ ရုံးတစ်ရုံးတည်းမှာ အတူတူ အလုပ်လုပ်နေကြတာ။ ဌာနချင်း မတူလို့ အလုပ်လုပ်တဲ့ နေရာချင်း မတူပါစေဦး၊ ထမင်းစားခန်းထဲမှာ .. ဓာတ်လှေကားထဲမှာတော့ နှစ်ယောက်တည်း ဖြစ်နေနိင်တာပဲ မလား။ ကျွန်တော် လေ သွားတယ်။ 

ကျွန်တော့်စိတ် ကျွန်တော့်မူအတိုင်းဆို လေလွင့်ပြီ။ ရောက်ရာပေါက်ရာ တစ်နေရာရာကို ထွက်သွားလိုက်ပြီး ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် ယောက်ခမကြီးရဲ့ အဓိပ္ပါယ်ပါပါ စကားလုံးတွေ ၊ “ကလေးမွေးပြီးရင်တော့ ဘယ်မိန်းမ မဆို စိတ်ပြောင်းကြတာပဲ ၊ ကိုယ့်ကလေးကိုယ်တော့ မချစ်တဲ့ မအေဆိုတာ မရှိပါဘူး”  .. ဒါမျိုးတွေရယ် ၊ တစ်နေ့ တစ်ခြား ပြည့်တင်းဖောင်းကားလာပြီး အနေအထိုင် ခက်လာနေတဲ့ သူရယ်ဟာ ကျွန်တော့်ကို ထွက်မသွားနိုင်အောင် ဆွဲထားပြန်တယ်။ ရှင်းရှင်းပြောရရင် ကိုယ်ဝန်ကြီးနဲ့လည်း သူဟာ Honda Fit နှင့် ကလူ၏သို့ မြူ၏သို့ လုပ်နေတုန်းဆိုတာလည်း ကျွန်တော် သိတယ်။

အဲ့ကောင်လေးကိုလည်း နားမလည်ဘူး။ စိတ်ရောဂါ တစ်ခုခု ရှိသလားတောင် ထင်ရတယ်။ ကလေးမွေးဖို့ ဆေးရုံ ရောက်နေတာတောင် လာကြည့်ဖြစ်အောင် ကြည့်သေးတာကလား။ ယောက်ခမ နှစ်ယောက်စလုံးအပြင် တစ်ခြားဧည့်သည်တွေပါ ရှိနေလို့ သူ့နောက် လိုက်သွားပြီး ဆွဲဆုတ်ပစ်လိုက်ချင်တဲ့ စိတ်ကို မနည်း ထိန်းခဲ့ရတာ။ အဲ့ဒီတုန်းကတော့ ကျွန်တော်ဟာ ကိုယ့်အဖြစ် ၊ ကိုယ့်ဒုက္ခကို ကိုယ်တစ်ယောက်တည်းပဲ ခါးစည်းခံနေခဲ့တာ။ ဘယ်သူ့ကိုမှ ပြောမပြဖြစ်သလို ကျွန်တော်မှန်း ဘယ်သူမှ သိပ်မသိနိုင်တဲ့ အခုလိုမျိုး အွန်လိုင်းပေါ်မှာ ရင်ဖွင့်တာမျိုးတောင် မလုပ်ခဲ့ဘူး။ မျှော်လင့်ချက်လေး ကျန်နေသေးလို့ပါ။ ကလေး ရလာရင် သူ စိတ်ပြောင်းလာမယ်ဆိုတဲ့ ယောက်ခမကြီး စကားလေးနဲ့ပေါ့။

