လူကြီးရောဂါ အပိုင်း ( ၁ )
မောင်ဇော်ဦး ရေးသည်။
အခန်း ( ၁ )
မီးကို စတွေ့တာကတော့ မထူးဆန်း။ သာမန် ဖြစ်ရိုးဖြစ်စဉ် သဘောမျိုး။ မီး ယောက်ခမ နဲ့ ကျနော့် ယောက်ခမက မြန်မာပြည်မှာ အရမ်းရင်းနှီးခဲ့တဲ့သူတွေ၊ မီး နဲ့ သူ့ယောက်ခမ ဒီကိုရောက်လာတော့ အဲ . . ဒီကိုဆိုတာ အမေရီးကား ကိုပြောတာ၊ ရောက်လာတော့ သူတို့ ချင်းတွေ့ချင်ပါလေရော။ ဒါပေမဲ့ နေတဲ့ မြို့ချင်းကမတူ၊ ခရီးက ဟိုင်းဝေးလမ်းမ ကြီးအတိုင်း မောင်းရင်တောင် ၂ နာရီလောက် မောင်းရမဲ့ ခရီး။ သူ့တို့မှာလဲ ပို့ပေးမဲ့သူကမရှိ၊ သားဖြစ်တဲ့သူ ကလဲ မိန်းမနဲ့အမေရောက်လာတာ တောင် ခွင့်ယူလို့မရသေး။ အဲလိုအဖြစ်မျိုးနဲ့ ကြုံနေတုန်း တနေ့ သူတို့နေတဲ့ မြို့က ကျနော့် ယောက်ခမရဲ့ ဆွေမျိုးနီးစပ်တဦး ကျနော့်တို့နေတဲ့ မြို့ကို ကိစ္စရှိလို့ လာဘို့ ကြုံရောဆိုပါစို့။ အဲဒါနဲ့ အကူအညီတောင်းပြီး လမ်းကြုံလိုက်လာကြတယ် ပေါ့။
အဲဒီမှာ မီးကိုစတွေ့တာပါဘဲ။ ကျနော်က ယောက်ခမနဲ့နေတာတော့မဟုတ် ဘူး။ ကိုယ့်မိသားစုနဲ့ ကိုယ် နေတာ၊ ယောက်ခမက သူ့ဖာသာသူတအိမ်၊ အိမ်ချင်းက သိပ်တော့ မကွာပါဘူး၊ ကားမောင်းသွားမယ်ဆိုရင် ၁၀ မိနစ်ကျော်ကျော်လောက် မောင်းရမဲ့ ခရီးလောက် ပါဘဲ။ ဒါနဲ့ဘဲ သူတို့ရောက်လာတယ်ဆိုတော့ ကျနော်တို့လဲ အလုပ်ပိတ်ရက် ကြုံတာနဲ့ ကျနော့် မိန်းမက ဝတ္တရားအရ သူတို့ဆီ သွားတွေ့တော့ ကျနော်လဲ အားအားယားယား လိုက်သွားတယ်ပေါ့။
အကြမ်းဖျဉ်းသိသလောက် မီးအကြောင်းပြောရရင် အခုသူ့ယောက်ကျားနဲ့က လူကြီးချင်းသဘောတူလို့ပေးစားကြတာလို့ ဆိုမလား၊ သူ့ယောက်ကျားကတော့ ကျနော့်နဲ့ဆို ရွယ်တူ လောက်ပေါ့။ မီးကတော့ငယ်ပါတယ်။ ငယ်တယ်ဆို တော်တော် လေး ငယ်တယ်လို့ ပြောရ မယ်။ ဘာလို့လဲဆိုတော့ အသက်က ၂၀ ကျော်လောက် ကွာတာကိုး။ အဲဒီ သူ့ယောက်ကျားက လဲ အမေရီးကား ရောက်လာပြီး အလုပ်ဘဲ စွပ်လုပ်၊ ပိုက်ဆံတွေနင်းကန်ရှာ၊ မိန်းမဆို စိတ်မဝင်စားတော့ ကျနော်တို့က လူပျိုကြီး လုပ်မယ်လို့တောင် ထင်ထားတာ။ အဲလိုကနေ စီတီဇင် ဖြစ်သွားတော့ သူ့ အမေကို ဒီကိုခေါ်ဘို့ လုပ်ပါလေရော၊ အဲဒီမှာ မြန်မာပြည် ခန ပြန်ဖြစ်သွားရာကနေ လူကြီးတွေက ထုံးစံအတိုင်း ဟိုစပ် ဒီစပ် စပ်ရာက မမျှော်လင့်ဘဲ မိန်းမရခဲ့တယ် ဆိုပါစို့။
ကျနော်ကြားတဲ့ခိုင်လုံတဲ့ရပ်ကွက်က သတင်းအရဆိုရင် အဲဒီသူ့ယောက်ကျား က စပ်ကြတဲ့သူတွေ လေးငါးယောက် လောက်ကြည့်အပြီးမှာတော့ ခုရောက်လာတဲ့ မီးဆိုတဲ့သူကို လက်ညိုးထိုး လိုက်တယ်ဆိုဘဲ။ ဒီတော့ ထုံးစံအတိုင်း လူချင်းပေး တွေ့၊ သူတို့အချင်းချင်းလဲ သဘောကျကြတာနဲ့ မပြန်ခင် ကမန်းကတန်း တခါတည်း လက်ထပ်ပေး လိုက်တယ်ပေါ့။ ပြောကြတာကတော့ ကောင်မလေးက ချောလဲချောတယ်။ သွက်လဲ သွက်တယ် ဆိုဘဲ။ အဲလို ချောချောသွက်သွက်လေးက သူ့ရွယ်တူကောင်လေးကို မယူဘဲ ဘာလို့သူ့ထက် အသက် ၂၀ လောက်ကြီးတဲ့ လူကြီးကိုယူလဲမသိပါဘူးလို့ မိန်းမကို ပြောတော့ မိန်းမက အမေရီးကား လာချင်လို့ နေမှာပေါ့တဲ့။ အင်းပေါ့လေ သူ့အကြောင်းနဲ့ သူတော့ရှိမှာပေါ့။ အမေရီးကားဆိုတာ ကလဲ လူတိုင်းနီးပါးလောက် လာချင်နေကြတာဆိုတော့။
တကယ်တန်းမီးကိုတွေ့တော့ အင်း ကောင်မလေးက မဆိုးပါဘူးလို့ မှတ်ချက်ချလိုက်မိပါရဲ့။ စကားပြောလဲ ပွင့်ပွင့်လင်းလင်းနဲ့ ခုမှ တွေ့ဘူးတဲ့ သူတွေဖြစ်ပေမဲ့ ရင်းရင်းနှီးနှီး ဆက်ဆံတယ်၊ ကြောင်မနေဘူး၊ သူကစကားပြောရင် သူ့ကိုယ်သူ မီးက မီးက လို့ပြောတာနဲ့ ကျနော်လဲ ရောယောင်ပြီး မီးလိုက်တယ် ဆိုပါစို့။ နာမည်ရင်းကတော့ တော်တော်ခေါ်ရခက်တဲ့နာမည်၊ ရှည်လဲရှည် မှတ်ရလဲခက်တဲ့ နာမည်မျိုးဆိုတော့ နဂိုကတည်းက နာမည်ဆို မေ့တတ်တဲ့ ကျနော့်အဖို့ မီး လို့ဘဲသူပြောသလို လွယ်လွယ်ခေါ်လိုက်တယ်ပေါ့။ သူကတော့ ကျနော့်ကို ဦး တဲ့၊
ဒီလိုနဲ့ ကျနော်တို့ရောက်လာတော့ အလာပ သလာပပြောကြ၊ ဟိုအကြောင်း ဒီအကြောင်းစပ်စုကြ ရင်းနဲ့ မိန်းမက ဒီရောက်လာပြီး ဘယ်မှမလည်ကြသေးဘူးလား မေးတော့၊ ပို့မဲ့သူမရှိလို့ ဈေးလောက်ဘဲ သွားဖြစ်ကြသေးတယ်တဲ့။ ဒီတော့ သဘောကောင်းတဲ့ မိန်းမက သူမပို့အားတိုင်း ကျနော့်ကို
“ဒါဆို အကို ညနေအလုပ်ဆင်းရင် သူတို့ကို ဒီနားက Mall လိုက်ပို့ပေးလိုက်ပါလား”
ဆိုတော့ သူတို့က အားနာတယ်နဲ့ တူတယ်၊ ငြင်းသေးတယ်။ ဒါပေမဲ့ ကျနော့်မိန်းက ကျနော့် အလုပ်က စောစောတက်ရပြီး စောစောဆင်းတယ်ပေါ့။ သူကတော့ နေ့လည်အလုပ်ဆိုတော့ ည ၁၀ နာရီမှဆင်းတော့ မပို့အားဘူးပေါ့၊ အားမနာပါနဲ့ပေါ့၊ မနက်ပိုင်း သွားစရာရှိရင်တော့ သူပို့ပေးနိုင်ပါတယ်ပေါ့။ ဘာညာနဲ့ အတင်းပြော၊ ယောက်ခမကလဲ သူလဲလိုက်မယ်ဆိုတာနဲ့ ကျနော်အလုပ်ဆင်းတာက ညနေ ၃ နာရီဆိုတော့ အလုပ်ဆင်းတာနဲ့ ဒီကိုတန်းလာခဲ့မယ်ပေါ့။ ၃ နာရီခွဲလောက် အဆင်သင့်လုပ်ထားဘို့ ချိန်းထားခဲ့တယ် ဆိုပါစို့။
အဲဒီနေ့ကတော့ စကားလေးဘာလေးပြောပြီး သူတို့ကို ခေါ်လို့ တရုတ်ထမင်းဆိုင်မှာ ကျနော်တို့လင်မယားရယ်၊ ကျနော့်ယောက်ခမရယ် ညစာ သွားစားဖြစ်ခဲ့တယ်။ ရုံးပိတ်တဲ့ နေ့ဖြစ်ပေမဲ့ သူတို့ရောက်လာတာ နောက်ကျတော့ ဘယ်မှ လိုက်မပို့ဖြစ်တော့ဘူး ဆိုပါစို့။ ပြန်မဲ့ လူကြုံ ကလဲ နောက် ၃ ရက်လောက်ဆို ပြန်မှာဆိုတော့ ကြားမှာအားချိန် ရုံးပိတ်ရက် မရှိတော့ဘူးလေ။
ထမင်းစားပြီးတော့ မိန်းမက ကျနော်တို့အိမ်ကို ခေါ်ခဲ့သေးတယ်၊ အကြောင်းပြ ချက်က သားနဲ့လဲ တွေ့ရအောင် ဆိုပါစို့၊ အိမ်ကိုကြွားချင်တာလဲ ပါမှာပေါ့လေ၊ မိန်းမတွေဆို တော့ သိတယ်မှုတ်လား။ သားက ခု အထက်တန်းကျောင်းသားဖြစ်နေပြီလေ၊ လူပျိုပေါက် ဆိုပါတော့၊ ကျနော်တို့ ဘယ်ခေါ်ခေါ် မလိုက်ချင်တော့ဘူး၊ ဒီမှာဘဲမွေးပြီး မြန်မာစကားကလဲ လုံးဝနီးပါးလောက် မတတ်၊ မြန်မာသူငယ်ချင်းအပေါင်းအသင်း ကလဲ မရှိတော့သူကကျနော်တို့ လူကြီးတွေသွားတာဆိုမလိုက်တော့ဘူး၊ သူ့ဖာသာသူ သူ့အပေါင်းအသင်းနဲ့ သူ့ တီဗီဂိမ်းနဲ့ ဘဲ နေတယ်ဆိုပါစို့။
ကျနော်တို့အိမ်က ၂ ထပ်၊ အကြမ်းဖျဉ်းပြောရရင် အပေါ်ထပ်မှာ ကျနော်နဲ့ ကျနော့် မိန်းမက မာစတာ ဘက်ရွန်းမှာ နေတယ်။ အိပ်ခန်းပို အလွတ်တခန်းရှိတယ်၊ ဧည့်ခန်းရှိတယ်၊ မီးဖိုနဲ့ထမင်းစားခန်းရှိတယ်၊ အိမ်သာအပိုတခုရှိတယ်။ အောက်ထပ်ကိုတော့ လူပျိုပေါက် ဖြစ်နေတဲ့ သားကအပိုင်ယူထားတယ်၊ သူအိပ်တဲ့ အိပ်ခန်းကျယ် တခန်းရှိတယ်၊ မိသားစုခန်းလို့ ခေါ်တဲ့ ဧည့်ခန်းလို အခန်းကျယ်တခန်းရှိတယ်၊ ရေချိုးခန်း အိမ်သာရှိတယ်၊ နောက်တော့ စတိုခန်းလို့ ပြောလို့ရမဲ့ အဝတ်လျှော်စက်၊ အခြောက်မှုတ်စက်တွေ ထားတဲ့ အခန်းတခုရှိတယ်ပေါ့။ ဒါကတော့ ကြွားတာမဟုတ်ပါဘူး၊ မိန်းမက သူတို့ကို လိုက်ပြတာတွေကို ပြန်ပြောပြတာ။
နောက်နေ့ကျတော့ ချိန်းထားတဲ့အတိုင်း သူတို့ကို ခေါ်ပြီး ရှော့ပင် စင်တာကိုလိုက်ပို့ ဖြစ်တယ်ပေါ့။ အဲဒီမှာ သူကလဲ တုံချိချိ သူ့ယောက်ခမကိုတွဲ၊ ကျနော်ကလဲ တုန်ချိချိ ကျနော့် ယောက်ခမကိုတွဲနဲ့ နဲနဲပါးပါးလျှောက်မိတော့ အဖွားကြီးတွေက မလျှောက်နိုင်တော့ဘူးတဲ့။ ဒါနဲ့ သူတို့ကို ထိုင်စရာ ကောင်းကောင်း ခုံတန်းတခုမှာ ပေးထိုင်ပြီး မီးကိုဘဲ ရှော့ပင်လိုက်ပြဖြစ်သွားတယ်။ သူကလဲ ရင်းရင်းနှီးနှီး၊ ကျနော်ကလဲ ပျော်တတ် စတတ် နောက်တတ် ဆိုတော့ တကယ့်မိတ်ဆွေရင်း တွေလိုဘဲ ဖြစ်သွားကြတယ် ဆိုပါတော့။
ပြီးတော့ အိမ်ပြန်ပို့ ကျနော်လဲ ညနေစာကို ယောက်ခမအိမ်မှာဘဲ သူတို့နဲ့ အတူစားပြီး၊ နောက်နေ့ ဘယ်သွားချင်လဲမေးတော့ သူတို့က ဘယ်မှသွားစရာမရှိပါဘူး ဆိုတာနဲ့၊ ကျနော်က ဒီက ဟန်းဘာဂါ ဆိုင်တွေရော စားဘူးပြီလား မေးကြည့်တော့ မီးက ဟင်အင်း မစားဘူးသေးဘူးတဲ့၊ ဒါဆို စားဘူးတယ်ရှိအောင် စားကြည့် မနက်ဖြန် မက်ဒေါနား ဆိုင် လိုက်ပို့ပေးမယ်ဆိုတော့ အဖွားကြီးတွေက သူတို့ မစားဘူးတဲ့။ မီး ကိုဘဲခေါ်သွားဆိုတော့ မီးကိုမေးကြည့်တော့ ခေါင်းညှိမ့်တာနဲ့မနက်ဖြန် ညနေ ၆ နာရီလောက်ချိန်းခဲ့တယ်။ မက်ဒေါနား ဆိုရင် သားတော်မောင် ကလဲကြိုက်တာမို့ သားကိုပါသူလိုက်ရင် ခေါ်ခဲ့မယ်ဆိုတဲ့ အကြောင်းပါ ထည့်ပြောခဲ့တယ်။
နောက်နေ့ သားကိုမေးကြည့်တော့ သားကလဲ လိုက်မယ်ဆိုတာနဲ့ ကျနော်နဲ့သားက မီးကို ဝင်ခေါ်ပြီး နီးနီးနားနား မက်ဒေါနားဆိုင်ကိုဘဲ လာခဲ့တယ်။ မီးက ရောက်ခါစပေမဲ့ သားနဲ့ဘိုလို ပြောတော့ အဆင်ပြေသား သူက ဒီကိုလာမယ်ဆိုတော့ အင်္ဂလိပ်စကား ပြောတက်ခဲ့တယ်ဆိုဘဲ၊ သွက်သွက် လက်လက်ကြီး မပြောနိုင်ပေမဲ့ သားပြောတဲ့ စကားကို နားလည်ပြီး အဆင်ပြေပြေ ပြန်ပြောတတ်တယ်ဆိုရမှာပေါ့။ အဲဒီကတည်းက ကောင်မလေးက မခေဘူးဆိုတာ သဘောပေါက်မိပါရဲ့။ တွေ့နေကျ ရောက်ခါစ တခြားသူတွေလို ခွေးအကြီး လှည်းနင်းသလို အိအိအအ ဖြစ်မနေဘူး။ ပြောသာပြောရတယ်၊ ကျနော်တို့လဲ ရောက်ခါစ ကဆို ခွေးအကြီး လှည်းနင်းသလိုပါဘဲ။ ကျနော်တောင် သူ့ကို ချီးကျူးမိတယ်၊ ညီးကမဆိုးဘူး ပြောတတ်သားလို့၊ ငါတို့ရောက််ခါစ ကဆို ရက်စ် နဲ့ နိုး ဘဲပြောတတ်တာ၊ ဘဲထီးတောင် မဂွတ် တတ်ဘူးဆိုတော့ သူကရယ်တယ်။
သူတို့အစီအစဉ်က ဒီလို၊ ခု တလလောက်အတွင်းမှာ အကျဉ်းခြုံး မင်္ဂလာဧည့်ခံ ပွဲလေး တရုပ်ထမင်းဆိုင် တခုခုမှာလုပ်မယ်ပေါ့၊ ပြီးတော့ သူ့ယောက်ကျားက ခွင့်တပတ်ယူပြီး ဟန်းနီးမွန်း တနေရာရာ သွားမယ်၊ အဖွားကြီးကတော့ ခုတောင် နေရတာ ပျင်းနေပြီဆိုတော့ နောက် တလ ၂ လလောက် နေပြီး ပြန်တော့မယ်တဲ့။
ဒါနဲ့ဘဲ သူတို့ပြန်သွားပြီး မင်္ဂလာဆောင်ဖိတ်တော့ သူတို့နေတဲ့ မြို့ကိုသွား ဖြစ်သေးတယ်၊ မိသားစုလိုက် သွားဖြစ်တယ်ဆိုပါစို့၊ သူတို့မှာက ဆွေမျိုးလဲ သိပ်မရှိတော့ ရှိတဲ့ စပ်မှ တော်တဲ့ ဆွေမျိုးနဲနဲရယ်၊ နီးစပ်ရာ လုပ်ဖေါ်ကိုင်ဘက် အပေါင်းအသင်းတွေရယ်၊ အဖွားကြီးအသိမိတ်ဆွေတွေရယ်၊ အတင်းလိုက်သိလိုက် တဲ့ သူတွေရယ်နဲ့ဆို စုစုပေါင်းမှ ၁၀ ဝိုင်းစာလောက်ပေါ့။ ကျနော့်တို့မိသားစုဘဲ တဝိုင်းစာ၊ ကျနော့်မိသားစုက ၃ ယောက်၊ ယောက်ခမနဲ့ သူ့ နောက်သမီး တယောက် မိသားစု၊ ကျနော့်မိန်းမရဲ့အမ၊ ကျနော့်ခယ်မပေါ့လေ၊ ပြီးတော့ အဲဒီခယ်မရဲ့ သမီး လင်မယား တဝိုင်းစာ၊
သူ့ယောက်ကျားကတော့ အင်မတန်ရိုးတဲ့ အစားထဲက၊ ပြောရင်ယုံမှာတောင် မဟုတ်ဘူး၊ အရက်လဲ မသောက်တတ်ဘူး၊ မတဲ့လို့တဲ့ လို့ပြောတာဘဲ၊ မင်္ဂလာဆောင်တဲ့ နေ့ကတော့ သူ့သူငယ်ချင်းတွေ အတင်းတိုက်လို့ တငုံ နှစ်ငုံသောက်လိုက်တာ မျက်နှာကြီးကို နီရဲ နေတာဘဲ၊ ကျနော်ကတော့ ဘာပြောကောင်းမလဲ၊ အဲလို ပွဲမျိုးစောင့်နေတာ၊ သောက်တာပေါ့၊ မိန်းမကိုလဲပြောထားပြီးသား အပြန်နင်ကားမောင်းလို့ ငါကတော့ အမူးသောက်မှာလို့၊ ပြောမှာ သာပြောရတယ် သူကသိပြီးသားပါ၊ အဲလိုပွဲမျိုးဆို ကျနော် မမူးဘဲ အိမ်ပြန်တာ ရှိမှ မရှိဘူးဘဲ။
အကျဉ်းခြုံးပေမဲ့ မင်္ဂလာပွဲတိုင်းကတော့ ပျော်စရာပါဘဲ၊ အရက်ဝင်သွားတော့ လူတွေက နဲနဲလွတ်ပြီး သတို့သားနဲ့ သတို့သမီးကို နောက်ကြ၊ ခန ခန နမ်းခိုင်းကြ၊
ပြီးတော့ ထုံးစံအတိုင်း ဟိုဟာလုပ်ခိုင်း၊ ဒီဟာလုပ်ခိုင်းကြ၊ သီချင်းကလဲ မြိုင်မြိုင်ဆိုင်ဆိုင်ဖွင့်ထားတော့ ကတဲ့ သူတွေကလဲ ထကကြ၊ သိတယ်မှုတ်လား ကျနော်တို့ မြန်မာတွေက ရောမလိုကျင့်ရမယ်ဆို နံပါတ်တစ်၊ ဟဲဟဲ ကျနော်လဲ ပါတာပေါ့၊ သူများကိုချည်းအပြစ်ပြောလို့ဘယ်ဖြစ်မလဲ၊ ပြီးတော့ သတို့သားနဲ့ သတို့သမီးကို အရက်အတင်းတိုက်ကြ၊ သတို့သားကတော့ လာသမျှခွက် တွေကို အတင်းငြင်းပေမဲ့၊ သတို့ သမီးက အားနာလို့ ထင်ပါရဲ့ သူ့ယောက်ကျားအစား တငုံပြီး တငုံသောက်ပေးရှာတယ်၊ မင်္ဂလာ ပွဲလဲပြီးရော သတို့သမီးခမျာ ကောင်း ကောင်းတောင်မရပ်နိုင်လို့ သတို့သားက တွဲထားပေး ရတယ်။
မင်္ဂလာပွဲပြီးတော့ နောက်ရက်မှာ သူတို့လဲ မာယာမီကိုလား ဟန်းနီးမွန်းတပတ် သွား ကြတယ် ပြောတာဘဲ၊ အဖွားကြီးကတော့ မင်္ဂလာပွဲအပြီးမှာ တယောက်တည်း အိမ်မှာမနေရဲလို့ ကျနော့်တို့နဲ့ လိုက်ခဲ့ပြီး သူ့သူငယ်ချင်း ကျနော့် ယောက်ခမ အိမ်မှာဘဲ တပတ်နေသွား သေးတယ်၊ သူတို့ ဟန်းနီးမွန်းကအပြန်မှာတော့ သူတို့ ကိုယ်တိုင်ဘဲ လာပြန်ခေါ်သွားတယ်၊ ကျနော်နဲ့တော့ မတွေ့ဖြစ်လိုက်ပါဘူး။
ဒါကတော့ မီးနဲ့စတွေ့ပုံ အကျဉ်းခြုံးလေး ဆိုပါတော့။ နဲနဲတောင်ကျယ် သွားသလားမသိဘူး။
...................................................................................................................................
အခန်း ( ၂ )
ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ပါဘဲ။ ကျနော်လဲ သူတို့အကြောင်း မကြားမိတော့ပါဘူး။ တနေ့ အိမ်ရောက်ပြီး ထုံးစံအတိုင်း ဆိုဖာပေါ်လှဲလို့ တီဗီကြည့်နေတုန်း တိန်းတောင် တိန်း တောင်နဲ့ လက်ကိုင်ဖုန်းကထအော်လို့ နံပါတ်ကိုလှမ်းကြည့်လိုက်တော့ တခါမှမတွေ့ ဘူးတဲ့ နံပါတ်ဖြစ်နေပါရော။ ဖုန်းမှားတာများလားမသိဘူး ဆိုပြီး ထူးလိုက်တော့
“ဟဲလို”
“ဦးလား”
“ဦးတော့ဦးဘဲ၊ ဘယ်ဦးကို လိုက်ရှာနေတာလဲ၊ ဘယ်သူလဲ”
“မီးလေဦးရဲ့၊ မမှတ်မိဘူးလား၊ ဒေါ်စိန်ရွှေ့ချေွးမလေ၊ ဟိုတခါ ဦးတို့ဆီတောင် လာလည်သွားတာလေ”
“အော် အော် သိပြီ၊ ဘယ်လိုလဲ နင်တို့ အဆင်ပြေကြလား”
“ပြေပါတယ်ဦးရဲ့၊ ဦးကို အကူအညီတခုလောက်တောင်းမလို့”
“ရပါတယ်၊ ဘာများလဲ”
“ဟိုလေ ဦးရဲ့၊ မီး လက်တော့ တလုံးလောက်ဝယ်မလို့၊ အဲဒါ နဲနဲကောင်းကောင်းလေးနဲ့ ဈေးလျှာ့တာလေး ဦးကိုမေးမလို့”
“ရပါတယ်ဟ၊ ငါကြည့်လိုက်မယ်လေ၊ ဘယ်လောက်တန်လောက်ဝယ်မလို့လဲ”
“ငါးရာ ခြောက်ရာလောက်ပေါ့”
“အေးအေး အဲဒီဈေးလောက်ဆို ကောင်းကောင်းလေးရပါတယ်၊ ငါရှာကြည့်လိုက်မယ်၊ တွေ့ရင် ဖုန်းပြန်ဆက်လိုက်မယ်လေ၊ ဒီနံပါတ်က နင့်နံပါတ်လား”
“ဟုတ်တယ်ဦး၊ အဲဒါ မီးဖုန်း”
“အေး အေး ငါမှတ်ထားလိုက်မယ်၊ တွေ့ရင် ငါပြန်ဆက်လိုက်မယ်၊ ငါအခုဘဲ အင်တာနက်က နေရှာကြည့်လိုက်မယ်”
“မလောပါဘူးဦး ဖြေးဖြေးရှာပါ”
“အေးပါ၊ ရပါတယ်၊ ငါလဲ ခုအားနေတာဘဲ၊ ဒါနဲ့ နင်အခု အလုပ်လုပ်နေပြီလား”
“မလုပ်သေးဘူးဦး၊ သူကလဲမလုပ်နဲ့တဲ့၊ မီးကလဲ ဘယ်မှလဲမသွားတတ်၊ ဘယ်မှာအလုပ်သွား ရှာရမှန်းတောင် မသိဘူး၊ သူကလဲ တနေ့တနေ့ အားတယ်ကိုမရှိဘူး၊ မနက် ၁၀ နာရီလောက် အလုပ်သွားရင် ည ၉ နာရီလောက်မှ ပြန်ရောက်တာ၊ မီးတနေ့ တနေ့ အိမ်မှာပျင်းလိုက်တာ၊ သူ့အမေကလဲ ဟိုတပတ်က ပြန်သွားပြီလေ၊ ခု ကွန်ပြူတာဝယ်ပြီး တိုက်ပင်ရိုက်တာလေး ဘာလေး ကျင့်မလို့၊ အဲဒါ ဘယ်မှာဝယ်ရင် ကောင်းမလဲဆိုတော့ ဦးက နားလည်တော့ ဦးကိုလှမ်းမေးတာ”
“အော် ပြန်သွားပြီလား၊ ငါတောင်မသိလိုက်ဘူး”
“ကြီးမေသိတယ်လေ ဦးရဲ့၊ ကြီးမေ မပြောဘူးလား၊ ရာသီဥတုက အေးတော့ အရိုးအဆစ် တွေကိုက်တယ်ဆိုပြီး မနေနိုင်ဘဲ ပြန်သွားတာ၊ အဲဒါ နွေကျမှ ပြန်လာလို့တော့မှာထားတာဘဲ”
“မပြောဘူး၊ ငါလဲ သူတို့အိမ်မရောက်တာ ကြာပြီ၊ ငါ့မိန်းမတော့ သိချင်သိမှာပေါ့၊ လူကြီး ဆို တော့ ဒီလိုပါဘဲ ဘယ်နေနိုင်မလဲ၊ ငါနဲ့ ငါ့မိန်းမလဲ တပတ်မှာ အလုပ်ပိတ်ရက်၂ ရက်လောက် ဘဲ မျက်နှာချင်းဆိုင်ဆုံတာဟ၊ သူအလုပ်ကပြန်လာတဲ့အချိန်ဆို ငါအိပ်ပြီ၊ မနက်ဆို သူမထ သေးဘူး ငါကအလုပ်သွားပြီဆိုတော့ တအိမ်ထဲနေပြီး မဆုံဘူးဟ၊ သူနဲ့ငါလဲ ကြားရက်ဆို ဖုန်းနဲ့ဘဲ အရေးကြီးတာပြောရတာ၊ ဒါနဲ့ငါ့နံပါတ်ဘယ်ကရလို့လဲ”
“ကြီးမေကို လှမ်းမေးလိုက်တာလေ”
“အော်၊ အေး ပျင်းရင်လဲ ငါ့ဆီ ဖုန်းဆက်ပြီးစကားပြောပေါ့၊ ငါလဲ အလုပ်ကပြန်ရောက်ရင် အိမ်မှာ စကားပြောဖေါ်မရှိဘူး၊ ငါ့သားကလဲ သူကျောင်းကပြန်ရောက်ရင် သူ့အလုပ်နဲ့ သူ ရှုတ်နေတာ၊ ဒါနဲ့ နင့်ဖုန်းက ဘယ်ကယူတာလဲ အေတီအန်တီ ကလား”
“ဟုတ်တယ်ဦး အေတီအန်တီ ဘာဖြစ်လို့လဲ”
“အော် ငါ့ဖုန်းလဲ အေတီအန်တီကလေ၊ အေတီအန်တီချင်းတူတော့ ဘယ်အချိန်ဆက်ဆက် အလကားဆက်လို့ ရတာပေါ့”
“အော် အင်း အင်း ဟုတ်တယ် ဟုတ်တယ်၊ ဒါဆိုရင် အတော်ဘဲ မသိတာဆို ဦးကိုဘဲ လှမ်း ဆက်ပြီးမေးရမယ်”
“ရပါတယ်ဟ၊ မသိတာဆို ငါ့မေး၊ မစင်တာဆို နင့်ဟာနင်ဘဲဆေး မဟုတ်ဘူးလား ဟား ဟား ဟား”
“ဦးကလဲ”
“ဟား ဟား ဟား ရပါတယ်၊ မေးပါ၊ သိတာဆိုပြောပြ၊ မသိတာဆို ရမ်းရွှီးပေါ့ မဟုတ်ဘူးလား”
“အင်းပေါ့၊ ရမ်းရွှီးလဲ မီးမှမသိတာ ယုံရမှာပေါ့”
“ကြိုက်ပြီ ငါလဲ အဲလို လူမျိုးလိုချင်နေတာ၊ ခုင့ါမှာ ရွှီးချင်ရင်တောင် မေးမဲ့သူမရှိလို ဒုက္ခ ရောက်နေတာနဲ့ အတော်ဘဲ”
“ခစ် ခစ် မီးလဲ မေးစရာတွေက များပြီး ဖြေမဲ့သူမရှိလို့ ဒုက္ခရောက်နေတာ၊ ခုမှ ဆရာ တွေ့တယ်၊ နောက်မှ ဒီကောင်မလေး အမေးအမြန်းထူတယ်ဆိုပြီး မငေါက်နဲ့”
“ဟား ဟား ဟား ဟား”
အဲဒီကနေစလို့ ကျနော်လဲ မီးနဲ့ စပြီးအဆက်အသွယ်ရသွားတယ် ဆိုပါစို့။ ကျနော်လဲ သူ့နံပါတ် ကို ဖုန်းထဲမှာ မှတ်လိုက်တယ်၊ သူ့နာမည်ကို စဉ်းစားလို့ မရတော့တာနဲ့ လွယ်လွယ်ဘဲ ဖုန်းထဲ Mii ဆိုပြီးထည့်လိုက်တယ်။
ဒါနဲ့ဘဲ သူနဲ့ဖုန်းပြောအပြီး ကျနော့် လက်တော့လေးနဲ့ အင်တာနက်ထဲ ရှာကြည့်တော့ လက်တော့ ကောင်းကောင်းတွေက ဈေးမချသေးဘူး၊ ပြီးတော့ သူ့ဆီဖုန်းပြန်ဆက်ပြီး တပတ် လောက်စောင့်ဘို့ ဈေးချတာ နဲ့ ပြန်ပြောမယ်ဆိုတာပြောပြီး နင်ခု ဘာလုပ်နေလဲမေးတော့ ညနေစာ အတွက် ဟင်းချက်မလို့ဆိုလို့ အေး အေး ချက် ချက် ဆိုပြီး ဖုန်းချလိုက်တယ်။
မိန်းမဖုန်းဆက်လာတော့ စကားစပ်မိပြီးပြောပြဖြစ်သေးတယ်။ အဲဒီကောင်မလေးပေါ့၊ ငါ့ဆီဖုန်းဆက်ပြီး ကွန်ပြူတာ ရှာခိုင်းတယ်ဆိုတော့ မိန်းမကလဲ ရှာပေးလိုက်လေ တဲ့။
......................................................................................................................