တစ်ကယ်တော့ မဟုတ်ပါဘူး။ ကလေး ၃ လပြည့်လို့ ရုံးပြန်တက်တဲ့အခါ သူတို့ ပြန်တွေ့ပြီး အရင်လို နေကြတာပါပဲ။ ဒါပေမယ့် သူတို့ အရမ်း သိုသိပ်သွားတယ်။ နောက် မကြာပါဘူး၊ သူတို့ အတူနေဖြစ်ကြတယ်။ နေဖြစ်မှန်း ဘယ်လိုသိသလဲ မေးရင်.. တစ်ည ကျွန်တော် သူနဲ့ ဆက်ဆံမယ်လုပ်ရင်း စ ထည့်ထည့်ချင်းမှာပဲ သူက စပ်တယ်လို့ ပြောတယ်။ အဲ့ဒီမှာ ကျွန်တော် သိတာ။ ကျွန်တော်ဆိုတာ ဒီ ကိစ္စဘက်မှာ လုပ်ချင်ရင် Pro Bull ဖြစ်လို့တောင် ရတဲ့လူ မလား။ ကျွန်တော့်ကြောင့် စပ်တယ် နာတယ် အရသာမရှိဘူးဆိုတာ မဖြစ်ရဘူး။ မဖြစ်အောင်လည်း ငယ်ကတည်းက လေ့လာ လေ့ကျင့်ခဲ့ပြီးသားလေ။ နောက်ပြီး ပြီးခဲ့တဲ့ ၃ ရက်က ဆက်ဆံတုန်းကတောင် သူ ဘာမှ မဖြစ်ပဲ.. အခုကျမှ ထပြီး စပ်တယ်ဆိုတော့.. ရှင်းရှင်းလေးပဲ။ မလုပ်တတ်တဲ့ ကောင် တစ်ကောင်ကောင်ဟာ သူ့အထဲ ဇွတ်ထည့်လိုက်ပြီ။ သူကလည်း ကျွန်တော်နဲ့ ဆက်ဆံနေကျအတိုင်း ဘာမသိ ညာမသိ ကီးဂဲလ်သုံးပြီး ညှစ်ထားလိမ့်မယ်။ နဂိုကတည်းက သူ့ဟာသူတောင် အရည်မထွက်သေးရင် အဆင်သင့်မဖြစ်တတ်တဲ့ နေရာကို စွတ်ထိုးထဲ့တဲ့အခါ ညှစ်ထားတတ်တဲ့ သူ့ကြောင့် သူပဲပိုအထိနာတာပဲ။   ကဲ.. ကျွန်တော် ဘယ်လိုခံစားရမလည်း ၊ ဘာဆက်လုပ်ရမလည်း ..

အဲ့ဒီအချိန်မှာ ကလေးက ၁ နှစ်ကျော်နေပြီ။ ကျွန်တော်လည်း အတော်လေး သံယောဇဉ်တွယ်နေပြီ။ ကိုယ့်ကလေး မဟုတ်တဲ့ ကလေးကိုတောင် သိပ်ချစ်မိခဲ့တဲ့ လူဗျာ။ ကိုယ့်ကလေး အရင်းကို ဘယ်လောက် ချစ်သလဲဆိုတာ ပြောမပြတတ်အောင်ပဲ။ နောက်ပြီး ဒီမိန်းမကို တစ်ဖြည်းဖြည်းနဲ့ အရမ်းချစ်လာခဲ့သလို  တော်တော်လေးလည်း မုန်းနေတတ်ခဲ့ပြီ။ အိမ်ထောင်ရေး အဆင်မပြေတဲ့ အိမ်က လူတွေ ဖြစ်လေ့ရှိတဲ့ အတိုင်းပါပဲ။ ကျွန်တော်ဟာ ဘာလုပ်လုပ် အဆင်မပြေတော့ဘူး။ မကြာခဏဆိုသလို အလုပ်ထွက်နေရတယ်။ နောက်တော့ အလုပ်ကို မရှိတော့ဘူး။ အားနေတဲ့ ကျွန်တော် ဟာ အစီအစဉ်တစ်ခု သေသေချာချာ စပြီး ဆွဲခဲ့ပါတယ်။ အချိန် ၂ လ လောက်ယူ စဉ်းစားပြီးမှ အကောင်းဆုံး ထင်ရတဲ့ လုပ်ငန်းစဉ်တွေကိုချည်း ရွေးပြီး အကောင်အထည်ဖော်ခဲ့တယ်။ နံပါတ် ၁ အရေးအကြီးဆုံးက အဲ့ဒီကောင်လေး သူ့အနားမှ ရှိမနေဖို့။ အရေးအကြီးဆုံးနဲ့ ပထမဆုံး လုပ်ရမယ့် အလုပ်။ မလေးရှားမှာတုန်းကလို သရဲခြောက်တဲ့ နည်းကို သုံးမလား ၊ လူလိမ္မာနည်း သုံးမလား စဉ်းစားတဲ့အခါ .. လူလိမ္မာနည်းပဲ သုံးသင့်တယ်လို့ အဖြေထွက်တယ်။