အခန်း ( ၃ )
နောက်နေ့ အလုပ်ကပြန်ရောက်ပြီး ဆိုဖာပေါ်ထိုင်လို့ တီဗီ ရီမုတ် ကိုကောက်ကိုင်ရုံ ရှိသေး ဖုန်းမြည်လာတာနဲ့ ကြည့်လိုက်တော့ မီး ဖြစ်နေတယ်။ ကျနော်လဲ ပေါ့ပေါ့ပါးပါး
“ရဲလို”
“ခစ် ခစ် ဦးကလဲ စကားလဲ မပီဘူး ရဲလို တဲ့”
“ဟ ဘယ်ကလာစကားမပီရမှာလဲ ဒီမှာ ဒီလိုဘဲ ရင်းနှီးတဲ့ သူဆို တမင်သက်သက် ရဲလို ဆိုပြီး ထူးတာ၊ နင် မသိဘူးလား”
“တကယ်ဟုတ်လို့လား လာမရွှီးနဲ့”
“အော် ခက်ပကော၊ ရွှီးစရာလား၊ တနေ့တနေ့ နင်အိမ်မှာ ဘာလုပ်နေလဲ တီဗီလေး ဘာလေး ကြည့်တာမဟုတ်ဘူး၊ တီဗီမှာ ဒါတွေပါတာဘဲ”
“ကြည့်ပါတယ်၊ တခါမှမတွေ့ဘူးဘူး”
“နင်ကဘာတွေကြည့်လို့လဲ”
“ဂိမ်းရှိုးတွေလေ၊ ဂိမ်းတွေကစား ပိုက်ဆံတွေ အများကြီးရတဲ့ ရှိုးတွေလေ”
“အဲဒါတွေထဲမှာတော့ ဘယ်ပါမှာလဲဟ၊ ဒါတွေက ဂိမ်းတွေဘဲပြတဲ့ဟာ၊ စကားပြောခန်း တွေ များများပါတဲ့ တီဗီဆီးရီးတွေ မကြည့်ဘူးလား၊ ဟာသ ဆီးရီးတွေလေ ရီလဲရီရတယ်၊ အထူး အဆန်းစကားတွေလဲပါတော့ စကားလဲတတ်တာပေါ့”
“ကြည့်တော့ကြည့်တယ်ဦးရဲ့၊ သိပ်နားမလည်ဘူး၊ ဘာကြည့်ရမှန်းလဲမသိဘူး၊ ကောင်းတာ ပြောလေ၊ မီးကြည့်မယ်”
“အင်း ကောင်းတာကတော့ အများကြီးဘဲပေါ့၊ ဒါပေမဲ့ ငါကြိုက်တဲ့ Friends တို့ Everybody Love Raymond တို့ အရင်ကြည့်ကြည့်လေ၊ Friends ကတော့ သူငယ်ချင်း ၆ ယောက် ဇတ်လမ်း၊ Everybody Love Raymond ကတော့ အိမ်ထောင်ရေးဇတ်လမ်း၊ ကောင်းတယ် ဟ၊ ရီလဲရီရတယ် သဘာဝလဲကျတယ်”
“ဘယ်မှာလာတာလဲ”
“အင်း နင်တို့ဆီကနဲ့ ငါတို့ဆီက Channel ကတူချင်မှတူမယ်၊ ဒါပေမဲ့ ရှာကြည့်လေဟာ၊ ABC တို့ CBS တို့ FOX တို့ TBS တို့ အဲဒီ Channel တွေမှာ များသောအားဖြင့် လာတတ်တယ်။ ဘယ်အချိန် ဘာပြမယ်ဆိုတာ အင်တာနက်ကကြည့်လိုက်ရင်ရတယ်၊ နင့်ယောက်ကျား ကွန် ပြူတာနဲ့ ကြည့်လိုက်ပါလား”
“မရှိဘူးဦးရ၊ သူကွန်ပြူတာမဝယ်ထားဘူး၊ သုံးမတတ်လို့တဲ့”
“ဟေ၊ တကယ်လား၊ နင်ရောသုံးတတ်လား”
“တကယ်ပေါ့ဦးရဲ့၊ မီးကတော့နဲနဲပါးပါး တတ်ပါတယ်၊ မြန်မာပြည်မှာ သင်ခဲ့တယ်လေ၊ ဒီကို လာဘို့ စောင့်တုန်း သင်တန်းပေါင်းစုံလျှောက်တက်လာတာ ခစ် ခစ်”
“ကွန်ပြူတာရှိလဲ အင်တာနက်ရှိမှဟ၊ အင်တာနက်လိုင်းမရှိရင် သိပ်အသုံးမဝင်ပါဘူး”
“အင်တာနက်က ရမယ်ဦးရေ့၊ အပေါ်ထပ် တရုပ်မိသားစုက အင်တာနက်ကို သူတို့နဲ့ ရှယ်ယာ သုံးလို့ရတယ်တဲ့”
“တယ်ဟုတ်ပါလား”
“အဲဒါကလဲ စကားစပ်မိလို့၊ သူ့မိန်းမက သဘောကောင်းတယ်၊ တွေ့တိုင်းနှုတ်ဆက်တာ၊ အဲဒါ အင်တာနက်က ဘယ်လိုတတ်ရလဲ မေးတော့ သူတို့မှာ အင်တာနက် ဝါယာလက်စ် လဲရှိတယ်တဲ့၊ သူတို့ဆီကယူသုံးတဲ့”
“အဲဒါဘယ်လောက်ပေးရမလဲမေးတော့ သူက သူ့ယောက်ကျားနဲ့ တရုတ်လို ကွိကွိကွကွ ကွိကွိကွကွ နဲ့ပြောပြီး သူတို့က တလ ၃၀ ပေးရတယ်တဲ့ မီးကို တဆယ်ဘဲပေးတဲ့၊ အဲဒါ မီးက တယောက်တဝက်ဆိုတော့ မဟုတ်ဘူး တဆယ်ဆိုရပြီဆိုပြီးအတင်းပြောတာ”
“ခု ကွန်ပြူတာဘဲ စောင့်နေတယ်ပေါ့”
“အင်းပေါ့”
“သိပါဘူး၊ ငါက ရှိပြီးသားမှတ်လို့၊ ဒါဆိုလဲ အမြန်ရှာလိုက်မယ်”
“ရပါတယ်၊ သူကလဲ တနင်္ဂနွေမှ အားတာဆိုတော့ တနင်္ဂနွေမှ သွားဝယ်လို့ရမှာ”
“ဒါဆိုလဲ ဒီတနင်္ဂနွေ ကြည့်လိုက်မယ်၊ စနေဆို ဘယ်ဟာတွေဈေးလျှော့တယ်ဆိုတာ ကြော်ငြာ ထွက်ပြီ၊ နင်က တိုက်ပင်တွေဘာတွေ ကျင့်မှာဆိုတော့ နဲနဲကြီးကြီးလေး ဝယ်ပေါ့”
“အရမ်းအကြီးကြီး မဟုတ်ဘူးနော်”
“အရမ်းတော့မကြီးပါဘူး၊ ငါအခုကိုင်ထားတာက ၁၄ လက်မ၊ နင်ဆိုရင် ၁၆ လက်မလောက် ယူပေါ့၊ အဲဒါကောင်းတယ်၊ နဲနဲကြီးတော့ ကီးဘုတ်ကလဲ နံပါတ်ကီးပါ ဘေးကပါတယ်၊ နဲနဲပစ္စည်းစုံတာလေးပေါ့၊ ကင်မရာပါတာ၊ ဘလူးတု ပါတာလေးဝယ်လိုက်ပေါ့”
“ဦး ဂွတ်မယ်ထင်သလိုသာ ဒူးထည့်လိုက်လေ၊ မီးက သိပ်တော့မသိဘူး၊ ဂွတ်တယ်ဆို ဒူးသာ ဒူး၊ ခစ် ခစ် ဒါပေမဲ့ ဈေးအများကြီးမလုပ်နဲ့ မီးကဝင်ငွေမရှိသေးဘူး၊ သူ့ကိုဝယ်ခိုင်းရမှာ တော်ကြာ ဈေးကြီးလွန်းရင် မျက်ဖြူဆိုက်ပြီးတက်နေအုံးမယ် ခစ် ခစ်”
“အမယ် နင့်ယောက်ကျားက ဒီလောက်ဝင်ငွေကောင်းတာ တပတ်ကို ၆ ရက်လောက် အလုပ်လုပ်ပြီး ၁၀ နှစ်လောက်စုထားတာ၊ နင်မှမဖြုန်းရင် ဘယ်သူဖြုန်းမလဲ မဟုတ်ဘူးလား”
“အမလေး ဖြုန်းလို့မရဘူး ဦး၊ ခု အိမ်ဝယ်မလို့တဲ့၊ အသီးအရွက်တောင်ဝယ်မစားဘူး၊ ဈေးပေါ တဲ့ ကြက်သားချည်း စားနေတာ၊ ည ည လင်မယား စကားပြောရင် ကတော် ကတော်နဲ့ ကြက် သံတောင်ပေါက်နေပြီ ခစ် ခစ် ခစ် ခစ်”
“ဟား ဟား ဟား ဟား၊ ဒါဆို ငါလဲ နင့်ကို ကြက်လိုပြောကြည့်အုံးမယ် ကတော် ကတော် ကတော်”
“ခစ် ခစ် ခစ် ခစ် ကတော် ကတော် ကတော် ကတော် နားလည်လား ခစ် ခစ် ခစ် ခစ်”
“ဟား ဟား ဟား ကတော် ကတော် ကတော် နားလည်တယ် ဟား ဟား ဟား”
ဒီလိုနဲ့ ကျနော်လဲ အားရပါးရ မရီရတာကြာလို့လားမသိဘူး၊ မီးနဲ့ စကားပြောရတာ ရယ်စရာ မောစရာနဲ့ ပျော်စရာကောင်းသား၊ ဒီလိုနဲ့ဘဲ ဟိုအကြောင်း ဒီအကြောင်း အစုံ စကားကြာကြာ ပြောဖြစ်ရော၊ သူလဲ ရောက်ကတည်းက ဒီလို လွတ်လွတ်လပ်လပ်စကားမပြောဖြစ်ဘူးတဲ့၊ ဦး နဲ့စကားပြောရတာ ပျော်စရာကောင်းတယ်ဆိုတဲ့အကြောင်း ဖုံးမချခင် ပြောသွားသေး။
........................................................................................................................
အခန်း ( ၄ )
၂ ရက်လောက်ဆက်တိုက် မီးဆီကဖုန်းလာထားတော့ ခုလဲ မီးဆီက ဖုန်းများလာ မလားဆိုပြီး တီဗီကြည့်ရင်း စောင့်နေတာ ဘာဖုန်းမှမလာ၊ ဒါနဲ့ ဘာများဖြစ်တာလဲဆိုပြီး သူ့ဆီ ဖုန်းလှမ်းဆက်လိုက်တော့
“အမလေး ဝမ်းသာလိုက်တာ ဦးရယ်”
ဆိုင်းမဆင့် ဗုံမဆင့် ဟဲလို တွေ ရဲလို တွေမထူးဘဲ ပြောချလိုက်တာကြောင့် ကျနော် ရုတ်တရက်ကြောင် သွားတယ်၊
“ဘာဖြစ်လို့လဲ ထီပေါက်လို့လား”
“ဘယ်ကလာ ထီပေါက်ရမှာလဲ၊ မီးကချည်း ဦးဆီဆက်နေတာ ဦးက မီးနဲ့ စကားပြော ချင်မှန်းမသိ၊ မပြောချင်မှန်း မသိဆိုတော့ အဲဒါ ပြောချင်လား မပြောချင်လား သိချင်လို့ တမင် မဆက်ဘဲ အောက်ထားတာ၊ ခု ဦးဆီက ဖုန်းလာတော့ ဝမ်းသာသွားတာပေါ့”
“အောင်မြတ်လေးဟဲ့”
“ဘာ အောင်မြတ်လေးလဲ မီးက တကယ်ပြောတဲ့ဟာကို . . ”
“အေးပါ ငါကလဲ ညီး တကယ်ပြောတာမဟုတ်ပါဘူးလို့ မပြောပါဘူး၊ တခါတည်း ညီးတို့ မိန်းမ တွေဟာ ပိုကိုပိုတယ်၊ ဆက်ချင်တာများ ဆက်လိုက်ပေါ့၊ ငါက ညီးဆက်လာမလားဆိုပြီး စောင့်နေတာ၊ မဆက်လာ တော့ ဘာများဖြစ်နေလဲဆိုပြီး စိတ်တောင်ပူရသေး”
“အမယ် ဦးလား ပူမှာ၊ အပိုတွေ၊ မီးက တကယ်သိချင်လို့ စမ်းကြည့်တာ၊ ဒီနေ့ တကယ် ဦးကသာ မဆက်ရင် မီးက မီးခင်သလို ဦးမခင်ဘူးလို့ စိတ်ထဲက တကယ်ယုံသွားမှာ သိလား”
“အောင်မြတ်လေးဟဲ့၊ ခင်ပါတယ် ခင်ပါတယ်ဗျား၊ ဒါနဲ့ မနက်ဖြန်ရော ဒီလိုဘဲ စမ်းသပ် အုံးမှာလား”
“စမ်းတော့ဘူး၊ ဦး တကယ်ခင်တယ်ဆိုတာ ယုံသွားပြီ၊ နောက်ဆိုရင် မီးကသတိရရင် မီးက ဆက်မယ်၊ ဦးက သတိရရင် ဦးကဆက်ပေါ့”
“အင်း အင်း ဟုတ်ပါပြီ၊ ဒီနေ့ ဘာတွေထူးလဲ လုပ်ပါအုံး”
“ဒီနေ့တာ့ဘာမှမထူးပါဘူး၊ မိုးလင်းကတည်းက ဦးက တကယ်ခင်လား မခင်လား သိအောင် ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတာနဲ့ ထူးခြားတာတွေတောင် သတိမထားမိဘူး”
“မှုတ်ဘူးလေ၊ မနေ့ပြောတဲ့ မျက်ခုံးလှုတ်တာတို့ နှုတ်ခမ်းလှုတ်တာတို့”
“အဲဒါကိုဘဲ ပြောတာပေါ့၊ သတိတောင် မထားမိပါဘူးဆိုမှ၊ ဦးကို မေးရင်တော့ ခင်တယ်လို့ဘဲ ကျိမ်းသေပြောမှာ ဆိုတာသိနေတယ်လေ၊ ဒါပေမဲ့ ဒါက တကယ်လား မတကယ်လား ဆိုတာ မသိနိုင်ဘူးမှုတ်လား၊ အဲဒါ ဦးတကယ်ခင်ရင် ဆက်လာပါစေဆိုပြီး အဓိဌာန် နဲ့ စမ်းတာ ခစ် ခစ်”
“အောင်မြတ်လေးဟဲ့ . . ပြောပါအုံး ဘယ်လိုများ အဓိဌာန်လိုက်သလဲဆိုတာ”
“မပြောပါဘူး၊ ခု အဓိဌါန် အောင်သွားပြီ၊ မီးလဲ ပျော်သွားပြီ၊ ဦးတကယ်ခင်တယ်ဆိုတာ မီး သိသွားပြီဆိုတော့ ဘာမှ အားနာစရာမလိုတော့ဘူးပေါ့၊ ဟုတ်ဘူးလား၊ ခုထဲကပြောထားမယ် နော် မီးကတော့ ခင်ပြီးရင် အားမနာ တတ်ဘူး”
“အောင်မြတ်လေး”
“ဦးနော် ဘာဖြစ်နေတာလဲ၊ တချိန်လုံး အောင်မြတ်လေး အောင်မြတ်လေးနဲ့”
“ဘာဖြစ်ရမှာလဲ ညီးအဓိဓ္ဓါန်ကြီးက အောင်သွားတော့ ငါက အောင်မြတ်လေး လို့ အော်ဘို့ဘဲ ရှိတော့တာပေါ့”
“ဘာဆိုင်လို့လဲ ဦးကလဲ”
“သိဘူးလေ၊ ညီးက ကျုပ်ခင်ကြောင်း သိသွားတော့ ကျုပ်ကို အနိုင်ကျင့်တော့မယ်ပေါ့၊ ဒီတော့ ကျုပ်က အောင်မြတ်လေးကိုဘဲ အာဂုံဆောင်ရတော့မှာပေါ့ မှုတ်ဘူးလား ဟား ဟား ဟား”
“အမယ် အရမ်းကြီးတော့ အနိုင်မကျင့်ပါဘူးနော်၊ ဂုန်းပိုးတက်စီးရုံလောက်ပါဘဲ၊ ခစ် ခစ် ခစ် အဲတော့ ကန်တော့ နော် ကန်တော့ ဆောရီး ဆောရီး လူကြီးကိုမရိုမသေပြောမိပြီ ငရဲကြီးတော့မှာဘဲ”
“ဟား ဟား ဟား ဟား သေချာတယ် ဟော ငရဲမင်းကြီးက ခွေးပုရပိုဒ်ကြီးနဲ့ ညီးကိုမှတ်သွားပြီ ဟား ဟား ဟား”
“ဦးနော် ဦးက မီးကို ငရဲကျစေချင်တယ်ပေါ့လေ”
“ဟဲ့ ငါကတော့ ဘယ်ကျစေချင်မှာလဲဟ၊ ဒါပေမဲ့ ငရဲမင်းကြီးက သူ့အလုပ်သူလုပ်တဲ့ဟာ ငါဘယ်လိုတားမလဲ”
“ဘယ်ကလာ ငရဲမင်းက သူ့အလုပ်သူလုပ်ရမှာလဲ၊ ဦးက မီးကိုအပြစ်ယူပြီးတိုင်မှ သူက လာမှတ်မှာ၊ ဦးမတိုင်ရင် သူဘာမှမလုပ်ဘူး၊ သူ့ရုံးခမ်းမှာ သူ့ဟာသူ ဇိမ်နဲ့နှပ်နေမှာ”
“အမ် . . ဒီလိုရှိတယ်လား ငါတခါမှ မကြားဘူးပါလား”
“ဦးတို့ခေတ်တုန်းကတော့ ငရဲမင်းကြီးက အလုပ်ကြိုးစားတော့ မတိုင်လဲ မှတ်ချင်မှတ်မှာပေါ့၊ ခု မီးတို့ခေတ်ကျတော့ ငရဲမင်းကြီးလဲ မမှတ်နိုင်တော့ဘူး၊ မကောင်းတာလုပ်တဲ့လူက များတော့ ငရဲမင်းကြီးက သူ့ ခွေးသရေပိုဒ်ကြီးကို ချွေတာတဲ့အနေနဲ့ တိုင်တဲ့သူရှိမှဘဲ မှတ်တော့တယ်၊ သိပလား”
“အော် ဒီလိုလား အဲဒီကြေညာစာ ငါတောင်မတွေ့လိုက်ဘူး”
“ဘယ်တွေ့မှာလဲ ဦးက ဒီရောက်နေတာ ကြာပြီတဲ့ဟာ၊ ဟိုး . . . လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က သင်္ကြန်စာမှာ အတိအကျကိုပါတာ”
“အောင်မြတ်လေး . . ခုမှဘဲ ဒီအကြောင်းသိတော့တယ်”
“ခု သိပြီဆိုရင်ပြော၊ ဦးက ငရဲမင်းကြီးကို တိုင်မလား မတိုင်ဘူးလား”
“မတိုင်ပါဘူးဗျာ မတိုင်ပါဘူး”
“တကယ်နော် ဦး ကတိ ကတိ၊ မီးဘာပြောပြောမတိုင်ဘူးနော် ကတိ နော် ကတိ”
“အေးပါဟ”
“ဦးကလဲ ဦးကို မီးက မလေးစားလို့မဟုတ်ပါဘူး၊ ခင်လို့ပါ၊ မီးက ဒီမှာတခြားသူငယ်ချင်းမှ မရှိ တာ ဦးကိုဘဲ မီးကခင်ရတော့ မီးက ပါးစပ်ကထွက်ရာပေါက်ကရတွေ လျှောက်ပြော မိတာပေါ့”
“ငါသိပါတယ်ဟ၊ ညီးကလဲ၊ ငါလဲ ညီးနဲ့တွေ့မှ နှစ် ၂၀ လောက်ပြန်ငယ်သွားသလိုဘဲ ဟား ဟား”
“အမယ် ဦးက နုပါတယ်နော်၊ မသိရင် မီးနဲ့ ရွယ်တူလောက်ထင်ရတာ”
“ဟဲ ဟဲ ဟဲ နင်တော့လား တွေ့မှ မုန့် ကောင်းကောင်းကျေွးဝယ်ရမယ်၊ ခုတော့ အကြွေးမှတ် ထား”
“အမယ် မုန့်ချည်းဘဲ မစားပါဘူးနော်၊ မီးစားချင်တာတွေ အကုန်လျှောက်စားပြစ်မှာ ဦးလိုက် ကျွေး”
“ကျွေးပါတယ်ဗျာ၊ ကျွေးပါတယ်”
တွေ့စကတော့ မီးကို ခုလောက် ကလေးဆန်မယ်မှန်းမသိ၊ ခု ပေါင်းကြည့်မှ အကြောင်းကောင်းကောင်း သိတော့တယ်။ ကျနော်တောင် နေရင်းထိုင်ရင်း ကလေးနဲ့ ပေါင်းပြီး ကလေးကြီး ဖြစ်နေပြီလားမသိ၊ မီးကတော့ ပြောတာဘဲ သူ့နဲ့ ရွယ်တူလောက် ထင်ရ တယ်တဲ့။ ဟဲ ဟဲ ဟဲ ထိုးထိုးထောင်ထောင် ပေါက်နေတဲ့ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး တွေ ရိပ်ပြစ်မှ။
.................................................................................................................
အခန်း ( ၅ )
မီးနဲ့ ရက်ဆက်စကားပြောပြီးတော့ လူက အလိုလိုနေရင်း မီးကိုသတိရလာရော၊ ဘာရယ်မဟုတ် ကောင်မလေးနဲ့ စကားပြောရတာ ပျော်လာတယ်၊ ငယ်စိတ်ပြန်ထလာတယ် လို့ဆိုရမှာပေါ့၊ ခုလဲ အလုပ်မှာ နေ့လည်ထမင်းစားပြီးတော့ ခနထိုင်နေရင်း မီးကို ကောက်ခါ ငင်ခါ သတိ ရသွားတာနဲ့ ခါးကြားထဲက ဖုန်းကိုထုတ်ပြီး နှိပ်လိုက်တယ်၊ ဖုန်းတွေကလဲ သုံးရ တာလွယ်လိုက်တာ၊ သူ့ အော်တိုဒိုင်းလ် ကို နံပါတ် ၆ မှာထည့်ထားတော့ ၆ ကိုခပ်ကြာ ကြာလေးနှိပ်လိုက်တာနဲ့ သူ့ဆီတန်းရောက်သွားရော၊ အစကတော့ ဆက်ဘို့စိတ်ကူးမရှိပါဘူး၊ ထိုင်နေရင်း အားယားနေ တာနဲ့ သတိရလို့ နှိပ်မိသွားတယ်ပေါ့။
“အယ် ဦး အလုပ်မသွားဘူးလား”
ထူးသံနဲ့ အတူ နောက်က သီချင်းသံလိုလို ဆူဆူညံညံ အသံတွေလဲ ကြားလိုက်ရတယ်။
“သွားတယ်လေ၊ ခု နေ့လည် ထမင်းစားပြီးတော့ အားနေတာနဲ့ ညီးကိုသတိရလို့”
“အယ် တိုက်တိုက်ဆိုင်ဆိုင် မီးကလဲ ခုလေ့ကျင့်ခန်းလုပ်ပြီးရင် ဦးကို ဖုန်းခေါ်ပြီး အလုပ်မှာ အနှောက်အယှက်ပေးရင်ကောင်းမလားလို့ စဉ်းစားနေတာ”
“ဟုတ်မယ် ဟုတ်မယ်၊ ငါလဲ ထိုင်နေရင်းတန်းလန်း ဒိုင်းကနဲ့ စိတ်ကူးထဲ နင့်မက်ဆေ့ ရောက် လာလို့ ထဆက်လိုက်တာ၊ ညီး မနောအာရုံက တော်တော်ကောင်းတာဘဲ”
“ခစ် ခစ် ခစ် ခစ် ဒါတောင် သဘောလောက်ဘဲရှိသေးတာနော်၊ သဘောပေါက်”
“ပေါက်ပါ့ဗျား၊ ခု လေ့ကျင့်ခန်းလုပ်နေတာ ဟုတ်လား၊ ဘာလေ့ကျင့်ခန်းလဲ”
“မျောက်လေ့ကျင့်ခန်းလေ ခွီး ခွီး ခွီး ခွီး”
“ဘယ်လို ဘယ်လို”
“ဦးကလဲ စိတ်ကူးပေါက်ရာ ခုန်လိုက်ပေါက်လိုက်ကုန်းလိုက်ကွလိုက် သီချင်းအလိုက်ပေါ့ ခစ် ခစ် ခစ်”
“ကောင်းလိုက်တဲ့ လေ့ကျင့်ခန်း နင့်ဆီလာသင်အုန်းမှနဲ့ တူတယ်”
“လာခဲ့လေဦး တခါတည်း မျက်ဖြူဆိုက်သွားစေရမယ်”
“အောင်မြတ်လေး ဟဲ့”
“ခစ် ခစ် ခစ် ခစ် မကြောက်ပါနဲ့၊ ဦးကိုအရမ်းတော့ဘယ်လုပ်မလဲ၊ နဲနဲပါးပါးလေးဘဲလုပ် မော ရင်နား၊ မီးလုပ်တာ ထိုင်ကြည့်ပေါ့”
“နင့်အပြောနဲ့တင် ခုတောင်ပြေးလာချင်စိတ်ပေါက်လာတယ်၊ ခရီးကဝေးနေလို့”
“လာချင်ရင် အနီးလေးပါနော်”
“မနီးဘူးဟ မိုင် ၁၀၀ ကျော်တယ်၊ ကားမောင်းရင် ၂ နာရီလောက်မောင်းရမှာ”
“ဒါဆိုလဲ ရုံးပိတ်ရက်လာပေါ့”
“ရုံးပိတ်ရက်က ပိုတောင်ဆိုးသေးတယ်၊ မိန်းမလဲ ပိတ်တော့ အိမ်အလုပ်တွေ ဟိုလုပ် ဒီလုပ်၊ ဟိုသွားဒီသွားဈေးဝယ်ဘာဝယ် နဲ့အားကိုမအားဘူး၊ အော် ဒါနဲ့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဆို ဆက်ဖြစ်ချင်မှ ဆက်ဖြစ်မှာ၊ အေးအေး ဆေးဆေး စကားပြောဘို့ မလွယ်ဘူး”
“မီး သိပါတယ်ဦးရဲ့ စနေ၊တနင်္ဂနွေ မဆက်ဘူးလေ၊ သူလဲ တနင်္ဂနွေ နားတာဆိုတော့ မီးလဲ မအားဘူးလေ သိတယ်မှုတ်လား”
“သိပါတယ် သိပါတယ် ဟိုတပတ်စာ . . .”
“ဦးးးးး . . ဘာတွေပြောနေတာလဲ မီးပြောတာက သူနားလို့ ထမင်း ဟင်းတွေ ကောင်းကောင်း ချက်စား၊ အပြင်တွေဘာတွေသွား အဲဒါကိုပြောတာ”
“အင်းလေ ငါလဲ အဲဒါပြောတာဘဲ၊ နားရက်မှာ တပတ်စာ ဈေးဝယ် ဘာညာ”
“အမယ် မသိဘူးများမှတ်နေလား၊ ဦးလေသံက ဟင်း . . အသိသာကြီး ဒါကိုပြောတာမဟုတ် ဘူးဆိုတာ”
“ဒါကို မပြောလို့ ငါကဘာကိုပြောရမှာလဲဟ . . သြော် သြော် သိပြီ သိပြီ ညီးက ဟိုဟာထင် တာကိုး”
“ဦးက အဲ့ဟာကိုဘဲ ပြောပြီးတော့များ၊ မသိတာလိုက်လို့”
“ဟား ဟား ဟား ဟား ကဲ ကဲ ငါလဲ အလုပ်လုပ်လိုက်အုံးမယ်၊ အလုပ်စားပွဲမှာထိုင်ပြီး ဖုန်း ပြောရင်း တဟားဟား ရီနေတာ လူမြင်မကောင်းဘူး၊ ညနေ အိမ်ရောက်မှ ဆက်လိုက်မယ်”
“အိမ်ရောက်ရောက်ချင်းဆက်”
“ရက်စ်”
............................................................................................................................
“အိမ်ရောက်ပြီလား”
“အင်း ခုဘဲရောက်တာ၊ အကျႌတောင်မလဲရသေးဘူး”
“ဒါဆို သွားလဲလေ၊ စောင့်နေမယ်”
“အင်း ခန”
“ဟဲလို”
“ပြီးပလား”
“အင်း”
“မြန်လိုက်တာ”
“ယောက်ကျားလေးလေဟာ၊ ညီးတို့လို အကျႌတခါလဲ တနာရီမကြာဘူး”
“အမယ် မီးလဲ အကျႌလဲရုံတင်လေးဆို မြန်ပါတယ်၊ ဖွတ် ဖွတ် ချွတ်ချလိုက်၊ ဖွတ် ဖွတ် ဆို ကောက်စွပ်လိုက်၊ ခနလေး၊ ဘာဝတ်ရင်ကောင်းမလဲ၊ ဆိုပြီးရွေးတာတို့၊ အလှပြင်တာတို့သာ ကြာတာ”
“နောက်တော့လဲ ဒီပုံဘဲ ထွက်လာတာဘဲမဟုတ်လား ဟား ဟား”
“အမယ် လူကိုအထင်သေးလို့၊ သေချာ ရှိုင်းရင် ရေလည်မိပါတယ်နော်၊ နောက်မှ ဦးကို ရှိုင်းပြ အုံးမယ်။”
“ဟား ဟား ဟား ဟား ဟုတ်မှလည်း လုပ်ပါဆရာမရယ်၊ ဟိုတခါ ငါတို့ဆီလာတုန်းက ဒီ လောက်မဟုတ်ပါဘူး”
“ဦးကလဲ အဲဒီတုန်းက ရှိုင်းလို့ရမလား၊ ယောက်ခမနဲ့ အတူလာတဲ့ဟာကို၊ ရှိုင်းထည့်လိုက်ရင် သူ့သားကွယ်ရာ ပဲများနေတယ် ထင်သွားမှာပေါ့”
“သိပါတယ် သိပါတယ်၊ မင်္ဂလာဆောင်တုန်းကတော့ နင်ပြင်ထားတာ လှပါတယ်၊ ငါ့မိန်းမ တောင်ပြောသေးတယ်၊ နင်တော်တော်လှတဲ့ အကြောင်း”
“ဒီလိုအမြင်မှန်ရစမ်းပါဦးရယ်၊ ခု တောင်ဝိတ်တက်လာလို့ တနေ့တနေ့ လျှာထွက်အောင် လေ့ ကျင့်ခန်းလုပ်ပြီး ထိမ်းနေရတယ်”
“လုပ် လုပ် နင်ကငယ်သေးတော့ ပိန်မှကြည့်ကောင်းတယ်ဟ၊ မလုပ်ရင် ငါ့မိန်းမလို စည်ပိုင်း ဆိုဒ်ကြီး ဖြစ်သွားမယ်”
“အင်းနော် ဦး မိန်းမကလဲ ဝ လာလိုက်တာ၊ ဦးတို့ မင်္ဂလာဆောင်တုန်းက မီးတို့ ဆိုဒ်လောက် ဘဲဟာ”
“အမယ် နင်ကဘယ်လိုသိတာလဲ”
“ဓါတ်ပုံတွေ့တာလေဦး”
“ငါ့တို့ဓါတ်ပုံဘယ်မှာ တွေ့လို့လဲ”
“ဦးတို့ အိမ်လာလည်တုန်းကလေ ရှိုးကေ့စ်ထဲက ပုံတွေလေ”
“အော် အော် ဒါ လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါကပုံတွေ၊ ကြည့် ဘယ်လောက်ကွာသွားလဲဆိုတာ”
“ဦးကတော့ သိပ်မသိသာပါဘူး၊ ခုထိ တောင့်တောင့် ဖြောင့်ဖြောင့်ရှိတုန်းပါဘဲ၊ မီး ယောက် ကျားတောင် ဦးနဲ့ ယဉ်လိုက်ရင် ပိုအဆီများမယ်ထင်တယ်၊ ဦးနဲ့ မီးယောက်ကျား ဘယ်သူပို ကြီးလဲ”
“ဘယ်သိမှာလဲဟ၊ ညည်းပြောပြလေ သူဘယ်လောက်ရှိလဲဆိုတာ ဟား ဟား”
“ဦး လုပ်ပြီ၊ စကားအကောင်းပြောရင် ဖေါက်လာပြီ၊ မီးက အသက်ကိုပြောတာ”
“အေးလေ အသက်၊ အသက် ဟဲ ဟဲ ၊ ငါက သူ့အသက်မသိလို့မေးတဲ့ဟာ”
“ခစ် ခစ် ခစ် ခစ် မသိဘူးများမှတ်နေလာ၊ ပြောပါ ဦးအသက်အရင်ပြော”
“ငါက ၃၀”
“ဦး မနောက်နဲ့ အတည်ပြော၊ မီးတကယ်သိချင်လို့”
“ငါက ၅၀ ပြည့်ပြီ၊ အဖိုးကြီးဖြစ်ပြီဟ”
“၅၀ ကမဖိုးကြီးသေးပါဘူး၊ သူက ၄၉၊ ဦးထက် တနှစ်ဘဲငယ်တယ်”
“ဟုတ်လား”
“မီးရော ဘယ်လောက်ရှိလဲသိလား၊ ဦးမှန်းကြည့် မီးဘယ်လောက်လဲဆိုတာ”
“အင်း မှန်းကြည့်မယ်၊ အင်း . . ညည်းပုံနဲ့ဆို အင်း . . ၃၃ - ၃၄ လောက် မှန်လား”
“အမလေး ဦးရယ် လွဲချက် လွဲချက်၊ လွဲချက်ကတော့ ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်တောင် ပေါက်တယ်၊ တကယ် တကယ်၊ မီးက ခုမှ ၂၆ ဘဲရှိသေးတာ ဦးရ၊ မီး အဲလောက်တောင် ရင့် နေပြီလား၊ ငိုတောင် ငိုချင်လာပြီ”
“ဟား ဟား ဟား ဟား ငါသိသားဘဲ နင့်အသက် ၂၆ ဆိုတာ၊ ဟိုတခါ အိမ်လာလည်ကတည်း ကနင့်ယောက်ခမ ကြွားသွားပြီးသား၊ သူ့သား ငယ်ငယ်ချောချောလေးရတာ၊ ငါက နင့်ဆိုဒ် ကို ပြော တာ ဟား ဟား ဟား ဟား မှန်လား”
“ဦး ညစ်စုတ် ခစ် ခစ် ခစ်၊ သူများကို စိတ်ညစ်အောင်”
“ဟား ဟား ဟား ဟား ငါကစတာပါ၊ နင်က ၂၆ ဆိုပေမဲ့ ၂၆ လို့တောင်မထင်ရဘူး၊ ဒီမှာ နင်ဘားတွေ ဘာတွေ သွားရင် အိုင်ဒီသာဆောင်သွား၊ မသိရင် ၂၁ အောက်ထင်မှာ”
“တကယ်လား၊ လာမြှောက်နေတာမှုတ်လား”
“မြှောက်စရာလား၊ ဒီက အထက်တန်းကျောင်းသူတွေဆို ကြည့်ရတာနင့်ထက်တောင်ရင့်သေး တယ်၊ ဒါပေမဲ့ ဆိုဒ်ကတော့ နင့်လောက်နီးနီးဘဲ၊ ငါပြောတဲ့ ဆိုဒ်တော့ မှန်တယ်မှုတ်လား”
“အဲဒါလဲ မှားတာဘဲ၊ ဦး မျက်စိဆရာဝန်နဲ့ သွားပြအုံး”
“ဒါဆို ဘယ်လောက်လဲ”
“၃၂ ခစ် ခစ် ခစ် ဦး ညစ်စုတ် သွား မီးကို ပေါက်ကရတွေ လာမမေးနဲ့”
“အမလေး လက်တလုံးလောက်လေး လွဲတာများ”
“လက်တလုံးမကပါဘူး၊ ၃၄ ဆို အယ်စတုံကြီးဖြစ်ပြီ”
“ကောင်းတာပေါ့၊ အယ်စတုံကြီးဆို လူငယ်လေးတွေအကြိုက်ပေါ့”
“အဖိုးကြီးတွေက အယ်စတုံကြီးတွေ မကြိုက်ဘူးပေါ့လေ”
“ဟဲ ဟဲ ဟဲ ဟဲ နင့်ယောက်ကျား နင့်ကိုတွေ့တာနဲ့ ချက်ခြင်းကောက်ယူလိုက်တာ ကိုဘဲ သဘောပေါက်ပေါ့”
“ခစ် ခစ် ခစ် ခစ် ဦးကလဲ”
“ဒါနဲ့ နင်ကလဲ သူ့ကို မြင်တာနဲ့ ခိုက်သွားရောလား”