ဒါ့ကြောင့် သူတို့ အပြန်အလှန် ပေးပို့ထားကြတဲ့ မေတ္တာစာတွေကို သူတို့ရုံးက အထွေထွေမာန်နေဂျာဆီ ပို့ပေးလိုက်တယ်။ ကိုယ်တိုင်လည်း သွား စကားပြောတယ်။ ကူညီ ထိန်းမတ်ပေးပါ။ ကိုယ့်ညီမလို ၊ ကိုယ့် သမီးလို သဘောထားပြီး ဆုံးမပေးပါ၊ အိပ်နှံပါတယ်ပေါ့လေ။ နောက်ပြီး သူတို့ရုံးက ရွာစော်လိုမျိုး အင်မတန် အတင်းပြောတတ်တဲ့ မိန်းမတစ်ယောက်ဆီလည်း ဒီသတင်းကို ပို့ပေးလိုက်တယ်။ နေ့လည်နေ့ခင်း အတင်းပြောကြတဲ့ အခါ ဒီကိစ္စက ထိပ်တန်း သတင်းဖြစ်သွားမယ်။ အောင်မြင်ပါတယ်။ ကောင်လေး အလုပ် ထွက်သွားတယ်။ မထွက်ခင် သူတို့နှစ်ယောက် နှုတ်ဆက်ကြတာ ဘာညာတော့ ရှိကြတာပေါ့လေ။ မသိယောင် ဆောင်ပေးထားလိုက်တယ်။ အကယ်၍ ဒီဟာက မအောင်မြင်ရင်လည်း Plan B ရှိပြီးသားပါ။ အဲ့ကောင်လေး အဖေ လွှတ်တော် အမတ်ဆီ တိုက်ရိုက် သွားတွေ့ဖို့ ။ အခုတော့ မလိုတော့ဘူးပေါ့လေ။ ဒီကိစ္စရဲ့ တန်ပြန် ထိုးစစ်အဖြစ် ည သန်းခေါင်ယံတွေမှာ ဖုန်းခေါ်ခံရတာတွေတော့ ကြုံရတာပေါ့။ အိပ်ရေးပျက်ကြရတယ်။ ရန်ဖြစ်ကြရတယ်။ စစချင်းပေါ့လေ။ ကျွန်တော့်ဖုန်းကို လာရင် မိန်းကလေးဖြစ်ပြီး သူ့ဖုန်းကို ခေါ်တာက ယောက်ကျားသံဖြစ်တယ်။ ကျွန်တော်ကတော့ ဘယ်သူ့လက်ချက်ဆိုတာ တန်း ခန့်မှန်းမိပြီး သူ့ကို ပြောပေမယ့် သူကတော့ အထင်ကြီးထားတဲ့ သူမလား။ လက်မခံချင်ဘူး။ဒါပေမယ့် ခဏ ခဏ ကြုံပါ များလာတော့လည်း သဘောပေါက်သွားတယ် ထင်တယ်။ အေးဆေးဖြစ်သွားကရော။

ဒါနှင့် ဒါက ပြီးသွားရောလား..ဆိုတော့။ ဘယ်ဟုတ်မလည်း။ ရန်ကုန်မှာ လူတစ်ယောက်နှင့် တစ်ယောက် တွေ့ဖို့ဆိုတာ တစ်ယောက်ယောက်ဘက်က မတွေ့ချင်သာ မလွယ်တာ။ တွေ့ချင်ရင် အခုခေတ်မှာ ဘယ်သူမှတောင် သိမှာ မဟုတ်ကြဘူး မလား။ ဆက်သွယ်ရေးဆိုလည်း နည်းပညာက ပံ့ပိုးပေးထားတာ အများကြီးကို။ သူတို့ တွေ့နေသေးလား ၊ မတွေ့နေဘူးလားဆိုတာ ကျွန်တော် သိဖို့ နည်းလမ်းကို နှစ်မျိုး စဉ်းစားထားတယ်။ တစ်မျိုးက သူ့ဖုန်းထဲက Viber ကို ကျွန်တော့် ကွန်ပြူတာနဲ့ ဝင်ထားသလို သူ့ဖုန်း ရဲ့ Find My Device ကိုလည်း ကွန်ပြူတာနဲ့ ချိတ်ထားတယ်။ သူဘယ်ရောက်ရောက် ကျွန်တော် သိပြီ။ နောက်တစ်မျိုးက ဟိုကောင်လေး ဘက်ကို။ ကောင်လေးရဲ့ ဖုန်းကိုတော့ ကျွန်တော် ဝင်လို့ မရနိုင်ဘူး။ ဒါပေမယ့် သူ့ကို အွန်လိုင်းပေါ် ရောက်လာအောင် လုပ်လို့ရတယ်။