“ဘယ်ကလာ၊ မီးက ယောက်ကျားယူရင် အရက်မသောက်၊ ဖဲမရိုက်၊ ရိုးသားကြိုးစား မျက်နှာ မများတဲ့ သူကိုယူမယ် လို့အစကတည်းက ဆုံးဖြတ်ချက်ချထားတာ”
“သူ့ကိုတွေ့တော့ အဲဒီအချက်တွေနဲ့ ဘောင်ဝင်တာနဲ့ ယူလိုက်တယ်ဆိုပါစို့”
“အင်း၊ ခေတ်ကြီးမှာ သူ့လိုလူက အင်မတန်ရှားသွားပြီဦးရ၊ မြန်မာပြည်မှာ ယောက်ကျားလေး တွေအားလုံးနီးပါးလောက် ဘီယာဆိုင်၊ ကာရာအိုကေ၊ အနှိပ်ခန်း၊ ဘာညာ တခုမှလွတ်တာမရှိ ဘူး၊ ပိုက်ဆံရှိရင် ရှိသလိုဘဲ၊ အိမ်ကမိန်းမက ဗေဒင်နဲ့ နတ်နန်းဘဲ အားကိုးနေရတဲ့အဖြစ်၊ မီး တော့အဲလိုမျိုးတွေမကြိုက်ပါဘူး၊ ရိုးရိုးသားသား ရှာယူပြိး ဆိုးချင်းဆိုး ကိုယ်က ဆိုးမှာပေါ့၊ သူများဆိုးတာ ကို ဘုရားတနေရတဲ့ အဖြစ်နဲ့တော့ မနေနိုင်ပေါင်”
“ဟား ဟား ဟား ဟား ကြိုက်ပြီ အဲဒီ အိုင်ဒီယာကို”
“ဟုတ်တယ်လေ ဦးရဲ့၊ ဦးဘဲစဉ်းစားကြည့်၊ တကယ်လို့ မီးကဆိုးမယ်ဆိုရင်တောင် အရမ်းကြီး တော့ဘယ်ဆိုးမလဲ၊ နဲနဲပါးပါး သဘောလောက်ပေါ့၊ သူတို့ဆိုးမယ်ဆို အရမ်းကြီးဆိုးမှာ၊ ကိုယ့်ကိုရာထူးတွေ ဘာတွေတက်ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ၊ ဦးလဲ ငယ်ငယ်ကဆို ဆိုးမဲ့ ပုံ၊ ဟုတ်တယ်မို့လား”
“ဟဲ ဟဲ ဟဲ ဟဲ လူပျိုတုန်းကပါ၊ နဲနဲပါးပါးပေါ့၊ ခေတ်မှီရုံလေး ဆိုပါတော့”
“ဦးလား နဲနဲပါးပါး ကမှာ၊ လေသံ နားထောင်လိုက်တာနဲ့ သိပြီးသား”
“အမယ် အမယ် လူလည်မကြီးပေါ့လေ၊ သူရိုးမှန်း ညည်းက ဘယ်လိုလုပ်သိလဲ”
“အပွေးမြင် အပင်သိပါတယ် ဦးရယ်၊ လူချင်းတွေ့တော့ သူ့ပုံကို ကြည့်လိုက်တာနဲ့ အံသွား တောင်မပေါက်သေးမှန်း၊ တခါတည်း မျက်နှာကြီး နီရဲပြီး မီးကို ဘာစကားပြောရမှန်းမသိဘူး၊ ပြောတဲ့စကားကလဲ သာမန်လူတွေပြောတာမျိုး၊ ဘာတဲ့နေကောင်းလားတဲ့၊ ဘယ်မှမသွားဘူး လားတဲ့၊ ဘာတွေမှန်းလဲမသိဘူး၊ ဒီတော့မီးလဲ ဗိုင်းကောင်းကျောက်ဖိ သဘောမျိုးပြတဲ့ အနေ နဲ့ ခေါင်း အသေငုံ့ပြီး သူ ပြောတာကို ဟုတ်ကဲ့ရှင့် ဘာရှင့် ညာရှင့် နဲ့ တရှင့် ရှင့် လုပ်ပြစ် လိုက်တာ၊ အဲဒါနဲ့ဘဲ ညားသွားတယ် ဆိုပါတော့ ဦးရယ် ခစ် ခစ် ခစ် ခစ်”
“ဟား ဟား ဟား ဟား”
“ဟုတ်တယ်ဦးရဲ့၊ အိမ်မှာဆို ခုလို ဦးနဲ့ ပြောသလို ဟေးလားဝါးလား တော့ဝေးပါရဲ့၊ သူကလဲ အင်မတန် တည်တည်တန့်တန့် နဲ့နေတာ၊ မီးကလဲ အစကတည်းက ဗိုင်းကောင်းကျောက်ဖိ သဘော မျိုးပြထားတော့ ဟေးလားဝါးလား နေလို့မဖြစ်၊ သူအိမ်မှာရှိတဲ့အချိန်ဆို နေရထိုင်ရ ခက်လိုက်တာ၊ မလွတ်လပ်သလိုဘဲ၊ မီးအချစ်ဆုံး သူငယ်ချင်းကဆို သူရိုးပုံကိုကြည့်ပြီး ဘာ ပြောလဲ သိလား”
“ဘာပြောလဲ”
“ခစ် ခစ် ခစ် ခစ် နင့်ယူမဲ့ယောက်ကျားက ညတောင် အိပ်တတ်ပါ့မလားဟဲ့ တဲ့ ခစ် ခစ် ခစ် ခစ်”
“ဟား ဟား ဟား ဟား အိပ်တတ်လား”
“သိဘူးလေ”
“ဟဲ့ ဟဲ့ ညားတာဖြင့် ကြာလှပြီ ခုထိ မသိဘူးလား”
“သိဘူးဆို၊ တော်ပြီ တော်ပြီ အဲဒါမမေးနဲ့၊ တခြားဟာပြောမယ် ဦးအကြောင်းပြောပြ”
“ငါ့မှာက ထွေထွေထူးထူး ဘာအကြောင်းမှမရှိဘူး”
“မရှိဘဲနေမလား၊ အရင်က ဦးဆိုးခဲ့တာတွေ ပြောပြပေါ့၊ ရီးစားတွေလဲ အများကြီး ထားခဲ့တယ် မဟုတ်လား မလိမ်နဲ့”
“နဲနဲပါးပါးပါ”
“ဘယ်နှစ်ယောက်လဲ ပြော ပြော”
“ဟဲ ဟဲ ဟဲ ဟဲ ၅ ယောက်”
“အမလေး ၅ ယောက်တောင်၊ ဒါဆို အဲဒီရီးစားတွေအကြောင်း ဦးအရင်ပြော”
“အာ ကြာပြီဟ၊ အားလုံး ဘယ်မှတ်မိမလဲ၊ ဒီလိုဘဲ ဟိုပြော ဒီပြော ပြောရင်း ကြုံရင် ကြုံသလို ပြောပြမယ်၊ ဟုတ်လား”
“ဘာလို့ ပြတ်သွားတာလဲ ဦး”
“ဒီလိုဘဲဟ၊ ရီးစားဆိုတော့ သိတယ်မဟုတ်လား၊ ဖြတ်ရင်လဲ လွယ်တယ်၊ ဆက်ရင်လဲ လွယ် တဲ့ သဘောရှိတော့ သူ့ဘက် ကိုယ့်ဘက် ဘာညာဆို ညှိမရရင် ပြတ်တာဘဲပေါ့၊ နောက်ပြီး ငါနဲ့ကြိုက်ခဲ့တာတွေက လှတပတ လေးတွေဆိုတော့ ငါနဲ့ပြတ်လဲ သူတို့ကို ကြိုက်တဲ့သူက နောက် မှာတန်းစီနေတော့ သိတယ်မှုတ်လား ဝမ်းဂိုး တူးကမ်း သူတို့ တွက်မှာပေါ့၊ ငါလဲ ဒီအတိုင်းဘဲပေါ့၊ ရီးစားအသစ်ရှာရတာ မှမခက်တာ”
“ဦးဟာကလဲ အသဲကွဲတာတွေ ဘာတွေမရှိတော့ဘူးလား၊ လွယ်လိုက်တာ”
“ဟ ရှိတာပေါ့၊ တယောက်နဲ့ ပြတ် တခါကွဲပေါ့၊ အသဲကွဲတာလဲ တော်တော်ခံရခက်တဲ့ ရောဂါ၊ ပြတ်သွားမှ လွတ်တဲ့ငါး ကြီးတယ်ထင်ပြီးလူးလိမ့်နေတာ၊ နောက် ကြိုက်ရမဲ့သူ ထပ်တွေ့တော့ လဲ ငါးစိမ်းကပိုလပ်နေပြန်ရော ဟား ဟား ဟား ဟား”
“ဦးကလဲ”
“ငါတကယ်ပြောတာ၊ ညီးရော သူ့မယူခင်က ရီးစားမရှိဘူးလား၊ အသဲတွေဘာတွေ မကွဲဘူး ဘူးလား”
“ဟင်အင်း၊ မကွဲဘူးပေါင်၊ ဦးတို့လို လူမျိုးတွေကြောက်လို့၊ ကျောင်းတုန်းကဆို မီးနဲ့ မီးသူငယ် ချင်း ၂ ယောက် ပျော်ပျော်ဘဲနေတာ၊ ကိုယ့်ကို လာကြိုက်တဲ့ ကောင်တွေဆို ငြင်းလဲမငြင်းဘူး၊ အဖြေလဲ ပြန်မပေးဘူး၊ ခိုင်းဘို့ ထားထားတာ ခစ် ခစ်၊ နောက်တော့ သူတို့ဖာသာ သူတို့ အမြင်မှန်ရပြီး ဂျောင်းကုန်ရော”
“အော် ဂလိုလား”
“အင်း ဂလို ဂလို ဦးရဲ့၊ အယ်တော့ ၅ နာရီတောင်ထိုးပြီလားမသိဘူး၊ ဦးနဲ့စကားကောင်းနေ တာ၊ ဟင်း ချက်မလို့”
“အေး အေး ဟုတ်သား ငါလဲ ရေချိုး ထမင်းစားအုံးမယ်၊ နက်ဖြန်မှ ဆက်ပြောမယ်”
“မနက်ဖြန် မဆက်ဘူးဆို၊ စနေနေ့လေ”
“အော် အေး အေး၊ ငါ နင့်အတွက် လက်တော့ မနက်ဖြန် ကြည့်ထားလိုက်မယ်၊ စနေဆို ဈေး လျှော့တဲ့ ကြော်ငြာထွက်ပြီ၊ တွေ့ရင်တော့ ဖုန်းခေါ်လိုက်မယ်”
“အိုကီ ဒိုကီ ဦးရေ သိုင်းကြူး”
..................................................................................................................
အခန်း ( ၆ )
လိုရင်း တိုရှင်း နဲနဲချုံ့လိုက်ရရင် မီးလဲကွန်ပြူတာရသွားရော ဆိုပါစို့၊ ကွန်ပြူတာ ရခါစ ဆိုတော့ ပြောတဲ့စကားတွေက များသောအားဖြင့် ကွန်ပြူတာ နဲ့ ပတ်သက်တာတွေချည်းပါဘဲ၊ ကျနော် လဲ ခုထိ တပတ်လောက်ရှိရောပေါ့၊ အာပေါက် အောင် ကွန်ပြူတာ သုံးတာရှင်းပြနေရတယ်၊ ကံကောင်းချင်တော့ တိုက်တိုက် ဆိုင်ဆိုင် ဒီနေ့ အီးမေးလ်ထဲကြော်ငြာရောက်လာတဲ့ Skype က Screen Sharing Feature ကို ဖတ်လိုက်ရလို့၊ ဟ အတော်ဘဲ အာပေါက်အောင် ရှင်းပြနေမဲ့ အတူတူ သူမလုပ် တတ်တဲ့ဟာကို Skype ကလှမ်းကြည့်ပြီး ဟိုလို ဒီလို ပြောလိုက် ရုံနဲ့ အဆင်ပြေမယ် ဆိုတာတွေးမိသွားတယ်၊ ဒါနဲ့ ညနေဖုန်းဆက်တော့ ထင်တဲ့အတိုင်း စပြော တာက ကွန်ပြူတာအကြောင်း
“ဦး မေးစရာရှိလို့”
“ဘာလဲ ကွန်ပြူတာဘဲလား”
“အင်းပေါ့”
“ဒါဆို နောက်မှမေး၊ ခု ငါပြောတာ အရင်လုပ်”
“ဘာလုပ်ရမှာလဲ”
“ဆော့ဝဲလ် တခုအရင်သွင်းခိုင်းမလို့”
“ဘာဆော့ဝဲလ်လဲ”
“ညီး ကွန်ပြူတာမှာဘာပြသနာပေါ်နေလဲဆိုတာ ငါဒီကလှမ်းကြည့်ရင် မြင်ရတဲ့ ဆော့ဝဲလ်၊ အဲ ဒါဆို ဘာဖြစ်နေလဲဆိုတာ ငါ့ကို လှမ်းပြလိုက် ငါဒီကနေကြည့်ပြီး ပြောလိုက်လို့ရတယ်”
“ဟုတ်လား ဦး တကယ်မြင်ရမှာလား”
“မြင်ရတယ်လို့ ပြောတာဘဲ၊ အဲဒါ စမ်းကြည့်မလို့ ကဲ အင်တာနက်ကိုသွားလိုက်၊ ငါ့ကွန်ပြူတာ မှာလဲ တခါတည်း သွင်းလိုက်မယ် နင့်နဲ့ အတူတူ”
ဒါနဲ့ တဆင့်ပြီး တဆင့် Skype ကို ဒေါင်းလုပ်တာကစပြီး အင်စတော လုပ်တဲ့အထိ တဆင့်ပြီး တဆင့် ကျနော်လဲသွင်း သူ့ကိုလဲပြောနဲ့ အတူတူလုပ်ရင်း ချောချော မောမော ပြီးသွားတယ်၊ ပြီးတော့ ၂ ယောက်သား အကောင့် တခုစီဖွင့်ပြီး သွားတော့
“နောက်ပြီးဘာဆက်လုပ်ရမလဲဦး”
“နေအုံး ခန၊ ငါ နင့်ကို add လိုက်မယ်၊ နင့်ဆီမှာ ငါ့ကို add မလား လာမေးရင် အိုကေလုပ်လိုက်”
“ဟော လာပြီ၊ အိုကေ လုပ်လိုက်ပြီနော်ဦး”
“အိုကေ ဒါဆို နင့်ကို ငါခေါ်ကြည့်မယ်”
“ဟော ဟော အသံမြည်လာပြီ၊ ဦးခေါ်နေတာ”
“Accept လုပ်လိုက်လေ”
“ဟော ဟော ဦးပုံကြီး မြင်ရတယ်၊ မီးပုံရော ဦးဆီမှာပေါ်လား”
“ပေါ်တာပေါ့ဟ၊ ပုံကလဲ မှောင်မဲလို့ပါလား”
“အခန်းထဲမှာလေဦးရဲ့၊ မီးလဲမဖွင့်ထားဘူး”
“ဖွင့်လိုက်လေဟာ၊ မဲသဲနေတာများ ကုလားမ ကတ္တရာပုံးထဲဝင်ထိုင်နေသလိုဘဲ”
“ကဲ ဖွင့်ပေးမယ်၊ . . . . . လင်းပလား”
“အဲလိုလုပ်စမ်းပါ၊ လှလှပပလေးက မဲမဲသဲသဲ ဖြစ်လို့ ဘယ်ဖြစ်မလဲ”
“တကယ်လှလို့လား၊ လာမမြှောက်နဲ့နော်၊ ဒီမှာ ဘာမှပြင်ထားတာမဟုတ်ဘူး”
“ကင်မရာရှေ့တည့်တည့် နေစမ်းပါ၊ သေချာကြည့်အုံးမယ်”
“ဒီလိုလား တည့်ပြီလား”
“အင်း ဒါ အိမ်မှာနေတဲ့ ပုံလား”
“အင်းပေါ့၊ ဘာမှ မှမပြင်ထားတာ၊ မလှဘူးမှုတ်လား”
“ဟဲ ဟဲ အမှန်အတိုင်း ပြောရမလား”
“အင်း ပြော”
“ပြောတော့ပါဘူးလေ . . .”
“အာ မရဘူး မရဘူး ပြော ပြော”
“ဟဲ ဟဲ ကိုက်စားချင်စရာကြီး ဟီး ဟီး . . . ဒီလောက်ဆို သဘောပေါက်”
“ခစ် ခစ် ခစ် ခစ် ဦး ကလဲ စိတ်ထိန်း စိတ်ထိန်း ငရဲကြီးမယ်”
“ဟဲ့ ညီးဘဲပြောပြီး မတိုင်ရင် ငရဲမကြီးဘူးဆို၊ ဘာလဲ ညီးအလှည့်ကျ တိုင်မလို့လား”
“ခစ် ခစ် ခစ် ခစ် မတိုင်ပါဘူး၊ ခါတည်း ကြောက်တတ်လိုက်တာ”
“ကြောက်တာပေါ့၊ ကဲ ကဲ မတိုင်ရင် ထပ်ပွားလိုက်အုံးမယ်၊ ညီးကလဲ ထိုင်နေတဲ့ပုံက လက်ပြင်ကြီးကိုကုန်းလို့ မတ်မတ် လေးနေစမ်းပါ”
“ဒီလိုလား”
“အေး ရင်လေးနဲနဲကော့၊ ဟိုဘက်နဲနဲလှည့် ဘေးနဲနဲစောင်းလိုက် တခါတည်း ကြည့်ရတာ အချိုးမကျဘူး”
“ဒီလိုလား . . . ဟင်းနော် ဦး . သွား လူကိုသူ့ပစ္စည်းများမှတ်နေလား ဟိုလိုနေခိုင်း ဒီလိုနေ ခိုင်းနဲ့”
“ဟား ဟား ဟား ဟား လှတဲ့သူဆို လှအောင်နေမှ ပိုလှတာပေါ့”
“အပြောကတော့ တကယ်ကောင်း၊ ဒါကြောင့် ဦး မိန်းမစွံတာ”
“ဒါက ငယ်ငယ်ကပါ၊ ခုတော့ မစွံတော့ပါဘူး”
“မိန်းမရတော့ မိန်းမက လှုတ်လို့မရအောင် ချုပ်ထားလို့မဟုတ်လား၊ မလိမ်နဲ့နော်”
“ဟဲ ဟဲ ဒါလဲပါတာပေါ့၊ ပြီးတော့ သိတယ်မှုတ်လား ငါလဲ ငယ်ငယ်ကလို မလုပ်ချင်တော့တာ လဲပါတာပေါ့ဟာ”
“အင်း မီးသိပါတယ်၊ မလုပ်ကောင်းဘူးမဟုတ်လား၊ အော် ဦး မီးကိုလဲ အထင် မသေးနဲ့နော်၊ မီးက ဦးနဲ့မို့ ဒီလို ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်နေတာ၊ တသက်နဲ့ တကိုယ် ဘယ် ယောက်ကျားလေးနဲ့မှ အဲလို ပြောဆိုခဲ့တာမဟုတ်ဘူး၊ ဦးနဲ့မို့လို့ စိတ်ထဲက အလိုလို အရမ်းခင် ပြီး အဲ့လိုဆက်ဆံတာ၊ မီး ယောက်ကျား နဲ့တောင် ဦးနဲ့ပြောသလို ပြောတာမဟုတ်ဘူး”
“အေးပါဟ၊ ငါသိပါတယ်၊ နင်ပြောစရာတောင်မလိုဘူး၊ ငါလဲ အိမ်ထောင်ကျပြီးက တည်းက ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေးဘဲ နေတာ၊ နင့်နဲ့ကျမှဘဲဘာဖြစ် မှန်းကို မသိဘူး စိတ် ထဲအလိုလိုပျော်ပြီး လူက လူငယ်လေးလိုဖြစ်သွားတာ၊ ဒီအရွယ်နဲ့ ဒီလိုပြောဆိုနေတာ ရှက်တောင်ရှက်တယ် ဟဲ ဟဲ”
“ခစ် ခစ် ရှက်တဲ့သူကလဲ ပြုံးဖြီးဖြီးနဲ့၊ ဦးကလဲ သေချာကြည့်ရင် လူကြီးလို့ မထင်ရသေးပါဘူး၊ ဘော်ဒီတွေဘာတွေလဲ တောင့်တင်း တုန်းဘဲဟာ၊ မသိရင် ၄၀ အောက်လောက်ဘဲ ထင်မှာ”
“ဟဲ ဟဲ ဟဲ ဟဲ ခု နင်က ငါ့ကို မြှောက်တဲ့ အလှည့်ပေါ့လေ၊ ကိုက်တယ် ငါတို့ ၂ ယောက်က၊ မြှောက်စရာမရှိ တယောက်ကိုတယောက် မြှောက်နေကြတယ်”
“မီးက မမြှောက်ပါဘူးနော်၊ အမြင်ကို အမြင်အတိုင်း အမှန်ကိုဘဲပြောတာ၊ ဦးကသာ မီးကို မြှောက်တာ”
“မမြှောက်ပါဘူးဟ၊ နင်ကတကယ်ချောလို့ ချောတယ်ပြောတာပေါ့ဟ၊ နင့်ယောက်ကျားတော့ နင့်ကို တော်တော်ချစ်မှာဘဲ၊ မဟုတ်ဘူးလား”
“အင်း သူက မီးကို ချစ်တော့ ချစ်တယ်ထင်တာဘဲ၊ ဒါပေမဲ့ ချစ်တယ်လို့လဲ တခါမှမပြောဘူး”
“ဟေ . . တကယ်လား”
“ရော် . . ညာစရာလား၊ သူကလဲ သူ့မိဘကို မီးစိမ်းပြ၊ ကိုယ်ကလဲ ကိုယ့်မိဘကို မီးစိမ်းပြပြီး လက်ထပ်တာ၊ ချစ်တဲ့အကြောင်းခုထိမပြောဘူး”
“ညီးက အပြောခံချင်တယ်ပေါ့လေ”
“ဟိုလေ ဘယ်လိုပြောရမလဲ၊ အပြောတော့ ခံချင်တယ်ပေါ့နော်၊ ဒါပေမဲ့၊ ခစ် ခစ် ခစ် ပြန်တော့ မဖြေချင်ဘူး ခစ် ခစ် ခစ်”
“ညီးက သူ့ကို မချစ်လို့လား”
“အဲ့လိုလဲ မဟုတ်ဘူးလေ ဦးကလဲ၊ ဦးသိတဲ့အတိုင်း မီးက သေချာရွေးယူထားတာ လေ၊ ပေါင်းသာပေါင်းနေတာ ကိုယ့်ကိုကိုယ် သေချာတောင်မသိသေးဘူး၊ မီး ထင်တာက ယူပြီး သူ့အလိုလို ချစ်သွားမယ်ထင်တာ”
“အေးပေါ့ဟ၊ ယူပြီး တယောက်နဲ့ တယောက် ယုယုယယ ဘာညာကွိကွ ခွီးခွီးခွစ်ခွစ် တွေဖြစ်သွားပြီးရင် ချစ်သွားကြတာဘဲ”
“အဲဒါပေါ့ ဦးရဲ့ ဂွင်က အစကတည်းက ပျက်နေတာ၊ သူကလဲ ခပ်တည်တည် နဲ့ ဘုရားလူကြီးစတိုင်၊ မီးကလဲ အိမ်ဒရေရှင်ဘိုင်းကောင်းကျောက်ဖိ ဂိုက်ဖမ်းထားတော့ ခွီးခွီးခွစ်ခွစ် တွေပျောက်ကုန်တာ”
“ဟား ဟား ဟား ဟား ခုတော့ နောင်တရနေပြီပေါ့ဟုတ်လား၊ လူရိုးလူကောင်းကြီးကို ယူထားတဲ့ နောင်တလေ”
“အမယ် မရပါဘူး၊ ပျင်းတာကလွဲပြီး ကျန်တာ အကုန် ဆေ့ဖ် ဖြစ်တယ်၊ ခစ် ခစ် ၊ ခုတော့ မပျင်းတော့ ပါဘူး၊ ဦးနဲ့ စကားပြောဖေါ်ရနေပြီဘဲ၊ ခု ကွန်ပြူတာလဲရှိတော့ မပျင်းတော့ဘူး”
“ကွန်ပြူတာလဲ ကြည့်ကျက်ကြည့်အုံး၊ တော်ကြာ ဟို မဟုတ်တရုတ် ဝက်ဆိုဒ်တွေ ကြည့်မိမှ မျက်ဖြူဆိုက် နေအုံးမယ်”
“ဘာဖြစ်လဲ မီးက အပျိုလေးမှ မဟုတ်တော့တဲ့ဟာ၊ ကြည့်တော့ ဗဟုသုတ တောင်ရသေး ခစ် ခစ် ခစ် မဟုတ်ဘူးလား”
“ငါပြောတာ နောက်တောင်ကျနေပြီလား မသိဘူး၊ ကြည့်ပြီးပြီပေါ့လေ”
“မကြည့်ရသေးပါဘူး၊ ဘယ်မှာကြည့်ရမှန်း မသိလို့”
“အမယ် အမယ် သိရင် ကြည့်မယ်ပေါ့”
“ဦးကလဲ သဘောပေါက်ပေါ့၊ ဦးရောကြည့်ဘူးတယ် မဟုတ်လား”
“ဟဲ့ ငါက ယောက်ကျားလေး”
“မီးလဲ ကြည့်ချင်တယ်၊ အဲဒါ ဘယ်မှာကြည့်လဲပြော”
“ငါလဲ မကြည့်တာ ကြာပြီဟ၊ အင်တာနက်ထဲ လိုက်ရှာကြည့်ရမှာ”
“ဒါဆို အခု ရှာထားလိုက်လေ၊ မီး ထမင်းတအိုးသွားတည်လိုက်အုံးမယ်၊ တော်ကြာ ပြန်လာမယ်၊ ရှာထားပေးနော် ဦး”
“ရှာတာကလွယ်ပါတယ်၊ တော်ကြာ ကြည့်ပြီးမှ ငါ့ကို မကောင်းမပြောနဲ့”
“ခစ် ခစ် ခစ် ခစ် မီးပြန်လာခဲ့မယ်၊ မြန်မြန်ရှာထားပေး”
“သွား”
ဒီကိစ္စက ကျနော့်အတွက်မခက်၊ လင့်တခုရှာ၊ သေချာ အလုပ်လုပ် မလုပ်စစ်ပြီး ကော်ပီလုပ်လို့ သူ့ မက်ဆေ့ ဘောက်စ်ထဲပို့ထားလိုက်တယ်။ သူပြောမှ ကိုယ်လဲ စိတ်ပါ လာပြီး သူ့ထက်ကောင်းတဲ့လင့်တွေ လိုက်ရှာနေမိတယ်။ ခနကြာတော့
“ဦး”
အသံကြားလို့ သူ့ကင်မရာစခရင် ကိုပြန်ဖေါ်လိုက်ရင်း
“ပို့ထားတယ် တွေ့လား၊ အဲဒါကိုနှိပ်ပြီး ကြည့်”
“အင်း တွေတယ်၊ နှိပ်ကြည့်လိုက်မယ် . . . . အမလေး . . .”
ကင်မရာထဲက ပြူးသွားတဲ့ သူ့မျက်လုံးကို သဘောကျပြီး
“ဟား ဟား ဟား ဟား . . . ဘာဖြစ်သွားတာလဲ”
“မသိဘူး၊ အီး . . ကြောက်စရာကြီး၊ တော်ပြီ တော်ပြီ ဦးကို မျက်နှာပူလာပြီ၊ ပိတ်လိုက်တော့မယ်၊ ဘယ်လိုပိတ်လဲ”
“ဘာကိုလဲ”
“ဒီ ကင်မရာကို၊ ဘယ်လိုပိတ်လဲ မြန်မြန်ပြော”
“အပေါ်နားက ဆိုင်းအောက်ကို နှိပ်လိုက်”
ရုတ်တရက် ကင်မရာမြင်ကွင်းထဲကလူရောအသံပါပျောက်သွားတယ်။ ကျနော် က သူ့ဖြစ်ပုံကို သဘောကျလို့ ပြုံးတုန်း။
............................................................................................................................................