လွယ်ပါတယ်။ ကျွန်တော်တို့ လင်မယား ဆက်ဆံနေတာတွေကို ဗွီဒီယိုရိုက် ၊ သူတို့ ကြိုက်နေတုန်းက အတူဆိုခဲ့ကြတဲ့ သီချင်းတွေကို နောက်ခံ ဖွင့်ထားပြီး အချစ်တက္ကသိုလ်ထဲ တင်ပေးလိုက်တာပဲ။ ကျွန်တော် မှတ်မိသလောက်ဆို ရက်ပိုင်းလောက်ပဲ ကြာမယ်ထင်တယ်။ ချက်ချင်းဆိုသလိုကို XNXX မှာ သူ့ ဗွီဒီယို တက်လာတယ်။ ခန္ဒာကိုယ်ပုံစံက အခု ပုံစံ မဟုတ်သလို ဆံပင်ပုံစံကလည်း အခုပုံစံ မဟုတ်ဘူးဆိုတော့ အခုဖြစ်တာတော့ မဟုတ်ဘူး။ ဟိုးနှစ်တွေတုန်းက ရိုက်ထားတာဆိုတာ သဘောပေါက်တယ်။ ဒါ့ကြောင့် အချစ် တက္ကသိုလ်ထဲ ထပ်တင်တယ်။ မကြာပါဘူး.. အဲ့ကောင်လေးဟာ အကောင့်ခွဲပေါင်း အမြောက်အများနဲ့ အချစ်တက္ကသိုလ်ထဲ ရောက်လာတော့တာပဲ။ သူ့ အကြောင်းတွေ ၊ သူကြိုက်နေတဲ့ မမ အကြောင်းတွေ ၊ XNXX မှာ တင်ထားပြီးသား မူဗွီတွေ တင်လာတော့တယ်။ ကျွန်တော်ဟာ သူ့ကို မျက်စေ့အောက်မှာ ထိုင်ကြည့်နေနိုင်ပြီ။ သူတို့ ထပ်တွေ့ဖြစ်ကြမယ်ဆိုရင် ပို့စ်အသစ်တက်မယ် ၊ မူဗွီအသစ်တက်လာမယ်။ အဲ့ဒီအခါ ဘာဆက်လုပ်ဖြစ်မယ်ဆိုတာတော့ ..

ထားတော့.. အခု မြကျွန်းညို ဖြစ်လာတော့ မြကျွန်းညိုထဲကို သူကတောင် စောပြီး ရောက်နေသေးတာ။ ကိုယ့်ထက်တောင် ရာထူးမြင့်နေသေး။ ဟိုးတလောက လိင်စိတ်ဆိုင်ရာများထဲမှာ သူက ကျွန်တော့် မိန်းမကို လွမ်းကြောင်းတွေ ပြောနေချိန် လူကလည်း မူးနေတော့ သောက်မြင်ကပ်ကပ်နဲ့ ဝင်ရစ်လိုက်မိသေးတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ ငပြူးက လာပြဲနေတာတွေ ၊ သူခိုးက လူဟစ်ခံရတာတွေ များတော့ နည်းနည်း လွတ်သွားတဲ့ သဘောပါ။ အခု ကျွန်တော်ဟာ မလုံခြုံတဲ့ စိတ်နှင့် မပျော်မရွှင် ဘဝကို ဖြတ်သန်းနေတယ်။ ကျွန်တော် အသက်ရှင် ရပ်တည်နေနေရတဲ့ ရည်ရွယ်က တစ်ခုတည်း။ ကလေး ကြောင့်ပါ။ ဒီကလေးကို ပြုစု ပျိုးထောင်ပေးမယ်။ သူဝါသနာပါတဲ့ အရာကို မြေတောင်မြှောက်ပေးမယ်။ လမ်းကြောင်းတည့်ပေးမယ်။ လူတော် တစ်ယောက် ဖြစ်လာစေချင်တယ်။ တစ်ပြိုင်တည်းမှာပဲ ကြံ့ခိုင် သန်မာတဲ့ ယောက်ကျားတစ်ယောက် ဖြစ်လာစေချင်တယ်။ အခုဆို သူဟာ အသက် ၅ နှစ်ပဲ ရှိသေးပေမယ့် ဒိုက် ၂၀ ၊ အိပ်ထမတင် ၂၅ ၊ ကင်းမြီးကောက် ၁ မိနစ် ၊ Plunk ၁ မိနစ်ကို အေးအေးလေး လုပ်နိုင်နေပြီ။ သူ အရွယ်ရောက်လာရင် ကျွန်တော့်ထက် သန်မာတဲ့ လူဖြစ်လာမှာ။ အကယ်၍ ခင်ဗျားမှာ သားယောက်ကျားလေး ရှိတယ်ဆိုရင်တော့ ခင်ဗျားလည်း ခင်ဗျား ကလေးကို ကျင့်ထားပေးဖို့ မဖြစ်မနေ လိုအပ်နေပြီလို့ သတိပေးချင်တယ်။ ကျွန်တော့်သားနဲ့ ဆုံဖူးပြီးသား မိန်းကလေးဟာ ခင်ဗျားသားနဲ့ မတော်တဆ ဆုံဖြစ်သွားရင် အခြေအနေကောင်းနိုင်မှာ မဟုတ်ဘူးမလား။