အခန်း ( ၇ )
ရောဂါကတက်ပြီ၊ ကိုယ့်ဟာကိုယ်နေအကောင်းသား၊ ဒီနေ့မြင်လိုက်ရတဲ့ ကင်မရာထဲက မီးရဲ့ပုံ၊ မီးရဲ့ အမူအရာ အပြောအဆို၊ အရင်က ဖုံးနဲ့ ပြောဆိုခဲ့ကြတဲ့ သံယောဇဉ်ပါ ထည့်ပေါင်းလိုက်တော့ လူက ရောဂါ ထတက်ပါလေရော၊ ဒီကြားထဲ ခု လောလောဆယ် ကြည့်ထားတဲ့ မတော်တရော် တွေကလဲ မီးလောင်ရာ လေလာပင့် သလိုဖြစ်နေ။
ဒီကောင်မလေးကို စတွေ့ကတည်းက ငါ့မျက်စိထဲ ကြည့်လို့ကောင်းနေတာ၊ အခြေအနေကြောင့် ကြည့်လို့ကောင်းတာကို ကောင်းတယ်လို့ဘဲ စိတ်ထဲမှတ်ပြီး ကိုယ့်ဟာကို မေ့မေ့ပျောက်ပျောက်ထား ထားတာကို သူကအစလာဖေါ်တယ်။
ဟုတ်တယ် ဒီကောင်မလေး ငါ့ကို ဘယ်လိုသဘောနဲ့ ဒီလို ဆက်ဆံနေလဲမသိ၊ သူ့ကြည့်တော့ ရိုးရိုးသားသား၊ အဖေါ်မရှိလို့ ငါ့ကို အရမ်းခင်တွယ်နေတာများလား၊ မီး ဆိုတာ လောင်တတ်တယ်ဆိုတာတော့ သူသိဘို့ကောင်းတာပေါ့၊ သူလဲ ခလေးမှ မဟုတ်တဲ့ဟာ၊ ငါကလဲ နဂိုကတည်းက ဇ ရှိရှိနဲ့၊ ဒီကောင်မလေး ငါ့စိတ်ကို လာဆွ နေတာများလား။
ငါလဲအိမ်ထောင်ကျတာ နှစ် နှစ်ဆယ် နီးပါးရှိရောပေါ့၊ ကိုယ်ချစ်တဲ့သူ ကိုယ်ယူ ထားတာဘဲ ဆိုပြီး ငယ်စိတ်ကို ဖျောက်၊ တယောက်ဆိုတယောက် ပိတောက်ဆို ပိတောက် ဘဝ နဲ့ နေခဲ့တာ နှစ် ၂၀ နီးပါး။ အဲဒီ ပိတောက်ကြီးကလဲ အရင်က လောက် မမွှေးတော့တာ ဘယ်လောက်ကြာပလဲ၊ မိန်းမတွေများ သူတို့ကိုယ် သူတို့ အသက်လေး နဲနဲရလာတာနဲ့ ဘာမှ ဂရုမစိုက်ချင်တော့ဘူး၊ ကိုယ့်ယောက်ကျားကိုလဲ သူ့လိုဘဲ ခမ်းခြောက်သွားပြီများ ထင်နေသလား မသိဘူး။
ဒီကောင်မလေးကလဲ ဒီကောင်မလေးဘဲ၊ သူ့ပုံကိုက ကြိုက်ချင်စရာကို ကောင်းတာ၊ ကြည့်ပါအုံး လတ်လတ်ဆတ်ဆတ် ပန်းလေးလိုဘဲ၊ ဖူးရွနေတာ၊ ကိုယ်လုံးကိုယ်ပေါက်ကလဲ အမိုက်စား ငါ့အကြိုက်လေး၊ ၃၂ ဆိုဒ်တဲ့၊ ကောင်းတယ် ကောင်းတယ်၊ ငါကလဲ အသက်ကြီးမှ ဆိုဒ်သေးဝတ်ချင်နေတာနဲ့။ အရပ်ကလဲ အနဲဆုံး ၅-၅။ ၅-၆ လောက်တော့ရှိမယ်၊ ခါးရှည်ရှည် ပေါင်ရှည်ရှည် နဲ့ဆိုတော့ ဒီက ဘိုမဆိုဒ်လေးကျနေတာဘဲ၊ အဓိက က သူ့ တင်၊ ကိုယ်လုံးနဲ့ စာလိုက်ရင် နဲနဲလေး ပိုကြီးသလိုလိုဘဲ၊ ဟုတ်တယ်၊ ပိုကားပြီး နောက်ကို လုံးပြီးထွက်နေတဲ့ တင်၊ ဒါမျိုးလေး တွေပေါ့၊ လုပ်ထည့်လိုက်လို့ကတော့ ဘာပြောကောင်းမလဲ။
ငါဘာလုပ်ရင်ကောင်းမလဲ၊ ဒီအတိုင်း ဒီကောင်မလေးနဲ့ ဒီလိုရှေ့ဆက်သွားလို့ ဖြစ်ပါ့မလား၊ ဒီကောင်မလေးကလည်း ဦး ဦး နဲ့ ငါကလည်း ဘူး ဘူး နဲ့ဆို၊ ကြာရင် ဘယ်မှာလဲမသိ ဖတ်ဘူးတဲ့ ဟိုစကားလိုဖြစ်သွားနိုင်တယ်၊ ဘာတဲ့ ဒူးယား သကြား နို့ဆီ သောကြာနေ့တိုင်း ပေးသည် ဆိုတဲ့ အဖြစ်၊ ဒုဿနသော ကို ဘယ်သူလဲမသိ အရှည်ကောက် ရေးထားသလိုမျိုး၊ ဒူးယားရော သကြားရော နို့ဆီရော သောကြာနေ့ တိုင်း သွားယူနေတဲ့ အဖြစ်မျိုးရောက်သွားနိုင်တယ်။
ငါးပါးသီလ၊ အင်း ဘုရားကတော့ မလုပ်ဘို့တော့ တားတာဘဲ၊ ဒါပေမဲ့ ဘယ်သူက အတိအကျ လိုက်နာနိုင်လို့လဲ၊ လူတိုင်း အနဲဆုံး တခုခုတော့ အမြဲဖေါက်ဖျက်နေတာဘဲဟာ၊ အင်းလေ တမင်သက်သက်ကြီး အတင်းအဓ္ဓမ ဇွတ်မဖေါက်ရင်ပြီးတာပါဘဲ၊ ဝေဒနာ ခံစားနေရတဲ့ သေခါနီး သတ္တဝါကို ချုပ်ငြိမ်းပေး လိုက်တာ ပါဏာတိ မြောက်သလား၊ သူတပါးစိတ်ချမ်းသာဘို့ လိမ်ပေးနေတဲ့ သူတွေလဲ အများကြီး၊ ငါ့အဖြစ်လဲ ဘာထူးလဲ သူကလဲ အိုကေ ငါကလဲ အိုကေ ဆိုရင် . . အင်း စဉ်းစားစရာ၊ သူ့ကိုယ်လဲ သူပိုင်တာဘဲ၊ ငါ့ကိုယ်လဲ ငါပိုင်တာဘဲ သူလဲ သူကြည့်ဖြူတဲ့သူကိုပေး၊ ငါလဲ ငါကြည်ဖြူတဲ့သူကိုပေး၊ ဘာဖြစ်လဲနော့ . . မှုတ်ဘူးလား၊ အပြစ်က ဘယ်ကလာမလဲ။
အာ . . မဟုတ်သေးပါဘူး၊ ငါတွေးတာ ရှေ့ကို မိုင်တော်တော်ရောက်သွားပြီ၊ ခု ငါတို့ဘာဖြစ်သေးလို့လဲ၊ အခြေအနေကို ကြည့်ရမယ်၊ သူ့သဘောထားကို နဲနဲထပ် စောင့်ကြည့်အုံးမှ၊ သူ့ဆီက မီးစိမ်းပြတဲ့ စကားထွက်လာဘို့အရေးကြီးတယ်။ ဟဲ့ ကောင်မလေး နင် ငါနဲ့ အတူအိပ်မလားဆိုပြီး ဘလိုင်းကြီးသွားစလိုက်လို့ကတော့ ဖျောင်းကနဲ ရိုက်ပြီး ရော့ တထောင် ဆိုပြီး ပေးသွားရင် ဒုက္ခ။ မိန်းမ မိန်းမ အင်မတန် ခန့်မှန်းရခက်တဲ့ အမျိုး၊ ရင်းနှီးလို့ လား၊ စိတ်ပါလို့လား၊ သေချာသဲကွဲအောင်လုပ်ရ မယ်၊ တော်ကြာစိတ်ပါတယ်ထင်လို့ သွားစလိုက်မှ ခင်လို့ နောက်တာ ဘာလာပြော တာလဲဆို သေပြီဆရာ။
.................................................................................................................................................
အခန်း ( ၈ )
သူ့အိုင်ဒီ စိမ်းနေတာတွေ့တာနဲ့ လှမ်းခေါ်လိုက်တော့ သူ့ပုံက ကျနော့် ကွန်ပြူတာ မှာပေါ်လာတယ်၊
“အမယ် လှလို့ပလို့ တယ်ဟုတ်ပါလား”
“ရှိုးထုတ်ထားတာလေ၊ ကင်မရာကကြည့်နေတယ်ဆိုတော့၊ တော်ကြာ ပုံဆိုးပန်းဆိုး ကြီးဆို ဦးက စကားမပြောချင်တော့ရင် ဘယ်လိုလုပ်မလဲ”
“ဟဲ ဟဲ ဟဲ ဟဲ ညီးတော်တယ်၊ ရေမွှေးရော ဆွတ်ထားသေးလား”
“ဆွတ်ထားပါဘူး၊ အကောင်းစားဝယ်ထားတာ၊ အလကားနေရင်း ကုန်တယ်”
“ဒါကြောင့်နေမှာ လူကသာလှနေတာ အနံ့အသက် ကမကောင်းဘူး”
“အမယ် ဘာအနံ့အသက် မကောင်းဘူးလဲ၊ ဟိုကနေပြီး ရမ်းမပြောနဲ့၊ မီးတို့က သန့်သန့်လေးမှ တကယ့်သန့်သန့်လေး၊ လျှောက်မပြောနဲ့”
“လာစမ်း ဟုတ်မဟုတ်၊ ကင်မရာနားကပ် ရှုကြည့်မယ်”
“အင်း ရှုကြည့် ခစ် ခစ် ခစ် ခစ်”
“အမယ် လူလည်မကျနဲ့၊ မိတ်ကပ်လိမ်းထားတဲ့ မျက်နှာ လာကပ်လို့ကတော့ မိတ်ကပ်နံ့ဘဲရမှာပေါ့”
“ဒါဆို ဘယ်နေရာရှုမလဲ”
“နံတတ်တဲ့နေရာ . . . ဆိုတော့ . . .”
“ဦးနော် မညစ်စုတ်နဲ့”
“ဟဲ ဟဲ ဟဲ ချွေးနံ့ နံမနံ ရှုကြည့်မယ်၊ ချိုင်းကြား ကင်မရာနားကပ်”
“ဟွန်း . . မပြောလိုက်ချင်ဘူး ကဲ ရော့”
“အမယ် အဲလို မရပါဘူး၊ လက်ပါမြှောက်”
“အာ ဦးကလဲ ချိုင်းပြတ်ကြီး ဝတ်ထားတဲ့ဟာ”
“ဘာလဲ ချိုင်းမွေးတွေ ထိုးထိုးထောင်ထောင် ထနေတာ မြင်မှာစိုးလို့လား”
“လုပ်ပြန်ပြီ ဦးကလဲ သန့်သန့်လေးပါ လို့ ဒီလောက်ပြောထားတဲ့ဟာကို”
“ဒါဆို မြှောက်လေ”
“အာ . . ဦးကလဲ”
“ဦးကလဲ မနေနဲ့၊ ဒီမှာတွေ့လား ငါ့နှာခေါင်းကင်မရာနား ကပ်ထားတယ်နော်၊ သန့်တယ်ဆို သက်သေပြလိုက် ဟဲ ဟဲ ဟဲ ဟဲ”
“ခစ် ခစ် ခစ် ခစ် ဦးကလဲ ခလေးဆိုးကြီး ကျနေတာဘဲ ဒီမှာ ဒီမှာ ကဲ ရှုကြည့် ရှုကြည့် ခစ် ခစ် ခစ် ခစ်”
“ရှုးး”
“နံလား ခစ် ခစ် ခစ် ခစ်”
“အား မူးလဲသွားပြီ . . ဟား ဟား ဟား ဟား”
“သွား . . . အကောင်းလဲ မပြောဘူး၊ တော်ပြီ နောက်ခါဆို ဘယ်နေရာမှ မပေးနမ်း တော့ဘူး”
“အလကား နောက်တာပါဟာ၊ ငါသိသားဘဲ ညီး ဘယ်လောက်မွှေးကြိုင်နေတယ် ဆိုတာ၊ မှတ်မိလား ဟိုးတခါ ငါတို့ဆီ လာတုန်းက ညီးကို Mall လိုက်ပို့တုန်းကလေ၊ တခါတည်း မွှေးကြိုင်နေတာ”
“အဲ့တုန်းက မီးအနား ညာတာပါတေးနဲ့ ကပ်ကပ်ပြီး ခိုးခိုးရှုတယ်မို့လား”
“ဟား ဟား ဟား ဟား လာမရွှီးနဲ့ သိလဲမသိဘဲ”
“ဘာလို့မသိရမှာလဲ၊ အနားကပ်လာပြီး ဒါလေး ညီးနဲ့ လိုက်သားဘဲ . . . ရှုးးးးးး၊ ဒါလေးလဲ မဆိုးဘူးဟ ရှုးးးးး၊ ဆိုပြီး ရှု ရှုသွားတာမို့လား ခစ် ခစ် ခစ် ခစ်”
“အောင်မြတ်လေး ဟား ဟား ဟား ဟား ညီးက ရှုချင်စရာ ကောင်းနေတာကိုးဟ”
“တကယ်ကောင်းလို့လား”
“အင်းပေါ့၊ ခု ချိုင်းကြားလေးကလဲ ကြည့်လို့ကောင်း၊ ဟိုဘက်လက်မြှောက် ပြပါအုံး၊ အတူတူဘဲလားလို့”
“ဦးနော် ညာတာပါတေးနဲ့ လူကိုမြှောက်ပြီး လျှောက်လုပ်ခိုင်းတာမှုတ်လား၊ ချိုင်းကြားများ ကြည့်လို့ကောင်းမလား”
“ကောင်းတယ်ဟ၊ နင်က ချိုင်းကြားလဲလှတယ်၊ တချို့မိန်းမတွေဆို လက်မြှောက်လိုက်ရင် ချိုင်းကြားက မဲတူးတူး၊ အမွေးတွေက ငုတ်စိ ငုတ်စိ၊ အီး ရွံစရာကြီး၊ နင်ကအဲလိုမဟုတ်ဘူးဟ၊ ချိုင်းကြားလဲ ဖြူဖွေးပြီး ပြောင်ချောနေတာ၊ အသားကလဲ ပြည့်တော့ ကြည့်လို့ လှတယ်ဟ”
“တကယ်ယ်ယ်ယ်”
“ဟ မကယ်ရင် နောက်တခေါက်ပြခိုင်းမလား၊ ငါက ဒီလောက်အသန့် ကြိုက်တဲ့ဟာ၊ ကြည့်မကောင်းလို့ကတော့ နင်ဘလိုင်းကြီးလာပြလဲ ငါကမျက်စိမှိတ်ထားမှာ”
“ဦးကတော့လေ သူများကို ကျအောင်တကယ်ပြောတတ်တယ်၊ အဲ့လိုလား . . . မြန်မြန်ကြည့် . . ရှက်လာပြီ”
“စတိုင်လေးနဲ့ မြှောက်လေဟာ၊ မော်ဒယ်ဂဲလ် လေးလိုမျိုး”
“အိုး . . လုပ်တတ်ပါဘူး”
“အင်း အင်း အဲ့လို လုပ်တတ်ပါဘူး ဆိုတဲ့ စတိုင်လေး၊ ရေလည်မိုက်တယ်၊ ညီးနဲ့ ခင်တာ ငါတော့ ရောဂါတက်ပြီထင်တယ်”
“ဘာရောဂါလဲ”
“လူကြီးရောဂါပေါ့ ဟား ဟား ဟား ဟား”
“ကောင်းတယ် ကောင်းတယ် တက်တက် ခစ် ခစ် ခစ် ခစ်၊ ဒီဘက်လှည့်ပြီး အဲလို ထပ်လုပ်ပြရမလား”
“အင်း . . လုပ်ပြ၊ ဒီထက်ရောဂါတက်လာရင် ညီးတော့ အကိုက်ခံရပြီသာမှတ်”
“ကိုက်လေ ကိုက်ပေါ့၊ အဲ့ဒီကနေလှမ်းကိုက်လိုက်လေ၊ ဦး ကွန်ပြူတာကြီးဘဲ ပျက်သွားမှာ ခစ် ခစ် ခစ် ခစ်”
“ကွန်ပြူတာထဲက ကိုက်မလားဟ၊ တခါတည်း ညီးဆီ မောင်းချလာပြီး ကိုက်မှာပေါ့”
“အမလေး အဲလိုဆို တော်ပြီ တော်ပြီ မပြတော့ဘူး၊ ကြောက် ကြောက်”
“ဟဲ ဟဲ ဟဲ ဟဲ ကြောက်စရာမလိုပါဘူးဟ၊ ငါက အဖိုးကြီး ကိုက်နည်းနဲ့ ကိုက်မဲ့ဟာ”
“အဖိုးကြီး ကိုက်နည်းက ဘယ်လိုမျိူးလဲ”
“ညီးကလဲ သွားမရှိတဲ့ အဖိုးကြီးတွေ ကိုက်တဲ့အတိုင်းလေဟာ ဘလွတ် ဘလွတ် ဘလွတ် နဲ့ ဟား ဟား ဟား ဟား မနာပါဘူးဟ”