သူတို့အကြောင်းဆိုပေမယ့် ကျွန်တော့် အကြောင်းက တော်တော်များများ ပါသွားတယ်။ ဒါပေမယ့်လည်း ဒီလိုပါ ပြောပြမှ သူတို့ဟာ ဘယ်လိုဆိုတာ သိနိုင်မှာ မဟုတ်လား။ ကျွန်တော့် မိန်းမကိုကြည့် .. ကျွန်တော့်ကိုလည်း မခွဲနိုင်ဘူး၊ ဟိုကောင်လေးကိုလည်း ကြိုက်တယ်။ ကျွန်တော့်ကို မခွဲနိုင်တာက လိင်စိတ်ကြောင့် ဖြစ်ပြီး ဟိုကောင်လေးကိုကျတော့ သံယောဇဉ်ကနေ ဖြစ်လာတဲ့ စိတ်။ အိုးချင်းထားတော့ အိုးချင်း ထိခဲ့ကြတာ။ ဒီစိတ်ဟာ မိန်းမတော်တော်များများမှာ ရှိတတ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဖွင့်ဟ မပြတာ ၊ လက်တွေ့ အကောင်အထည် မဖော်ဖြစ်တာမျိုးပဲ ရှိမယ်။ သူတို့ အတွင်းထဲက Dark Side မှာ ဒါက မွေးရာပါ ဆန်ဆန်ပဲ။ ဒါမျိုးတွေ မကြုံချင်ရင် အလွယ်ဆုံးနည်းလမ်းက အပျို စစ်စစ်ကို ရှာ ၊ ရွေး ။ ဒါမျိုးတွေ ကြုံရဖို့ အခွင့်အလမ်း တော်တော် နည်းသွားပါမယ်။

အခုအထိ စိတ်ရှည်လက်ရှည်နဲ့ ဖတ်ပေးကြတာကို ကျေးဇူးတင်ပါတယ်။ Word ဖောင်နှင့် စာမျက်နှာ ၅၅ မျက်နှာပဲ ရှိတဲ့ ဒီစာစုဟာ လူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမူ အမှန်ဖြစ်တယ်ဆိုတာတော့ သိစေချင်တယ်။ ခင်ဗျားတို့ လေ့လာစရာ ၊ သင်ခန်းစာ ယူစရာတွေ ရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။ တစ်ခုပဲ .. သတိပေးချင်တာ။ သူများ မိန်းမကို ဘယ်တော့မှ မကျူးလွန်မိစေနဲ့ ။ အခြေအနေ ပေးတယ်ဆိုရင်တောင်ပေါ့။ အဲ့လို အခြေအနေမျိုး မတော်တဆ ရောက်လာ ၊ ကြုံလာမိတဲ့ အခါ Cooco ဆိုတဲ့ ကောင်တစ်ကောင် ဘဝကို ဘယ်လို ရင်ဆိုင် ဖြတ်သန်းနေရပြီး ၊ ဘယ်လိုတွေ ခံစားနေရကြောင်း ၊ ဘယ်လိုတွေ ကြိုးစားနေရကြောင်း ပြန်လည် အမှတ်ရကြပါ။ နမူနာယူကြပါ။ ကျေးဇူးတင်ပါတယ်။ ဒါပါပဲ။



........................................⭐⭐⭐⭐⭐........................................

ပြီးပါပြီ။



Print Friendly and PDF

No comments:

Post a Comment