“သွား . . ပေါက်တတ်ကရ၊ ခစ် ခစ် ခစ် ခစ် . . အသဲတောင်ယားလာပြီ၊ အဲဒါမှ ပိုကြောက်စရာကောင်းမှာ ခစ် ခစ် ခစ် ခစ်”
“ဟား ဟား ဟား ဟား”
“ဦး . . မနက်ဖြန်စနေနေ့”
“အေး . . ဟုတ်သား၊ ငါလဲ သွားစရာရှိတယ်ဟ”
“ဘယ်သွားမလို့လဲ”
“ဘာမှမဟုတ်ပါဘူး၊ သူငယ်ချင်းတွေနဲ့ အရက်သွားသောက်ရင် ဘားသွားထိုင်တာ၊ ဒီလိုပါဘဲ၊ တလတကြိမ်လောက် ငါတို့ ဆုံပြီး ဟေးလား ဟေးလား ဝါး လုပ်တာပေါ့”
“မြန်မာပြည်ကလာတဲ့ သူတွေလား”
“အင်း”
“ဘယ်ဘားလဲ၊ ရုပ်ရှင်ထဲကလို မိန်းခလေးတွေ ကတဲ့ ဘားလား”
“ဟဲ ဟဲ ဟဲ ဟဲ ညီးကတော့လေ ပြောတာနဲ့ ချက်ချင်းသိတော့တာဘဲ”
“သိတာပေါ့၊ ဦးပုံနဲ့ ရိုးရိုးဘား သွားပါလိမ့်မယ် အားကြီးကြီး”
“ဟဲ ဟဲ ဟဲ ဟဲ အပျော်ပေါ့၊ စိတ်ပြေလက်ပျောက် အရက်သောက်”
“နောက်တော့ ဘားမှာ ဘာလုပ်ကြသေးလဲ”
“ဘာမှလုပ်လို့မရဘူး၊ သူ့စည်းကမ်းရှိတယ်ဟ၊ သူတို့ကတာ ငြိမ်ငြိမ်ထိုင်ကြည့်၊ အနားကပ်လာရင် ပိုက်ဆံကမ်း၊ ဆုချတဲ့သဘောပေါ့”
“ဒါဘဲလား နောက်တော့ရော”
“အားနေတဲ့သူက ကိုယ့်အနားလာထိုင် ဘာညာကွိကွလာပြောလို့ သဘောကျရင် ပေးထိုင်ပြီး ပခုံးလေး ဖက်လိုက် ခါးလေးဖက်လိုက်ပေါ့၊ သူတို့ အရက်သောက်ချင်ရင် ဝယ်တိုက်၊ အဲ့ဒီကနေ တယောက်ချင်း ကပြရမလား မေးလို့ ကိုယ်ကလဲ သဘောကျရင် အိုကေ ဆိုသူတို့က အခန်းထဲ ဆွဲခေါ်သွားတာပေါ့”
“အယ် တကယ်ကြီးလား”
“ဟဲ့ ဟဲ့ ညီးထင်သလိုမဟုတ်ဘူး၊ အခန်းထဲမှာတခြားသူတွေလဲ သူ့လူ သူကပြနေတာ၊ အခန်းထဲမှာ တယောက်ထိုင် ဆိုဖါခုံလေးတွေရှိတယ်၊ ကိုယ်က အဲဒီမှာထိုင် သူက ကိုယ့်ခြေထောက်ကိုခွပြီး တွန့်လိမ် တွန့်လိမ်နဲ့ မြွေက ကတယ်ပေါ့ဟာ၊ ကိုယ်က သူ့ကို ထိလို့မရဘူးဟ၊ အဲ အဲ အရေးကြီးတဲ့ နေရာကို ထိလို့မရတာကိုပြောတာ၊ တခြား နေရာတော့ထိလို့ရတာပေါ့၊ အရေးကြီးတဲ့ နေရာဆိုတာ သိလား”
“သိသလိုလိုဘဲ ခစ် ခစ် ခစ်”
“တော်သေးတာပေါ့၊ သိလို့၊ အဲဒါဘဲပေါ့ဟာ၊ ပိုက်ဆံနဲနဲပါးပါးဖြုန်းပြီး ပြန်ပေါ့”
“မီးလဲ အဲလိုဘားမျိုး သွားကြည့်ချင်တယ်၊ မိန်းခလေးရော ဝင်လို့ရလား”
“ရတာပေါ့”
“မီးတော့ သွားဖြစ်မှာ မဟုတ်ပါဘူးလေ၊ သူက အဲ့ဒါမျိုးတွေ ဘယ်ပို့မလဲ”
“ဟဲ့ ဘယ်ပြောလို့ရမလဲ၊ ကြုံချင်ကြုံမှာပေါ့၊ ငါ့ဆီလာလို့ ကြုံရင် ငါခေါ်သွားမှာပေါ့”
“အင်း ဦး တကယ်ခေါ်မှာလား”
“အေးပေါ့ဟ၊ ဒါပေမဲ့ ခုတည်းကပြောထားမယ်၊ ညီး လိုက်မယ်ဆိုရင် အထဲမှာ ငါ့နားကပ်ပြီး ရီးစားလို ပွတ်သီးပွတ်သတ်နေမှရမှာ၊ အဲလိုမဟုတ်ဘဲ သူငယ်ချင်းလိုသွားရင် အထဲက ကောင်တွေ ညီးနားလာကပ်ပြီး ဘာညာကွိကွဆို နင်လား တခါတည်း မျက်ဖြူပါ ဆိုက်သွာမယ် သိလား”
“ခစ် ခစ် ခစ် ခစ် သိပါတယ် ဦးကလဲ၊ ပွတ်သီးပွတ်သတ်ဆို အရေးကြီးတဲ့ နေရာ မပါဘူးနော် ခစ် ခစ် ခစ် ခစ်”
“ဟဲ ဟဲ ဟဲ ဟဲ ဒါက အဲဒီကလူတွေကိုပြောတာ၊ ကိုယ့်အတွဲနဲ့ ကိုယ်ဆို စည်းကမ်းမရှိဘူး၊ သဘောရှိ သဘောရှိ ဟဲ ဟဲ ဟဲ”
“ဦးနော် ဦးနော် . . မသွားရသေးဘူး ဖေါက်နေပြီ”
“ဟား ဟား ဟား ဟား”
ကဲ . . အဲဒါဘဲ ကြည့်ပါတော့၊ လူကြီးရောဂါ ကလဲ ဖြစ်လို့ကောင်းသား။
“ဦး . . မနက်ဖြန်စနေနေ့”
“အေး . . ဟုတ်သား၊ ငါလဲ သွားစရာရှိတယ်ဟ”
“ဘယ်သွားမလို့လဲ”
“ဘာမှမဟုတ်ပါဘူး၊ သူငယ်ချင်းတွေနဲ့ အရက်သွားသောက်ရင် ဘားသွားထိုင်တာ၊ ဒီလိုပါဘဲ၊ တလတကြိမ်လောက် ငါတို့ ဆုံပြီး ဟေးလား ဟေးလား ဝါး လုပ်တာပေါ့”
“မြန်မာပြည်ကလာတဲ့ သူတွေလား”
“အင်း”
“ဘယ်ဘားလဲ၊ ရုပ်ရှင်ထဲကလို မိန်းခလေးတွေ ကတဲ့ ဘားလား”
“ဟဲ ဟဲ ဟဲ ဟဲ ညီးကတော့လေ ပြောတာနဲ့ ချက်ချင်းသိတော့တာဘဲ”
“သိတာပေါ့၊ ဦးပုံနဲ့ ရိုးရိုးဘား သွားပါလိမ့်မယ် အားကြီးကြီး”
“ဟဲ ဟဲ ဟဲ ဟဲ အပျော်ပေါ့၊ စိတ်ပြေလက်ပျောက် အရက်သောက်”
“နောက်တော့ ဘားမှာ ဘာလုပ်ကြသေးလဲ”
“ဘာမှလုပ်လို့မရဘူး၊ သူ့စည်းကမ်းရှိတယ်ဟ၊ သူတို့ကတာ ငြိမ်ငြိမ်ထိုင်ကြည့်၊ အနားကပ်လာရင် ပိုက်ဆံကမ်း၊ ဆုချတဲ့သဘောပေါ့”
“ဒါဘဲလား နောက်တော့ရော”
“အားနေတဲ့သူက ကိုယ့်အနားလာထိုင် ဘာညာကွိကွလာပြောလို့ သဘောကျရင် ပေးထိုင်ပြီး ပခုံးလေး ဖက်လိုက် ခါးလေးဖက်လိုက်ပေါ့၊ သူတို့ အရက်သောက်ချင်ရင် ဝယ်တိုက်၊ အဲ့ဒီကနေ တယောက်ချင်း ကပြရမလား မေးလို့ ကိုယ်ကလဲ သဘောကျရင် အိုကေ ဆိုသူတို့က အခန်းထဲ ဆွဲခေါ်သွားတာပေါ့”
“အယ် တကယ်ကြီးလား”
“ဟဲ့ ဟဲ့ ညီးထင်သလိုမဟုတ်ဘူး၊ အခန်းထဲမှာတခြားသူတွေလဲ သူ့လူ သူကပြနေတာ၊ အခန်းထဲမှာ တယောက်ထိုင် ဆိုဖါခုံလေးတွေရှိတယ်၊ ကိုယ်က အဲဒီမှာထိုင် သူက ကိုယ့်ခြေထောက်ကိုခွပြီး တွန့်လိမ် တွန့်လိမ်နဲ့ မြွေက ကတယ်ပေါ့ဟာ၊ ကိုယ်က သူ့ကို ထိလို့မရဘူးဟ၊ အဲ အဲ အရေးကြီးတဲ့ နေရာကို ထိလို့မရတာကိုပြောတာ၊ တခြား နေရာတော့ထိလို့ရတာပေါ့၊ အရေးကြီးတဲ့ နေရာဆိုတာ သိလား”
“သိသလိုလိုဘဲ ခစ် ခစ် ခစ်”
“တော်သေးတာပေါ့၊ သိလို့၊ အဲဒါဘဲပေါ့ဟာ၊ ပိုက်ဆံနဲနဲပါးပါးဖြုန်းပြီး ပြန်ပေါ့”
“မီးလဲ အဲလိုဘားမျိုး သွားကြည့်ချင်တယ်၊ မိန်းခလေးရော ဝင်လို့ရလား”
“ရတာပေါ့”
“မီးတော့ သွားဖြစ်မှာ မဟုတ်ပါဘူးလေ၊ သူက အဲ့ဒါမျိုးတွေ ဘယ်ပို့မလဲ”
“ဟဲ့ ဘယ်ပြောလို့ရမလဲ၊ ကြုံချင်ကြုံမှာပေါ့၊ ငါ့ဆီလာလို့ ကြုံရင် ငါခေါ်သွားမှာပေါ့”
“အင်း ဦး တကယ်ခေါ်မှာလား”
“အေးပေါ့ဟ၊ ဒါပေမဲ့ ခုတည်းကပြောထားမယ်၊ ညီး လိုက်မယ်ဆိုရင် အထဲမှာ ငါ့နားကပ်ပြီး ရီးစားလို ပွတ်သီးပွတ်သတ်နေမှရမှာ၊ အဲလိုမဟုတ်ဘဲ သူငယ်ချင်းလိုသွားရင် အထဲက ကောင်တွေ ညီးနားလာကပ်ပြီး ဘာညာကွိကွဆို နင်လား တခါတည်း မျက်ဖြူပါ ဆိုက်သွာမယ် သိလား”
“ခစ် ခစ် ခစ် ခစ် သိပါတယ် ဦးကလဲ၊ ပွတ်သီးပွတ်သတ်ဆို အရေးကြီးတဲ့ နေရာ မပါဘူးနော် ခစ် ခစ် ခစ် ခစ်”
“ဟဲ ဟဲ ဟဲ ဟဲ ဒါက အဲဒီကလူတွေကိုပြောတာ၊ ကိုယ့်အတွဲနဲ့ ကိုယ်ဆို စည်းကမ်းမရှိဘူး၊ သဘောရှိ သဘောရှိ ဟဲ ဟဲ ဟဲ”
“ဦးနော် ဦးနော် . . မသွားရသေးဘူး ဖေါက်နေပြီ”
“ဟား ဟား ဟား ဟား”
ကဲ . . အဲဒါဘဲ ကြည့်ပါတော့၊ လူကြီးရောဂါ ကလဲ ဖြစ်လို့ကောင်းသား။
“အော် ဦးကလဲ တချို့လူတွေ လုပ်ထားသလိုလေ၊ သူငယ်ချင်းမဟုတ်ရင် ဓါတ်ပုံတွေ ဘာတွေ ကြည့်လို့မရ အောင်လေ”
“အော် အော် နင် ဘာအီးမေးလ် နဲ့ ပတ်စ်ဝေါ့ သုံးထားလဲ”
“ဒီ Skype ဖွင့်ထားတဲ့အတိုင်း အတူတူဘဲ၊ မှတ်မိလား”
“အော် အေး . . နင်နဲ့ငါ ပတ်စ်ဝေါ့ အတူတူ ထည့်ထားတာတာ၊ ဟုတ်တယ်မို့လား”
“အင်း”
“အမယ် ညီးက ဓါတ်ပုံတောင် တင်ထားတယ်ပေါ့လေ”
“ခစ် ခစ် ခစ် မိုက်လား၊ အဲဒါ အပျိုတုန်းကပုံ”
“မိုက်တယ်၊ အင် . . married ပါလား၊ single လို့ ထားတာမဟုတ်ဘူး”
“အာ မထားပါဘူး၊ တော်ကြာ အပျိုဆိုပြီး လာရစ်နေအုံးမယ်”
“အေး အေး အမှန်အတိုင်းကောင်းတယ်၊ မင်္ဂလာဆောင်တဲ့ ပုံပါ တင်ထားလိုက်လေ”
“တင်ပြီးပြီ၊ photo မှာကြည့်လိုက်၊ ဦး တို့ဝိုင်းမှာ ရိုက်ထားတဲ့ ပုံပါတင်ထားတယ် တွေ့လား”
“ဘယ်မှာလဲ ဟော ဟော တွေ့ပြီ၊ ဟဲ ဟဲ ဟဲ ဒီထဲမှာတော့ ငါ့ပုံက ခန့်ချောကြီးပါလား၊ အဲဒီတုန်းက ရိုက်ထားတဲ့ ပုံတွေတောင် မကြည့်ရသေးဘူး”
“ဒီထဲမှာ အကုန်လုံး တင်ထားလို့ မကောင်းဘူးလေဦးရဲ့”
“ဒီထဲမှာတော့ဘယ်ဟုတ်မလဲ၊ တခြား ဓါတ်ပုံတွေ တင်တဲ့ ဆိုဒ် ရှိတယ်၊ အဲဒီမှာ တင်လိုက်၊ နောက်မှ နင့်ကို ငါပြပေးမယ်”
“သူငယ်ချင်း list ထဲက ဂျနီဖါ ကိုတွေ့လား၊ သူ့ကို ဦးသိလား”
“နေအုံး ကြည့်လိုက်အုံးမယ်၊ ဘာဖြစ်လို့လဲ”
“သူက အခုဦးနေတဲ့ မြို့မှာနေတာ၊ မီးနဲ့ ၁၀ တန်းတုန်းက သူငယ်ချင်း၊ ကျောင်းတုန်းက တော်တော်ခင်တာ၊ သူလဲ ဗရုတ်မ သိလား၊ ၁၀ တန်းအောင်ပြီး ဒီရောက်လာတာ၊ ဦး သူ့ကိုသိလား”
“ဟင်အင်း မသိဘူးလို့ ထင်တာဘဲ၊ ငါတို့မြို့လဲ ဗမာတွေ တော်တော်များတာ”
“အင်း သူလဲ ဦးကို မသိဘူးလို့ပြောတယ်”
“အင် . . ဘယ်လို ဘယ်လို သူနဲ့တောင် စကားပြောပြီးသွားပြီလား”
“ခစ် ခစ် ခစ် အင်း . . သူက မီးမှန်းသိတော့ ဝမ်းသာပြီး ဖေ့ဘွတ်က ချက်ချင်း မက်ဆေ့ပို့တာ၊ ပြီးတော့ ဖုန်းနံပါတ်တောင်းပြီး မနေ့က ဖုန်းနဲ့ စကားပြောကြတာ၊ သူက မီးဆီ လာလည်မလို့တဲ့၊ တွေ့ချင်လို့တဲ့”
“ဟုတ်လား”
“ပြီးတော့ သူကပြောသေးတယ်၊ သူ့နဲ့ တပတ်လောက်လာနေဘို့၊ သူက အခု သူ့တယောက်တည်း နေနေတာတဲ့”
“ညီးက သွားနေမလို့လား”
“မသိသေးဘူး၊ မီးယောက်ကျားကတပတ်တောင်ဆို ပေးသွားမှာမှုတ်ဘူးထင်တယ်”
“ညီးက သွားချင်လို့လား . . ဟဲ့ ဟဲ့ မဆိုးဘူးဟ၊ ညီးလာရင် ညီးကို ငါလာခေါ်ပြီး ညီးသွားချင်တဲ့ဆီ ငါလိုက်ပို့လို့ ရတာပေါ့ မဟုတ်ဘူးလား”
“အင်း မီးလဲ စဉ်းစားမိသား၊ ဒါပေမဲ့ မကောင်းဘူး ထင်တယ်၊ တော်ကြာ မီးသူငယ်ချင်း ကတမျိုးထင်သွားရင်”
“အော် အေး ဟုတ်သားဘဲ . . တော်ကြာ ငါတို့က ရိုးရိုးသားသားတွေ့တာ သူက ဆန်းဆန်းပြားပြား ထင်သွားရင် ဒုက္ခ”
“အင်းနော် . . ကျွတ် ကျွတ် ကျွတ် ကျွတ် အား ဘိုက်ထဲက နာလာပြန်ပြီ၊ ဆင်းပြန်ပြီထင်တယ်၊ ခဏနော်ဦး မီး ရေအိမ်ခနဝင်လိုက်အုံးမယ်”
အပိုင်း ( ၂ ) ဆက်ရန် »»»»»»»
No comments:
Post a Comment